အခန်း (၁၄၉) ဆရာလုပ်မယ်

Comenzar desde el principio
                                    

'' ကျတော်ကုန်သွယ်ရေးကုမ္ပဏီကိုလိုချင်တယ်လို့ပြောလိုက်တဲ့အချိန်ဖြစ်သွားတဲ့မျက်နှာတွေကိုအန်းမြင်သင့်တယ်သိလား။ ဒါမဲ့သူတို့ဘာမှမတတ်နိုင်ဘူးလေကျတော်ကအခုတစ်ဦးတည်းသောအမွေခံဖြစ်နေတာကိုး။'' ချန်ယန်းကချန်အန်းရဲ့ပုခုံးကိုအသာနှိပ်ပေးရင်းဆက်ပြောသည်။ '' အန်း ကျတော့်ကိုစိတ်ပူနေတာသိပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကိုကျတော်ကိုယ့်ဘာကိုယ်ပဲဖြေရှင်းချင်တယ်။''

'' မင်းကငါစိတ်ပူတာသိသေးတယ်ပေါ့။ဟွန့် ဒါနဲ့များငါကူညီမှာကိုတားနေသေးတယ်။''

''အန်း....'' သူ့ပေါင်ပေါ်မှာမျက်လုံးမှိတ်ပြီးအိပ်ဖို့ကြိုးစားနေတဲ့ချန်အန်းကိုချန်ယန်းငုံ့ကြည့်လိုက်သည်။ မျက်နှာအစိတ်အပိုင်းတွေကပြီးပြည့်စုံသည်မဟုတ်သော်လည်းကြည့်ကောင်းသည်။ အရာအားလုံးကချန်အန်း​ဖြစ်နေလို့ ညှို့ယူဖမ်းစားနိုင်စွမ်းရှိနေသည်။ ချန်ယန်းရင်ခုန်သံမြန်လာ၏။ ပန်းနုရောင်နှုတ်ခမ်းကိုခဏကြည့်ပြီးနောက်အသံတိုးတိုးဖြင့်ဆက်ပြောလိုက်သည်။

''ကျတော်က ကိုယ့်ကိုယ်ကိုသက်သေပြချင်တာပါ။အန်းရဲ့အကာအကွယ်အောက်မှာပဲတစ်သက်လုံးနေလို့မဖြစ်ဘူးလေ။''

'' အေးပါအေးပါငါသိပါပြီ။ အခုငှက်ပေါက်လေးကအတောင်စုံသွားတော့အသိုက်စွန့်ချင်တာပေါ့။ ''ချန်အန်းအသံကစိတ်ဆိုးနေသည့်အသံမျိူးပင်။

''အန်း...'' ချန်ယန်းစိတ်ထဲမှာတော့မြူးနေသည်။ ဒီလူကြီးက ကလေးလိုဆန္ဒပြနေတယ်။ဘယ်လိုတောင်ချစ်ဖို့ကောင်းတာလဲ။

'' ကြည့်ရတာ အန်းတစ်နေ့တစ်ခြားငယ်လာတာပဲ။စိတ်တောင်ကောက်တတ်နေပြီ''

'' ဘယ်သူကလူကြီးတွေလည်းစိတ်မကောက်ရဘူးလို့ပြောထားလဲ။ အင်းပါ ငါမင်းကိုအတောင်ဖြန့်ခွင့်ပေးလိုက်ပါမယ်။ဒါပေမဲ့တစ်ခုတော့မှတ်ထား ပိုင်ဆိုင်သူရှိထားပြီးသားစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရတဲ့အခါအန္တရာယ်တွေကမဖိတ်ဘဲအလာများတယ်။ဒါကြောင့်သတိနဲ့နေ။ တကယ်လို့ကိစ္စတွေကဖြေရှင်းလို့မနိုင်တော့ဘူးဆိုငါ့ကိုပြောလို့ရတယ်ဟုတ်ပြီလား။''

Rebirth of Chen An【Zaw + uni】Donde viven las historias. Descúbrelo ahora