အခန်း (၁၅၉) ဘောလုံးကစားတတ်လား

Start from the beginning
                                    

ချန်ယန်းက ပွင့်နေသည့်ပြတင်းပေါက်ကိုညွှန်ပြလိုက်သည်။ သူတို့သေချာပေါက်ဘယ်တံခါးပွင့်ပေးပါ့မလဲ။ သူ့ဘာသူခိုးဝင်လာလို့ရောက်လာတာပေါ့။

ဒီကျက်သရေတုံးပြတင်းပေါက်ထဲကနေအိမ်ထဲဝင်လာတုန်းက ချန်ယန်းနဲ့လုဖုန်းရဲ့စိတ်ထဲကခံစားချက်ကိုချန်အန်းနားလည်မှာမဟုတ်ဘူး။ မျက်နှာသာမမြင်လိုက်ဘူးဆို အရိပ်မြင်တာနဲ့တိုက်အောက်ကိုကန်ချလိုက်ပြီ။

'' ကြိုက်ရဲ့လား ချစ်'' အိုင်ဗန်က သီချင်းကိုသံစဉ်ချည်းညည်းရင်းချန်အန်းနားတိုးကပ်လာသည်။ ပြီးတော့ မျက်နှာသိုးနဲ့ရပ်နေတဲ့ ချန်ယန်းနဲ့လုဖုန်းဘက်လှည့်ပြီး လက်ရမ်းရင်းပြောလိုက်သေးသည်။ ''ချာတိတ်တွေအိပ်ချိန်ရောက်ပြီ ။ ငါတို့လူကြီးတွေကိုလာမရှုပ်နဲ့တော့''

'' လုံခြုံရေးခေါ်လိုက်ရမလား '' ချန်ယန်းက အိုင်ဗန်ကိုကြည့်ပင်မကြည့်ဘဲမေးလိုက်သည်။

'' ငါကြည့်လုပ်လိုက်ပါမယ်''

ချန်အန်းဆက်ခနဲ အိုင်ဗန်လက်ထဲကပန်းစီးကိုဆွဲယူပြီး ဖြန်းခနဲကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ ပြီးပြီးချင်းမှာ အိုင်ဗန့်ကော်လံကိုဆွဲပြီး အပေါ်ထပ်ကိုတရွတ်တိုက်ခေါ်သွားလိုက်သည်။

'' ဝိုးးး ဒါလင် မင်းရဲ့တက်ကြွမှုကတော့ကိုယ့်ကိုရှယ်ခိုက်သွားစေပြီ! အ... နည်းနည်းလောက်ဖြေးဖြေးလျှောက်ပါလား ကိုယ်ချော်လဲတော့မှာပဲ!"

'' ငါတို့လူစားက'' လုဖုန်းက ချန်အန်းနဲ့အိုင်ဗန်ကိုကြည့်ရင်စကားစလိုက်သည်။

'' ကြည့်ရတာလက်ရှိအခြေအနေအရတော့ အိုင်ဗန်က ငါတို့ရဲ့လေးယောက်မြောက်အဖွဲ့ဝင်ပဲ'' ချန်ယန်းက မထူးသာသက်ပြင်းနှင့်ဆိုဖာပေါ်ထိုင်ချလိုက်သည်။

ဒီကစားပွဲကချန်အန်းအတွက်ကစားပွဲသက်သက်တစ်ခုထက်ပိုနေပြီ။ အသင်းထဲရှိနေမယ့်လူအားလုံးသူယုံကြည်တဲ့သူတွေဖြစ်နေဖို့လိုသည်။ အနိုင်ရဖို့သက်သက်ပဲဆိုချန်အန်းက ကစားနေမှာတောင်မဟုတ်ဘူး။ လက်ရှိအခြေအနေတွေအရဆို ဘယ်သူကမှချန်အန်းလိုချင်တဲ့အရည်အချင်းတွေနဲ့ထပ်တူကျမရှိဘူး။ ချန်ယန်းအနေနဲ့မတတ်သာဘဲ ဝန်ခံရမှာက အိုင်ဗန်ကချန်အန်းယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်နေတာပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now