အခန္း (၉၅) ခင္မ်ားကခ်န္က်န္းအန္း
"ငါကေျမေခြးနဲ႔တူလို႔လား?'' ခ်န္အန္းေမးေထာက္ၿပီးျပန္ေမးလိုက္သည္။ အျပင္ပန္းမွာတည္ညိမ္ေနေပမယ့္ တကယ္တမ္းသူစိတ္လႈပ္႐ွားေနသည္။
ဘယ္လိုလုပ္သူက ခ်န္က်န္းအန္းမွန္းအိုင္ဗန္သိသြားတာလဲ။ ဒီဝက္ဝံေပါက္စက ဘယ္လိုအစြမ္းအစနဲ႔မတူတဲ့လူႏွစ္ေယာက္ကိုဆက္စပ္မိသြားတာလဲ။
အိုင္ဗန္ျပံဳးလိုက္သည္။ ဒီေျမေခြးအိုသူနဲ႔လာၿပီး ထိုက္က်ိကစားေနတာလား?ဒါေပမယ့္လည္းႏွေျမာစရာပဲ သူ႔အေနနဲ႔ခ်န္အန္းရဲ႕အဓိကအားနည္းခ်က္ကိုမသိေပမယ့္ ခ်န္က်န္းအန္းရဲ႕အားနည္းခ်က္ကိုေတာ့အတပ္သိတယ္ေလ။
[Note - ထိုက္က်ိ သိုင္းပညာက ရင္းရန္သေဘာ႐ွိၿပီး ႏူးည့ံညင္သာကာ အျပန္အလွန္လွည့္ပတ္စီးဆင္းေနသည္။]
"မင္းသိလား ကိုယ့္မွာအရင္ကခ်န္က်န္းအန္းဆိုတဲ့ ၿပိဳင္ဖက္႐ွိခဲ့ဖူးတယ္။ ေဘဘီ သူက ကိုယ့္ကိုမင္းယူသြားတဲ့ပိုက္ဆံေတြထက္မ်ားတဲ့ပမာဏေတြ ဆံုးေအာင္လုပ္ခဲ့ဖူးတယ္။ ဒါေၾကာင့္လက္တုန္႔ျပန္ဖို႔ သူ႔အုတ္ဂူကိုေရာ သူ႔ညီအုတ္ဂူကိုပါ ျပန္တူးဖို႔ဆံုးျဖတ္လိုက္တယ္''
ခ်န္အန္း ပါးစပ္ထဲကအသားစကိုခပ္တင္းတင္းကိုက္ထားမိၿပီး အိုင္ဗန္ကိုစူးစူးစိုက္စိုက္ၾကည့္လိုက္သည္။
"ဒါလံုးဝကိုယ့္က်င့္သိကၡာမ႐ွိတာပဲ'' ခ်န္အန္း႐ုတ္တရပ္ စားခ်င္စိတ္မ႐ွိေတာ့။ သူခရင္းနဲ႔ဓားကိုခ်ၿပီး လက္သုတ္ပဝါနဲ႔ပါးစပ္သုတ္ကာ အိုင္ဗန္ကိုေမွးၾကည့္လိုက္သည္။
"ကိုယ့္က်င့္သိကၡာမ႐ွိတဲ့အလုပ္မ်ိဴးေတြဆိုတာ ကိုယ္အမ်ားႀကီးလုပ္ခဲ့ဖူးၿပီးၿပီ။နည္းနည္းေလးထပ္လုပ္႐ုံနဲ႔ ဘာမွထူးမျခားနားသြားဘူး'' သူ ခ်န္အန္းရဲ႕သည္းခံႏိုင္စြမ္းဆက္ေစာင့္ၾကည့္လိုက္သည္။ အဲ့ဒီေနာက္လက္ေဝွ ့ရမ္းၿပီး ''ငါ့ကိုဖုန္းေပးစမ္း''
အေစခံတစ္ဦးကခ်က္ခ်င္းပဲ အိုင္ဗန္ကိုဖုန္းလာေပးလိုက္သည္။ အဲ့ဒီေနာက္ ဖုန္းနံေပါက္ေတြႏွိပ္ေနတဲ့ အိုင္ဗန္ကိုၾကည့္ၿပီး ခ်န္အန္း လက္သုတ္ပဝါကိုပစ္ခ်လိုက္သည္။
"ဖုန္းကိုခ်ထားလိုက္!"
အိုင္ဗန္က ခ်န္အန္းကိုျပံဳးျပၿပီး တစ္ဖက္လူကိုစကားေျပာလိုက္သည္။ ''လူXX သခ်ႋဴင္းကိုသြားၿပီး...''
အိုင္ဗန္စကားပင္မဆံုးေသး ခ်န္အန္းဖုန္းကိုဆြဲလုၿပီး အခန္းေထာင့္ပစ္ေပါက္လိုက္သည္။ သက္ေတာ္ေစာင့္ေတြကလည္းခ်က္ခ်င္းေျပးလာၿပီး ခ်န္အန္းကိုအိပ္ယာမွာဖိထားလိုက္သည္။
"ေဟး..ငါ့ေဘဘီေလးကို ျဖည္းျဖည္းသာသာလုပ္ပါကြ'' တစစီကြဲေၾကေနတဲ့ ဖုန္းကိုတစ္ခ်က္ၾကည့္ၿပီး အိုင္ဗန္၊ ခ်န္အန္းကိုၾကည့္ကာျပံဳးလိုက္သည္။ ''ေဒါသေတြအဲ့ေလာက္မႀကီးစမ္းပါနဲ႔ ေဘဘီရယ္...ေဒါသထြက္တာခႏၶာကိုယ္အတြက္မေကာင္းဘူး''
"ငါ့ကိုလႊတ္ေပး'' ခ်န္အန္း အန္ႀကိတ္သံနဲ႔ေျပာလိုက္သည္။
အိုင္ဗန္ကလက္ကိုေဝ့ရမ္းၿပီး သက္ေတာ္ေစာင့္ေတြကိုဖယ္ခိုင္လိုက္သည္။ သက္ေတာ္ေစာင့္ႏွစ္ေယာက္ထြက္သြားေတာ့ ခ်န္အန္း အိပ္ရာေပၚေကာင္းေကာင္းျပန္ထိုင္ၿပီး နာက်င္မႈေၾကာင့္ မဲ့လိုက္မိသည္။
လက္႐ွိအေျခအေနကသူ႔အတြက္ ေဘးၾကပ္နံၾကပ္ျဖစ္ေနၿပီ။ အိုင္ဗန္ဆိုတာ ေျပာရင္ေျပာတဲ့အတိုင္းလုပ္တဲ့လူတစ္ေယာက္။ ကိုယ္ခ်င္းစာတရားေတြ ၊လူက်င့္ဝတ္ေတြ၊ ယဥ္ေက်းမႈေတြဆိုတာ အိုင္ဗန္အတြက္အလကားပဲ။ ဒီလူက အျပင္ပန္းအရ ေလးစားစရာလူကုန္တန္တစ္ေယာက္လို႔ထင္ရေပမယ့္ တကယ္တမ္း လူယုတ္မာတစ္ေယာက္ပဲ။
"ကိုယ္သူတို႔ဂူကိုတူးမွာ မင္းနဲ႔ဆိုင္လို႔လား?'' အိုင္ဗန္က ကုတင္ေဘးကထိုင္ခံုမွာျပန္ထိုင္ၿပီး ေကာ္ဖီတစ္ခြက္ကိုင္ကာ ေျခာက္ကပ္ကပ္ရယ္ေလသည္။
"ငါကေျမေခြးအိုပါလို႔ မင္းဘာလို႔သံသယဝင္ရတာလဲ?''
ခ်န္အန္းတစ္ေယာက္ အိုင္ဗန္နဲ႔စကားႏိုင္လုရမွာအေတာ္ပ်င္းေနသည္။ သူ႔အရင္ဘဝကေန အခုဘဝထိ ပုန္းလ်ွိဴးကြယ္လ်ွဴိးေနဖို႔တစ္ခါမွမစဥ္းစားဖူးဘူး။
သူဆႏၵ႐ွိရင္ သူျကိဳက္တာလုပ္မယ္။ သူေနခ်င္သလိုေနမယ္။ သူ႔သ႐ုပ္မွန္ေပၚသြားမွာကို စိတ္မပူဖူးဘူး။ ဒါေပမယ့္ ဘယ္သူကမွ သူအခုလိုေသရာကအျခားလူခႏၶာထဲျပန္႐ွင္လာတယ္ ဆိုတဲ့အျဖစ္မ်ိဴးလက္ခံႏိုင္မယ္မထင္ဘူး။
ခ်န္အန္းရဲ႕တည္ညိမ္မႈက အိုင္ဗန္ကိုေတြေဝေစသည္။ သူ႔မွာသံသယပဲ႐ွိတာ အခုလိုအေျခအေနထိျဖစ္လာမယ္လို႔မထင္ခဲ့မိဘူး။
"အဲ့ဒီညကမင္းမူးတုန္း ကိုယ့္ကိုဘာေျပာခဲ့သလဲမွတ္မိလား?''အိုင္ဗန္ ထိုင္ခံုကထၿပီး ခ်န္အန္းအိပ္ရာေပၚသို႔ေျပာင္းထိုင္က လက္တစ္ဖက္ေထာင္ထားလိုက္သည္။
တစ္ဖက္လူရဲ႕စကားေၾကာင့္ သူမ်က္လံုးမညိဳ႕မိႈင္းမိသြားမခ်င္း ခ်န္အန္းအိုင္ဗန္ကိုစိုက္ၾကည့္မိသည္။ သူဘာေျပာခဲ့တာလဲ?
"မင္းက်န္းလဲ့ရဲ႕နံမည္ကိုေခၚခဲ့တယ္။ ၿပီးေတာ့ ေဒဝါလီခံၿပီးေနာက္ပိုင္း တစ္ခုခ်င္းအကြက္က်ၾကံစည္ထားႏိုင္တဲ့ မင္းရဲ႕ေျပာင္ေျမာက္တဲ့အၾကံအစည္ေတြ ...ၿပီးေတာ့ ကိုယ့္ရဲ႕ထူးျခားတဲ့ခံစားခ်က္။ သဲလြန္စေတြအမ်ားႀကီးကမယံုႏိုင္စရာအျဖစ္မွန္တစ္ခုကိုၫႊန္ျပေနတယ္''
"အဲ့တာ.....ခင္မ်ားက ခ်န္က်န္းအန္း ပဲ''
[7.9.18]
|Unicode|
အခန်း (၉၅) ခင်များကချန်ကျန်းအန်း
"ငါကမြေခွေးနဲ့တူလို့လား?'' ချန်အန်းမေးထောက်ပြီးပြန်မေးလိုက်သည်။ အပြင်ပန်းမှာတည်ညိမ်နေပေမယ့် တကယ်တမ်းသူစိတ်လှုပ်ရှားနေသည်။
ဘယ်လိုလုပ်သူက ချန်ကျန်းအန်းမှန်းအိုင်ဗန်သိသြားတာလဲ။ ဒီဝက်ဝံပေါက်စက ဘယ်လိုအစွမ်းအစနဲ့မတူတဲ့လူနှစ်ယောက်ကိုဆက်စပ်မိသြားတာလဲ။
အိုင်ဗန်ပြုံးလိုက်သည်။ ဒီမြေခွေးအိုသူနဲ့လာပြီး ထိုက်ကျိကစားနေတာလား?ဒါပေမယ့်လည်းနှမြောစရာပဲ သူ့အနေနဲ့ချန်အန်းရဲ့အဓိကအားနည်းချက်ကိုမသိပေမယ့် ချန်ကျန်းအန်းရဲ့အားနည်းချက်ကိုတော့အတပ်သိတယ်လေ။
[Note - ထိုက်ကျိ သိုင်းပညာက ရင်းရန်သဘောရှိပြီး နူးည့ံညင်သာကာ အပြန်အလှန်လှည့်ပတ်စီးဆင်းနေသည်။]
"မင်းသိလား ကိုယ့်မှာအရင်ကချန်ကျန်းအန်းဆိုတဲ့ ပြိုင်ဖက်ရှိခဲ့ဖူးတယ်။ ဘေဘီ သူက ကိုယ့်ကိုမင်းယူသွားတဲ့ပိုက်ဆံတွေထက်မ်ားတဲ့ပမာဏတွေ ဆုံးအောင်လုပ်ခဲ့ဖူးတယ်။ ဒါကြောင့်လက်တုန့်ပြန်ဖို့ သူ့အုတ်ဂူကိုရော သူ့ညီအုတ်ဂူကိုပါ ပြန်တူးဖို့ဆုံးဖြတ်လိုက်တယ်''
ချန်အန်း ပါးစပ်ထဲကအသားစကိုခပ်တင်းတင်းကိုက်ထားမိပြီး အိုင်ဗန်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ဒါလုံးဝကိုယ့်ကျင့်သိက္ခာမရှိတာပဲ'' ချန်အန်းရုတ်တရပ် စားချင်စိတ်မရှိတော့။ သူခရင်းနဲ့ဓားကိုချပြီး လက်သုတ်ပဝါနဲ့ပါးစပ်သုတ်ကာ အိုင်ဗန်ကိုမှေးကြည့်လိုက်သည်။
"ကိုယ့်ကျင့်သိက္ခာမရှိတဲ့အလုပ်မျိူးတွေဆိုတာ ကိုယ်အများကြီးလုပ်ခဲ့ဖူးပြီးပြီ။နည်းနည်းလေးထပ်လုပ်ရုံနဲ့ ဘာမွထူးမျခားနားသြားဘူး'' သူ ချန်အန်းရဲ့သည်းခံနိုင်စွမ်းဆက်စောင့်ကြည့်လိုက်သည်။ အဲ့ဒီနောက်လက်ဝှေ ့ရမ်းပြီး ''ငါ့ကိုဖုန်းပေးစမ်း''
အစေခံတစ်ဦးကချက်ချင်းပဲ အိုင်ဗန်ကိုဖုန်းလာပေးလိုက်သည်။ အဲ့ဒီနောက် ဖုန်းနံပေါက်တွေနှိပ်နေတဲ့ အိုင်ဗန်ကိုကြည့်ပြီး ချန်အန်း လက်သုတ်ပဝါကိုပစ်ချလိုက်သည်။
"ဖုန်းကိုချထားလိုက်!"
အိုင်ဗန်က ချန်အန်းကိုပြုံးပြပြီး တစ်ဖက်လူကိုစကားပြောလိုက်သည်။ ''လူXX သချိူင်းကိုသွားပြီး...''
အိုင်ဗန်စကားပင်မဆုံးသေး ချန်အန်းဖုန်းကိုဆွဲလုပြီး အခန်းထောင့်ပစ်ပေါက်လိုက်သည်။ သက်တော်စောင့်တွေကလည်းချက်ချင်းပြေးလာပြီး ချန်အန်းကိုအိပ်ယာမှာဖိထားလိုက်သည်။
"ဟေး..ငါ့ဘေဘီလေးကို ဖြည်းဖြည်းသာသာလုပ်ပါကွာ '' တစစီကြဲကြေနေတဲ့ ဖုန်းကိုတစ်ချက်ကြည့်ပြီး အိုင်ဗန်၊ ချန်အန်းကိုကြည့်ကာပြုံးလိုက်သည်။ ''ဒေါသတွေအဲ့လောက် မကြီးစမ်းပါနဲ့ ဘေဘီရယ်...ဒေါသထွက်တာခန္ဓာကိုယ်အတွက်မကောင်းဘူး''
"ငါ့ကိုလွှတ်ပေး'' ချန်အန်း အံကြိတ်သံနဲ့ပြောလိုက်သည်။
အိုင်ဗန်ကလက်ကိုဝေ့ရမ်းပြီး သက်တော်စောင့်တွေကိုဖယ်ခိုင်လိုက်သည်။ သက်တော်စောင့်နှစ်ယောက်ထွက်သြားတော့ ချန်အန်း အိပ်ရာပေါ်ကောင်းကောင်းပြန်ထိုင်ပြီး နာကျင်မှုကြောင့် မဲ့လိုက်မိသည်။
လက်ရှိအခြေအနေကသူ့အတွက် ဘေးကြပ်နံကြပ်ဖြစ်နေပြီ။ အိုင်ဗန်ဆိုတာ ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့လူတစ်ယောက်။ ကိုယ်ချင်းစာတရားတွေ ၊လူကျင့်ဝတ်တွေ၊ ယဉ်ကျေးမှုတွေဆိုတာ အိုင်ဗန်အတွက်အလကားပဲ။ ဒီလူက အပြင်ပန်းအရ လေးစားစရာလူကုန်တန်တစ်ယောက်လို့ထင်ရပေမယ့် တကယ်တမ်း လူယုတ်မာတစ်ယောက်ပဲ။
"ကိုယ်သူတို့ဂူကိုတူးမှာ မင်းနဲ့ဆိုင်လို့လား?'' အိုင်ဗန်က ကုတင်ဘေးကထိုင်ခုံမှာပြန်ထိုင်ပြီး ကော်ဖီတစ်ခွက်ကိုင်ကာ ခြောက်ကပ်ကပ်ရယ်လေသည်။
"ငါကမြေခွေးအိုပါလို့ မင်းဘာလို့သံသယဝင်ရတာလဲ?''
ချန်အန်းတစ်ယောက် အိုင်ဗန်နဲ့စကားနိုင်လုရမွာအတော်ပျင်းနေသည်။ သူ့အရင်ဘဝကနေ အခုဘဝထိ ပုန်းလျှိူးကွယ်လျှိူးနေဖို့တစ်ခါမှမစဉ်းစားဖူးဘူး။
သူဆန္ဒရှိရင် သူကြိုက်တာလုပ်မယ်။ သူနေချင်သလိုနေမယ်။ သူ့သရုပ်မှန်ပေါ်သွားမှာကို စိတ်မပူဖူးဘူး။ ဒါပေမယ့် သူအခုလိုသေရာကအခြားလူခန္ဓာထဲပြန်ရှင်လာတယ် ဆိုတဲ့အဖြစ်မျိူးလက်ခံနိုင်မယ်မထင်ဘူး။
ချန်အန်းရဲ့တည်ညိမ်မှုက အိုင်ဗန်ကိုတွေဝေစေသည်။ သူ့မှာသံသယပဲရှိတာ အခုလိုအခြေအနေထိဖြစ်လာမယ်လို့မထင်ခဲ့မိဘူး။
"အဲ့ဒီညကမင်းမူးတုန်း ကိုယ့်ကိုဘာပြောခဲ့သလဲမှတ်မိလား?''အိုင်ဗန် ထိုင်ခုံကထပြီး ချန်အန်းအိပ်ရာပေါ်သို့ပြောင်းထိုင်က လက်တစ်ဖက်ထောင်ထားလိုက်သည်။
တစ်ဖက်လူရဲ့စကားကြောင့် သူမျက်လုံးမညို့မှိုင်းမိသွားမချင်း ချန်အန်းအိုင်ဗန်ကိုစိုက်ကြည့်မိသည်။ သူဘာပြောခဲ့တာလဲ?
"မင်းကျန်းလဲ့ရဲ့နံမည်ကိုခေါ်ခဲ့တယ်။ ပြီးတော့ ဒေဝါလီခံပြီးနောက်ပိုင်း တစ်ခုချင်းအကွက်ကျကြံစည်ထားနိုင်တဲ့ မင်းရဲ့ပြောင်မြောက်တဲ့အကြံအစည်တွေ ...ပြီးတော့ ကိုယ့်ရဲ့ထူးခြားတဲ့ခံစားချက်။ သဲလွန်စတွေအများကြီးကမယုံနိုင်စရာအဖြစ်မှန်တစ်ခုကိုညွှန်ပြနေတယ်''
"အဲ့တာ.....ခင်မ်ားက ချန်ကျန်းအန်း ပဲ''
[7.9.18]