အခန်း (၁၀) အိမ်​အသစ်

Start from the beginning
                                    

သူမ​လေး​ပြော​နေတာကတကယ်​စာအုပ်​ကြီးကိုအလွတ်​ကျက်​လာသလိုပဲ။သူမရဲ့စကားအရှည်​ကြီးအရ သူမမှာတကယ်​အ​တွေ့အကြုံ​တော့ရှိပုံရတယ်​။ ဒါ​ပေမယ့်​ ချန်​အန်းအာရုံကိုအဓိကဖမ်းစားသွားတဲ့အချက်​ကအဲ့တာ​တွေမဟုတ်​ဘူး သူမတတ်​​နေတဲ့တက္ကသိုလ်​နဲ့ချန်​ယန်းတက်​​နေတဲ့တက္ကသိုလ်​ကတူ​နေတယ်​ဆိုတဲ့အချက်​ပဲ။ အင်​တာဗျူးလာ​ဖြေသူ​တွေထဲမှာ ဝမ်​လီထက်​လှတဲ့သူလည်းမရှိဘူး၊ အ​တွေ့အကြုံ့ပို​ကောင်းတဲ့လူလည်းမပါဘူး၊ အထင်​ကြီးစရာအသိမှတ်​ပြုလက်​မှတ်​ကိုင်​ထားတဲ့လူ​တွေလည်းမပါဘူး။ ချန်​အန်းလည်း​ရွေးချယ်​စရာမရှိ​တော့ဘူး။

"ရပြီ'' ချန်​အန်း​ပြောပြီး ​ကော်​ဖီကိုကိုစားပွဲ​ပေါ်ချလိုက်​သည်​။

ဝမ်​လီလန့်​သွားပြီး သူမ​ပြော​တွေတစ်​ဖက်​လူစိတ်​မဝင်​စား​တော့ဘူးအမှတ်​နဲ့ ​တောင်းပန်​ပြီးထွက်​သွားဖို့အလုပ်​ သူမ​ရှေ့ကလူကထလာပြီး သူမ​ဘေးကို​လျှောက်​လာသည်​။

"မင်းထမင်း၊ဟင်းချက်​တတ်​လား''

"ဟုတ်​''

"အဲ့တာဆို 7နာရီမထိုးခင်​ညစာပြင်​လိုက်​''

အဲ့တစ်​ခွန်း​ပြောပြီးချန်​အန်းအိမ်​ထဲပြန်​ဝင်​သွားလိုက်​တယ်​။ လုပ်​ရည်​ကိုင်​ရည်​ရှိတဲ့အကူတစ်​​ယောက်​ကိုသူရှာ​ပေမယ့်​လည်းအခု​တော့ခပ်​နုံနုံက​လေးမ​လေးကိုပဲ​ရွေးမိတယ်​။ သူမက သူ့ကိုအိမ်​မှာကျန်​ခဲ့တဲ့ချန်​ယန်းကိုသတိရမိ​စေတယ်​။

အရင်​ဘဝနဲ့အခုဘဝရဲ့အကြီးမားဆုံးကွာခြားချက်​က​တော့ ကိစ္စ​တော်​​တော်​များများကို ချန်​အန်းကိုယ်​တိုင်​ကိုယ်​ကျလုပ်​​နေရတာပဲ။ အခန်းထဲမှာ ချန်​အန်း​နောက်​​နေ့​ဆေးရုံသွားဖို့ဖုန်းက​နေတစ်​ဆင့်​ရက်​ချိန်းယူလိုက်​တယ်​။ အချိန်​ကိုကြည့်​​တော့ညစာစားဖို့အချိန်​​ရောက်​​နေပြီ။
က​လေးမ​လေးကဟင်း​လေးမျိုးပြင်​ထားတယ်​။ သိပ်​မများ​ပေမယ့်​စား​ပျော်​မယ့်​အ​နေအထား​တော့ရှိရှာပါတယ်​။ အရသာကလည်းအ​မေ့လက်​ရာလိုပဲ​ကောင်းတယ်​။ ချန်​ယန်းကိုသိသလားလို့ ဝမ်​လီကို​မေးမ​နေ​တော့ပဲ ညစာစားပြီး​တော့ သူမနဲ့အတူ အိမ်​ကထွက်​ခဲ့လိုက်​တယ်​။
"ဒါကအိမ်​​သော့ မနက်​ဖန်​သန့်​ရှင်း​ရေးလုပ်​ဖို့လာခဲ့''

Rebirth of Chen An【Zaw + uni】Where stories live. Discover now