အခန်း(၂)စိတ်​ပျက်​ဖို့​ကောင်းတဲ့ပြန်​လည်​​မွေးဖွားခြင်း

Start from the beginning
                                    

"ဦး​လေး၊ ဦး​လေးချန်​ အဆင်​​ပြေရဲ့လား ''

မျက်​မှန်​တပ်​လူငယ်​တစ်​ဦးသန့်​စင်​ခန်းသို့အ​ပြေးဝင်​လာ၏။သူ၏​ဖွေးနု​သောမျက်​နှာ​ပေါ်တွင်​နီရဲ​သောလက်​ဝါးကာမှာရှိ​နေဆဲဖြစ်​သည်​။ ချန်​ကျန်းအန်း သူ့နံ​ဘေး​တွေလာရပ်​​နေ​သော လူငယ်​​လေးကို​သေချာကြည့်​မိလိုက်​သည်​။ အပြစ်​ကင်းပြီးကြည်​လင်​​နေတဲ့မဟူရာမျက်​ဝန်း​တွေထဲမှာစိုးရိမ်​စိတ်​​တွေလွှမ်း​နေပုံက သူ့ရဲ့ညီငယ်​​လေးကိုသတိရမိ​စေသည်​။ စက္ကူဖြူတစ်​စလို၊ ကြည်​လင်​တဲ့​နွေဦး​ရေကန်​လို သိပ်​ကိုသန့်​ရှင်းလွန်းလို့ အနား​တောင်​တိုးမကပ်​ရဲဘူး။

"ဦး​လေးချန်​ ဆရာဝန်​ကအိပ်​ယာထဲမှာ​နေဖို့မှာခဲ့တယ်​။ ခင်​များအနားယူ​နေသင့်​တယ်​။''

စာကြမ်းပိုးရုပ်​နှင့်​လူငယ်​​လေးက ကုတင်​ရှိရာသို့သူ့အားတွဲကူ​ပေးသည်​။ ကိုယ့်​ကုတင်​​ပေါ်တွင်​ထိုင်​ရင်း ချန်​ကျန်းအန်း အခန်းပတ်​ဝန်းကျင်​ကို​လေ့လာကြည့်​မိသည်​။ တီဗီမရှိ၊​ရေခဲ​သေတ္တာမရှိ အခန်းတစ်​ခန်းထဲမှာ လူနာသုံး​ယောက်​ကကြပ်​ကြပ်​သိပ်​သိပ်​ ​ဆေးရုံသာမန်​ခန်းကဘယ်​လိုလဲဆိုတာ သူ့မ​မေ့သွားခင်​ပြန်​မြင်​လိုက်​ရသလို။ အနံစူးစူးIV(အ​ကြော​ဆေး)ရည်​များအနံ့ က ချန်​ကျန်းအန်း ကိုပျို့ တက်​ချင်​လာ​စေသည်​။ သူ့နံ​ဘေးကလူငယ်​​လေးကိုကြည့်​​တော့ ထိုလူငယ်​က သူ့ကို​ရေတစ်​ခွက်​ကမ်း​ပေးပြီး ပန်းသီးများကိုအစိတ်​က​လေးများစိတ်​​နေ​လေသည်​။

"ဦး​လေး ခင်​များဆုံးရှုံးခဲ့တဲ့ ​ငွေ​တွေလည်းပြန် ရှာနိုင်​သလို အိမ်​ကိုလည်းပြန်​​ဆောက်​နိုင်​ပါနိုင်​ပါတယ်​ဗျာ။ ဦး​လေးကအခုမှ သုံးဆယ်​​ကျော်​ပဲရှိ​သေးတာ အနာဂတ်​​တွေအများကြီးရှိပါ​သေးတယ်​။ သိတယ်​မဟုတ်​လား အ​မေရိကန်​လူမျိုး Colonel Sandersကသူ့အသက်​၆၆နှစ်​မှာမှ KFCနဲ့​အောင်​မြင်​ခဲ့တာ​လေ။ ကျွန်​​တော်​တို့တရုတ်​လူမျိုး ရှီယွိကျူးကလည်း ​ဒေဝါလီခံရပြီးမှ တစ်​ဖန်​နလန်​ထူချမ်းသာလာခဲ့တာပဲ။ ဦး​လေးလည်း အဲ့လိုပဲပြန်​ဖြစ်​လာမှာပါ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now