အခန္း(၈၇) ေလထန္ည
"ေတြ႔တယ္။ ဦးေလးေျပာသလိုပဲ အဲ့လူကလည္းေသာက္ရတာအရမ္းျကိုက္တယ္။သူ႔ရဲ႕လက္နက္အေရာင္းအဝယ္အေတြ႔အၾကံဳက၁၀ေက်ာ္ေလာက္႐ွိၿပီး အရင္ကေလာင္ဟူ (ေျမေခြးအို)ရဲ႕လက္ေထာက္ျဖစ္ခဲ့ဖူးတယ္လို႔ေျပာတယ္။ ဒါေပမယ့္ေနာက္ပိုင္းလုဖုန္းလက္ထက္မွာေတာ့ ေတာင္အာဖရိကဆီကိုအပို႔ခံလိုက္ရတယ္''
အေဝးကိုအေတြးလြင့္ၿပီးေငးေမာေတြေဝေနတဲ့လူကို ခ်န္ယန္းၾကည့္ရင္း အျမတ္တႏိုးျပံဳးကာေလ်ွာက်ေနသည့္ ကုတ္အက်ႌကိုခ်န္အန္းပုခံုးေပၚျပန္တင္ေပးၿပီးဆက္ေျပာလိုက္သည္။ ''တစ္ခ်ိဴ႕လူေတြကစကားေျပာရတာခက္ေပမယ့္ ဦးေလးေျပာသလိုေသာက္ဖို႔ဖိတ္ေတာ့ သူကလိုလိုလားလားစကားေျပာလာတယ္''
"အရက္ဂ်ိဴးျဖစ္ခဲ့ဖူးတဲ့လူတစ္ေယာက္အေနနဲ႔....'' ႐ုတ္တရပ္လႊတ္ခနဲထြက္သြားတဲ့ စကားေၾကာင့္ခ်န္အန္းခဏေလာက္ရပ္လိုက္သည္။ သူခ်န္ယန္းကို သူ႔အတိတ္အေၾကာင္းေျပာမိေတာ့မလို႔။ ဒါေပမယ့္ ခ်န္ယန္းဖက္ကအေထြအထူးအမူအရာမေတြ႔တာေၾကာင့္ သူစိတ္ေအးသြားၿပီး စကားဆက္လိုက္သည္။
"အခုအဲ့ဒီအရက္သမားကလုဖုန္းအသံုးမျပဳေတာ့ဘူးဆိုေတာ့ အၿငိမ္းစားရသြားတဲ့သေဘာပဲ။ ဒါေပမယ့္သူကအေတြ႔အၾကံဳရင့္တယ္ ၿပီးေတာ့အေ႐ွ႕အလယ္ပိုင္းေဒသနဲ႔လည္းရင္းႏွီးတယ္။ အေ႐ွ႕အလယ္ပိုင္းလုပ္ငန္းေတြမွာသူ႔ကိုမင္းတာဝန္ေပးလို႔ရတယ္''
"ဒါေပမယ့္ ဦးေလး သူကလုဖုန္းရဲ႕လူေဟာင္းပဲ။ ကြၽန္ေတာ္တို႔ကိုသစၥာမေဖာက္ႏိုင္ဘူးလား''
"မင္းစိတ္ခ်ပါ လုဖုန္းကသူမသကၤာတဲ့လူဆိုဘယ္ေတာ့မွမသံုးဘူး''
ဘာလို႔ဆိုအရက္သမားေတြက လူတစ္ေယာက္ကိုယံုရင္စံုလံုးကန္းတတ္တယ္ေလ။ [TN -အင္ 😶 ]
မ်က္ႏွာခ်င္းဆိုင္မွ အေဆာက္အဦမ်ား၏အလင္းျပန္ေနေသာ ႐ွန္႔က်န္႔ျမစ္သည္ မႈန္ဝါးဝါးအလင္းရိပ္ကေလးမ်ားလႈပ္ခတ္ေနသည္။ ထိုအရိပ္မ်ားက တလႈပ္လႈပ္နဲ႔ေဝေဝဝါးဝါးျဖစ္ေနသည္။ ခ်န္အန္းသက္ျပင္းခ်လိုက္သည္။ ၾကည့္ရတာ သူမူးေနၿပီထင္ပါတယ္။
"ခ်န္အန္း ငါ့ကိုအထဲလိုက္ပို႔''
ခ်န္အန္းထၿပီး မတ္တပ္ရပ္လိုက္တာနဲ႔ သူ႔ခႏၶာကိုယ္ကခ်န္ယန္း႐ွိရာယိမ္းက်လာသည္။ ခ်န္ယန္းအျမဲဖမ္းၿပီး လက္တစ္ဖက္ျဖင့္ခ်န္အန္းတစ္ဖက္လက္ေမာင္းကိုဖက္ကာ အခန္းထဲတြဲသြားလိုက္သည္။
"ဦးေလး?'' ခ်န္ယန္းတိုးတိုးသာသာေခၚလိုက္သည္။
အိပ္ရာေပၚပက္လက္လွဲေနသည့္ ခ်န္အန္းကလက္ေမာင္းျဖင့္မ်က္စိမ်ားကိုပိတ္ထားကာ သက္ျပင္းထပ္ကာခ်ေနေလသည္။ ခ်န္ယန္း ကုတင္စြန္းမွာအသာဝင္ထိုင္ၿပီး ခ်န္အန္း၏ဖိနပ္ႏွင့္ေျခစြပ္မ်ားကိုခြၽတ္လိုက္သည္။ သူ႔လက္ဖဝါးေတြကိုခ်န္အန္းရဲ႕ ေအးစက္ေနတဲ့ေျခဖဝါးနဲ႔ပြတ္ၿပီး ေႏြးေအာင္လုပ္ေပးေနလိုက္သည္။
႐ုတ္တရပ္ ေျခေထာက္ကအေႏွာင္အဖြဲ႔ကင္းၿပီး ေႏြးလာတာေၾကာင့္ခ်န္အန္းက အိပ္တစ္ဝက္ႏိုးတစ္ဝက္ႏွင့္တီးတိုးေရရြတ္လိုက္သည္။ ''လုဖုန္း.... ဘယ္ႏွစ္ခါေျပာရမလဲ...........ငါ့ကိုေႏြးေအာင္မလုပ္ေပးပါနဲ႔ဆို''
ေနာက္ပိုင္းကအသံေတြကေဝေဝဝါးဝါးမို႔ သိပ္မပီမသျဖစ္ေနေပမယ့္ ပထမအသံကိုေတာ့ခ်န္ယန္းေကာင္းေကာင္းၾကားလိုက္သည္။
လုဖုန္း?
"ဦးေလး ကြၽန္ေတာ့္ကိုဘယ္လိုေခၚလိုက္တာလဲ'' အိပ္ရာေပၚကလူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားပံုရ၏။ မည္သည့္တုန္႔ျပန္မႈမွျပန္မလာေတာ့။
"ကြၽန္ေတာ္က ခ်န္ယန္း.... ဦးေလး ကြၽန္ေတာ္ကခ်န္ယန္း...'' ခ်န္အန္းေျခေထာက္ေတြကိုေစာင္နဲ႔ေသေသခ်ာခ်ာဖံုးျပီး အဲ့ဒီစကားကိုေရရြတ္ရင္း ေစာင္ကိုတင္းၾကပ္စြာဆုပ္ကိုင္ထားမိရာကသူျဖည္လိုက္သည္။
ေအးစက္တည္ညိမ္ေသာမ်က္လံုးတို႔က အိပ္ေမာက်ေနသူကိုၾကည့္ရင္း ''ခင္မ်ားကဘယ္သူပဲ ျဖစ္ျဖစ္ ကြၽန္ေတာ့္ဦးေလးပါပဲ''
ကိုယ္ကိုကိုင္းလို႔ ခ်န္အန္းနဖူးေပၚအနမ္းဖြဖြေခြၽၿပီး ဆံပင္မ်ားကိုသူပြတ္သပ္လိုက္သည္။ ေစာင္ကိုေသခ်ာျခံဳေပးၿပီးေနာက္ အခန္းမီးပိတ္ၿပီးတံခါးကိုအသာပိတ္ကာအခန္းထဲက ထြက္သြားလိုက္သည္။
"ေကာင္းေသာညပါ ဦးေလး''
ေအးစက္ေနသည့္ညေလေျပကာ ျပတင္းေပါက္ခန္းစီးကို႐ွပ္တိုက္သြားၿပီး ခန္းစီးၾကားမွအလင္းေရာင္အခ်ိဴ႕က စားပြဲေပၚကမ်က္မွန္ကိုအလင္းျပန္သြားေစသည္။
အိပ္ရာေပၚကလူကေတာ့အသက္မွန္မွန္႐ွဴလ်ွက္အိပ္စက္ေနသည္။ ထိုစဥ္ ႐ုတ္တရပ္ျပတင္းေပါက္မွလူတစ္ေယာက္ခုန္ဝင္လာခဲ့သည္။
အဝတ္နက္ႏွင့္လူကေျခသံလံုလံုျဖင့္ ခ်န္အန္းနားသို႔ခပ္သြက္သြက္ခ်ည္းကပ္ၿပီး ေမ့ေဆးပါသည့္လက္ကိုင္ပဝါျဖင့္ခ်န္အန္းႏွင့္ႏွာေခါင္းႏွင့္ပါးစပ္ကိုအုပ္လိုက္သည္။
"ပစ္မွတ္အတည္ျပဳၿပီး''
ထို႔ေနာက္ ပီသေသာ႐ု႐ွားေလသံကခပ္တိုးတိုးထြက္လာသည္။
ညေလကျပင္းထန္စြာတိုက္ခတ္ေနၿပီး ခန္းစီးလိုက္ကာမ်ားကလူးလြန္႔ေနသည္။ ျပင္ပမွမီးေရာင္မ်ားကအခန္းတြင္းျဖာက်ေနၿပီး အိပ္ရာေပၚမွာမည္သူမွ႐ွိမေနေတာ့။
႐ွည္လ်ားတဲ့ အေဆာက္အဦႀကီးေအာက္မွာေတာ့ အနက္ေရာင္ကားတစ္စီး ၿဖိဳးၿဖိဳးဖ်တ္ဖ်တ္ေဟာင္ေကာင္ညမီးေရာင္ေအာက္တြင္ ေလဆိပ္ကိုဦးတည္လ်ွက္႐ွိသည္။
[28.8.18]
~~~~~Book I - End ~~~~
TN - Book II ကစလို႔ တစ္႐ွဴးေဆာင္ထားၾကပါလို႔ အၾကံေပးခ်င္ပါတယ္။
ႏွာေခါင္းေသြးသုတ္ဖို႔ (๑✦ˑ༎̫✦)
Unicode
အခန်း(၈၇) လေထန်ည
"တွေ့တယ်။ ဦးလေးပြောသလိုပဲ အဲ့လူကလည်းသောက်ရတာအရမ်းကြိုက်တယ်။သူ့ရဲ့လက်နက်အရောင်းအဝယ်အတွေ့အကြုံက၁၀ကျော်လောက်ရှိပြီး အရင်ကမြေခွေးအိုရဲ့လက်ထောက်ဖြစ်ခဲ့ဖူးတယ်လို့ပြောတယ်။ ဒါပေမယ့်နောက်ပိုင်းလုဖုန်းလက်ထက်မွာတော့ တောင်အာဖရိကဆီကိုအပို့ခံလိုက်ရတယ်''
အဝေးကိုအတွေးလွင့်ပြီးငေးမောတွေဝေနေတဲ့လူကို ချန်ယန်းကြည့်ရင်း အမြတ်တနိုးပြုံးကာလျှောကျနေသည့် ကုတ်အကင်္ျီ ကိုချန်အန်းပုခုံးပေါ်ပြန်တင်ပေးပြီးဆက်ပြောလိုက်သည်။ ''တစ်ချိူ့လူတွေကစကားပြောရတာခက်ပေမယ့် ဦးလေးပြောသလိုသောက်ဖို့ဖိတ်တော့ သူကလိုလိုလားလားစကားပြောလာတယ်''
"အရက်ဂျိူးဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်အနေနဲ့....'' ရုတ်တရပ်လွှတ်ခနဲထွက်သြားတဲ့ စကားကြောင့်ချန်အန်းခဏလောက်ရပ်လိုက်သည်။ သူချန်ယန်းကို သူ့အတိတ်အကြောင်းပြောမိတော့မလို့။ ဒါပေမယ့် ချန်ယန်းဖက်ကအထွေအထူးအမူအရာမတွေ့တာကြောင့် သူစိတ်အေးသွားပြီး စကားဆက်လိုက်သည်။
"အခုအဲ့ဒီအရက်သမားကလုဖုန်းအသုံးမပြုတော့ဘူးဆိုတော့ အငြိမ်းစားရသြားတဲ့သဘောပဲ။ ဒါပေမယ့်သူကအတွေ့အကြုံရင့်တယ် ပြီးတော့အရှေ့အလယ်ပိုင်းဒေသနဲ့လည်းရင်းနှီးတယ်။ အရှေ့အလယ်ပိုင်းလုပ်ငန်းတွေမှာသူ့ကိုမင်းတာဝန်ပေးလို့ရတယ်''
"ဒါပေမယ့် ဦးလေး သူကလုဖုန်းရဲ့လူဟောင်းပဲ။ ကျွန်တော်တို့ကိုသစ္စာမဖောက်နိုင်ဘူးလား''
"မင်းစိတ်ချပါ လုဖုန်းကသူမသင်္ကာတဲ့လူဆိုဘယ်တော့မှမသုံးဘူး''
ဘာလို့ဆိုအရက်သမားတွေက လူတစ်ယောက်ကိုယုံရင်စုံလုံးကန်းတတ်တယ်လေ။
မျက်နှာချင်းဆိုင်မှ အဆောက်အဦများ၏အလင်းပြန်နေသော ရှန့်ကျန့်မြစ်သည် မှုန်ဝါးဝါးအလင်းရိပ်ကလေးများလှုပ်ခတ်နေသည်။ ထိုအရိပ်မ်ားက တလှုပ်လှုပ်နဲ့ဝေဝေဝါးဝါးဖြစ်နေသည်။ ချန်အန်းသက်ပြင်းချလိုက်သည်။ ကြည့်ရတာ သူမူးနေပြီထင်ပါတယ်။
"ချန်အန်း ငါ့ကိုအထဲလိုက်ပို့''
ချန်အန်းထပြီး မတ်တပ်ရပ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကချန်ယန်းရှိရာယိမ်းကျလာသည်။ ချန်ယန်းအမြဲဖမ်းပြီး လက်တစ်ဖက်ဖြင့်ချန်အန်းတစ်ဖက်လက်မောင်းကိုဖက်ကာ အခန်းထဲတွဲသွားလိုက်သည်။
"ဦးလေး?'' ချန်ယန်းတိုးတိုးသာသာခေါ်လိုက်သည်။
အိပ်ရာပေါ်ပက်လက်လဲနေသည့် ချန်အန်းကလက်မောင်းဖြင့်မျက်စိများကိုပိတ်ထားကာ သက်ပြင်းထပ်ကာချနေလေသည်။ ချန်ယန်း ကုတင်စွန်းမှာအသာဝင်ထိုင်ပြီး ချန်အန်း၏ဖိနပ်နှင့်ခြေစွပ်များကိုချွတ်လိုက်သည်။ သူ့လက်ဖဝါးတွေကိုချန်အန်းရဲ့ အေးစက်နေတဲ့ခြေဖဝါးနဲ့ပွတ်ပြီး နွေးအောင်လုပ်ပေးနေလိုက်သည်။
ရုတ်တရပ် ခြေထောက်ကအနှောင်အဖွဲ့ကင်းပြီး နွေးလာတာကြောင့်ချန်အန်းက အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်တီးတိုးရေရွတ်လိုက်သည်။ ''လုဖုန်း.... ဘယ်နှစ်ခါပြောရမလဲ...........ငါ့ကိုနွေးအောင်မလုပ်ပေးပါနဲ့ဆို''
နောက်ပိုင်းကအသံတွေကဝေဝေဝါးဝါးမို့ သိပ်မပီမသဖြစ်နေပေမယ့် ပထမအသံကိုတော့ချန်ယန်းကောင်းကောင်းကြားလိုက်သည်။
လုဖုန်း?
"ဦးလေး ကျွန်တော့်ကိုဘယ်လိုခေါ်လိုက်တာလဲ'' အိပ်ရာပေါ်ကလူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပုံရ၏။ မည်သည့်တုန့်ပြန်မှုမှပြန်မလာတော့။
"ကျွန်တော်က ချန်ယန်း.... ဦးလေး ကျွန်တော်ကချန်ယန်း...'' ချန်အန်းခြေထောက်တွေကိုစောင်နဲ့သေသေချာချာဖုံးပြီး အဲ့ဒီစကားကိုရေရွတ်ရင်း စောင်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိရာကသူဖြည်လိုက်သည်။
အေးစက်တည်ညိမ်သောမျက်လုံးတို့က အိပ်မောကျနေသူကိုကြည့်ရင်း ''ခင်များကဘယ်သူပဲ ဖြစ်ဖြစ် ကျွန်တော့်ဦးလေးပါပဲ''
ကိုယ်ကိုကိုင်းလို့ ချန်အန်းနဖူးပေါ်အနမ်းဖွဖွချွေပြီး ဆံပင်များကိုသူပွတ်သပ်လိုက်သည်။ စောင်ကိုသေချာခြုံပေးပြီးနောက် အခန်းမီးပိတ်ပြီးတံခါးကိုအသာပိတ်ကာအခန်းထဲက ထွက်သွားလိုက်သည်။
"ကောင်းသောညပါ ဦးလေး''
အေးစက်နေသည့်ညလေပြေကာ ပြတင်းပေါက်ခန်းစီးကိုရှပ်တိုက်သွားပြီး ခန်းစီးကြားမှအလင်းရောင်အချိူ့က စားပြဲပေါ်ကမျက်မှန်ကိုအလင်းပြန်သြားစေသည်။
အိပ်ရာပေါ်ကလူကတော့အသက်မှန်မှန်ရှူလျှက်အိပ်စက်နေသည်။ ထိုစဉ် ရုတ်တရပ်ပြတင်းပေါက်မှလူတစ်ယောက်ခုန်ဝင်လာခဲ့သည်။
အဝတ်နက်နှင့်လူကခြေသံလုံလုံဖြင့် ချန်အန်းနားသို့ခပ်သွက်သွက်ချည်းကပ်ပြီး မေ့ဆေးပါသည့်လက်ကိုင်ပဝါဖြင့်ချန်အန်းနှင့်နှာခေါင်းနှင့်ပါးစပ်ကိုအုပ်လိုက်သည်။
"ပစ်မှတ်အတည်ပြုပြီး''
ထို့နောက် ပီသသောရုရှားလေသံကခပ်တိုးတိုးထွက်လာသည်။
ညလေကပြင်းထန်စွာတိုက်ခတ်နေပြီး ခန်းစီးလိုက်ကာများကလူးလွန့်နေသည်။ ပြင်ပမွမီးရောင်များကအခန်းတွင်းဖြာကျနေပြီး အိပ်ရာပေါ်မှာမည်သူမှရှိမနေတော့။
ရှည်လ်ားတဲ့ အဆောက်အဦကြီးအောက်မွာတော့ အနက်ရောင်ကားတစ်စီး ဖြိုးဖြိုးဖျတ်ဖျတ်ဟောင်ကောင်ညမီးရောင်အောက်တွင် လေဆိပ်ကိုဦးတည်လျှက်ရှိသည်။
[28.8.18]
~~~~~Book I - End ~~~~