အခန္း(၁၁၃) အခ်စ္၏ညႇင္းဆဲမႈ
သူအခုၿခိမ္းေျခာက္ခံလိုက္ရတာလား?
ခ်န္းအန္းထိုင္ရာကထၿပီး ျပတင္းေပါက္႐ွိရာေ႐ွ႕ရပ္လိုက္သည္။ တိုင္ဖြန္းမုန္တိုင္းေလကခပ္ျပင္းျပင္းတိုက္ခတ္ေနၿပီး မိုးစက္မ်ားကမွန္မ်က္ႏွာျပင္ကို႐ိုက္ခတ္ေနသည္။
ႏႈတ္ခမ္းေပၚမွေဆးအဆီကို ခပ္ဖြဖြထိၿပီးေနာက္ခ်န္အန္းမ်က္ဝန္းမ်ားေမွးက်ဥ္းလိုက္၏။
မုန္တိုင္းလာမည္ကိုသူမေၾကာက္ ၊ မုန္တိုင္းအျဖစ္ၾကာမည္ကိုသာစိုးရြံျခင္းသာ။ အားျပင္းေသာတိုင္ဖြန္းသည္လ်င္ျမန္စြာၿပီးဆံုးတတ္ၿပီး အားေပ်ာ့ေသာတိုင္ဖြန္းကရက္အတန္ၾကာမွၿပီးဆံုးေလ့႐ွိသည္။သည္လိုဆိုသူတို႔ကမ္းကပ္ႏိုင္ဖို႔ၾကာလိမ့္မည္။ေလွေပၚမွာျဖဳန္းခဲ့သည့္အခ်ိန္မ်ားႏွင့္ထည့္ေပါင္းလ်ွင္ တစ္လနီးပါး႐ွိေခ်ၿပီ။
"မင္းတကယ္ပဲ မင္းသားဟခ့်္ကိုေလ်ာ္ေပးလိုက္မလို႔လား'' ခ်န္အန္းလက္ထဲကခ်ဴတံႏွင့္အနီေရာင္ေဘာလံုးသို႔ခ်ိန္လိုက္သည္။ ေမွာ္ဆန္ေသာျပကြက္ႏွယ္ထိုအနီေရာင္ေဘာလံုးသည္အတိမ္းအေစာင္းမ႐ွိ ျခင္းအတြင္းသို႔က်၏။
ဘိလိယက္ခံုေစာင္းတြင္ ခ်ဴတံကိုင္လ်ွက္မွီရပ္ေနသည့္ ေရႊေရာင္ဆံပင္ႏွင့္အမ်ိဴးသားက ေနာက္ထပ္တစ္မွတ္ရသြားျပန္တဲ့ခ်န္အန္းရဲ႕ထိုးခ်က္ကိုသက္ျပင္းခ်လိုက္သည္။ ''အခ်စ္ မင္းနဲ႔ႏွစ္ဘီလီယံနဲ႔ယွဥ္ရင္ဘာမွမဟုတ္ပါဘူးကြာ။ ကိုယ့္ရင္ထဲမွာမင္းရဲ႕တန္ဖိုးက ေငြနဲ႔ျဖတ္လို႔မရေအာင္အဖိုးထိုက္ၿပီးသား''
အိုင္ဗန္ရဲ႕ေအာ္ကလီဆန္စရာစကားေၾကာင့္ ခ်န္အန္းလက္ေခ်ာ္ၿပီးေဘာလံုးမွာလြဲသြား၏။ ''အဲ့တာမင္းေၾကာင့္''
ခ်န္အန္းစိတ္တိုၿပီးထိုင္ခံုမွာထိုင္ခ်လိုက္သည္။
"ကိုယ္အမွန္ကိုေျပာေနတာ'' အိုင္ဗန္အသံကခ်န္အန္းသူ႔စကားကိုမယံုမွာေၾကာက္ေနသည့္အလား။
"ေကာင္းၿပီေလ ဒါဆိုမင္းပိုင္ဆိုင္မႈအကုန္ငါ့လႊဲေပး''
ကေလာက္ဆိုသည့္အသံႏွင့္အတူ အိုင္ဗန္၏ေဘာလံုးကျခင္းအတြင္းက်သြားသည္။ ထို႔ေနာက္ပ်င္းရိစြာထိုင္ေနသည့္အမ်ိဴးသားကိုလွည့္ၾကည့္ၿပီးရယ္လိုက္၏။''မင္းသာကိုယ့္တစ္ေယာက္ကိုပဲတစ္ဘဝလံုးခ်စ္ပါမယ္လို႔ကတိေပးရင္ ကိုယ္ကတိေပးတယ္။ ကိုယ့္လူေတြအျပင္ကိုယ့္ပိုင္ဆိုင္မႈမွန္သမ်ွကမင္းအပိုင္ပဲ''
ေသခ်ာတာေပါ့ ခ်န္အန္းဘယ္ေတာ့မွကတိေပးမွာမဟုတ္ဘူးေလ။အေျဖကသိသာေနတာပဲ။
"Oh damn it!" ေနာက္တစ္လံုးမွာလြဲသြားၿပီး ခ်န္အန္းအလွည့္ျပန္ေရာက္လာသည္။
မဆင္းခ်င္ဆင္းခ်င္နဲ႔ဘိလိယက္ခံု႐ွိရာအဆင့္ကေန ေအာက္ထပ္ကိုဆင္းၿပီး ဆိုဖာကိုမွီလ်ွက္ လက္မ်ားကိုေခါင္းအံုးလိုက္သည္။ ခ်ဴတံကိုေသြးေနသည့္အမ်ိဴးသား၏လက္ေခ်ာင္းသြယ္မ်ားက သူ႔ႏွလံုးကိုက်ီစယ္ေနသည့္အလား။ ခါးကိုကိုင္းလိုက္သည့္အခ်ိန္တိုင္း ဆန္႔ျပန္႔သြားသည့္အဝတ္ေအာက္မွေကာက္ေၾကာင္းမ်ားက သူျမင္ဖူးသမွ်ထဲအလွဆံုး။
အရင္ႏွစ္ကခပ္ျပည့္ျပည့္သဏၭာန္ကလံုးဝေပ်ာက္ကြယ္သြားခဲ့ၿပီ။ သူအခုတေလာခ်န္အန္းနဲ႔ကိစၥအမ်ားၿကီးေက်ာ္ျဖတ္ခဲ့ရလားလို႔မသိ ခ်န္အန္းဟာဝမလာတဲ့အျပင္ပိုေတာင္ပိန္သြားေသးသလိုခံစားရသည္။
အဆစ္မ်ားပန္းေရာင္သန္းသည့္လက္ေခ်ာင္းမ်ားက ခ်ဴတံကိုတင္းတင္းဆုပ္ကိုင္ထားၿပီး တီ႐ွပ္အျဖဴကိုလက္ေမာင္းထိေခါက္တင္လိုက္သည့္အခါ ေသြးေၾကာျပာေဖာင္းေဖာင္းက႐ွင္းသန္႔ေနသည့္ လက္ေမာင္းတေလ်ွာက္ေကြ႔ပတ္ျဖတ္သန္းေနသည္ကိုျမင္ရမည္။ မညႇပ္တာၾကာၿပီျဖစ္တဲ့ခ်န္အန္း ဆံပင္မ်ားကမ်က္လံုးကိုဖံုးလုနီး႐ွည္လ်ားေနသည္။ ေခါင္းကိုကိုင္းလိုက္သည့္အခါ ထိုဆံပင္မ်ားကမ်က္ဝန္းေတာက္ေတာက္ကို မေက်ာ္လႊားႏိုင္။ ႏူးည့ံသည့္အသြင္သဏၭာန္ကိုေဖာ္ေဆာင္ေပးသည္။
ဒါဟာတကယ္ကို....ပန္းခ်ီကားတစ္ခ်ပ္လိုပဲ
ၾကည့္ေလၾကည့္ေလ ဒီလူကိုပိုတပ္မက္မိေလ။ သူ႔စိတ္ဟာဘာေၾကာင့္ဒီလူတစ္ေယာက္ထဲအေပၚ မေျပာင္းလဲသြားရလည္းအေၾကာင္းအရင္ကေတာ့ ဒီလူကေျမေခြးအိုးႀကီးျဖစ္ေနတာေၾကာင့္လို႔ပဲဆိုရမလား။ ၿပီးေတာ့ ခ်န္အန္းတစ္ေန႔တစ္ျခား အရင္နဲ႔ပိုတူလာတယ္။
"အန္း...ျဖစ္ၿပီးတာေတြကၿပီးခဲ့ၿပီ။ မင္းေ႐ွ႕ကိုပဲျကည့္သင့္တယ္''
"ေ႐ွာင္ယိဝမ္ေလးကအရြယ္ေရာက္လာေတာ့ အန္ကယ့္ကိုျပန္ဆံုးမေနၿပီေပါ့ေလ'' ခ်န္အန္းေဘာင္းဘီအိတ္ကပ္ကိုႏိႈက္ၿပီး တစ္စံုတစ္ခုကုိအိုင္ဗန္ဆီလွမ္းပစ္လိုက္သည္။
အိုင္ဗန္လွမ္းဖမ္းလိုက္မိၿပီးလက္ကိုျဖန္႔လိုက္ေတာ့ ေခ်ာကလက္ေတာင့္ေလးတစ္ခုျဖစ္ေနသည္။ သူ႔မ်က္လံုးမ်ားအနည္းငယ္အ့ံအားသင့္ေက်နပ္သြားသလို။ခ်န္အန္း အိတ္ထဲဘာရွိေနလဲ ဘာပစ္ေပးမလဲ ေတြးမေနဘဲနဲ႔ကိုဖမ္းလိုက္မိတယ္။
သူငယ္ငယ္ကေခ်ာကလက္စားရတာအေတာ္ႀကိဳက္ခဲ့သည္။ ခ်န္အန္းကအလုပ္ကိစၥနဲ႔လာတိုင္းသူ႔အတြက္ေခ်ာကလက္ယူလာေပးတတ္သလို သူကလည္းေနာက္ကလိုက္ၿပီး 'အန္ကယ္ သားဖို႔ေခ်ာကလက္ေရာ?' ဆိုၿပီး လိုက္ေမးတတ္တယ္။ အဲ့လိုခ်ိန္တိုင္း ခ်န္အန္းက ကိုယ္ေလးကိုင္းၿပီးသူ႔ေခါင္းကိုပုတ္ေပးသလို ပါးကိုနမ္းၿပီးေခ်ာကလက္ကိုေပးတတ္တယ္။ 'ကေလးေလး ေခ်ာကလက္မ်ားမ်ားစားတာမေကာင္းဘူးကြ သိလား?' ဆိုၿပီးဆံုးမၿပီး သူ႔အတြက္ေခ်ာကလက္ယူလာျမဲ။ ျပန္ေတြးၾကည့္ရင္....အရာအာလံုးကႏူးည့ံသိမ္ေမြ႔ေသာအမွတ္တရမ်ားသာ။
"ကိုယ္ကေလးမဟုတ္ေတာ့ဘူး ေျမေခြးႀကီး'' အိုင္ဗန္ကျပံဳးလ်က္ဆိုၿပီး စကၠဴကိုျဖည္ကာေခ်ာကလက္ကိုပါးစပ္ထဲထည့္လိုက္သည္။ထို႔ေနာက္မ်က္ႏွာတည္ႏွင့္ ''ကိုယ္က အိုင္ဗန္ေလးလား၊အိုင္ဗန္ႀကီးလား ဆိုတာေတာ့ မင္းအေတြ႔အၾကံဳကပိုသိမွာပါ။တိုက္ဆိုင္မႈေလးနဲ႔အသက္ေနာက္ေၾကာင္းမျပန္စမ္းနဲ႔''
အိုင္ဗန္စကားအဆံုးမွာခ်န္အန္းက ဘိလိယက္ခ်ဴတံနဲ႔လွမ္း႐ိုက္ဟန္လုပ္လိုက္သည္။
"ေဟးေဟး....လူႀကီး႐ွက္ေတာ့တိုတဲ့လား။ အဲ့အက်င့္ႀကီးကိုကခင္မ်ားကိုေစာက္ရမ္းခ်စ္စရာေကာင္းေစတာေနာ္'' ခ်န္အန္းကတကယ္႐ိုက္မယ့္ဟန္နဲ႔ဆင္းလာေတာ့မွ အိုင္ဗန္ထေျပးၿပီးလက္ေျမႇာက္အ႐ွံုးေပးလိုက္သည္။ ''ဝမ္ဟုတ္ေညာင္ေညာင္ သနားေတာ္မႈပါ။ အကြၽႏိုပ္ေၾကာက္ပါၿပီခမ်''
တကယ္ကခ်န္အန္းသူ႔ကိုလာ႐ိုက္မယ္ထင္တာ ။ လာမ႐ိုက္တဲ့အျပင္ ခ်ဴတံကိုခ်ၿပီးေနျမဲတိုင္းဘိလိယက္ခံုကိုျပန္မွီေနသည္ကိုသာေတြ႔လိုက္ရသည္။
"ေဟး..မင္းေဒါသမထြက္ေတာ့ဘူးလား'' အိုင္ဗန္ကေျပာင္စပ္စပ္နဲ႔လက္ႏွစ္ဖက္ကိုဖက္ၿပီး ခ်န္အန္းဆီေလ်ွာက္လာသည္။ ''ကိုယ့္လက္ေတြကိုေႏြးသြားေအာင္ရိုက္မွာလားဟင္''
ခ်န္အန္းကအိုင္ဗန္ကိုျပန္ၾကည့္လိုက္၏။မ်က္ႏွာကစိတ္တိုေနဟန္လည္းမ႐ွိလံုးဝအေသႀကီး ဒါကသာမန္မဟုတ္ဘူး!
"အိုင္ဗန္''
ေနစမ္း ေနစမ္း! ဒီေခၚသံကအဆိုေတာ္ငွါးေခၚထားတာလား?အရမ္းႏူးည့ံေနသေနာ္။ ၿပီးေတာ့ ၿပီးေတာ့ ငါ့ကိုအဲ့ဒီအရည္ရႊမ္းေနတဲ့မ်က္လံုးေတြနဲ႔မၾကည့္စမ္းနဲ႔ အား!!! ႏွလံုးသားေလးအဖ်ားမိေတာ့မယ္။
"လုဖုန္းငါ့ကိုေခၚသြားမွာမတားနဲ႔''
"ဟမ္?'' ဘယ္လို ဘာေျပာလိုက္တယ္!
အိုင္ဗန္မ်က္လံုးကိုေမွးက်ဥ္းလိုက္ၿပီး ''ဟန္နီ မင္းရဲ႕ပိုင္ဆိုင္မႈေတြျပန္လိုခ်င္ရင္ ကိုယ္ကမင္းအတြက္အေကာင္းဆံုးအေထာက္အပ့ံပါကြ''
"အဲ့တာေတြကငါ့အတြက္ဘာမွမဟုတ္ဘူး ငါ့မွလုဖုန္းနဲ႔ေျဖ႐ွင္းရမယ့္ကိစၥ႐ွိေနတယ္''
တစ္ခ်ိဴ႕ေႏွာင္ႀကိဳးေတြကျဖည္လိုက္မွ သက္သာရာရမွာ။
လုဖုန္းနဲ႔အတူသြားေနမယ္ေျပာလာတဲ့လူကို အတင္းဆြဲထားၿပီးစကားေတြထပ္ေျပာဖို႔ႀကိဳးစားလိုက္ေပမယ့္ ခ်န္အန္းဖက္ကသူ႔ကိုအရင္ဆံုးရင္းႏွီးစြာေပြ႔ဖက္လိုက္သည့္ေနာက္ စကားမ်ားကလည္ဝတြင္တစ္က်န္ရစ္သြားသည္။ ထိုအခိုက္အတန္႔တြင္ ဝက္ဝံ၏အေတြးသည္ေခ်းေညာ္ကင္းၿပီး ပကတိျဖဴစင္စြာ၊ လွပေသာ႐ုပ္႐ွင္ျပကြက္ႏွယ္၊ တစ္ေလာကလံုးပန္းပြင့္သည့္ကဗ်ာမ်ားလို...။
"Thank you''
႐ိုး႐ွင္းတဲ့စကားေလးႏွစ္လံုးပါပဲ။ဒါေပမယ့္ မ်ဥ္းနီနီတားပစ္လိုက္တယ္။
အိုင္ဗန္ခါးသက္စြာျပံဳးလိုက္၏။သူခ်န္အန္းကိုမျငင္းဆန္ႏိုင္ပါ။ အထူးသျဖင့္ လုဖုန္းနဲ႔သူ႔ၾကားမွာဝိေရာဓိေတြကိုေျဖ႐ွင္းမွျဖစ္လိမ့္မယ္လို႔ ယူဆေနတဲ့ ခ်န္အန္းကိုလြန္ဆန္ဖို႔သူခက္ခဲလြန္းတယ္။ အိုင္ဗန္ကိုယ္တိုင္လည္းပဲ ႐ုတ္တရက္မေသခ်ာတဲ့ဆံုး႐ႈံးရႏိုင္မႈအတြက္ နာက်င္မႈကိုက်ဥ္းၾကပ္စြာခံစားေနရသည္။ ဒါေပမယ့္လည္းခ်န္အန္းရင္ထဲက အထံုးအဖြဲ႔ေတြကိုမေျဖ႐ွင္းလိုက္ရင္ ဒီလူဘယ္ေတာ့မွမလြတ္ေျမာက္ႏိုင္မွာကိုလည္းသူနားလည္ထားသည္။
တစ္ကိုယ္ေကာင္းဆန္တဲ့အိုင္ဗန္ဟာ လႊတ္ေပးလိုက္ဖို႔ျငင္းဆန္ေနၿပီးဒီလူကိုတစ္ဦးထဲအပိုင္ျဖစ္ေစရန္တိုက္တြန္းေနသလို ခ်စ္လြန္းတဲ့အိုင္ဗန္ဟာလည္း သူ႔ကိုယ္၌ထက္ခ်န္အန္းကိုပိုေတြးေပးေစခ်င္ေနျပန္သည္။ ဒါေတြအားလံုးက အဲ့ဒီေသာက္က်ိဴးနဲအခ်စ္ဆိုတာႀကီးေၾကာင့္ပဲ။
"ခင္မ်ား.....ေျမေခြးအိုႀကီး '' တစ္ေယာက္ထဲက်န္ရစ္ခဲ့သည္ဘိလိယက္ခန္းမအတြင္း အိုင္ဗန္အံႀကိတ္ေရရြတ္မိ၏။ဒီတစ္ခါလည္း သူအျငင္းခံရျပန္ၿပီလား။
ဘိလိယက္စားပြဲမွာေတာ့ ေဘာလံုးတစ္လံုးမွ႐ွိမေနေတာ့။အိုင္ဗန္မ်က္ခံုးတစ္ဖက္လႈပ္သြားသည္။ ဒီတစ္ခါလည္းခ်န္အန္းႏိုင္သြားျပန္ၿပီ။ သူလည္းပဲ ဒီဘဝမွာခ်န္အန္းကိုထပ္မဆံုး႐ႈံးေစရဘူး။
သက္ျပင္း႐ွည္ခ်ၿပီးေနာက္ ခပ္က်ိန္းက်ိန္းျဖစ္လာသည့္နားထင္ကိုဖိလိုက္ကာ ဆံပင္မ်ားကိုဆြဲဆုပ္သပ္တင္ၿပီး ခပ္အက္အက္ရယ္လိုက္သည္။ အခ်စ္ကိုခံစားလိုက္ရတဲ့အခါ သူ႔ႏွလံုးသားကအရမ္းကိုနာက်င္ေနသည္။
.....
အိုင္ဗန္စိတ္ထဲကမပါေပမယ့္လည္း ခ်န္အန္းေတာင္းဆိုတဲ့အတိုင္းလုပ္ေပးခဲ့သည္။
လြန္ခဲ့တဲ့ႏွစ္ရက္ကသူနဲ႔ခ်န္အန္းကိုသာအႏၱရာယ္ကင္းကင္းျပန္လႊတ္ေပးရင္ ႏွစ္ဘီလီယံျပန္ေလ်ာ္ပါမယ္ေျပာထားၿပီး အခုေတာ့စကားတစ္မ်ိဴးေျပာင္းလိုက္ျပန္သည္။
အိုးရန္ပိုင္႐ွား၏ခ်န္အန္းေပၚဆက္ဆံပံုကတစ္မ်ိဴးေျပာင္းသြားျပန္၏။ ဒီသံုးရက္အတြင္းမွာ ခ်န္အန္းဟာအိုင္ဗန္နဲ႔အျမဲလိုလို႐ွိေနတတ္သည္။ သူတို႔ကအဲ့လိုဆက္ဆံေရးမဟုတ္ပါဘူးေျပာေပမယ့္လည္း အိုင္ဗန္ရဲ႕အျမဲတြယ္ကပ္ေနပံု၊ကေလးသူငယ္လိုသံေသးသံေၾကာင္နဲ႔ကပ္ခြၽဲေနပံု၊ အခြင့္ေရးရသလိုအသားယူေနပံုတို႔က သူတို႔ကအဲ့လိုဆက္ဆံေရးမွန္းသိသာေနျပန္သည္။ ဒါေပမယ့္လည္း အိုင္ဗန္းကခ်န္အန္းရဲ႕ ပုခံုးနဲ႔လက္ေမာင္းေတြကိုပြတ္သီးပြတ္သပ္လုပ္တာကလြဲရင္ သူတို႔တစ္ခန္းထဲအတူေတာ့မအိပ္ၾက။ ဒါက တကယ္ေလးနက္တဲ့ဆက္ဆံေရးလား။ေလးနက္တယ္ဆိုရင္ အိုင္ဗန္ကခ်န္အန္းကိုဘာလို႔ထားခဲ့မွာလဲ။
ဒီလူဟာအိုးရန္ပိုင္႐ွားအတြက္ ႐ွာေလခက္ေလပုစာၦလိုပဲ။ခ်န္အန္းဟာ ဘယ္လိုလူမ်ိဴးလဲလံုးဝအေျဖ႐ွာမရေတာ့ေပ။
"သေဘာတူစာခ်ဴပ္အရ ခင္မ်ားလုဖုန္းနဲ႔လိုက္သြားလို႔ရၿပီ''
အိုးရန္ပိုင္႐ွား တစ္ဖက္လူကိုၾကည့္ရင္း မထိန္းႏိုင္ဘဲေမးလိုက္မိသည္။
"ခင္မ်ားနဲ႔အိုင္ဗန္ကဘာေတြလဲ''
"လူတစ္ေယာက္ကိုမ်က္ႏွာတည့္တည့္ၾကည့္ၿပီး ကိုယ္ေရးကိုယ္တာေမးတာမယဥ္ေက်းဘူးေနာ္'' မ်က္မွန္ကိုပင့္တင္ၿပီး မ်က္ေစာင္းထိုးက လုဖုန္းကိုခ်န္အန္းလွမ္းၾကည့္လိုက္သည္။
လုဖုန္းအစီစဥ္အရဆို သူကိုကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔USကိုအရင္ေခၚသြားၿပီး ေနာက္မွတစ္ဆင့္ေဟာင္ေကာင္ကိုျပန္လႊဲေပးမည္။ အဆင္ေျပရင္သူခ်န္ယန္းနဲ႔တစ္ပတ္အတြင္းျပန္ေတြ႔ႏိုင္လိမ့္မယ္။ ခ်န္ယန္းေျပာခါမွ ဒီကေလးဘယ္လို႐ွိလဲသူသတိရမိသည္။
"သြားရေအာင္'' လုဖုန္းကခ်န္အန္းေဘးေလ်ွာက္လာၿပီး အိုးရန္ပိုင္႐ွားကိုၾကည့္ကထပ္ေျပာလိုက္သည္။ ''ေက်းဇူးပဲ''
"မင္းငါ့ကိုေက်းဇူးတင္ခ်င္ရင္ ကိုယ့္ကိုယ္ကိုသာဂ႐ုစိုက္၊ငါဘယ္သူ႔ကိုအေလးအထားဆံုးလည္းမင္းသိတာပဲ'' အိုးရန္ပိုင္႐ွား၏ မ်က္ဝန္းမ်ားကႏူးည့ံေနၿပီး အသံကခ်စ္ေသာသူအားေျပာသည့္အသံလိုေပ်ာ့ေပ်ာင္းေန၏။ ''မင္းတစ္ခြန္းသာေျပာလိုက္ရင္ ငါကမင္းလူပဲ။ ငါ့ဘဝတစ္ေလ်ွာက္လံုးကမင္းအတြက္ပဲ။ မင္းဘာလုပ္လုပ္ငါကူညီမယ္။ မင္းနားမွာအျမဲ႐ွိေနေပးမယ္''
ခ်န္အန္းမ်က္ခံုးပင့္လိုက္သည္။ ဒါကလုဖုန္းကိုေျပာတာလား သူ႔ေ႐ွ႕မွာမို႔တမင္ေျပာတာလား။ ခ်န္အန္းအတိတ္ျပန္လွည့္ၾကည့္မိၿပီးေတြးမိသည္။ ဒီကေလးကတိေပးလိုက္မွာလား။
"အင္း'' လုဖုန္းကမေမ်ွာ္လင့္ဘဲျပံဳးလိုက္သည္။ အိုးရန္ပိုင္႐ွား မ်က္ႏွာကျပံဳးရႊင္သြားေပမယ့္လို႔ ခ်န္အန္းမ်က္ႏွာကေအးစက္သြားသည္။
ခ်န္အန္းအရင္ကသူ႔စိတ္ကိုသူျပန္လွန္မိ၏။ သူတကယ္ပဲ လုဖုန္းသူ႔ကိုစိတ္ကုန္သြားဖို႔နဲ႔အျခားလူတစ္ေယာက္ကိုသြားခ်စ္ေစဖို႔ ေမ်ွာ္လင့္ခဲ့ဖူးသည္။ စာနာစိတ္တစ္ေစ့မဝင္ေသာ္ျငား အခုေတာ့ အျပံဳးတစ္ပြင့္ကသူ႔ကိုလံုးဝမသက္မသာျဖစ္ေစသည္။
ခ်န္အန္းကိုယ့္ကိုယ္ကိုယ္ဖိအားေပးထိန္းခ်ဴပ္ရသည္ကိုမႀကိဳက္။ သူစိတ္ကိုသူသိေနသည္။ လုဖုန္းအျခားလူကိုျပံဳးျပတာသူမႀကိဳက္ဘူး။ အျခားသူကိုခ်စ္သြားမွာလဲ သူမလိုလားဘူး။
ဒါဆိုရင္....
ပုခံုးခ်င္းယွဥ္ရပ္လ်ွက္႐ွိသည့္ နံေဘးကအမ်ိဴးသားငယ္ကိုသူလွည့္ၾကည့္လိုက္မိသည္။
50119
တစ္ကိုယ္ေကာင္းဆန္လိုက္ၾကတာ:(
TN / ပင္းလံုအခုတေလာ update ၾကဲေနတာ အလုပ္ကမအားလို႔ပါ။ တစ္ေန႔ကုန္အလုပ္လုပ္ၿပီးလို႔ညေရာက္ရင္လူကအရမ္းပင္ပန္းၿပီးအိပ္ခ်င္ေနၿပီ။ ခုေနာက္ပိုင္းလစ္ရင္လစ္သလိုေတာင္ဖုန္းမသံုးႏိုင္ေတာ့ဘူး။ ၂၀၁၉တစ္လပိုင္းမွာ ဇာတ္သိမ္းထိေရးမယ္ဘာညာေလလံုးထြားၿပီး မေရးႏိုင္ေတာ့အားနာမိတယ္။ ခ်န္အန္းေရးႏိုင္ဖို႔လည္း မက္မြန္ကြၽန္းကိုလံုးဝရပ္ပစ္လိုက္ရတယ္။ ဒီေတာ့ ဒီႏွစ္မၿပီးလည္းေနာက္ႏွစ္ေတာ့ၿပီးမေပါ့။ၿပီးတဲ့အထိေတာ့တာဝန္ယူမွာပါ။ ေစာင့္ႏိုင္ရင္ေစာင့္ေပါ့ မေစာင့္ႏိုင္ရင္လည္းပလစ္လိုက္ေပါ့ ကိုယ္မွအျမဲအတူမ႐ွိႏိုင္တာကိုး LDRSေတြၾကာရင္ ေသြးေအးတတ္တာအမွန္ပဲေလ 😆
အခန်း(၁၁၃) အချစ်၏ညှင်းဆဲမှု
သူအခုခြိမ်းခြောက်ခံလိုက်ရတာလား?
ချန်းအန်းထိုင်ရာကထပြီး ပြတင်းပေါက်ရှိရာရှေ့ရပ်လိုက်သည်။ တိုင်ဖွန်းမုန်တိုင်းလေကခပ်ပြင်းပြင်းတိုက်ခတ်နေပြီး မိုးစက်များကမှန်မျက်နှာပြင်ကိုရိုက်ခတ်နေသည်။
နှုတ်ခမ်းပေါ်မှဆေးအဆီကို ခပ်ဖွဖွထိပြီးနောက်ချန်အန်းမျက်ဝန်းမ်ားမှေးကျဉ်းလိုက်၏။
မုန်တိုင်းလာမည်ကိုသူမကြောက် ၊ မုန်တိုင်းအဖြစ်ကြာမည်ကိုသာစိုးရွံခြင်းသာ။ အားပြင်းသောတိုင်ဖွန်းသည်လျင်မြန်စွာပြီးဆုံးတတ်ပြီး အားပျော့သောတိုင်ဖွန်းကရက်အတန်ကြာမှပြီးဆုံးလေ့ရှိသည်။သည်လိုဆိုသူတို့ကမ်းကပ်နိုင်ဖို့ကြာလိမ့်မည်။လှေပေါ်မှာဖြုန်းခဲ့သည့်အချိန်များနှင့်ထည့်ပေါင်းလျှင် တစ်လနီးပါးရှိချေပြီ။
"မင်းတကယ်ပဲ မင်းသားဟချ့်ကိုလျော်ပေးလိုက်မလို့လား'' ချန်အန်းလက်ထဲကချူတံနှင့်အနီရောင်ဘောလုံးသို့ချိန်လိုက်သည်။ မှော်ဆန်သောပြကွက်နှယ်ထိုအနီရောင်ဘောလုံးသည်အတိမ်းအစောင်းမရှိ ခြင်းအတွင်းသို့ကျ၏။
ဘိလိယက်ခုံစောင်းတွင် ချူတံကိုင်လျှက်မှီရပ်နေသည့် ရွှေရောင်ဆံပင်နှင့်အမျိူးသားက နောက်ထပ်တစ်မှတ်ရသွားပြန်တဲ့ချန်အန်းရဲ့ထိုးချက်ကိုသက်ပြင်းချလိုက်သည်။ ''အချစ် မင်းနဲ့နှစ်ဘီလီယံနဲ့ယှဉ်ရင်ဘာမှမဟုတ်ပါဘူးကြာ။ ကိုယ့်ရင်ထဲမှာမင်းရဲ့တန်ဖိုးက ငွေနဲ့ဖြတ်လို့မရအောင်အဖိုးထိုက်ပြီးသား''
အိုင်ဗန်ရဲ့အော်ကလီဆန်စရာစကားကြောင့် ချန်အန်းလက်ချော်ပြီးဘောလုံးမှာလွဲသွား၏။ ''အဲ့တာမင်းကြောင့်''
ချန်အန်းစိတ်တိုပြီးထိုင်ခုံမှာထိုင်ချလိုက်သည်။
"ကိုယ်အမှန်ကိုပြောနေတာ'' အိုင်ဗန်အသံကချန်အန်းသူ့စကားကိုမယုံမှာကြောက်နေသည့်အလား။
"ကောင်းပြီလေ ဒါဆိုမင်းပိုင်ဆိုင်မှုအကုန်ငါ့လွှဲပေး''
ကလောက်ဆိုသည့်အသံနှင့်အတူ အိုင်ဗန်၏ဘောလုံးကခြင်းအတွင်းကျသွားသည်။ ထို့နောက်ပျင်းရိစွာထိုင်နေသည့်အမျိူးသားကိုလှည့်ကြည့်ပြီးရယ်လိုက်၏။''မင်းသာကိုယ့်တစ်ယောက်ကိုပဲတစ်ဘဝလုံးချစ်ပါမယ်လို့ကတိပေးရင် ကိုယ်ကတိပေးတယ်။ ကိုယ့်လူတွေအပြင်ကိုယ့်ပိုင်ဆိုင်မှုမှန်သမျှကမင်းအပိုင်ပဲ''
သေချာတာပေါ့ ချန်အန်းဘယ်တော့မှကတိပေးမှာမဟုတ်ဘူးလေ။အဖြေကသိသာနေတာပဲ။
"Oh damn it!" နောက်တစ်လုံးမှာလွဲသွားပြီး ချန်အန်းအလှည့်ပြန်ရောက်လာသည်။
မဆင်းချင်ဆင်းချင်နဲ့ဘိလိယက်ခုံရှိရာအဆင့်ကနေ အောက်ထပ်ကိုဆင်းပြီး ဆိုဖာကိုမှီလျှက် လက်မ်ားကိုခေါင်းအုံးလိုက်သည်။ ချူတံကိုသွေးနေသည့်အမျိူးသား၏လက်ချောင်းသွယ်မ်ားက သူ့နှလုံးကိုကျီစယ်နေသည့်အလား။ ခါးကိုကိုင်းလိုက်သည့်အချိန်တိုင်း ဆန့်ပြန့်သွားသည့်အဝတ်အောက်မွကောက်ကြောင်းမ်ားက သူမြင်ဖူးသမျှထဲအလှဆုံး။
အရင်နှစ်ကခပ်ပြည့်ပြည့်သဏ္ဌာန်ကလုံးဝပျောက်ကွယ်သွားခဲ့ပြီ။ သူအခုတလောချန်အန်းနဲ့ကိစ္စအများကြီးကျော်ဖြတ်ခဲ့ရလားလို့မသိ ချန်အန်းဟာဝမလာတဲ့အပြင်ပိုတောင်ပိန်သြားသေးသလိုခံစားရသည်။
အဆစ်များပန်းရောင်သန်းသည့်လက်ချောင်းမ်ားက ချူတံကိုတင်းတင်းဆုပ်ကိုင်ထားပြီး တီရှပ်အဖြူကိုလက်မောင်းထိခေါက်တင်လိုက်သည့်အခါ သွေးကြောပြာဖောင်းဖောင်းကရှင်းသန့်နေသည့် လက်မောင်းတလျှောက်ကွေ့ပတ်ဖြတ်သန်းနေသည်ကိုမြင်ရမည်။ မညှပ်တာကြာပြီဖြစ်တဲ့ချန်အန်း ဆံပင်များကမျက်လုံးကိုဖုံးလုနီးရှည်လ်ားနေသည်။ ခေါင်းကိုကိုင်းလိုက်သည့်အခါ ထိုဆံပင်များကမျက်ဝန်းတောက်တောက်ကို မကျော်လွှားနိုင်။ နူးည့ံသည့်အသွင်သဏ္ဌာန်ကိုဖော်ဆောင်ပေးသည်။
ဒါဟာတကယ်ကို....ပန်းချီကားတစ်ချပ်လိုပဲ
ကြည့်လေကြည့်လေ ဒီလူကိုပိုတပ်မက်မိလေ။ သူ့စိတ်ဟာဘာကြောင့်ဒီလူတစ်ယောက်ထဲအပေါ် မပြောင်းလဲသွားရလည်းအကြောင်းအရင်ကတော့ ဒီလူကမြေခွေးအိုးကြီးဖြစ်နေတာကြောင့်လို့ပဲဆိုရမလား။ ပြီးတော့ ချန်အန်းတစ်နေ့တစ်ခြား အရင်နဲ့ပိုတူလာတယ်။
"အန်း...ဖြစ်ပြီးတာတွေကပြီးခဲ့ပြီ။ မင်းရှေ့ကိုပဲကြည့်သင့်တယ်''
"ရှောင်ယိဝမ်လေးကအရွယ်ရောက်လာတော့ အန်ကယ့်ကိုပြန်ဆုံးမနေပြီပေါ့လေ'' ချန်အန်းဘောင်းဘီအိတ်ကပ်ကိုနှိုက်ပြီး တစ်စုံတစ်ခုကိုအိုင်ဗန်ဆီလှမ်းပစ်လိုက်သည်။
အိုင်ဗန်လှမ်းဖမ်းလိုက်မိပြီးလက်ကိုဖြန့်လိုက်တော့ ချောကလက်တောင့်လေးတစ်ခုဖြစ်နေသည်။ သူ့မျက်လုံးများအနည်းငယ်အ့ံအားသင့်ကျေနပ်သွားသလို။ချန်အန်း အိတ်ထဲဘာရွိနေလဲ ဘာပစ်ပေးမလဲ တွေးမနေဘဲနဲ့ကိုဖမ်းလိုက်မိတယ်။
သူငယ်ငယ်ကချောကလက်စားရတာအတော်ကြိုက်ခဲ့သည်။ ချန်အန်းကအလုပ်ကိစ္စနဲ့လာတိုင်းသူ့အတွက်ချောကလက်ယူလာပေးတတ်သလို သူကလည်းနောက်ကလိုက်ပြီး 'အန်ကယ် သားဖို့ချောကလက်ရော?' ဆိုပြီး လိုက်မေးတတ်တယ်။ အဲ့လိုချိန်တိုင်း ချန်အန်းက ကိုယ်လေးကိုင်းပြီးသူ့ခေါင်းကိုပုတ်ပေးသလို ပါးကိုနမ်းပြီးချောကလက်ကိုပေးတတ်တယ်။ 'ကလေးလေး ချောကလက်မ်ားမ်ားစားတာမကောင်းဘူးကြ သိလား?' ဆိုပြီးဆုံးမပြီး သူ့အတွက်ချောကလက်ယူလာမြဲ။ ပြန်တွေးကြည့်ရင်....အရာအာလုံးကနူးည့ံသိမ်မွေ့သောအမှတ်တရမ်ားသာ။
"ကိုယ်ကလေးမဟုတ်တော့ဘူး မြေခွေးကြီး'' အိုင်ဗန်ကပြုံးလျက်ဆိုပြီး စက္ကူကိုဖြည်ကာချောကလက်ကိုပါးစပ်ထဲထည့်လိုက်သည်။ထို့နောက်မျက်နှာတည်နှင့် ''ကိုယ်က အိုင်ဗန်လေးလား၊အိုင်ဗန်ကြီးလား ဆိုတာတော့ မင်းအတွေ့အကြုံကပိုသိမှာပါ။တိုက်ဆိုင်မှုလေးနဲ့အသက်နောက်ကြောင်းမပြန်စမ်းနဲ့''
အိုင်ဗန်စကားအဆုံးမှာချန်အန်းက ဘိလိယက်ချူတံနဲ့လှမ်းရိုက်ဟန်လုပ်လိုက်သည်။
"ဟေးဟေး....လူကြီးရှက်တော့တိုတဲ့လား။ အဲ့အကျင့်ကြီးကိုကခင်မ်ားကိုစောက်ရမ်းချစ်စရာကောင်းစေတာနော်'' ချန်အန်းကတကယ်ရိုက်မယ့်ဟန်နဲ့ဆင်းလာတော့မှ အိုင်ဗန်ထပြေးပြီးလက်မြှောက်အရှုံးပေးလိုက်သည်။ ''ဝမ်ဟုတ်ညောင်ညောင် သနားတော်မှုပါ။ အကျွနိုပ်ကြောက်ပါပြီခမျ''
တကယ်ကချန်အန်းသူ့ကိုလာရိုက်မယ်ထင်တာ ။ လာမရိုက်တဲ့အပြင် ချူတံကိုချပြီးနေမြဲတိုင်းဘိလိယက်ခုံကိုပြန်မွီနေသည်ကိုသာတွေ့လိုက်ရသည်။
"ဟေး..မင်းဒေါသမထွက်တော့ဘူးလား'' အိုင်ဗန်ကပြောင်စပ်စပ်နဲ့လက်နှစ်ဖက်ကိုဖက်ပြီး ချန်အန်းဆီလျှောက်လာသည်။ ''ကိုယ့်လက်တွေကိုနွေးသွားအောင်ရိုက်မှာလားဟင်''
ချန်အန်းကအိုင်ဗန်ကိုပြန်ကြည့်လိုက်၏။မျက်နှာကစိတ်တိုနေဟန်လည်းမရှိလုံးဝအသေကြီး ဒါကသာမန်မဟုတ်ဘူး!
"အိုင်ဗန်''
နေစမ်း နေစမ်း! ဒီခေါ်သံကအဆိုတော်ငွါးခေါ်ထားတာလား?အရမ်းနူးည့ံနေသနော်။ ပြီးတော့ ပြီးတော့ ငါ့ကိုအဲ့ဒီအရည်ရွှမ်းနေတဲ့မျက်လုံးတွေနဲ့မကြည့်စမ်းနဲ့ အား!!! နှလုံးသားလေးအဖျားမိတော့မယ်။
"လုဖုန်းငါ့ကိုခေါ်သွားမှာမတားနဲ့''
"ဟမ်?'' ဘယ်လို ဘာပြောလိုက်တယ်!
အိုင်ဗန်မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ''ဟန်နီ မင်းရဲ့ပိုင်ဆိုင်မှုတွေပြန်လိုချင်ရင် ကိုယ်ကမင်းအတွက်အကောင်းဆုံးအထောက်အပ့ံပါကြ''
"အဲ့တာတွေကငါ့အတွက်ဘာမှမဟုတ်ဘူး ငါ့မှလုဖုန်းနဲ့ဖြေရှင်းရမယ့်ကိစ္စရှိနေတယ်''
တစ်ချိူ့နှောင်ကြိုးတွေကဖြည်လိုက်မွ သက်သာရာရမွာ။
လုဖုန်းနဲ့အတူသွားနေမယ်ပြောလာတဲ့လူကို အတင်းဆွဲထားပြီးစကားတွေထပ်ပြောဖို့ကြိုးစားလိုက်ပေမယ့် ချန်အန်းဖက်ကသူ့ကိုအရင်ဆုံးရင်းနှီးစွာပွေ့ဖက်လိုက်သည့်နောက် စကားများကလည်ဝတွင်တစ်ကျန်ရစ်သွားသည်။ ထိုအခိုက်အတန့်တွင် ဝက်ဝံ၏အတွေးသည်ချေးညော်ကင်းပြီး ပကတိဖြူစင်စြာ၊ လွပသောရုပ်ရှင်ပြကွက်နှယ်၊ တစ်လောကလုံးပန်းပွင့်သည့်ကဗ်ာမ်ားလို...။
"Thank you''
ရိုးရှင်းတဲ့စကားလေးနှစ်လုံးပါပဲ။ဒါပေမယ့် မျဉ်းနီနီတားပစ်လိုက်တယ်။
အိုင်ဗန်ခါးသက်စွာပြုံးလိုက်၏။သူချန်အန်းကိုမငြင်းဆန်နိုင်ပါ။ အထူးသဖြင့် လုဖုန်းနဲ့သူ့ကြားမှာဝိရောဓိတွေကိုဖြေရှင်းမှဖြစ်လိမ့်မယ်လို့ ယူဆနေတဲ့ ချန်အန်းကိုလွန်ဆန်ဖို့သူခက်ခဲလွန်းတယ်။ အိုင်ဗန်ကိုယ်တိုင်လည်းပဲ ရုတ်တရက်မသေချာတဲ့ဆုံးရှုံးရနိုင်မှုအတွက် နာကျင်မှုကိုကျဉ်းကြပ်စြာခံစားနေရသည်။ ဒါပေမယ့်လည်းချန်အန်းရင်ထဲက အထုံးအဖွဲ့တွေကိုမဖြေရှင်းလိုက်ရင် ဒီလူဘယ်တော့မှမလွတ်မြောက်နိုင်မှာကိုလည်းသူနားလည်ထားသည်။
တစ်ကိုယ်ကောင်းဆန်တဲ့အိုင်ဗန်ဟာ လွှတ်ပေးလိုက်ဖို့ငြင်းဆန်နေပြီးဒီလူကိုတစ်ဦးထဲအပိုင်ဖြစ်စေရန်တိုက်တွန်းနေသလို ချစ်လွန်းတဲ့အိုင်ဗန်ဟာလည်း သူ့ကိုယ်၌ထက်ချန်အန်းကိုပိုတွေးပေးစေချင်နေပြန်သည်။ ဒါတွေအားလုံးက အဲ့ဒီသောက်ကျိူးနဲအချစ်ဆိုတာကြီးကြောင့်ပဲ။
"ခင်မ်ား.....မြေခွေးအိုကြီး '' တစ်ယောက်ထဲကျန်ရစ်ခဲ့သည်ဘိလိယက်ခန်းမအတွင်း အိုင်ဗန်အံကြိတ်ရေရွတ်မိ၏။ဒီတစ်ခါလည်း သူအငြင်းခံရပြန်ပြီလား။
ဘိလိယက်စားပြဲမွာတော့ ဘောလုံးတစ်လုံးမှရှိမနေတော့။အိုင်ဗန်မျက်ခုံးတစ်ဖက်လှုပ်သွားသည်။ ဒီတစ်ခါလည်းချန်အန်းနိုင်သွားပြန်ပြီ။ သူလည်းပဲ ဒီဘဝမှာချန်အန်းကိုထပ်မဆုံးရှုံးစေရဘူး။
သက်ပြင်းရှည်ချပြီးနောက် ခပ်ကျိန်းကျိန်းဖြစ်လာသည့်နားထင်ကိုဖိလိုက်ကာ ဆံပင်များကိုဆွဲဆုပ်သပ်တင်ပြီး ခပ်အက်အက်ရယ်လိုက်သည်။ အချစ်ကိုခံစားလိုက်ရတဲ့အခါ သူ့နှလုံးသားကအရမ်းကိုနာကျင်နေသည်။
.....
အိုင်ဗန်စိတ်ထဲကမပါပေမယ့်လည်း ချန်အန်းတောင်းဆိုတဲ့အတိုင်းလုပ်ပေးခဲ့သည်။
လွန်ခဲ့တဲ့နှစ်ရက်ကသူနဲ့ချန်အန်းကိုသာအန္တရာယ်ကင်းကင်းပြန်လွှတ်ပေးရင် နှစ်ဘီလီယံပြန်လျော်ပါမယ်ပြောထားပြီး အခုတော့စကားတစ်မျိူးပြောင်းလိုက်ပြန်သည်။
အိုးရန်ပိုင်ရှား၏ချန်အန်းပေါ်ဆက်ဆံပုံကတစ်မျိူးပြောင်းသွားပြန်၏။ ဒီသုံးရက်အတွင်းမွာ ချန်အန်းဟာအိုင်ဗန်နဲ့အမြဲလိုလိုရှိနေတတ်သည်။ သူတို့ကအဲ့လိုဆက်ဆံရေးမဟုတ်ပါဘူးပြောပေမယ့်လည်း အိုင်ဗန်ရဲ့အမြဲတွယ်ကပ်နေပုံ၊ကလေးသူငယ်လိုသံသေးသံကြောင်နဲ့ကပ်ချွဲနေပုံ၊ အခွင့်ရေးရသလိုအသားယူနေပုံတို့က သူတို့ကအဲ့လိုဆက်ဆံရေးမှန်းသိသာနေပြန်သည်။ ဒါပေမယ့်လည်း အိုင်ဗန်းကချန်အန်းရဲ့ ပုခုံးနဲ့လက်မောင်းတွေကိုပွတ်သီးပွတ်သပ်လုပ်တာကလွဲရင် သူတို့တစ်ခန်းထဲအတူတော့မအိပ်ကြ။ ဒါက တကယ်လေးနက်တဲ့ဆက်ဆံရေးလား။လေးနက်တယ်ဆိုရင် အိုင်ဗန်ကချန်အန်းကိုဘာလို့ထားခဲ့မှာလဲ။
ဒီလူဟာအိုးရန်ပိုင်ရှားအတွက် ရှာလေခက်လေပုစာၦလိုပဲ။ချန်အန်းဟာ ဘယ်လိုလူမျိူးလဲလုံးဝအဖြေရှာမရတော့ပေ။
"သဘောတူစာချူပ်အရ ခင်များလုဖုန်းနဲ့လိုက်သွားလို့ရပြီ''
အိုးရန်ပိုင်ရှား တစ်ဖက်လူကိုကြည့်ရင်း မထိန်းနိုင်ဘဲမေးလိုက်မိသည်။
"ခင်များနဲ့အိုင်ဗန်ကဘာတွေလဲ''
"လူတစ်ယောက်ကိုမျက်နှာတည့်တည့်ကြည့်ပြီး ကိုယ်ရေးကိုယ်တာမေးတာမယဉ်ကျေးဘူးနော်'' မျက်မှန်ကိုပင့်တင်ပြီး မျက်စောင်းထိုးက လုဖုန်းကိုချန်အန်းလှမ်းကြည့်လိုက်သည်။
လုဖုန်းအစီစဉ်အရဆို သူကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့USကိုအရင်ခေါ်သွားပြီး နောက်မှတစ်ဆင့်ဟောင်ကောင်ကိုပြန်လွှဲပေးမည်။ အဆင်ပြေရင်သူချန်ယန်းနဲ့တစ်ပတ်အတွင်းပြန်တွေ့နိုင်လိမ့်မယ်။ ချန်ယန်းပြောခါမှ ဒီကလေးဘယ်လိုရှိလဲသူသတိရမိသည်။
"သြားရအောင်'' လုဖုန်းကချန်အန်းဘေးလျှောက်လာပြီး အိုးရန်ပိုင်ရှားကိုကြည့်ကထပ်ပြောလိုက်သည်။ ''ကျေးဇူးပဲ''
"မင်းငါ့ကိုကျေးဇူးတင်ချင်ရင် ကိုယ့်ကိုယ်ကိုသာဂရုစိုက်၊ငါဘယ်သူ့ကိုအလေးအထားဆုံးလည်းမင်းသိတာပဲ'' အိုးရန်ပိုင်ရှား၏ မျက်ဝန်းများကနူးည့ံနေပြီး အသံကချစ်သောသူအားပြောသည့်အသံလိုပျော့ပျောင်းနေ၏။ ''မင်းတစ်ခွန်းသာပြောလိုက်ရင် ငါကမင်းလူပဲ။ ငါ့ဘဝတစ်လျှောက်လုံးကမင်းအတွက်ပဲ။ မင်းဘာလုပ်လုပ်ငါကူညီမယ်။ မင်းနားမှာအမြဲရှိနေပေးမယ်''
ချန်အန်းမျက်ခုံးပင့်လိုက်သည်။ ဒါကလုဖုန်းကိုပြောတာလား သူ့ရှေ့မှာမို့တမင်ပြောတာလား။ ချန်အန်းအတိတ်ပြန်လှည့်ကြည့်မိပြီးတွေးမိသည်။ ဒီကလေးကတိပေးလိုက်မွာလား။
"အင်း'' လုဖုန်းကမမျှော်လင့်ဘဲပြုံးလိုက်သည်။ အိုးရန်ပိုင်ရှား မျက်နှာကပြုံးရွှင်သြားပေမယ့်လို့ ချန်အန်းမျက်နှာကအေးစက်သွားသည်။
ချန်အန်းအရင်ကသူ့စိတ်ကိုသူပြန်လှန်မိ၏။ သူတကယ်ပဲ လုဖုန်းသူ့ကိုစိတ်ကုန်သွားဖို့နဲ့အခြားလူတစ်ယောက်ကိုသွားချစ်စေဖို့ မျှော်လင့်ခဲ့ဖူးသည်။ စာနာစိတ်တစ်စေ့မဝင်သော်ငြား အခုတော့ အပြုံးတစ်ပွင့်ကသူ့ကိုလုံးဝမသက်မသာဖြစ်စေသည်။
ချန်အန်းကိုယ့်ကိုယ်ကိုယ်ဖိအားပေးထိန်းချူပ်ရသည်ကိုမကြိုက်။ သူစိတ်ကိုသူသိနေသည်။ လုဖုန်းအခြားလူကိုပြုံးပြတာသူမကြိုက်ဘူး။ အခြားသူကိုချစ်သြားမွာလဲ သူမလိုလားဘူး။
ဒါဆိုရင်....
ပုခုံးချင်းယှဉ်ရပ်လျှက်ရှိသည့် နံဘေးကအမျိူးသားငယ်ကိုသူလှည့်ကြည့်လိုက်မိသည်။
50119