အခန္း(၆၀) ေျမေခြးနဲ႔ဝက္ဝံတို႔ခ်ိန္းေတြ႔ျခင္း
ခ်န္အန္းကအရမ္းအခ်ိန္တက်သူျဖစ္သည္။ သူက ဆယ္နာရီလို႔ေျပာရင္ ေသခ်ာေပါက္ဆယ္နာရီအတိမွာ ေပၚလာသည္။
"အိုင္ဗန္က အရမ္းအခ်ိန္တိက်တာပဲ'' မိမိေ႐ွ႕တြင္ လူႀကီးလူေကာင္းသဖြယ္ ကားတံခါးဖြင့္ေပးေနသည့္ အိုင္ဗန္ကို ခ်န္အန္း ႐ိုး႐ိုးေလးခ်ီးက်ဴးလိုက္သည္။
"ကိုယ္က အျမဲတမ္း အခ်ိန္မွန္ၿပီးအားကိုးရတဲ့ေယာက်္ားပဲေလ။ မင္းကိုယ့္ကိုနားလည္လာေလေလ၊ ကိုယ္ဆီက႐ုန္းထြက္မရေလျဖစ္လာလိမ့္မယ္။ ကိုယ့္ထက္အင္အားႀကီးေတြျဖစ္ေနပါေစ ငယ္ရြယ္တဲ့လူေတြျဖစ္ေနပါေစ ကိုယ္မွမဟုတ္ရင္ မင္းခံစားလို႔ရေတာ့မွာမဟုတ္ဘူး'' အိုင္ဗန္က သူ႔ကိုယ္သူႂကြားလံုးဆက္ထုတ္သည္။ ဘယ္သူကဒီဝက္ဝံနဲ႔ ၿပိဳင္ျငင္းဖို႔အစြမ္းအစ႐ွိမွာလဲ။
အိုင္ဗန္ မနက္ေျခာက္နာရီကတည္းက ႏိုးေနခဲ့တာပါလို႔ေတာ့ ခ်န္အန္းကိုေျပာမည္မဟုတ္ပါ။ ခ်န္အန္းကို မနက္ဆယ္နာရီမွာေတြ႔ရမယ္ ဆိုကတည္းက သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ဖို႔ခက္ခဲေနခဲ့သည္။ ဒါမ်ိဴးကအရင္ကတစ္ခါမွမျဖစ္ခဲ့ဖူးပါ။
ဒါေၾကာင့္ အိုင္ဗန္ေစာေစာထၿပီး မနက္၇နာရီကတည္းက ေရခ်ိဴးၿပီးေနခဲ့သည္။ ဒီေန႔အတြက္ဝတ္မယ့္အဝတ္အစားကိုလည္း တစ္နာရီေလာက္ အခ်ိန္ျဖဳန္းၿပီးေရြးေနခဲ့သည္။ နာရီဝက္ေလာက္ ဘယ္ေရေမႊးသံုးရမလဲေရြးေနခဲ့ၿပီး နာရီဝက္ေလာက္အနံ ့စမ္းေနခဲ့သည္။ ၿပီးေတာ့ အိမ္ေစေတြကိုဒီေန႔အိမ္ကိုေသခ်ာျပင္ဆင္ထားဖို႔မွာခဲ့သည္။
ခ်န္အန္းက သူ႔ကိုဆယ္နာရီမွာလာႀကိဳပါဆိုေတာ့ သူနာရီဝက္ေလာက္ကတည္းကေစာေရာက္ေနခဲ့ၿပီး ကားကို အေဝးတစ္ေနရာမွာ အခ်ိန္ကိုက္ေမာင္းလာရေအာင္ရပ္ထားခဲ့သည္။
ဂိမ္းကအခုမွ႐ွိေသးတယ္။ အိုင္ဗန္ တစ္ခ်ိဴ ့အရာေတြကို မထိန္းခ်ဴပ္ႏိုင္ေတာ့ဘူး။ဒါေပမယ့္ ထိန္းခ်ဴပ္ရခက္ခဲေလ သူပိုၿပီးစိတ္လႈပ္႐ွားေလပဲ။
ျဖည္းညင္းစြာပြင့္ဟသြားတဲ့ သံပန္းတံခါးႏွစ္ခုရဲ႕အဆံုးမွာ အိုင္ဗန္က႐ွန္ဟိုင္းကသူ႔ရဲ႕ဇိမ္ခံအိမ္ႀကီးထဲကို ေမာင္းဝင္သြားသည္။ ဇာတ္ကားထဲမွာသာျမင္ဖူးေလာက္မယ့္ တစ္ဖက္လူရဲ႕မ်က္ႏွာအမူအရာကို သူတိတ္တဆိတ္အကဲခတ္ၾကည့္သည္။
စံအိမ္ႀကီးက ႐ိုး႐ွင္းၿပီးတည္ညိမ္သလို ခ်န္အန္းရဲ႕မ်က္လံုးေတြကလည္းတည္ညိမ္ၿပီး အ့ံျသဟန္မ႐ွိေပ။ ခ်န္အန္းကအျခားလူေတြနဲ႔မတူေပမယ့္လို႔ သူအနည္းငယ္အ့ံျသသြားဟန္ေတာ့ေဆာင္လိုက္သည္။ အိုင္ဗန္ကလည္း ခ်န္အန္းရဲ႕မ်က္ႏွာအမူအရာကိုၾကည့္ၿပီးေက်နပ္ေနသည္။
"ကိုယ္မင္းကို ဒီမွာဖမ္းထားမွာမင္းေၾကာက္ေနတာလား'' ကားက ဆင္ဝမွာရပ္လိုက္ၿပီး အိုင္ဗန္က ကိုယ္တိုင္ကိုယ္က် ခ်န္အန္းကို ကားတံခါးလာဖြင့္ေပးသည္။ ၿပီးေတာ့ ေသာ့ကိုသူ႔ေဘးက အိမ္ေစဆီပစ္ေပးလိုက္သညိ၊
အိုင္ဗန္က 'ဖမ္းထားမယ္' ဆိုတဲ့စကားကိုသံုးႏႈန္းလိုက္တဲ့အခ်ိန္ ခ်န္အန္းရဲ႕မ်က္လံုးေပၚအနက္ေရာင္အေငြ႔အသက္တစ္ခ်ိဴ ့ျဖတ္ခနဲလက္သြားသည္။ အိုင္ဗန္ကေတာ့ သတိမထားမိလိုက္ေပ။
ခ်န္အန္း ကားထဲက ထြက္ၿပီး အိုင္ဗန္ရဲ႕စံအိမ္ႀကီးကို ေဝ့ၾကည့္လိုက္သည္ ''ငါ့ကို ဒီလွပတဲ့ငွက္ေလွာင္အိမ္ထဲအရင္သာေခၚသြားစမ္းပါ''
ခ်န္အန္း မျမင္ဖူး မေနဖူးတဲ့ ဇိမ္ခံအိမ္ဆိုတာဘယ္မွာ႐ွိမွာလဲ။ သူတကယ္ဒီကိုမလာခ်င္ပါဘူး။ အိုင္ဗန္နဲ႔ အိမ္ထဲေလ်ွာက္ၾကည့္ၿပီးေတာ့ ေန႔လယ္စာစားခ်ိန္ေတာင္ေရာက္ေနၿပီ။
အိုင္ဗန္က ေငြအမ်ားႀကီးသံုးၿပီးေဆာက္ထားတဲ့ ကန္နံေဘးမွာ စားပြဲကိုျပင္ဆင္ထားသည္။ ထိုစားပြဲနံေဘးေတြ အိမ္ေစအမ်ားႀကီးရပ္ေနၿပီး ၾကယ္ငါးပြင့္ဟိုတယ္ထက္ပင္သာလြန္ေနေသးသည္။
အိုင္ဗန္ရဲ႕ ဧည့္ဝတ္ျပဴငွါမႈကိုလက္ခံၿပီး ခ်န္အန္း အမဲသားတံုးလွီးကာ ပါးစပ္ထဲထည့္ၿပီးျဖည္းျဖည္းခ်င္းဝါးလိုက္သည္။ သူဝိုင္ေသာက္ဖို႔ျငင္းၿပီး ဆိုဒါပဲေသာက္လိုက္သည္။ ႐ိုး႐ွင္းသည့္ ရည္မြန္ကိုျပလိုက္သည္။
ဒီလိုရည္မြန္မႈမ်ိဴးက ဒီအမ်ိဴးသားရဲ႕တည္ညိမ္တဲ့မ်က္လံုးေတြလိုပဲ လုပ္ယူစရာမလိုအပ္ေပ။ ၿပီးေတာ့ လူတိုင္းကအေကာင္းႀကိဳက္သည္။ မွန္ကန္တဲ့အမူအက်င့္နဲ႔ ရည္မြန္တဲ့ပံုစံမ်ိဴးက လူတိုင္းႏွစ္သက္ၾကတာပဲ။
"မင္းဘာအလုပ္လုပ္သလဲ ငါေမးလို႔ရမလား'' ခ်န္အန္းက အရင္စကားစလိုက္သည္ '' မင္းရဲ႕ႂကြယ္ဝမႈက သာမန္လူေတြမရႏိုင္တဲ့ႂကြယ္ဝမႈမ်ိဴးပဲ။ မ်ိဴး႐ိုးစဥ္ဆက္ခ်မ္းသာတာလား''
"မ်ိဴး႐ိုးစဥ္ဆက္ခ်မ္းသာတာ? ႏိုး ႏိုး ႏိုး ကိုယ့္အဖိုးကသာမန္ ဆိုဗီယက္စစ္သားတစ္ေယာက္ပါ'' အိုင္ဗန္ရဲ႕ အျပာေရာင္မ်က္ဝန္းတို႔က ေနေရာင္ျခည္နဲ႔ ကန္ေရျပင္ကအရိပ္ေၾကာင့္ အေရာင္ေတာက္ေနသည္။ ''မင္းမွန္းၾကည့္''
"ေရနံ နဲ႔ ဓာတ္ေငြ႔'' ခ်န္အန္း ဇြန္းခရင္းကိုခ်ၿပီး လက္ႏွစ္ဖက္ကိုယွက္ကာေမးတင္လိုက္သည္။
"အို...ဒီအေျဖကအရမ္း႐ိုးလြန္းတယ္။ မင္းဒီထက္ပိုၿပီးေတြးၾကည့္လို႔ရတယ္'' အိုင္ဗန္က ႏႈတ္ခမ္းစူရင္းေျပာသည္။ လူတိုင္း ႐ု႐ွားေတြခ်မ္းသာတာ ေရနံနဲ႔ဓာတ္ေငြ႔ေၾကာင့္ဆိုတာသိေနတာပဲ။
"အေျဖမွန္ရင္ ဆု ခ်စရာ႐ွိလား'' ခ်န္အန္းက သူ႔ကိုတည့္တည့္စိုက္ၾကည့္လိုက္သည္။ အိုင္ဗန္ရဲ႕အဓိက အလုပ္ဘာလဲဆိုတာ သူေသခ်ာေပါက္သိတာေပါ့။
ဝက္ဝံဖက္က ဒါကိုမရိပ္မိေထာင္ေခ်ာက္ထဲကိုေျပးဆင္းလာသည္။ ''ကိုယ္မင္းကိုေတာင္းဆိုခြင့္တစ္ခုေတာ့ ကတိေပးႏိုင္တယ္။ ကိုယ္တတ္နိုင္တဲ့အရာေပါ့''
ခ်န္အန္း ဒီဝက္ဝံကိုသေဘာက်လာသည္။ အရမ္းေမာက္မာေပမယ့္ လြယ္ကူလြန္းတယ္။ ဒါေၾကာင့္လြယ္လြယ္နဲ႔႐ႈံးရတယ္။ သူ ဆိုဒါကိုေသာက္လိုက္ၿပီး ခပ္တိုတိုေျဖလိုက္သည္။
''လက္နက္''
[1-6-18]
|Unicode|
အခန်း(၆၀) မြေခွေးနဲ့ဝက်ဝံတို့ချိန်းတွေ့ခြင်း
ချန်အန်းကအရမ်းအချိန်တကျသူဖြစ်သည်။ သူက ဆယ်နာရီလို့ပြောရင် သေချာပေါက်ဆယ်နာရီအတိမွာ ပေါ်လာသည်။
"အိုင်ဗန်က အရမ်းအချိန်တိကျတာပဲ'' မိမိရှေ့တွင် လူကြီးလူကောင်းသဖွယ် ကားတံခါးဖွင့်ပေးနေသည့် အိုင်ဗန်ကို ချန်အန်း ရိုးရိုးလေးချီးကျူးလိုက်သည်။
"ကိုယ်က အမြဲတမ်း အချိန်မှန်ပြီးအားကိုးရတဲ့ယောကျာ်းပဲလေ။ မင်းကိုယ့်ကိုနားလည်လာလေလေ၊ ကိုယ်ဆီကရုန်းထွက်မရလေဖြစ်လာလိမ့်မယ်။ ကိုယ့်ထက်အင်အားကြီးတွေဖြစ်နေပါစေ ငယ်ရွယ်တဲ့လူတွေဖြစ်နေပါစေ ကိုယ်မှမဟုတ်ရင် မင်းခံစားလို့ရတော့မှာမဟုတ်ဘူး'' အိုင်ဗန်က သူ့ကိုယ်သူကြွားလုံးဆက်ထုတ်သည်။ ဘယ်သူကဒီဝက်ဝံနဲ့ ပြိုင်ငြင်းဖို့အစွမ်းအစရှိမှာလဲ။
အိုင်ဗန် မနက်ခြောက်နာရီကတည်းက နိုးနေခဲ့တာပါလို့တော့ ချန်အန်းကိုပြောမည်မဟုတ်ပါ။ ချန်အန်းကို မနက်ဆယ်နာရီမွာတွေ့ရမယ် ဆိုကတည်းက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ခက်ခဲနေခဲ့သည်။ ဒါမျိူးကအရင်ကတစ်ခါမှမဖြစ်ခဲ့ဖူးပါ။
ဒါကြောင့် အိုင်ဗန်စောစောထပြီး မနက်၇နာရီကတည်းက ရေချိူးပြီးနေခဲ့သည်။ ဒီနေ့အတွက်ဝတ်မယ့်အဝတ်အစားကိုလည်း တစ်နာရီလောက် အချိန်ဖြုန်းပြီးရွေးနေခဲ့သည်။ နာရီဝက်လောက် ဘယ်ရေမွှေးသုံးရမလဲရွေးနေခဲ့ပြီး နာရီဝက်လောက်အနံ ့စမ်းနေခဲ့သည်။ ပြီးတော့ အိမ်စေတွေကိုဒီနေ့အိမ်ကိုသေချာပြင်ဆင်ထားဖို့မှာခဲ့သည်။
ချန်အန်းက သူ့ကိုဆယ်နာရီမှာလာကြိုပါဆိုတော့ သူနာရီဝက်လောက်ကတည်းကစောရောက်နေခဲ့ပြီး ကားကို အဝေးတစ်နေရာမှာ အချိန်ကိုက်မောင်းလာရအောင်ရပ်ထားခဲ့သည်။
ဂိမ်းကအခုမှရှိသေးတယ်။ အိုင်ဗန် တစ်ချိူ ့အရာတွေကို မထိန်းချူပ်နိုင်တော့ဘူး။ဒါပေမယ့် ထိန်းချူပ်ရခက်ခဲလေ သူပိုပြီးစိတ်လှုပ်ရှားလေပဲ။
ဖြည်းညင်းစွာပွင့်ဟသြားတဲ့ သံပန်းတံခါးနှစ်ခုရဲ့အဆုံးမှာ အိုင်ဗန်ကရှန်ဟိုင်းကသူ့ရဲ့ဇိမ်ခံအိမ်ကြီးထဲကို မောင်းဝင်သွားသည်။ ဇာတ်ကားထဲမှာသာမြင်ဖူးလောက်မယ့် တစ်ဖက်လူရဲ့မျက်နှာအမူအရာကို သူတိတ်တဆိတ်အကဲခတ်ကြည့်သည်။
စံအိမ်ကြီးက ရိုးရှင်းပြီးတည်ညိမ်သလို ချန်အန်းရဲ့မျက်လုံးတွေကလည်းတည်ညိမ်ပြီး အ့ံသြဟန်မရှိပေ။ ချန်အန်းကအျခားလူတွေနဲ့မတူပေမယ့်လို့ သူအနည်းငယ်အ့ံသြသွားဟန်တော့ဆောင်လိုက်သည်။ အိုင်ဗန်ကလည်း ချန်အန်းရဲ့မျက်နှာအမူအရာကိုကြည့်ပြီးကျေနပ်နေသည်။
"ကိုယ်မင်းကို ဒီမှာဖမ်းထားမှာမင်းကြောက်နေတာလား'' ကားက ဆင်ဝမှာရပ်လိုက်ပြီး အိုင်ဗန်က ကိုယ်တိုင်ကိုယ်က် ချန်အန်းကို ကားတံခါးလာဖွင့်ပေးသည်။ ပြီးတော့ သော့ကိုသူ့ဘေးက အိမ်စေဆီပစ်ပေးလိုက်သညိ၊
အိုင်ဗန်က 'ဖမ်းထားမယ်' ဆိုတဲ့စကားကိုသုံးနှုန်းလိုက်တဲ့အချိန် ချန်အန်းရဲ့မျက်လုံးပေါ်အနက်ရောင်အငွေ့အသက်တစ်ချိူ ့ဖြတ်ခနဲလက်သွားသည်။ အိုင်ဗန်ကတော့ သတိမထားမိလိုက်ပေ။
ချန်အန်း ကားထဲက ထွက်ပြီး အိုင်ဗန်ရဲ့စံအိမ်ကြီးကို ဝေ့ကြည့်လိုက်သည် ''ငါ့ကို ဒီလှပတဲ့ငှက်လှောင်အိမ်ထဲအရင်သာခေါ်သွားစမ်းပါ''
ချန်အန်း မမြင်ဖူး မနေဖူးတဲ့ ဇိမ်ခံအိမ်ဆိုတာဘယ်မှာရှိမှာလဲ။ သူတကယ်ဒီကိုမလာချင်ပါဘူး။ အိုင်ဗန်နဲ့ အိမ်ထဲလျှောက်ကြည့်ပြီးတော့ နေ့လယ်စာစားချိန်တောင်ရောက်နေပြီ။
အိုင်ဗန်က ငွေအများကြီးသုံးပြီးဆောက်ထားတဲ့ ကန်နံဘေးမှာ စားပွဲကိုပြင်ဆင်ထားသည်။ ထိုစားပြဲနံဘေးတွေ အိမ်စေအများကြီးရပ်နေပြီး ကြယ်ငါးပွင့်ဟိုတယ်ထက်ပင်သာလွန်နေသေးသည်။
အိုင်ဗန်ရဲ့ ဧည့်ဝတ်ပြူငှါမှုကိုလက်ခံပြီး ချန်အန်း အမဲသားတုံးလှီးကာ ပါးစပ်ထဲထည့်ပြီးဖြည်းဖြည်းချင်းဝါးလိုက်သည်။ သူဝိုင်သောက်ဖို့ငြင်းပြီး ဆိုဒါပဲသောက်လိုက်သည်။ ရိုးရှင်းသည့် ရည်မွန်ကိုပြလိုက်သည်။
ဒီလိုရည်မွန်မှုမျိူးက ဒီအမျိူးသားရဲ့တည်ညိမ်တဲ့မျက်လုံးတွေလိုပဲ လုပ်ယူစရာမလိုအပ်ပေ။ ပြီးတော့ လူတိုင်းကအကောင်းကြိုက်သည်။ မှန်ကန်တဲ့အမူအကျင့်နဲ့ ရည်မွန်တဲ့ပုံစံမျိူးက လူတိုင်းနှစ်သက်ကြတာပဲ။
"မင်းဘာအလုပ်လုပ်သလဲ ငါမေးလို့ရမလား'' ချန်အန်းက အရင်စကားစလိုက်သည် '' မင်းရဲ့ကြွယ်ဝမှုက သာမန်လူတွေမရနိုင်တဲ့ကြွယ်ဝမှုမျိူးပဲ။ မျိူးရိုးစဉ်ဆက်ချမ်းသာတာလား''
"မျိူးရိုးစဉ်ဆက်ချမ်းသာတာ? နိုး နိုး နိုး ကိုယ့်အဖိုးကသာမန် ဆိုဗီယက်စစ်သားတစ်ယောက်ပါ'' အိုင်ဗန်ရဲ့ အြပာရောင်မျက်ဝန်းတို့က နေရောင်ခြည်နဲ့ ကန်ရေပြင်ကအရိပ်ကြောင့် အရောင်တောက်နေသည်။ ''မင်းမှန်းကြည့်''
"ရေနံ နဲ့ ဓာတ်ငွေ့'' ချန်အန်း ဇွန်းခရင်းကိုချပြီး လက်နှစ်ဖက်ကိုယှက်ကာမေးတင်လိုက်သည်။
"အို...ဒီအဖြေကအရမ်းရိုးလွန်းတယ်။ မင်းဒီထက်ပိုပြီးတွေးကြည့်လို့ရတယ်'' အိုင်ဗန်က နှုတ်ခမ်းစူရင်းပြောသည်။ လူတိုင်း ရုရှားတွေချမ်းသာတာ ရေနံနဲ့ဓာတ်ငွေ့ကြောင့်ဆိုတာသိနေတာပဲ။
"အဖြေမှန်ရင် ဆု ချစရာရှိလား'' ချန်အန်းက သူ့ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။ အိုင်ဗန်ရဲ့အဓိက အလုပ်ဘာလဲဆိုတာ သူသေချာပေါက်သိတာပေါ့။
ဝက်ဝံဖက်က ဒါကိုမရိပ်မိထောင်ချောက်ထဲကိုပြေးဆင်းလာသည်။ ''ကိုယ်မင်းကိုတောင်းဆိုခွင့်တစ်ခုတော့ ကတိပေးနိုင်တယ်။ ကိုယ်တတ်နိုင်တဲ့အရာပေါ့''
ချန်အန်း ဒီဝက်ဝံကိုသဘောကျလာသည်။ မောင်မာပေမယ့် လွယ်ကူလွန်းတယ်။ ဒါကြောင့်လွယ်လွယ်နဲ့ရှုံးရတယ်။ သူ ဆိုဒါကိုသောက်လိုက်ပြီး ခပ်တိုတိုဖြေလိုက်သည်။
''လက်နက်''
[1-6-18]