အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ

Start from the beginning
                                    

ချန်အန်းကိုယ်တိုင်လည်းအဲ့လိုဇာတ်လမ်းကြီးထဲနေခဲ့ဖူးတာပဲ။အခုစစ်သူကြီးတို့ကိုဘေးကနေကြည့်တဲ့အခါပိုရှင်းရှင်းလင်းလင်းမြင်လာတယ်။ သူစစ်သူကြီးကိုတော့ဘာမှအများကြီးမပြောခဲ့ဘူး။ ဝမ်ရယ်ရဲ့အလိမ်အညာတွေနဲ့မျက်နှာဖုံးကိုချွတ်ပြလိုက်ရုံလေးပဲ။

သူစစ်သူကြီးကိုမေးခဲ့တာမေးခွန်းတစ်ခုပဲရှိတယ်။ ဧကရာဇ်ကိုခင်ဗျားယုံသလား။အမှန်တကယ်ယုံရဲ့လား ဆိုတာလေးပဲ။ အဖြေကတော့ရှင်းနေတာပဲလေ သူသာဧကရာဇ်ကိုတကယ်ယုံကြည်ခဲ့မယ်ဆိုဒီလိုအဖြစ်တွေဘယ်ဖြစ်သွားပါ့မလဲ။

ကျိန်စာဆိုတာတကယ်တော့ကျိန်စာမဟုတ်ပါဘူး။ ကူကယ်ရမဲ့ကြေကွဲခြင်းကနေဖြစ်ပေါ်လာတဲ့နာကျည်းဒေါသကြောင့်ပါးစပ်ကထွက်လာတဲ့စကားသက်သက်ပဲ။

'' သူ တိုင်းတစ်ပါးမြေမှာဓားစာခံဖြစ်နေတဲ့အချိန် သူဒုက္ခတွေနည်းခဲ့တာတစ်ဖက်တိုင်းခေါင်းဆောင်ကသူ့အပေါ်မဆိုးလို့ပဲ။ နေ့တိုင်းအတူဖြတ်သန်းရင်းနဲ့ရင်းနှီးလာတော့ ခံစားချက်တွေကြီးထွားပြီးအချစ်ဖြစ်လာတယ်။ ဒါကနှစ်ဖက်လုံးလက်ခံတဲ့ခံစားချက်ပဲ။''

ချန်အန်းကဧကရာဇ်ရဲ့မှတ်ဥာဏ်ထဲမှာမြင်ရသမျှကိုသတင်းတင်ဆက်သူလိုတင်းရှန်းကိုပြောပြသည်။ ဒီပတ်သက်မှုကိုအသုံးချပြီးသူ့နိုင်ငံကျူးကျော်မခံရဖို့တစ်နေ့မှာအသုံးချလို့ရမယ်လို့ဧကရာဇ်ကတစ်ခါမှမတွေးခဲ့ဖူးလောက်ဘူး။ ဒါပေမဲ့ သူနောက်ဆုံးပြန်ရမဲ့အချိန်မှာသူ့နိုင်ငံကိုမကျူးကျော်ရင်သူပြန်လာခဲ့ပါမယ်လို့တိုင်းတစ်ပါးခေါင်းဆောင်ကိုသူကတိပေးခဲ့တယ်။

ဒီကတိကိုသူ့ပြည်သူတွေကတော့နားလည်မှာမဟုတ်ဘူး။ဒါပေမဲ့ဒီကတိကဆယ်စုနှစ်တစ်ခု ထက်ပိုတဲ့ငြိမ်းချမ်းမှုကိုပေးနိုင်တယ်။ ဧကရာဇ်ကဒီအကြောင်းကိုလူတွေသိရင်သူ့ကိုဘယ်လောက်ကဲ့ရဲ့ကြမလဲဆိုတာလည်းနားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကအပြစ်မဲ့တဲ့ပြည်သူများစွာရဲ့အသက်အိုးအိမ်ကိုကယ်တင်နိုင်တဲ့ကတိပဲလေ။ ဧကရာဇ်ကတိုင်းတစ်ပါးခေါင်းဆောင်ကိုကျေးဇူးတင်ခဲ့တယ်။ သူ့ကိုနားလည်ပေးလို့၊သူ့ကိုမြတ်နိုးပေးလို့၊သူ့ကိုထောက်ပံ့ပေးလို့ အရမ်းကိုကျေးဇူးတင်ခဲ့တာ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now