အခန်း (၁၅) လက်​တုန့်​ပြန်​ရမည်

Start from the beginning
                                    

တင်းရှန်းရဲ့အ​ပျော်​စီးကားနဲ့လိုက်​ပါပြီး ချန်​ယန်းရဲ့​ဟောင်းနွမ်း​နေတဲ့တိုက်​ခန်း​လေးဆီချန်​အန်းပြန်​လာခဲ့တယ်​။

"အန်း ၊ ခင်​များအကူညီလိုလား''

ချန်​အန်းရဲ့​နောက်​က တိုက်​အ​ဟောင်းကြီးကိုမြင်​​တော့ တင်းရှန်းစိတ်​ရင်းနဲ့​မေးလိုက်​သည်​။ တင်းရှန်းဘာကို​ပြောချင်​လဲဆိုတာချန်​အန်းချက်​ချင်းသ​ဘောလိုက်​တယ်​။ တင်းရှန်းကသူ့ကိုသနားပြီးကူညီချင်​တယ်​ ဒါ​ပေမယ့်​လည်း သူ့မာနထိခိုက်​သွားမှာစိုးရိမ်​​နေပြန်​တယ်​။တကယ်​ကို ​ဖြောင့်​မတ်​တဲ့လူငယ်​​လေးပဲ။ ချန်​အန်းအပြုံး​သေး​သေးနှင့်​ တည်​ညိမ်​စွာပြန်​​ဖြေလိုက်​သည်​။
"ငါတကယ်​ပဲမင်းရဲ့အကူအညီကိုလိုအပ်​လာရင်​ ငါမင်းကိုလာရှာပါမယ်​။ ဒါနဲ့...​နောက်​ရက်​ပိုင်းမှာငါနိုင်​ငံခြားကိုခရီးထွက်​မလို့ Gymကိုလာဖြစ်​မှာမဟုတ်​ဘူး''

"ကျွန်​​တော်​ ခင်​များကိုဘယ်​လိုဆက်​သွယ်​ရမလဲ?''

ချန်​အန်းသူ့ကိုဖုန်းနံ​ပေါက်​​ပေးလိုက်​ပြီး ​နောက်​လိုက်​​သေးသည်​။
"ငါစီးပွားပျက်​ပြီးတာ​တောင်​ဘယ်​လိုလုပ်​နိုင်​ငံခြားသွားနိုင်​လဲ မင်းမသိချင်​ဘူးလား''

အရှိုက်​တည့်​တည့်​ကိုထိသွားသလို တင်းရှန်းကရယ်​၏။ ရဲအရာရှိဖြစ်​တဲ့အ​လျောက်​ကိစ္စ​တော်​​တော်​များများကို အ​သေးစိတ်​လိုက်​စဉ်းစားတတ်​တာကသူ့အကျင့်​လိုဖြစ်​​နေပြီ။ ချန်​အန်းမှာနိုင်​ငံခြားခရီးထွက်​ဖို့​ငွေရှိရုံမကဘူး မြို့ထဲကGymမှာလည်း​ဆော့နိုင်​တယ်​။ တစ်​ချိန်​တည်းမှာပဲ သူကအခုလိုသာမန်​တိုက်​ခန်း​လေးမှာ​နေပြန်​​ရော။ တင်းရှန်းအခုလိုစိတ်​ဝင်​စားတာက ရိုးရိုးသားသားပါ။ မသင်္ကာတာမျိုးမဟုတ်​ဘူး။

"ငါတို့ထပ်​​တွေ့ဖို့အ​ကြောင်းဖန်​လာတဲ့အခါ ငါ​ပြောပြမယ်​။ လိုက်​ပို့​ပေးတာ​ကျေးဇူးပဲ။ ဘိုင်​''

အကြံနှင့်​ပြုံးလိုက်​ပြီး ချန်​အန်းနှုတ်​ဆက်​စကားဆိုလျှက်​မိမိ​နောက်​ကို​ငေးကြည့်​​နေ​သောလူငယ်​​လေးအားတစ်​ချက်​ပြန်​မကြည့်​ပဲထွက်​သွားလိုက်​သည်​။ သူတင်းရှန်းနဲ့သာမန်​မိတ်​​ဆွေ​တွေဖြစ်​ရုံပဲ အဲ့ထက်​ဘာမှမပိုဘူး။ ​နောက်​ထပ်​​ခြေလှမ်းအတွက်​ ပိုရင်းနှီးတဲ့သူငယ်​ချင်းဖြစ်​လာတာမျိုး မလိုအပ်​ပါဘူး။ ပိုရင်းနှီး​လေအန္တရာယ်​ပိုများ​လေပဲ။
အ​ပေါ်ထပ်​ကိုစတက်​တာနဲ့ ချန်​အန်း၏မျက်​နှာ​ပေါ်ကအပြုံးတို့ချက်​ချင်း​ပျောက်​ကွယ်​သွား​တော့သည်။ အခန်း​ရှေ့ကို​ရောက်​​တော့အခန်းတံခါးကပွင့်​​နေပြီးအထဲမှာ ချန်​ယန်းတစ်​​ယောက်​ ဂနာမငြိမ်​ ပဲဟို​လျှောက်​သွားဒီ​လျှောက်​သွားလုပ်​​နေတာကိုသူ​တွေ့လိုက်​ရတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now