အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ

Start from the beginning
                                    

ဝမ်လီ ဝေ့ ပတ်ကြည့်လိုက်တော့ချန်အန်းမရောက်သေးပေ။

'' စိတ်ပျက်စရာကောင်းလိုက်တာ။ဒီဆရာကဘယ်သူလဲ။ဘာလို့ပါချူပ်ရုံးခန်းကငါတို့ရဲ့တင်ပြချက်ကိုငြင်းရတာလဲ။ သူတို့ကငါတို့ကိုတောင်ပြန်တရားချလိုက်သေးတယ်။''

'' သူကဘယ်လိုဆရာမျိူးလဲဆို ညှင်းပမ်းနှိပ်စက်တဲ့ဆရာမျိူးလေ။ဆရာချမ်းကိုလွမ်းတာကွာ။သူပြန်လာဦးမှာလား။''

ကျောင်းသားတစ်စုကအုပ်စုဖွဲ့ပြီးအတင်းတုပ်နေတဲ့အချိန်ထောင့်ကတယောက်ကချန်ယန်းကိုမြင်လို့ထအော်လိုက်သည်။ ''ဟေ့ ဟိုမှာချန်ယန်းမလား''

''ဟုတ်တယ်ဟုတ်တယ် အားးးချစ်စရာကောင်းလိုက်တာဟယ်''

သူတို့idolမြင်သလိုကောင်မလေးတွေကခုန်ဆွခုန်ဆွဖြစ်ကုန်ပြီးPEဆရာအတင်းတုပ်နေတာတောင်နေ့ကုန်ကြသည်။ဒီဆရာကြောင့်သာမဟုတ်ရင်လည်းချန်ယန်းကိုမြင်ရမှာတော့မဟုတ်ဘူးလေ။

တကယ်တော့လွန်ခဲ့တဲ့၂နှစ်တည်းကချန်ယန်းကနာမည်ကြီးပြီးသား။သူကချောတယ်စာတော်တယ် ဒါပေမဲ့သူဌေးသားတွေလိုအတင်းပြောစရာရှာမရလို့သူ့အကြောင်းသိပ်မပြောကြရုံပဲ။
လွန်ခဲ့တဲ့တစ်နှစ်ကတော့ဟောင်ကောင်တက္ကသိုလ်ကိုကျောင်းပြောင်းသွားပြီးသိပ်မကြာခင် ဒီကိုပြန်ပြောင်းလာတာ။ ဒီလိုအရမ်းမြန်တဲ့ကျောင်းအကူးအပြောင်းကြောင့်သူ့ကိုပိုသတိထားမိကုန်ကြတာပဲ။ သူကအမှတ်ကောင်းတာမှန်ပေမဲ့ဒီလောက်မြန်မြန်ကြီးကျောင်းပြောင်းလို့ရတာကတော့သာမန်မဟုတ်ဘူးလေ။

နောက်တော့လူတွေကချန်ယန်းဝတ်စားဆင်ယင်မှုပါပြောင်းလဲလာတာကိုသတိထားမိလာကြတယ်။ သူ့အဝတ်အစားတွေက ဒီဇိုင်နာဘရန်းတွေမဟုတ်ရင် ကိုယ်တိုင်းချူပ်ထားတဲ့ Logoမပါလက်ရာသေသပ်ပြီးအကောင်းစားပိတ်သားနဲ့ချူပ်ထားတဲ့အကင်္ျီတွေချည်းပဲ။ နားလည်တဲ့သူတွေက ဒါကလက်ချူပ်ထည်တွေလို့ပြောကြတယ်။ အဲ့နောက်ချန်ယန်းကကိုယ်ပိုင်ကားနဲ့လာတတ်သလို ဒရိုင်ဘာလိုက်ပို့တဲ့ Luxury ကားတွေနဲ့လည်းကျောင်းလာတတ်တယ်။ချန်ယန်းရဲ့ပုံရိပ်ကဆင်းရဲသားနဲ့မတူပဲ သူဌေးသားလေးလိုလုံးဝပြောင်းလဲသွားတယ်လေ။အတန်းကလည်းမှန်မှန်မတက်တော့ဘူးဆိုအတင်းပြောစရာရလာတာပေါ့။

Rebirth of Chen An【Zaw + uni】Where stories live. Discover now