အခန္း (၁၀၂) အ႐ူးတစ္ေယာက္ႏွင့္
ပင္လယ္ျပင္ႀကီးကကေလးငယ္စိတ္ထားႏွင့္တူလွသည္။ စိတ္တိုသည့္အခါတြင္ မိုးထိေအာင္လိႈင္းထန္ေစၿပီးတစ္ခဏတြင္းခ်င္း ကမာၻပ်က္ေတာ့မည့္အလားအသည္းအသန္ငိုေႂကြးသည္။
ေပ်ာ္ေနခ်ိန္မွာေတာ့ ရာသီဥတုကားၾကည္လင္သာယာလ်ွက္႐ွိၿပီး ေရျပင္က်ယ္ေပၚမွာမွန္ၾကည့္ေနၾကေသာတိမ္လႊာမ်ား ၊ ေဝဟင္မ်ားေပ်ာ္ျမဴးေနၾကေသာစက္ေရာ္ငွက္မ်ားႏွင့္ ယွက္တိုက္ေျပးကူးခတ္ေနသည့္ေရာင္စံုမ်ားက ပင္လယ္ျပင္တြင္တစ္လွည့္ ေရေပၚတြင္တစ္လွည့္ ျမူးတူးလ်ွက္ စိတ္ကူးယဥ္ကမာၻေလးအလား။ မေန႔ကမုန္တိုင္းမွာ ပိတ္ကားသိမ္းေသာ႐ုပ္႐ွင္ျပကြက္တစ္ခုႏွယ္ အိမ္မက္ဆန္ေနသည္။
မ်က္ေတာင္မ်ားကျဖည္းညႇင္းစြာလႈပ္႐ွားလာၿပီး ခ်န္အန္းျဖည္းညႇင္းစြာမ်က္လံုးဖြင့္လိုက္သည္။ အလင္းတန္းျဖဴႏွင့္ ေစးကပ္ကပ္မ်က္ရည္စမ်ားေၾကာင့္ ခ်န္အန္းမ်က္လံုးျပန္မွိတ္လိုက္ရသည္။ သူ႔ခႏၶာကိုယ္ကလႈပ္႐ွားရန္အလြန္ပင္ပန္းေနၿပီး တစ္စံုတစ္ေယာက္ေယာက္၏လက္ေမာင္းၾကားတြင္တင္းၾကပ္စြာ႐ွိေနေၾကာင္းခံစားလိုက္ရသည္။
ေခါင္းကိုအသာလွည့္ၿပီးလက္ေမာင္းမ်ားပိုင္႐ွင္ကိုၾကည့္လိုက္သည့္တစ္ခဏ ျမင္ကြင္းထဲဝင္ေရာက္လာသည့္ ေရႊေရာင္ဆံပင္မ်ားက နတ္တစ္ပါးကိုျမင္လိုက္ရသည့္အလား။ ထိုနတ္ေဒဝါကိုေသခ်ာစူးစိုက္ၾကည့္မွ ငရဲမွတက္လာသည့္ဝက္ဝံမိစာၦေကာင္ႀကီးမွန္း ႐ွင္း႐ွင္းလင္းလင္းသိလိုက္ရသည္။
သူ႔ကိုေရဘဝဲတစ္ေကာင္လိုတြယ္ကပ္ေနသည့္လူကို ခ်န္အန္းတြန္းထုတ္ပစ္လိုက္သည္။ အိုင္ဗန္က ကေယာင္ကမ္းတစ္ခုခုေရရြတ္ေသာ္လည္း အိမ္မက္မွႏိုးမလာ။
ခ်န္အန္း ၊ အိုင္ဗန္ကိုတစ္ခုခုနဲ႔႐ိုက္ပစ္ဖို႔ၾကံေနတုန္း ေလွေခါင္းဖက္မွာ စူး႐ွ႐ွအသံကိုၾကားလိုက္ရသည္။ ထိုအခါမွ႐ိုက္ရန္အကူပစၥည္း႐ွာမေနဘဲ ခ်န္အန္းလက္သီးဆုပ္ႏွင့္ အိုင္ဗန္မ်က္ႏွာကိုထိုးပစ္လိုက္သည္။
"ထစမ္း!"
"အို႔! ,,, အသဲရယ္''
"မင္းအေဖသဲ ေလွထဲေရဝင္ေနၿပီ ျမႇဳပ္ေတာ့မယ္''
"ေရဝင္တယ္? ေရဝင္တာ!!"
အိုင္ဗန္ကစိတ္မဝင္စားသလိုႏွင့္သံေယာင္လိုက္ၿပီး ခ်က္ခ်င္းမ်က္လံုးျပဴးကာထလာေတာ့သည္။
သူတို႔အဝတ္ပင္မကပ္အား ကိုယ္လံုးတီးႏွင့္ ေလွဝမ္းထဲကအျမန္ထြက္ၾကရသည္။ ေလွဝမ္းအျပင္သို႔ေျခခ်လိုက္သည္ႏွင့္ေရကသူတို႔ေျခမ်က္စိထိေရာက္ေနၿပီး ငါးေသးေသးမ်ားကူးခတ္ေနသည္ကိုပင္ျမင္ေနရသည္။
"ေရေတြကိုအျမန္ထုတ္စမ္းပါဟ!"
"ေရပိုက္ေခါင္းကပိုက္ကႀကိဳးသြားတာ ကိုယ္အသစ္တစ္ခု႐ွာလိုက္မယ္!" .
လွပေသာနံနက္ခင္း၏ပင္လယ္ျပင္ေပၚ႐ွိ ေလွျဖဴျဖဴေလးေပၚတြင္အေပၚစီးမွျကည့္လ်ွင္အလုပ္မ်ားေနသည့္ကိုယ္လံုးတီးအမ်ိဴးသားႏွစ္ဦးကို႐ွင္းလင္းစြာေတြ႔ျမင္ရေပမည္။ တစ္ေယာက္ကေျပးလႊားၿပီး ႀကိဳးသြားသည့္ပိုက္ေခါင္းကိုတစ္လွည့္ ဘယ္နားမွာအေပါက္ထပ္႐ွိေသးလဲဆိုတာတစ္လွည့္႐ွာေနသည္။ တစ္နာရီေလာက္ႀကိဳးစားပမ္းစားျပင္ၿပီးမွ အေပါက္ကိုဖာလိုက္ႏိုင္ၿပီး ပိုက္ေခါင္းကိုလည္းျပန္ျပင္လိုက္ႏိုင္သည္။ ထိုေနာက္ႏွစ္ဦးသား လမ္းေလ်ွာက္ရန္ပင္ေမာပန္းေနၿပီ။ ကုန္းပတ္ေပၚမွ ေရမ်ားကမေျခာက္ေသးေသာ္လည္း သူတို႔ဂ႐ုမစိုက္ပဲထိုင္ခ်လိုက္ၾကသည္။
"အာ....'' အိုင္ဗန္က သူေျခလက္ေတြကိုအေညာင္းဆန္႔လိုက္ၿပီး ေလွနံရံကိုေခါင္းမွီလ်ွက္ထိုင္ေနသည့္အမ်ိဴးသားကိုလွမ္းၾကည့္လိုက္သည္။
ခ်န္အန္းလည္းပဲအဝတ္ဝတ္ဖို႔အခ်ိန္မရခဲ့။ ေျခတစ္ဖက္ကိုဆန္႔ၿပီးက်န္တစ္ဖက္ကိုေကြးထားလ်ွက္ ေလွနံရံကိုမွီထားသည္။ ထို႔ေနာက္အျပာေရာင္ေကာင္းကင္ေနာက္ခံႏွင့္ အျဖဴေရာင္စင္ေရာ္ငွက္ကေလးမ်ား၊ ေနေရာင္ေအာက္တြင္ ေတာက္ပေနသည့္အနက္ဆံပင္မ်ားႏွင့္ ျဖဴဝင္းသည့္အသားအရည္တို႔က ဂရိ နတ္ဘုရားပန္းပု႐ုပ္ႏွယ္ ။
အိုင္ဗန္ကိုပိုလို႔ေက်နပ္ေစသည့္အရာကေတာ့ ထိုေက်ာက္စိမ္းျဖဴကိုယ္ေပၚတြင္ မေန႔ကသူခ်န္ရစ္ခဲ့သည့္ အနီေရာင္အမွတ္အသားမ်ားပင္။
"မင္းငါ့ကိုဆက္ၾကည့္ေနမယ္ဆိုရင္ ငါမင္းမ်က္လံုးေတြကိုေဖာက္ထုတ္ပစ္မယ္''
အိုင္ဗန္ရဲ႕အၾကည့္ေတြကတဲ့တိုးဆန္လြန္းလို႔ ခ်န္အန္းမသိခ်င္ေယာင္ေဆာင္ေနလို႔ပင္မရေအာင္အေႏွာင့္အယွက္ျဖစ္ရသည္။
"အဲ့တာဆို ကိုယ့္ကိုယ္ၾကည့္ စိတ္မဆိုးဘူး'' အိုင္ဗန္က ထိုင္ရာမွထၿပီး ကာယဗလေမာင္လိုကိုယ္ဟန္ျပကာဆိုသည္။
ခ်န္အန္းျပံဳးမိသြားသည္။ ထို႔ေနာက္ တစ္ခုခုကိုသတိရမိသလို ေျခေထာက္ကိုျဖတ္ခနဲ႐ိုက္လိုက္ၿပီး အိုင္ဗန္ကိုေမာ့ၾကည့္လိုက္သည္။ ''မင္း႐ူးေနလား မေန႔ကငါ့ကိုေရပတ္တိုက္ေပးဖို႔ေတာ့သတိရၿပီး ေလွကိုစစ္ဖို႔က်သတိမရဘူးလား?''
ႏိုးစကခ်န္အန္းသတိမထားမိေပမယ့္ အခုထိုင္ခ်ခါမွသူ႔ကိုယ္ေပၚမွာ သူမုန္းတဲ့ကပ္ေစးကပ္ေစးႏိုင္မႈေတြမ႐ွိတာသတိထားမိလိုက္သည္။ အေျဖကတစ္ခုထဲ႐ွိမည္ အိုင္ဗန္မေန႔ကသူ႔ကိုသန္႔႐ွင္းေရးလုပ္ေပးထားလို႔ပဲ။ ဒီဝက္ဝံဟာ ကုတင္ေပၚတက္ဖို႔နဲ႔သူ႔ကိုသန္႔႐ွင္းေပးဖို႔က်သတိရၿပီး ေလွကိုစစ္ဖို႔ေတာ့သတိရဘူး။
ကုန္းပတ္မွာအဲ့ေလာက္ေရေတြမ်ားေနတာ အိုင္ဗန္မေန႔ကတည္းကသတိထားမိသင့္တယ္။ တကယ္လို႔သူသာေနာက္က်မွထမိရင္ အခုေလာက္ဆိုသူတို႔ငါးစာျဖစ္ေနေလာက္ၿပီ။
[31118]
အခန်း (၁၀၂) အရူးတစ်ယောက်နှင့်
ပင်လယ်ပြင်ကြီးကကလေးငယ်စိတ်ထားနှင့်တူလှသည်။ စိတ်တိုသည့်အခါတွင် မိုးထိအောင်လှိုင်းထန်စေပြီးတစ်ခဏတွင်းချင်း ကမ္ဘာပျက်တော့မည့်အလားအသည်းအသန်ငိုကြွေးသည်။
ပျော်နေချိန်မွာတော့ ရာသီဥတုကားကြည်လင်သာယာလျှက်ရှိပြီး ရေပြင်ကျယ်ပေါ်မှာမှန်ကြည့်နေကြသောတိမ်လွှာများ ၊ ဝေဟင်မ်ားပျော်မြူးနေကြသောစက်ရော်ငှက်များနှင့် ယှက်တိုက်ပြေးကူးခတ်နေသည့်ရောင်စုံများက ပင်လယ်ပြင်တွင်တစ်လှည့် ရေပေါ်တွင်တစ်လှည့် မြူးတူးလျှက် စိတ်ကူးယဉ်ကမ္ဘာလေးအလား။ မနေ့ကမုန်တိုင်းမွာ ပိတ်ကားသိမ်းသောရုပ်ရှင်ပြကွက်တစ်ခုနှယ် အိမ်မက်ဆန်နေသည်။
မျက်တောင်များကဖြည်းညှင်းစွာလှုပ်ရှားလာပြီး ချန်အန်းဖြည်းညှင်းစွာမျက်လုံးဖွင့်လိုက်သည်။ အလင်းတန်းဖြူနှင့် စေးကပ်ကပ်မျက်ရည်စမ်ားကြောင့် ချန်အန်းမျက်လုံးပြန်မှိတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကလှုပ်ရှားရန်အလွန်ပင်ပန်းနေပြီး တစ်စုံတစ်ယောက်ယောက်၏လက်မောင်းကြားတွင်တင်းကြပ်စွာရှိနေကြောင်းခံစားလိုက်ရသည်။
ခေါင်းကိုအသာလှည့်ပြီးလက်မောင်းများပိုင်ရှင်ကိုကြည့်လိုက်သည့်တစ်ခဏ မြင်ကွင်းထဲဝင်ရောက်လာသည့် ရွှေရောင်ဆံပင်မ်ားက နတ်တစ်ပါးကိုမြင်လိုက်ရသည့်အလား။ ထိုနတ်ဒေဝါကိုသေချာစူးစိုက်ကြည့်မှ ငရဲမှတက်လာသည့်ဝက်ဝံမိစ္ဆာကောင်ကြီးမှန်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။
သူ့ကိုရေဘဝဲတစ်ကောင်လိုတွယ်ကပ်နေသည့်လူကို ချန်အန်းတွန်းထုတ်ပစ်လိုက်သည်။ အိုင်ဗန်က ကယောင်ကမ်းတစ်ခုခုရေရွတ်သော်လည်း အိမ်မက်မှနိုးမလာ။
ချန်အန်း ၊ အိုင်ဗန်ကိုတစ်ခုခုနဲ့ရိုက်ပစ်ဖို့ကြံနေတုန်း လှေခေါင်းဖက်မွာ စူးရှရှအသံကိုကြားလိုက်ရသည်။ ထိုအခါမှရိုက်ရန်အကူပစ္စည်းရှာမနေဘဲ ချန်အန်းလက်သီးဆုပ်နှင့် အိုင်ဗန်မျက်နှာကိုထိုးပစ်လိုက်သည်။
"ထစမ်း!"
"အို့! ,,, အသဲရယ်''
"မင်းအဖေသဲ လှေထဲရေဝင်နေပြီ မြှုပ်တော့မယ်''
"ရေဝင်တယ်? ရေဝင်တာ!!"
အိုင်ဗန်ကစိတ်မဝင်စားသလိုနှင့်သံယောင်လိုက်ပြီး ချက်ချင်းမျက်လုံးပြူးကာထလာတော့သည်။
သူတို့အဝတ်ပင်မကပ်အား ကိုယ်လုံးတီးနှင့် လှေဝမ်းထဲကအမြန်ထွက်ကြရသည်။ လှေဝမ်းအပြင်သို့ခြေချလိုက်သည်နှင့်ရေကသူတို့ခြေမျက်စိထိရောက်နေပြီး ငါးသေးသေးများကူးခတ်နေသည်ကိုပင်မြင်နေရသည်။
"ရေတွေကိုအမြန်ထုတ်စမ်းပါဟ!"
"ရေပိုက်ခေါင်းကပိုက်ကကြိုးသွားတာ ကိုယ်အသစ်တစ်ခုရှာလိုက်မယ်!" .
လှပသောနံနက်ခင်း၏ပင်လယ်ပြင်ပေါ်ရှိ လှေဖြူဖြူလေးပေါ်တွင်အပေါ်စီးမှကြည့်လျှင်အလုပ်မ်ားနေသည့်ကိုယ်လုံးတီးအမျိူးသားနှစ်ဦးကိုရှင်းလင်းစြာတွေ့မြင်ရပေမည်။ တစ်ယောက်ကပြေးလွှားပြီး ကြိုးသွားသည့်ပိုက်ခေါင်းကိုတစ်လှည့် ဘယ်နားမွာအပေါက်ထပ်ရှိသေးလဲဆိုတာတစ်လှည့်ရှာနေသည်။ တစ်နာရီလောက်ကြိုးစားပမ်းစားပြင်ပြီးမှ အပေါက်ကိုဖာလိုက်နိုင်ပြီး ပိုက်ခေါင်းကိုလည်းပြန်ပြင်လိုက်နိုင်သည်။ ထိုနောက်နှစ်ဦးသား လမ်းလျှောက်ရန်ပင်မောပန်းနေပြီ။ ကုန်းပတ်ပေါ်မှ ရေများကမခြောက်သေးသော်လည်း သူတို့ဂရုမစိုက်ပဲထိုင်ချလိုက်ကြသည်။
"အာ....'' အိုင်ဗန်က သူခြေလက်တွေကိုအညောင်းဆန့်လိုက်ပြီး လှေနံရံကိုခေါင်းမှီလျှက်ထိုင်နေသည့်အမျိူးသားကိုလှမ်းကြည့်လိုက်သည်။
ချန်အန်းလည်းပဲအဝတ်ဝတ်ဖို့အချိန်မရခဲ့။ ခြေတစ်ဖက်ကိုဆန့်ပြီးကျန်တစ်ဖက်ကိုကွေးထားလျှက် လှေနံရံကိုမှီထားသည်။ ထို့နောက်အြပာရောင်ကောင်းကင်နောက်ခံနှင့် အဖြူရောင်စင်ရော်ငှက်ကလေးများ၊ နေရောင်အောက်တွင် တောက်ပနေသည့်အနက်ဆံပင်များနှင့် ဖြူဝင်းသည့်အသားအရည်တို့က ဂရိ နတ်ဘုရားပန်းပုရုပ်နှယ် ။
အိုင်ဗန်ကိုပိုလို့ကျေနပ်စေသည့်အရာကတော့ ထိုကျောက်စိမ်းဖြူကိုယ်ပေါ်တွင် မနေ့ကသူချန်ရစ်ခဲ့သည့် အနီရောင်အမှတ်အသားများပင်။
"မင်းငါ့ကိုဆက်ကြည့်နေမယ်ဆိုရင် ငါမင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်''
အိုင်ဗန်ရဲ့အကြည့်တွေကတဲ့တိုးဆန်လွန်းလို့ ချန်အန်းမသိချင်ယောင်ဆောင်နေလို့ပင်မရအောင်အနှောင့်အယှက်ဖြစ်ရသည်။
"အဲ့တာဆို ကိုယ့်ကိုယ်ကြည့် စိတ်မဆိုးဘူး'' အိုင်ဗန်က ထိုင်ရာမှထပြီး ကာယဗလမောင်လိုကိုယ်ဟန်ပြကာဆိုသည်။
ချန်အန်းပြုံးမိသွားသည်။ ထို့နောက် တစ်ခုခုကိုသတိရမိသလို ခြေထောက်ကိုဖြတ်ခနဲရိုက်လိုက်ပြီး အိုင်ဗန်ကိုမော့ကြည့်လိုက်သည်။ ''မင်းရူးနေလား မနေ့ကငါ့ကိုရေပတ်တိုက်ပေးဖို့တော့သတိရပြီး လှေကိုစစ်ဖို့ကျသတိမရဘူးလား?''
နိုးစကချန်အန်းသတိမထားမိပေမယ့် အခုထိုင်ချခါမှသူ့ကိုယ်ပေါ်မှာ သူမုန်းတဲ့ကပ်စေးကပ်စေးနိုင်မှုတွေမရှိတာသတိထားမိလိုက်သည်။ အဖြေကတစ်ခုထဲရှိမည် အိုင်ဗန်မနေ့ကသူ့ကိုသန့်ရှင်းရေးလုပ်ပေးထားလို့ပဲ။ ဒီဝက်ဝံဟာ ကုတင်ပေါ်တက်ဖို့နဲ့သူ့ကိုသန့်ရှင်းပေးဖို့ကျသတိရပြီး လှေကိုစစ်ဖို့တော့သတိရဘူး။
ကုန်းပတ်မွာအဲ့လောက်ရေတွေများနေတာ အိုင်ဗန်မနေ့ကတည်းကသတိထားမိသင့်တယ်။ တကယ်လို့သူသာနောက်ကျမှထမိရင် အခုလောက်ဆိုသူတို့ငါးစာဖြစ်နေလောက်ပြီ။
[31118]