အခန်း (၁၆) ​တောက်​​တောက်​ပပ

Start from the beginning
                                    

"ဦး​လေး ဘာလို့ဗီယမ်​နမ်​ကိုသွားမှာလဲ?''

"အနားယူဖို့''

ချန်​အန်းက ချန်​ယန်း​ပေးတဲ့ပဲနို့တစ်​ခွက်​ကို​သောက်​ရင်း​အေး​ဆေးပြန်​​ဖြေလိုက်​သည်​။
"လတစ်​ဝက်​မကြာခင်​ပြန်​လာခဲ့မယ်​''

"​ကောင်းပြီ​လေ'' သူ​ခေါင်းငိုက်​စိုက်​ပြီး​တွေး​နေမိသည်​။ ပုံမှန်​ဆိုသူ့ကို​ခေါင်းကို​မော့ပြီး ချန်​အန်းကိုကြည့်​​နေရဲမှာ ဒါ​ပေမယ့်​အခုတ​လော သူ့​ရှေ့မှာ ရှိ​နေတဲ့သူ့ဦး​လေးက သူစိမ်းနဲ့တူလာသလိုပဲ။

ပြတင်း​ပေါက်​မှ​နေခြည်​​နွေး​နွေးကချန်​အန်း၏ပါးပြင်​​ပေါ်သို့ရိပ်​ကျ​နေ၏။ အသားအရည်​မှာလည်း​ကျောက်​စိမ်းကဲ့သို့ပင်​ဝင်း​မွှတ်​​နေပြီး ​ဖောက်​မြင်​ရမတတ်​ဖြူ​ဖွေးလွန်း​နေသည်​။ ​ဆေးရုံကဆင်းပြီး​နောက်​ပိုင်း လ​တွေတုန်းကနဲ့ယှဉ်​ရင်​ ချန်​အန်းအ​တော်​ကိုပိန်​သွားခဲ့သည်​။ မျက်​နှာ​ပေါ်ကအစိတ်​အပိုင်း​တွေကလည်းပိုထင်​ရှားလာပြီးကြည့်​​ကောင်းလာသည်​။ အကြိမ်​​ရေ​တော်​​တော်​များများပြုပြင်​ပြီး​တော့ အရင်​က​ငေါထွက်​​နေတဲ့သွား​တွေကသူ​နေရာသူပြန်​တည့်​ကုန်​ကြပြီ။
ဖြူ​ရော်​​ရော်​နှုတ်​ခမ်းတစ်​စုံကစည်းချက်​ညီညီလှုပ်​ရှားလျှက်​တစ်​ခုခုကိုဝါး​နေသည်​။ ချန်​ယန်းရုတ်​တရပ်​ကြီး သူ့ဦး​လေးရဲ့နှုတ်​ခမ်းကလှတာကိုသတိထားမိလိုက်​တယ်​။ မဟုတ်​​သေးဘူး နှုတ်​ခမ်း​တွေသာကမျက်​လုံး​တွေကပါအရမ်းဆွဲ​ဆောင်​မှုရှိတယ်​။

"မင်းဘာလို့အဲ့​လောက်​​တောင်​​ငေးကြည့်​​နေတာလဲ''

ချန်​အန်း​ခေါင်းငုံ့ထားပြီး ချန်​ယန်းကိုမကြည့်​​နေလို့ ချန်​ယန်းသူ့ကိုကြည့်​​နေသူမသိနိုင်​တာမဟုတ်​ဘူး။

"ဦး​လေး အခုလိုပိန်​သွား​တော့ အ​တော်​​ချောမှန်းအခုမှသိတယ်​ဗျာ''
ချန်​ယန်းကရှက်​ရယ်​ရယ်​လိုက်​၏။
"ကျွန်​တော်​ကပဲထင်​​နေတာလား​တော့မသိဘူး ဒါ​ပေမယ့်​ ဦး​လေး  မှတ်​ဥာဏ်​​ပျောက်​သွားပြီး​တော့ အရှိန်​အဝါ​တွေကလုံးဝ​ပြောင်းလဲသွားသလိုပဲ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now