အခန်း (၁၁၉) သူလျှိူရှာခြင်း

Start from the beginning
                                    

လုဖုန်းနံဘေးတွင်ထိုင်နေသည့်ချန်အန်းက အဲရဖပ်ကိုစွေကြည့်လိုက်၏။ ထိုလူက အရှေ့အလယ်ပိုင်းတွင် သူအချိန်အတော်ကြာစမ်းသပ်ထားသည့်ယုံကြည်ရသည့်မိတ်ဆွေဖြစ်သည်။လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့ရဲ့အာဏာကိုလုဖုန်းဆီလွှဲပေးချိန်တုန်းက နေရာမြဲအောင်ကူညီပေးဖို့ အဲရဖပ်ကိုအထူးတာဝန်ပေးခဲ့ဖူးသည်။ လူအများစုကတော့ လုဖုန်း ၊ ချန်အန်းကို အိမ်တွင်းအကျယ်ချူပ်ထားမှန်းမသိကြပေ။သိသူများကလည်း ကောလဟာလ များမှတစ်ဆင့်ကြားသိကြခြင်းဖြစ်သည်။ လက်ဆုပ်လက်ကိုင်သက်သေမရှိတာမို့ လုဖုန်း မြေခွေအိုးကြီးချန်ကျန်းအန်းကိုသတ်လိုက်သည်ဟူသော အချက်ကိုဘယ်သူမှအတည်မပြုနိုင်ကြပေ။

ယုံဖို့ရာခက်သည်ကလည်း ထိုအချိန်က ချန်ကျန်းအန်းအနားယူပြီး လုဖုန်းကိုအာဏာလွှဲပေးလိုက်သည့်အချိန်လည်းဖြစ်နေတာကြောင့်ပင်။ အာဏာလက်ထဲမှာရှိနေပြီးသား လုဖုန်းက ချန်ကျန်းအန်းကိုသတ်တယ်ဆိုတာဘာအကြောင်းနဲ့မှဖြစ်နိုင်စရာမရှိ
။သူသာတကယ်လူသတ်သမားဆိုရင် သူ့လုပ်ရပ်ကအခြားလူတွေကဲ့ရဲ့ပြစ်တင်စရာဖြစ်သွားလိမ့်မည်။ ဒုတိယအချက်အနေနဲ့က လုဖုန်းဘယ်လောက်တောင်မှချန်ကျန်းအန်းကို သစ္စာရှိလဲလူတိုင်းသိနေတာကြောင့်ပင်။ လုဖုန်းဆိုတာက ချန်ကျန်းအန်းက မြေကြီးကိုလက်ပစ်ကူးခိုင်းရင်တောင်နာခံမည့်သူမျိူးဆိုတော့ လွယ်လွယ်နဲ့သစ္စာဖောက်မယ်လို့မည်သူမှမထင်ကြတာမဆန်းတော့ပေ။

'' ဟားဟား ပုံမှန်အရတော့ ဒါကခင်ဗျားလုပ်လေ့မရှိတဲ့အရာဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒါကခင်ဗျားအတွေးလေ။ ကျူပ်တို့သံသယမဝင်အောင် ခင်ဗျားအကွက်ချတာလည်းဖြစ်နိုင်တာပဲ။ '' စားပွဲတစ်နေရာတွင် ပါးစပ်ထဲစီးကရက်ခဲလျက်ထိုင်နေသည့် ဆံပင်ဆွတ်ဆွတ်ဖြူနေသော အသက်၆၀ ကျော် ပုဂ္ဂိုလ်ကရယ်သွမ်းလျက်ပြောလိုက်သည်။ ဤအဖိုးကြီးက ဆွီဒင်နိုင်ငံသား တောင်ပိုင်းဌာနခေါင်းဆောင်ဖြစ်သည်။ ဆေးလိပ်အလွန်သောက်သူဖြစ်သောကြောင့် သူ့ကို '' ဆေးလိပ်ဂျိူး'' ဟုနာမည်ပြောင်ခေါ်ကြသည်။ သူက အရှေ့ပိုင်းဌာနကိုအမြဲတမ်း မျက်မုန်းကျိူးသူလည်းမမှားပေ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now