အခန်း(၉၉) ရွက်လွင့်
ကျွန်းပေါ်မှာအကောင်းစား စားဖိုမှူးနဲ့လက်လက်ဆတ်ဆတ်ဟင်းလျာတွေသာစားခဲ့ရတော့ ချန်အန်းဗိုက်ကအသင့်စားသံကြားသည်နှင်နာချင်လာသည်။
"အစားအသောက်လေးအတွက်နဲ့ ကိုယ်တို့ဟန်နီးမွန်းခရီးမှာတတိယလူမပါစေချင်လို့ပါကွာ'' အစီအရီစီထားသည့်စက္ကူပုံးများကို အိုင်ဗန်ကလက်ညိုးထိုးပြပြီး ''သုံးလလုံးစားလောက်တဲ့စည်သွပ်ဗူးတွေ ကိုယ်ပြင်ဆင်ထားပါတယ်။ ဘာအရသာကြိုက်လဲပြော?''
သုံး...သုံးလ?
ပျင်းတိပျင်းတွဲဝက်ဝံကောင်မှာ ချက်ချင်းထကြွလာသည်။
"ဟုတ်ကဲ့ပါခင်မျ''
ချန်အန်းနံဘေးမှာထိုင်နေသည့်အိုင်ဗန်က ကျွန်းပေါ်ကလိုစင်းလုံးချောဟန်အပြည့်နှင့်မဟုတ် အင်္ကျီလက်တွေကိုလက်မောင်းပေါ်ခေါက်တင်ထားပြီး ရှပ်အင်္ကျီမှာ အစောကအားလူးဆေးတုန်းကပေနေတဲ့ရွှံ့ ရေကွက်တစ်ချို့ရှိနေသည်။
"မြေခွေးအိုကြီး... ခင်များကလေ အရမ်းဥာဏ်ကောင်းပေမယ့် ကိုယ့်စိတ်ကိုယ်နားလည်ဖို့ကျအရမ်းတုံးနေပြန်တယ်။ ခင်များညီကိုခင်များချစ်ရင် သူ့ကိုငြိမ်းငြိမ်းချမ်းချမ်းသေပါစေတော့ ကိုယ့်ကိုယ်ကို နှိပ်စက်မနေနဲ့တော့''
[15.9.18]
|Unicode|
အခန်း(၉၉) ရွက်လွင့်
လုဖုန်းကပဟေဋိတစ်ခုဆို အိုင်ဗန်ကတော့ဒါမေးဒါဖြေမေးခွန်းကြီးသာ။ မည်သည့်စကားမဆို ပါးစပ်ဘရိတ်မရှိ အလွယ်တကူထွက်နိုင်သည်။
ဒါပေမယ့်လည်းချန်အန်း အိုင်ဗန်ကို အတော်လေးစားမိသည်။ ငွေလိမ်သွားရုံမက သေနတ်နဲ့ပစ်ပြီးထောင်ထဲလည်းသူရောက်အောင်ပို့ခဲ့သေးတာ။ သူ့ကိုသာအဲ့လိုလာလုပ်ရင်တော့ ဒီဝက်ဝံကိုအရေဆုပ်ပစ်မွာအသေအချာ။ ဘယ်ကအခုလိုအေးဆေးရွက်လွင့်နိုင်ကြမှာလဲ?
ကံကောင်းသည်ကဒီရွက်လှေဟာ ငွေရှိရေလျှံသူေဋ္ဌးကျော်အိုင်ဗန်အပိုင်မို့ပေါ့... ပါချီပါချက်ရွက်လှေတော့မဟုတ်ဘူးလေ။ အလိုအလျောက်စနစ်နဲ့သူဟာသူမောင်းနှင်ရွက်လွင့်နေတာကြောင့် လူထိန်းစရာမလိုဘဲ အေးဆေးနပ်နေနိုင်သည်။ ဒါပေမယ့် စားဖို့တော့ချက်ရမယ်လေ။
"မင်းလာလုပ်နေတာလဲ'' ချန်အန်း မီးဖိုချောင်ကိုဝင်တော့ စည်သွပ်ဗူးတွေဖွင့်ဖို ့ ကြိုးစားနေတဲ့အိုင်ဗန်ကိုမြင်လိုက်ရသည်။
အိုင်ဗန်က ချန်အန်းကိုစည်သွပ်ဗူးနှစ်ဗူးမြှောက်ပြပြီး အတည်ပေါက်နှင့်မေးသည်။ ''ဘေဘီ ငါးသေတ္တာစားချင်လား? အမဲစည်သွပ်စားချင်လား?''
ကျွန်းပေါ်မှာအကောင်းစား စားဖိုမှူးနဲ့လက်လက်ဆတ်ဆတ်ဟင်းလ်ာတွေသာစားခဲ့ရတော့ ချန်အန်းဗိုက်ကအသင့်စားသံကြားသည်နှင်နာချင်လာသည်။
"မင်းဘာမင်းဝအောင်စား'' ချန်အန်း ၊ အိုင်ဗန်ကိုတွန်းတိုက်ကျော်ပြီး ရေခဲသေတ္တာဆီလျှောက်သွားလိုက်သည်။ အထဲမွာကံကောင်းစွာနဲ့ပဲ အသီးအရွက်အသားငါးအပြည့်အစုံရှိနေ၍ တော်သေးသည်။ ဒီလိုလတ်လတ်ဆတ်ဆတ်သီးနှံရှိနေမှတော့ ဘာလို့စည်သွပ်ဗူးထဲကဟာစားရမွာလဲ။
"အထဲမှာစားစရာရှိနေတာပဲမလား? စည်သွပ်ဗူးတွေဖယ်လိုက်စမ်းပါ'' အနောက်ကလိုက်လာတဲ့အိုင်ဗန်ကို ကြည့်ရင် ချန်အန်းဆိုလိုက်သည်။
အိုင်ဗန်ကပုခုံးနှစ်ဖက်ကိုပင့်ပြီး သမာရိုးကျလေသံဖြင့်ပြန်ဖြေသည်။ ''ကိုယ်လူတွေလက်ကိုဖြတ်ဖူးပေမယ့် ဟင်းရွက်တော့တစ်ခါမှမလှီးဖူးဘူး။'' ထိုစကားကမီးဖိုချောင်မဝင်တတ်ဘူးဆိုသည့်သဘောပင်။
"မင်းကဘာမှမချက်တတ်ဘဲနဲ့တောင် စားဖိုမှူးမပါဘဲပင်လယ်ထဲထွက်လာတယ်ပေါ့?'' ချန်အန်း အိုင်ဗန်ကိုအရူးကိုကြည့်သလိုကြည့်လိုက်သည်။
"အစားအသောက်လေးအတွက်နဲ့ ကိုယ်တို့ဟန်နီးမွန်းခရီးမွာတတိယလူမပါစေချင်လို့ပါကွာ'' အစီအရီစီထားသည့်စက္ကူပုံးများကို အိုင်ဗန်ကလက်ညိုးထိုးပြပြီး ''သုံးလလုံးစားလောက်တဲ့စည်သွပ်ဗူးတွေ ကိုယ်ပြင်ဆင်ထားပါတယ်။ ဘာအရသာကြိုက်လဲပြော?''
သုံး...သုံးလ?
ချန်အန်း နှုတ်ခမ်းထောင့်ကအကြောတွေလှုပ်သွားသည်။ သုံးလလုံးစည်သွပ်ဗူးစားပြီးနေရမယ်ဆိုတာ သိရင် သူလိုက္်မလာပါဘူး။ စည်သွပ်ဗူးသုံးလစားမယ့်အစား အဲ့ဒီကျွန်းခေါင်ခေါင်မွာပဲ အရိုးဆွေးခံလိုက္်မယ်!
"ကိုယ့်အတွက်က ကိစ္စမရှိလို့ မင်းစိတ်မပူပါနဲ့'' အိုင်ဗန်က တံခါးဘောင်မှာမှီပြီး မျက်လုံးများက မိမိရှေ့ကချန်အန်းကိုစုန်ချည်ဆန်ချည်ကြည့်နေသည်။
"မင်း...ငါချက်ပေးတဲ့ထမင်းစားချင်လား?''
ပျင်းတိပျင်းတွဲဝက်ဝံကောင်မွာ ချက်ချင်းထကြွလာသည်။
"ဒါပေမယ့် အသီးအရွက်တွေတော့ကူလှီးပေးရမယ်!"
ဘုရင်မကြီးအမိန့်အတိုင်း အိုင်ဗန်ကတက်ကြွစွာဖြင့် အလေးပြုလိုက်သည်။ ထို့နောက် မြူးတူးစွာရယ်မောရင်း ချန်အန်းကိုယ်ကိုဖျစ်ညစ်ဖက်ထားလိုက်သည်။ တီဗီပရိုဂရမ်မှ စားဖိုမှူးနှယ်လက်စွမ်းပြနေသည့်ချန်အန်းကြည့်ရင်း လေးစားမိတာအကြိမ်ကြိမ်အခါခါ ။
"မြေခွေးအိုကြီး ထမင်းဟင်းချက်တတ်လိမ့်မယ်လို့တစ်ခါမှမတွေးခဲ့မိဘူး''
"လူတိုင်း မင်းလိုစိန်ဇွန်းကိုက်ပြီးကြီးလာတဲ့မထင်နဲ့'' ဆန်ကိုဆေးရင်း ချန်အန်း အိုင်ဗန်ဖက်လှည့်ကာအားလူးအိတ်ကိုမေးဆတ်ပြလိုက်သည်။
"အားလူးသုံးလုံးကိုအခွံခွာပြီး လှီးထား''
"ဟုတ်ကဲ့ပါခင်ဗျ''
အိုင်ဗန် အာလူးသုံးလုံးကို ဇလုံထဲထည့်ပြီး ကြမ်းပြင်ပေါ်ဆောင့်ဆောင့်ထိုင်ကာဆေးသည်။ လက်ကဆေးနေရင်း ပါးစပ်ကလည်း ချန်အန်းကို စနောက်နေသေးသည်။ ''ဘေဘီ ဒါကိုယ်ပထမဦးဆုံးမီးဖိုချောင်ဝင်ဖူးတာပဲ။ မင်းအတွက်ရည်စူးပြီး ပထမဦးဆုံးအကြိမ် ချက်ပြုတ်ရတာမို့ ကိုယ်အရမ်းဝမ်းသာမိတယ်။ မင်းရဲ့ပထမဦးဆုံးအကြိမ်က ကိုယ့်အတွက်ဖြစ်နေသလိုပဲ ကိုယ်တို့ကတကယ်လိုက်ဖက်တဲ့စုံတွဲပဲ။ ဒါကံကြမ္မာပဲ''
ဒီတစ်ခါချန်အန်းဘာမှမပြောတော့ အိုင်ဗန်ရင်ဘတ်ကိုသာ တည့်တည့်ကန်လိုက်သည်။
နာရီဝက်လောက်ကြာတော့ အိုးထဲကနေမွှေးပျံတဲ့ အာလူးrisottoရနံ ့ကသင်းပြန့်လာသည်။ စေးကပ်နေတဲ့ထမင်းတွေနဲ့ ရွှေရောင်အားလူးတွေကို ကြည့်ပြီးအိုင်ဗန်သွားရည်ယိုလာသည်။ ရှိသမျှအရာအားလုံးစွန့်ပစ်ပြီး ချန်အန်းရဲ့လက်ရာအာလူးဟင်းခွက်ကိုကိုင်ချင်လှပြီ။
အိုင်ဗန် ကျေနပ်အားရစွာစားရင်း ''ဘေဘီ မင်းချက်တဲ့ထမင်းကအရမ်းကောင်းတာပဲ။ မင်းတို့တရုတ်တွေပြောတာမှန်တယ် မီးဖိုချောင်ဟာအိပ်ယာလိုပဲဆိုတာ''
"အောလီအောလက်တွေမပြောရင်သေမသွားပါဘူးနော်''
ပန်ကန်းလုံးနဲ့တူကိုယူပြီး ရွက်လှေကုန်းပတ်ဆီထွက်လိုက်ကာ နောက်ကိုလှမ်းအော်လိုက်သည်။ ''ဘီယာနှစ်ဗူးယူခဲ့''
ဒီနေ့ရာသီဥတုကအရမ်းကောင်းပြီး ကောင်းကင်မှာတိမ်မျှင်လေးတွေနဲ့ ရေပြင်ကလည်းနေရောင်ကြောင့်ရွှေရောင်လက်နေသည်။ သေချာကြည့်လျှင်အမျိူးအစားမသိသည့်ငါးလေးများကူးခတ်နေသည်ကိုပင်မြင်ရနိုင်သည်။
ထိုင်လို့ကောင်းမယ့်နေရာတစ်ခုမွာ သူထိုင်ချလိုက်သည်။ ချန်အန်းဘယ်တုန်းကမှ ပင်လယ်ခရီးထွက်ရလိမ့်မယ်လို ့မထင်ခဲ့။ တကယ်တော့တစ်ချိူ့အရာတွေက ကြိုတင်မစီစဉ်ထားတာကောင်းသည်။ အခုသူဘာမှတွေးနေဖို့မလိုအပ်ဘူး။ တိတ်တဆိတ်ထမင်းစား ဘီယာသောက်ပြီး ပင်လယ်ပြာနဲ့မိုးသားကိုသာငေးနေလိုက်တော့သည်။
ဒီလိုရိုမန့်တစ်ဖြစ်ပြီး အေးချမ်းတဲ့ဘဝကိုအိုင်ဗန်နဲ့အတူဖြတ်သန်းရလိမ့်မယ်လို့တော့ သူမထင်ခဲ့ပါ။
"ကိုယ်တကယ်ပြောတာ မင်းချက်တဲ့ထမင်းကအရမ်းကောင်းတာ''
ချန်အန်းနံဘေးမှာထိုင်နေသည့်အိုင်ဗန်က ကျွန်းပေါ်ကလိုစင်းလုံးချောဟန်အပြည့်နှင့်မဟုတ် အကင်္ျီလက်တွေကိုလက္်မောင်းပေါ်ခေါက်တင်ထားပြီး ရှပ်အကင်္ျီမှာ အစောကအားလူးဆေးတုန်းကပေနေတဲ့ရွှံ ့ရေကွက်တစ်ချိူ့ရှိနေသည်။
တစ်ချိန်ထဲမွာဘဲ ဒုက္ခသည်လိုထမင်းပလုတ်ပလောင်းစားပြီး ဘီယာကိုနှစ်ရှည်လများငတ်နေသည့်နှယ် အားရပါးရသောက်နေသည်။ ဒီလိုဟန်ပန်မရှိအမူအရာက ချန်အန်းအနှစ်၂၀ကျော်သိခဲ့သည့်အိုင်ဗန်နှင့်တစ်ခြားစီပင်။
ချန်းလဲ့ထမင်းစားတာကို သတိရပြီး သူရယ်မိတော့သည်။
"ငါတို့ငယ်ငယ်က ငါနဲ့ကျန်းလဲ့ကိုအမေရိကမှာမွေးစားလိုက်ကြတယ်။ နောက်တော့ ကျန်းလဲ့ကမွေးရပ်မြေအစားအစာလွမ်းတယ်ဆိုလို့ ငါသင်ခဲ့တာ'' ရေပြင်ပေါ်ကျနေသည့်နေရောင်က ချန်အန်းမျက်မှန်ကိုအရောင်ဟက်လာတာကြောင့် သူမျက်မှန်ချွတ်ပြီး ဘေးချထားလိုက်သည်။
ချန်းအန်း ကျန်းလဲ့အကြောင်းကိုပြောတော့ အိုင်ဗန်နှုတ်ခမ်းသပ်လိုက်သည်။ '' မင်းတစ်ဘဝလုံးအထီးမကျန်နေချင်ဘူး မဟုတ်လား? မင်းဘယ်လို ဝိညာဉ်ပြောင်းပြီးပြန်ရှင်လာလဲမသိပေမယ့် ဒီလိုတွေးမကြည့်မိဘူးလား။ ဒါ မင်းရဲ့ချစ်ညီလေးကမင်းကိုမသေစေချင်တာကော မဖြစ်နိုင်ဘူးလား?''
အိုင်ဗန် ချန်အန်းဘေးကိုတိုးကပ်ပြီး ဘီယာဗူးချင်းတိုက်ကာ ပါးစပ်အပြည့်ငုံလိုက်သည်။
"အတိတ်မှာကျန်ရစ်ခဲ့တဲ့လူတွေအတွက် အနာဂတ်ဆိုတာမရှိပါဘူး။ မင်းညီကမင်းကိုချစ်နေလို့ မင်းအတွက်သေပေးခဲ့တာ။ ကိုယ်လည်းမင်းကိုကောင်းကောင်းမွန်မွန်နေစေချင်တယ်။ သူလည်း မင်းအခုလို ခက်ခက်ခဲခဲနဲ့အထီးကျန်နေတဲ့ဘဝမျိူးမှာနေနေတာ မမြင်ချင်ဘူးလို့ထင်တယ်''
အိုင်ဗန်ဟာ ပါးစပ်စည်းလွှတ်ဘောင်လွှတ်သမားဆိုသော်လည်း သာမန်လူတွေထက် အရှည်ကိုမြင်သလို သာမန်လူတွေထက်လည်း အကျယ်ကိုပိုမြင်သည်။ ချန်အန်းတကယ်ပဲ အသိဝင်သွားသည်။
"မြေခွေးအိုကြီး... ခင်မ်ားကလေ အရမ်းဉာဏ်ကောင်းပေမယ့် ကိုယ့်စိတ်ကိုယ်နားလည်ဖို့ကျအရမ်းတုံးနေပြန်တယ်။ ခင်များညီကိုခင်များချစ်ရင် သူ့ကိုငြိမ်းငြိမ်းချမ်းချမ်းသေပါစေတော့ ကိုယ့်ကိုယ်ကို နှိပ်စက္်မနေနဲ့တော့''
အိုင်ဗန် ဒီစကားတွေကို အကြံနဲ့ပြောနေတာချန်အန်းသိသည်။ ဒီဝက်ဝံဟာဒီနည်းနဲ့ သူ့နှလုံးသားထဲနေရာယူဖို့ကြိုးစားနေတာလည်းသူသိသည်။ ဒါပေမယ့် အိုင်ဗန်မှန်တာကိုတော့ သူဝန်ခံရမည်။
သူ့ရဲ့အချစ်ဆုံးညီလေးအနေနဲ့ ကျန်းလဲ့လိုချင်တာ သူပျော်နေဖို့ပဲ။
ချန်အန်းဟာသနားစရာကောင်းစြာပဲ သူ့အချစ်တွေအားလုံးကို သူ့ညီကိုမပေးနိုင်ခဲ့။ ဒါကြောင့် လုဖုန်းဆီကကျန်းလဲ့ရဲ့တူညီမှုကိုသူရှာဖွေခဲ့သည်။ ခံစားချက္်များချွင်းချက်ထားပြီး သူလုဖုန်းကို အရာအားလုံးပေးခဲ့သည်။ ဒါပေမယ့် သူနှလုံးသားထဲမှာတော့ ကျန်းလဲ့သည်အနှိုင်းမဲ့ ၊ သူ့ခံစားချက်များအားလုံးက ကျန်းလဲ့တစ်ယောက်ထဲအတွက်သာ။
သူ့နားထင်သူသေနတ်နဲ့ပြန်ချိန်ခဲ့တုန်းက သူ့ညီနဲ့သူပြန်တွေ့ရမယ်ထင်ခဲ့တာ။ ဒါပေမယ့် အခုသူအသက်ရှင်နေတယ်။ အိုင်ဗန်ပြောတာဖြစ်နိုင်သည်။ ကျန်းလဲ့ဟာ သူ့ကိုမသေစေချင်တာကြောင့် ကယ်ခဲ့ပြီး အခုအသက်ဆက်ရှင်စေတာဖြစ်မည်။ သူကျန်းလဲ့အတွက်အသက်ဆက်ချင်ပြီး ကိုယ့်ကိုယ်ကို ထပ်စီရင်လို ့မဖြစ်ဘူး။
[15.9.18]