အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း

Start from the beginning
                                    

သူအမှန်တကယ်ပင်ပြန်ရောက်လာခဲ့သည်။ လေယာဥ်ကအရှေ့အလယ်ပိုင်းပျက်ကျခဲ့ပြီး လေယာဥ်ပေါ်ကလူအများကြီးထဲမှာချန်အန်းနဲ့တင်းရှန်းနှစ်ယောက်သာပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သည်။အိုင်ဗန်နဲ့ကျန်သူများကတော့အပေါ်ယံဒဏ်ရာသာရခဲ့ကြသည်မို့လဝက်နဲ့တင်ပြန်နလန်ထူနိုင်ကြသည်။

ချန်အန်းကတော့လေယာဥ်ပျက်ကျသည့်အချိန်အရှိန်နဲ့လွှင့်ပါသွားတာကြောင့်မေ့မြောသွားပြီး သူနဲ့အနီးဆုံးမှာရှိနေတဲ့တင်းရှန်းကလည်းသူ့ကိုကယ်ဖို့ကြိုးစားရင်းဒဏ်ရာရကာမေ့မြောသွားခဲ့သည်။ဒါပေမယ့်တင်းရှန်းမိဘတွေကကြားကြားချင်းပဲသူ့ကိုအမေရိကန်ဆေးရုံမှာကုသဖို့ပြန်ခေါ်သွားတာကြောင့်ချန်အန်းနဲ့ဆေးရုံတစ်ခုတည်းတော့ရှိမနေပေ။

တိုက်တိုက်ဆိုင်ဆိုင် ချန်အန်းနိုးလာတဲ့နေ့မှာပဲအမေရိကန်ကတင်းရှန်းလည်းနိုးလာပြီဆိုတဲ့သတင်းကိုကြားလိုက်ရသည်။

'' လုဖုန်း ၊ ချန်ယန်း ဒီနားလာခဲ့ဦး''

ချန်အန်းကနိုးနိုးလာချင်းလုဖုန်းနဲ့ချန်ယန်းကိုအရင်ခေါ်ပြီးဝက်ဝံကြီးကတော့တစ်ကောင်ထဲကွက်ကျန်ခဲ့သည်။အိုင်ဗန်ကဒါကိုသိပ်တော့မကျေနပ်လှ ဒီအချင်းအရာလေးကသူ့ကိုဆယ်စုနှစ်ခုကပ်တွက်ဖို့လုံလောက်သည်။ ဒါပေမဲ့လည်းဒါကခဏနေဖြစ်သွားတဲ့မြင်ကွင်းကိုမမြင်သေးခင်အထိသာ။

စိတ်လှုပ်ရှားစွာနဲ့သူပြောတဲ့အတိုင်းရောက်လာတဲ့လုဖုန်းနဲ့ချန်ယန်းကို ချန်အန်းက တစ်ယောက်စီကိုပါးတစ်ချက်စီရိုက်ပစ်လိုက်သည်။

''နာလား''

နှစ်ဦးသားချန်အန်းဘာလို့သူတို့ရိုက်ရသလဲနားမလည် ဒါပေမဲ့ချန်အန်းနေကောင်းလာပြီဆိုတဲ့စိတ်နဲ့အရိုက်ခံရလို့စိတ်မတင်မကျဖြစ်နေရင်းကပျော်နေကြသေးသည်။

''ကျွန်တော်အိမ်မက်မက်နေတာမဟုတ်ဘူးပေါ့ဦး​လေး။ ဒါတကယ်အိမ်မက်မဟုတ်ဘူးပဲ။ ဦးလေးတကယ်နိုးလာပြီ။'' ကုတင်မှာဒူးတစ်ဖက်ထောက်ရင်းသိက္ခာတွေဘာတွေဂရုမစိုက်ဘဲချန်ယန်းကမျက်ရည်ပေါက်ပေါက်ကျလျက်ငိုနေသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now