အခန္း(၉၃) ill
"ကိစၥႀကီးမားမားေတာ့မ႐ွိပါဘူး။ အဖ်ားကမၾကာခင္က်သြားလိမ့္မယ္။ ႀကည့္ရတာဒါသူ႔အတြက္ပထမဆံုးအႀကိမ္ျဖစ္မယ္။ ဒါေၾကာင့္ သက္သာဖို႔အခ်ိန္ယူရလိမ့္မယ္။ '' ကိတ္ယာ႐ွာက သူမ ေဘာ့စ္ဖက္ကိုလွည့္ၿပီး ထပ္မံသတိေပးလိုက္သည္။
"အိုင္ဗန္ နင္မေန႔ညကအရမ္းလြန္သြားတယ္။ သူ႔မခံႏိုင္ဘူးဟဲ့။ သူ႔ကိုမနာက်င္ေစခ်င္ရင္ ဒီတစ္ပတ္အတြင္း လံုးဝမထိနဲ႔''
"တစ္ပတ္!!?'' အိုင္ဗန္ေခါင္းပင္ႀကီးသြားသည္။ သူမေန ့ကအရမ္းလြန္သြားလို႔လား? ဘာလား ခ်န္အန္းဆိုတဲ့လူကအျမဲတမ္းမာမာဆတ္ဆတ္ႏိုင္တာကို ဒီေလာက္ေလးနဲ႔အိပ္ယာထဲလဲရေလာက္တဲ့အထိ အားနည္းရသလား?
ဒါေပမယ့္
အို...ဒါသူ႔ပထမဦးဆံုးအႀကိမ္ေပါ့?
သူ႔အေနနဲ႔ ပထမဦးဆံုးအႀကိမ္ေတြအပ်ိဴစင္ေတြဘာညာဂ႐ုမစိုက္ေပမယ့္ အခုေတာ့အရမ္းေပ်ာ္ေနသည္။
"နင္သူ႔ကိုေသေစခ်င္တယ္ဆို လုပ္ေပါ့'' ကိတ္ယာ႐ွာကေတာ့ သူမရဲ႕အ႐ိုင္းအစိုင္းေဘာ့စ္ကိုအေတာ္အျမင္ကပ္ေနၿပီ။ မိန္းမျဖစ္ျဖစ္ ေယာက်္ားျဖစ္ျဖစ္ ခ်စ္မိသြားရင္အကုန္ IQနိမ့္ကုန္တာပဲ။
သူအိုင္ဗန္ကိုသတိေတာင္မေပးခ်င္ေတာ့ပါဘူးေနာ္။ ခ်န္အန္းဆိုတဲ့လူ သူ႔ကိုဘယ္လို လွည့္စားၿပီး ေဆးရံုမွာဘယ္ႏွစ္လေလာက္ၾကာေအာင္ေနရေအာင္လုပ္ခဲ့လဲ။ ၿပီးေတာ့ မ်က္စိေထာင့္ေထာက္ၾကည့္ေနတဲ့ရဲေတြေအာက္မွာ! အိုင္ဗန္တစ္ေယာက္ တကယ္အခ်စ္မႊန္မႊန္ေနၿပီး ႐ူးေတာ့မယ္။
အဖ်ားက်သြားၿပီး ေန႔လည္ေရာက္ေတာ့ ခ်န္အန္းႏိုးလာခဲ့သည္။ အိုင္ဗန္တိုက္တဲ့ေဆးကို စကားတစ္ခြန္းမေျပာဘဲေသာက္ၿပီး ေက်ာေပးကာျပန္အိပ္ျပန္သည္။
တစ္ခုခုေျပာခ်င္တဲ့အိုင္ဗန္ကေတာ့ စကားလံုးမ်ားစြာကို နာက်င္စြာနဲ႔ပဲ ျပန္ၿမိဳခ်လိုက္ရသည္။
"ေဘဘီ မင္းမအိပ္ဘူးဆိုတာကိုယ္သိတယ္။ မင္းဘာမွမစားရေသးတာၾကာၿပီေလ။ ဘာစားမလဲ ကိုယ္ျပင္ခိုင္းလိုက္မယ္''
အိုင္ဗန္ ခန္းစီးကိုခန္းျဖည္းျဖည္းဆြဲဖြင့္ၿပီး ေခါင္းေဖာ္လ်ွက္သာအိပ္စက္ေနသည့္ အမ်ိဴးသားကိုလွည့္ၾကည့္လိုက္သည္။
ခ်န္အန္းအိပ္ေနတာ တစ္ရက္နဲ႔တစ္ည႐ွိၿပီမို႔ ေခါင္းလည္းက်ိန္းၿပီးထံုေနၿပီ။ သူသက္ျပင္းအသာခ်ၿပီး ေစာင္ကိုလွန္ကာထထိုင္လိုက္သည္။ ခႏၶာကိုယ္႐ွိႂကြက္သားမ်ားအားလံုးက အ႐ိုက္ခံရသလိုနာက်င္ေနသည္။
"ကိုယ္ကူေပးမယ္'' ခ်န္အန္းၾကည့္ရတာ ထဖို႔ခက္ေနတာေၾကာင့္ အိုင္ဗန္အေျပးသြားၿပီး ထူလိုက္သည္။
ခ်န္အန္းကအေရးမစိုက္ကိုယ္ဘာကိုယ္ထထိုင္သည္မို႔ အိုင္ဗန္လက္႐ွက္သြားရသည္။ ေခါင္းအုံးကိုင္လ်ွက္ေနၾကာပန္းႀကီးလိုျပံဳးေနသည့္ ဝက္ဝံကိုသူတစ္ခ်က္ၾကည့္ၿပီး ပံုမွန္ေလသံႏွင့္ေျပာလိုက္သည္။
"ေရ''
"ခ်က္ခ်င္းရေစရမယ္''
အမိန္႔ရသည္ႏွင့္ ခ်က္ခ်င္းေရကရားထဲကေရကိုခြက္ထဲျဖည့္ေနသည့္ ဝက္ဝံ၏တက္ႂကြေသာအမူအရာမွာ ခ်န္အန္းမ်က္လံုးထဲတြင္ေတာ့ အလြန္တရာအက်ဥ္းတန္ေနေလသည္။
စြန္႔စားမႈမ်ားေလ အက်ိဴးမ်ားေလပဲ။ က်႐ႈံးရင္လည္း အက်ိဴးဆက္ကေတြးဝံ့စရာမ႐ွိဘူး။ သူဒီေန႔ထိၾကံဳေတြ႔ရတဲ့အရာေတြမွန္သမ်ွ အားလံုးခန္႔မွန္းၿပီးသားပဲ။ ဒါေပမယ့္ သူႏိုးလာတဲ့အခ်ိန္ ပ်ားရည္ေတာထဲကဝက္ဝံႀကီးလို ေပ်ာ္ျမဴးေနတဲ့အိုင္ဗန္ကိုျမင္ရတာေတာ့ နည္းနည္းထူးဆန္းတယ္။
သူအိုင္ဗန္ကိုနားလည္ရသေလာက္ဆို ဒီ႐ု႐ွားအမ်ိဴးသားဟာ သူ႔ကိုေနာက္က်ိဴးဓားထိုးတဲ့လူမ်ိဴးကို လံုးဝခြင့္လႊတ္တတ္တဲ့သူမဟုတ္ဘူး။ သူထင္ထားတာ အိုင္ဗန္သူ႔ကိုသိမ္းပိုက္ၿပီးရင္ ပိုရက္စက္တဲ့အရာေတြလုပ္ေလာက္မယ္ေပါ့။
အခုလို ဆရာဝန္ေခၚကုေပးတဲ့အျပင္ ေရပါခပ္ေပးတာကေတာ့ ေတာ္ေတာ္ႀကီးထူးဆန္းေနၿပီ။
ေရေသာက္ၿပီးတဲ့ေနာက္ သူလည္ေခ်ာင္းကသိပ္ေနလို႔မေကာင္းေသး။ သူေရခြက္ကိုေဘးက စားပြဲမွာခ်လိုက္ၿပီး
"မင္းဘယ္တုန္းကအရမ္းၾကင္နာတတ္သြားတာလဲ အိုင္ဗန္''
အိုင္ဗန္က ျပံဳးလ်ွက္သာေနၿပီး အျပင္လူေတြကို အစားအစာလွည္းေတြယူလာဖို႔လက္ျပလိုက္သည္။ ''ေဘဘီ ၊ စားၿပီးမွျဖည္းျဖည္းခ်င္ေျပာရေအာင္။ မင္းဘာစားခ်င္မွန္း ကိုယ္မသိလို႔ တစ္မ်ိဴးနည္းနည္းစီလုပ္ခိုင္းထားတယ္''
[4-9-18]
Unicode
အခန်း(၉၃) ill
"ကိစ္စကြီးမားမားတော့မရှိပါဘူး။ အဖျားကမကြာခင်ကျသွားလိမ့်မယ်။ ကြည့်ရတာဒါသူ့အတွက်ပထမဆုံးအကြိမ်ဖြစ်မယ်။ ဒါကြောင့် သက်သာဖို့အချိန်ယူရလိမ့်မယ်။ '' ကိတ်ယာရှာက သူမ ဘော့စ်ဖက်ကိုလှည့်ပြီး ထပ်မံသတိပေးလိုက်သည်။
"အိုင်ဗန် နင်မနေ့ညကအရမ်းလွန်သွားတယ်။ သူ့မခံနိုင်ဘူးဟဲ့။ သူ့ကိုမနာကျင်စေချင်ရင် ဒီတစ်ပတ်အတွင်း လုံးဝမထိနဲ့''
"တစ်ပတ်!!?'' အိုင်ဗန်ခေါင်းပင်ကြီးသွားသည်။ သူမနေ ့ကအရမ်းလွန်သွားလို့လား? ဘာလား ချန်အန်းဆိုတဲ့လူကအမြဲတမ်းမာမာဆတ်ဆတ်နိုင်တာကို ဒီလောက်လေးနဲ့အိပ်ယာထဲလဲရလောက်တဲ့အထိ အားနည်းရသလား?
ဒါပေမယ့်
အို...ဒါသူ့ပထမဦးဆုံးအကြိမ်ပေါ့?
သူ့အနေနဲ့ ပထမဦးဆုံးအကြိမ်တွေအပျိူစင်တွေဘာညာဂရုမစိုက်ပေမယ့် အခုတော့အရမ်းပျော်နေသည်။
"နင်သူ့ကိုသေစေချင်တယ်ဆို လုပ်ပေါ့'' ကိတ်ယာရှာကတော့ သူမရဲ့အရိုင်းအစိုင်းဘော့စ်ကိုအတော်အမြင်ကပ်နေပြီ။ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် ချစ်မိသွားရင်အကုန် IQနိမ့်ကုန်တာပဲ။
သူအိုင်ဗန်ကိုသတိတောင်မပေးချင်တော့ပါဘူးနော်။ ချန်အန်းဆိုတဲ့လူ သူ့ကိုဘယ်လို လှည့်စားပြီး ဆေးရုံမှာဘယ်နှစ်လလောက်ကြာအောင်နေရအောင်လုပ်ခဲ့လဲ။ ပြီးတော့ မျက်စိထောင့်ထောက်ကြည့်နေတဲ့ရဲတွေအောက်မွာ! အိုင်ဗန်တစ်ယောက် တကယ်အချစ်မွှန်မွှန်နေပြီး ရူးတော့မယ်။
အဖျားကျသွားပြီး နေ့လည်ရောက်တော့ ချန်အန်းနိုးလာခဲ့သည်။ အိုင်ဗန်တိုက်တဲ့ဆေးကို စကားတစ်ခွန်းမပြောဘဲသောက်ပြီး ကျောပေးကာပြန်အိပ်ပြန်သည်။
တစ်ခုခုပြောချင်တဲ့အိုင်ဗန်ကတော့ စကားလုံးများစွာကို နာကျင်စွာနဲ့ပဲ ပြန်မြိုချလိုက်ရသည်။
"ဘေဘီ မင်းမအိပ်ဘူးဆိုတာကိုယ်သိတယ်။ မင်းဘာမှမစားရသေးတာကြာပြီလေ။ ဘာစားမလဲ ကိုယ်ပြင်ခိုင်းလိုက်မယ်''
အိုင်ဗန် ခန်းစီးကိုခန်းဖြည်းဖြည်းဆွဲဖွင့်ပြီး ခေါင်းဖော်လျှက်သာအိပ်စက်နေသည့် အမျိူးသားကိုလှည့်ကြည့်လိုက်သည်။
ချန်အန်းအိပ်နေတာ တစ်ရက်နဲ့တစ်ညရှိပြီမို့ ခေါင်းလည်းကျိန်းပြီးထုံနေပြီ။ သူသက်ပြင်းအသာချပြီး စောင်ကိုလှန်ကာထထိုင်လိုက်သည်။ ခန္ဓာကိုယ်ရှိကြွက်သားများအားလုံးက အရိုက်ခံရသလိုနာကျင်နေသည်။
"ကိုယ်ကူပေးမယ်'' ချန်အန်းကြည့်ရတာ ထဖို့ခက်နေတာကြောင့် အိုင်ဗန်အပြေးသွားပြီး ထူလိုက်သည်။
ချန်အန်းကအရေးမစိုက်ကိုယ်ဘာကိုယ်ထထိုင်သည်မို့ အိုင်ဗန်လက်ရှက်သွားရသည်။ ခေါင်းအုံးကိုင်လျှက်နေကြာပန်းကြီးလိုပြုံးနေသည့် ဝက်ဝံကိုသူတစ်ချက်ကြည့်ပြီး ပုံမှန်လေသံနှင့်ပြောလိုက်သည်။
"ရေ''
"ချက်ချင်းရစေရမယ်''
အမိန့်ရသည်နှင့် ချက်ချင်းရေကရားထဲကရေကိုခွက်ထဲဖြည့်နေသည့် ဝက်ဝံ၏တက်ကြွသောအမူအရာမှာ ချန်အန်းမျက်လုံးထဲတွင်တော့ အလွန်တရာအကျဉ်းတန်နေလေသည်။
စွန့်စားမှုများလေ အကျိူးများလေပဲ။ ကျရှုံးရင်လည်း အကျိူးဆက်ကတွေးဝံ့စရာမရှိဘူး။ သူဒီနေ့ထိကြုံတွေ့ရတဲ့အရာတွေမှန်သမ်ွ အားလုံးခန့်မှန်းပြီးသားပဲ။ ဒါပေမယ့် သူနိုးလာတဲ့အချိန် ပျားရည်တောထဲကဝက်ဝံကြီးလို ပျော်မြူးနေတဲ့အိုင်ဗန်ကိုမြင်ရတာတော့ နည်းနည်းထူးဆန်းတယ်။
သူအိုင်ဗန်ကိုနားလည်ရသလောက်ဆို ဒီရုရှားအမျိူးသားဟာ သူ့ကိုနောက်ကျိူးဓားထိုးတဲ့လူမျိူးကို လုံးဝခွင့်လွှတ်တတ်တဲ့သူမဟုတ်ဘူး။ သူထင်ထားတာ အိုင်ဗန်သူ့ကိုသိမ်းပိုက်ပြီးရင် ပိုရက်စက်တဲ့အရာတွေလုပ်လောက်မယ်ပေါ့။
အခုလို ဆရာဝန်ခေါ်ကုပေးတဲ့အပြင် ရေပါခပ်ပေးတာကတော့ တော်တော်ကြီးထူးဆန်းနေပြီ။
ရေသောက်ပြီးတဲ့နောက် သူလည်ချောင်းကသိပ်နေလို့မကောင်းသေး။ သူရေခွက်ကိုဘေးက စားပွဲမှာချလိုက်ပြီး
"မင်းဘယ်တုန်းကအရမ်းကြင်နာတတ်သြားတာလဲ အိုင်ဗန်''
အိုင်ဗန်က ပြုံးလျှက်သာနေပြီး အပြင်လူတွေကို အစားအစာလှည်းတွေယူလာဖို့လက်ပြလိုက်သည်။ ''ဘေဘီ ၊ စားပြီးမှဖြည်းဖြည်းချင်ပြောရအောင်။ မင်းဘာစားချင်မှန်း ကိုယ်မသိလို့ တစ်မျိူးနည်းနည်းစီလုပ်ခိုင်းထားတယ်''
[4-9-18]