အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား

Start from the beginning
                                    

ဒီလူကရုပ်ချောပြီးထူးဆန်းလိုက်တာဆိုတဲ့အတွေးနဲ့ကျောင်းသားကျောင်းသူတွေအကုန်တီးတိုးပြောကုန်ကြသည်။ ရုပ်ရှင်ပဲလာရိုက်နေသလား ဒီလောက်မိမိုက်နေတာတဲ့ဟာကို ဒီမင်းသားကိုမြင်လည်းမမြင်ပါဘူးဆိုပြီးတော့ပေါ့။

လုဖုန်းသူ့ဖုန်းထဲကလိပ်စာအတိုင်းလျှောက်လာခဲ့တာ အခုဆိုချန်အန်းပြောတဲ့Gymကိုရောက်လာပြီလေ။ လုဖုန်းကသက်တော်စောင့်နှစ်ယောက်ကိုအပြင်မှာနေခဲ့ခိုင်းလိုက်ပြီးအထဲဝင်သွားလိုက်သည်။

ထွားထွားကြိုင်းကြိုင်းသက်တော်စောင့်နှစ်ယောက်ရဲ့တံခါးတစ်ဖက်တစ်ချက်မှာနေရာယူမှုကဖြတ်သွားတဲ့ကျောင်းသားကျောင်းသူတွေကို လန့်ဖျားသွားနိုင်စေသလိုပဲ။

လုဖုန်း gymထဲဝင်လာတဲ့ပိုစတာကြီးနှစ်ခုကိုတန်းသတိထားမိလိုက်သည်။တစ်ခုက CK ရဲ့ အမျိူးသားမော်ဒယ်ဖြစ်ပြီး နောက်တစ်ခုက Victoria Secret ရဲ့ မော်ဒယ်များ ဖြစ်သည်။

သူချန်အန်းမျက်နှာကိုမမြင်ရသေးသော်လည်းအသံကတော့အရင်ကြားနေသည်။

'' ကောင်မလေးတွေ မင်းတို့အဲ့ဒီမော်ဒယ်တွေကိုကြည့်လိုက်စမ်းဘယ်လိုခံစားရလဲ။ ငါတို့မျက်နှာကငါတို့မိဘပေးတာမို့ရွေးချယ်ခွင့်မရှိပေမဲ့ ငါတို့ခန္ဓာကိုယ်အချိူးအစားကတော့ငါတို့ဆုံးဖြတ်ရမှာမဟုတ်ဘူးလား။''

ချန်အန်းအသံကိုကြားသည်နှင့်လုဖုန်းပြုံးလိုက်မိသည်။ထိုနောက်ချန်အန်းရှိရာGymခန်းအလယ်ကိုလျှောက်သွားလိုက်သည်။

ချန်အန်းကအရောင်ဖျော့ဖျော့ တီရှပ်နှင့် အားကစားဘောင်းဘီကိုဝတ်ဆင်ထားသည်။ သက်တောင့်သက်သာနဲ့ Spinning ပေါ်မှာထိုင်နေပုံကအလွန်ဆွဲဆောင်မှုရှိနေ၏။ ပြောနေတဲ့စကားတွေနည်းနည်းထူးဆန်းနေပေမဲ့လို့ပေါ့။

'' အမျိူးသမီးတစ်ယောက်ရဲ့အလှဆုံးအချိန်ကမင်းတို့အရွယ်ကစရင် ဆယ်နှစ်ဝန်းကျင်ပဲ။မင်းတို့ကိုယ့်ခန္ဓာကိုယ်ကိုမထိန်းထားရင်စျေးဝယ်ထွက်တဲ့အခါဘယ်လိုဖြစ်မလဲတွေးကြည့်။ စျေးရောင်းတဲ့ဝန်ထမ်းတွေက 'အားနာပါတယ်မိန်းကလေး ဒီအင်္ကျီနဲ့တော်မယ်မထင်ဘူး' ပြောရင်ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now