အခန်း (၃၂) ညစာထွက်​စားရန်​ပြင်​ဆင်​ခြင်း

Start from the beginning
                                    

ချန်​ယန်းနဲ့ဘာနဲ့လိုက်​မလဲချန်​အန်း​သေချာစဉ်းစားလိုက်​သည်​။ ဒီ​ကောင်​​လေးကဘာဝတ်​ဝတ်​ကြည့်​​ကောင်းပြီးသားဆို​ပေမယ့်​လည်း နည်းနည်းခန့်​ညားတဲ့ပုံစံ​လေးဝတ်​သင့်​တယ်​။နောက်​ဆုံး​တော့ နံမည်​ရှိတဲ့တံဆိပ်​နဲ့အဝတ်​တစ်​စုံကိုချန်​အန်းရှာ​တွေ့သွားတယ်​။ တစ်​ချက်​ကြည့်​လိုက်​တာနဲ့ဒီအဝတ်​​တွေကချန်​အန်းစီးပွားမပျက်​ခင်​သူ့ကိုဝယ်​​ပေးထားမှန်းသိသာတယ်​။ ဝတ်​စုံကသန့်​ရှင်းသပ်​ရပ်​​နေတယ်​။ကြည့်​ရတာချန်​ယန်းတစ်​ခါနှစ်​ခါပဲဝတ်​ထား​သေပုံရတယ်​။

"ဒါဝတ်​လိုက်​'' ချန်​အန်းဝတ်​စုံကိုကိုင်​ပြီးချန်​ယန်းကိုလှမ်း​ပေးလိုက်​စဉ်​​နောက်​ကချန်​ယန်း၏ပုံစံကိုမြင်​ပြီး​အော်​​မေးလိုက်​သည်​။ ''မင်းဘာလို့ကိုယ်​လုံးတီးဖြစ်​​နေတာလဲ?''

ချန်​အန်းစိုက်​ကြည့်​​နေတာ ချန်​ယန်းသတိထားမိ​တော့ ရှက်​ရှက်​နဲ့ပဲသူ့ညီ​လေးကိုကာထားလိုက်​သည်​။
"ဦး​လေးပဲ ကျွန်​​တော့်​ကိုအင်္ကျီ၊​ဘောင်းဘီချွတ်​ရမယ်​ဆို''.

ချန်​အန်းလုံးဝဆွံ့အသွား​တော့သည်​။ သူ့ကိုအဝတ်​​တွေချွတ်​ခိုင်းတာအတွင်းခံထိမပါဘူး​လေ။ ဘာပဲဖြစ်​ဖြစ်​ ကျွတ်​ ကျွတ်​ ကျွတ်​! ဒီ​ကောင်​​လေးကအရမ်းကိုအရွယ်​​ရောက်​​နေပြီ။ ရှည်​လျားတဲ့အရပ်​​ကြောင့်​​ခြေတံရှည်​​တွေရှိတဲ့အပြင်​ ကြီးသင့်​တဲ့​နေရာကလည်းကြီးတယ်​ ခန္ဓာကိုယ်​က​ကောင်း​ကောင်းကြီးကိုဖွံ့ဖြိုး​နေတယ်​။

"မင်းဘာလို့ငိုင်​​နေတာလဲ။ မြန်​မြန်​အဝတ်​စားဝတ်​​လေ'' ချန်​အန်​ရုတ်​တရပ်​ စိတ်​အ​ခြေအ​နေ​ပြောင်းသွားပြီး အဝတ်​​တွေကိုချန်​ယန်းဆီပစ်​​ပေါက်​​ပေးလိုက်​သည်​။

သူလည်း​ယောက်ျားပါ။ ဒါ​ပေမယ့်​ဘာလို့ဒီ​လောက်​​တောင်​ကွာခြား​နေရတာလဲ? သူဘာလို့အခုလိုဘဝမှာပြန်​လည်​​မွေးဖွားခွင့်​ရတာလဲ။ ဒီလူဝကြီးရဲ့ခန္ဓာကိုယ်​ထဲ​ရောက်​လာ​တော့မှ ကီးထွားရမယ့်​အစိတ်​အပိုင်း​တွေကအဆီနဲ့ပြည့်​​နေတယ်​။ မကြီးထွားသင့်​တဲ့အပိုင်းကအရမ်းကိုကြီးထွား​နေတယ်​။ ​နေ့တိုင်​အသီးအရွက်​ချည်းစားပြီး ပုံမှန်​ခန္ဓာကိုယ်​ရဖို့အစား​လျော့​နေရတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now