အခန္း(၅၈) လန္ၾကဳတ္ေရစက္
ခ်န္ယန္းထြက္သြားၿပီးေနာက္ တိတ္ဆိတ္ေနသည့္ကမာၻႀကီးက ပိုလို႔တိတ္ဆိတ္သြားသည္။
"ဝမ္လီ ေတြ႔ၿပီလား'' သတင္းစာကို လက္မွာကိုင္ရင္း ခ်န္အန္းစာၾကည့္ခန္းထဲဝင္လာသည္။
ဝမ္လီက ကြန္ပ်ဴတာေ႐ွ႕မွာထိုင္ေနၿပီး စိတ္လုပ္႐ွားစြာနဲ႔ေခါင္းညိမ့္လိုက္သည္။ ''အန္း႐ွဴ ၊ ကြၽန္မေတြ႔ၿပီ''
"ကြန္ပ်ဴတာ expertတစ္ေယာက္ကို ေန႔တိုင္း အိမ္အလုပ္ပဲခိုင္းေနရင္ ဒါဟာသူ႔အရည္အခ်င္းကိုျဖဳန္းတီးရာက်တာပဲ။'' ခ်န္အန္းက ျပံဳးလ်ွက္ခ်ီးက်ဴးလိုက္သည္။
ဝမ္လီ က ခ်ီးက်ဴးသံေၾကာင့္ ႐ွက္ျပံဳးေလးျပံဳး၏။ ''အန္း႐ွဴ ကြၽန္မ ေရသြားယူေပးမယ္''
"အင္ ေက်းဇူးပဲ '' ကြန္ပ်ဴတာ ေ႐ွ႕မွာထိုင္ၿပီး ဖန္သားျပင္ေပၚကအခ်က္အလက္ေတြကို ခ်န္အန္းဖတ္လိုက္သည္။ သူမ်က္ေတာင္ခဏခတ္လိုက္သည္။ လူေဟာင္းေတြကို ႐ွာႏိုင္တဲ့လူက သူကလြဲရင္ဘယ္သူမွမ႐ွိဘူး။
နယ္လွည့္္ စုေဆာင္းထားတာနဲ႔ ဆယ္စုႏွစ္စာအရည္အခ်င္းမ႐ွိရင္ ကေခ်သည္တစ္ေယာက္က ထမင္းမစားပဲေနရသလိုခက္ခဲတယ္။ အေတြ႔အၾကံဳနဲ႔အရည္အခ်င္း႐ွိရင္ေတာင္ အိုင္ဗန္နဲ႔လုဖုန္းလို တိုင္ျပည္ျကီးပိုင္ဆိုင္ထားတဲ့ လူေတြကိုရင္ဆိုင္ဖို႔ကခက္ခဲတယ္။ ဒါေၾကာင့္ ပိုသင့္ေလ်ာ္တဲ့လူတစ္ေယာက္ကိုသူ႐ွာရမယ္။
"ငါမင္းကိုေတြ႔ၿပီ''
ဂ်က္ဂီတအဆိုေတာ္က စင္ေပၚမွာ ႏြဲ႔ေႏွာင္းစြာသီဆိုေနၿပီး အေမွာင္က်ေနသည့္ ဘားအတြင္းတြင္လူအခ်ိဴ ့ထိုင္ေနၾကသည္။
"Sir ဘာမ်ားလိုအပ္ပါသလဲခင္မ်ာ'' ငယ္ရြယ္ေခ်ာေမာသည့္ bartender က ဧည့္သည္အသစ္ကိုအျပံဳးႏွင့္ ႀကိဳဆိုႏႈတ္ဆက္သည္။ ႐ိုး႐ွင္းၿပီး သန္႔ျပန္႔သည့္ဝတ္စံုႏွင့္ ေငြကိုင္းတပ္မ်က္မွန္ေၾကာင့္ ထိုဧည့္သည္မွာ သိမ့္ေမြ႔ၿပီး ခန္႔ညားသည္။ သူ႔အမူအရာကလည္း တည္ညိမ္ေအးေဆးလြန္းသည္။
"ဆိုဒါ'' ခ်န္အန္း ဘားေ႐ွ႕မွာထိုင္ၿပီး မွာလိုက္ေတာ့ bartender ၏ ထူးဆန္းသလိုအၾကည့္ႏွင့္ဆံုသည္။ သူအိတ္ထဲက ယြမ္တစ္ရာထုတ္ေပးလိုက္ၿပီး ''မေမးနဲ႔''
Bartender ၏ မ်က္ႏွာအမူအရာကေျပာင္းသြားၿပီး ေဖာ္ေရြစြာျပံဳးသည္။ ''ဟုတ္ကဲ့။ ခဏေလးေစာင့္ပါခင္မ်''
ဘားလာၿပီး ဆိုဒါ လာေသာက္တာက ထူးဆန္းေကာင္းထူးဆန္းႏိုင္တယ္။ ဒါေပမယ့္လို႔ စင္ေပၚက အမ်ိဴးမ်ိဴးအစားစား ဝိုင္ပုလင္းေတြကိုၾကည့္ရင္း ခ်န္အန္း စိတ္မသက္မသာျဖစ္ရသည္။ သူ႔ဘဝကအရင္လို စိတ္ႀကိဳက္ျပန္ေသာက္လို႔မရေတာ့ဘူး။
ခ်န္အန္း ေခါင္းကိုငုံ ့ၿပီး ဖုန္းကိုၾကည့္လိုက္သည္။ message ေနရာတြင္ ခ်န္ယန္းဆီပို႔ထားသည့္စာ႐ွိသည္။ ပစၥည္း ေတြက ယူကရိန္းကေန အေ႐ွ႕အလယ္ပိုင္းကို ေခ်ာေခ်ာခ်ဴခ်ဴပဲ ေရာက္သြားၿပီ။
ခ်န္အန္း အရင္တစ္ခါေရာင္းခဲ့တာက သာမန္လက္နက္ေလးေတြ။ ဒီတစ္ခါ ခ်န္ယန္း ယူသြားတာက ရဟတ္ယာဥ္နဲ႔တင့္ကား ေတြပါပါတယ္။ မၾကာခင္မွာ ႐ု႐ွားဝက္ဝံရဲ႕အာ႐ုံကို ဖမ္းမိသြားမွာပဲ ယူကရိန္းက အိုင္ဗန္ရဲ႕စားက်က္ေျမဆိုေတာ့ ေ႐ွာင္လြဲလို႔မရႏိုင္ဘူး။
အိုင္ဗန္ ရဲ႕ ပစၥည္းေတြကိုသြားထိပါးရင္ အဲ့ဒီဝက္ဝံကေတာ့...
"ကိုယ္မင္းကိုေတာင္ မမွတ္မိဘူးကြာ။ ႏွစ္ဝက္ပဲ႐ွိေသးတယ္ အိုး....အခ်စ္ေလး ဘယ္လိုလုပ္ ဒီေလာက္ ေခ်ာလာတာလဲကြာ''
ဒီရင္းႏွီးေနတဲ့အသံက တကယ္ကို နားၾကားျပင္းကပ္စရာပဲ။ ေတြး႐ုံပဲ႐ွိေသးတယ္ တကယ္ေရာက္ခ်လာတယ္။ တစ္ခ်ိန္ထဲပဲ လုဖုန္းဖက္ကလည္း အိုင္ဗန္ကို ျပသာနာ႐ွာေနတာ ႏွစ္ဝက္ေလာက္႐ွိေရာေပါ့။
ခ်န္အန္း မေမ်ွာ္လင့္ထားတာ ႏွစ္ဝက္ၾကာသြားတာေတာင္ အိုင္ဗန္ သူ႔ကိုမွတ္မိေနေသးတာပဲ။ ဘယ္လိုလုပ္မွတ္မိေနတာလဲ။ မဟုတ္မွလြဲေရာ ဒီ လန္ၾကဳတ္ေရစက္က အေမႊးထူဝက္ဝံ သူ႔ေနာက္ ရည္ရြယ္ခ်က္႐ွိ႐ွိ ေနာက္ေယာင္ခံေနတာလား။
"မင္းဒီမွာ ႐ွိေနတယ္လို႔ သတင္းမရရင္။ ကိုယ္မင္းကိုတကယ္မွတ္မိမွာမဟုတ္ဘူးကြာ''
ေကာင္းေရာ ၊ တကယ္ႀကီး သက္သက္မဲ့ ေနာက္ေယာင္ခံေနတာပဲ။
ခ်န္အန္း ထိုင္ေနရာကမေရြ႔ပဲ သူ႔နံေဘးက ေရႊေရာင္ဆံပင္ႏွင့္ အိုင္ဗန္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ အိုင္ဗန္၏ ေတာ္ဝင္ဆန္ၿပီး ခန္႔ညားသည့္ အေငြ႔အသက္က ႐ွိသမ်ွလူအားလံုးႏွင့္ ကြဲထြက္ေနသည္။
ဒါေပမယ့္ ပိုထင္႐ွားတာက အိုင္ဗန္နံေဘးက ေအးစက္စက္မ်က္ႏွာထားတဲ့ သက္ေတာ္ေစာင့္ပဲ။ နဂို ဘားထဲကမွ လူသိပ္မ႐ွိဘူး။ အခုခ်ိန္မွာေတာ့ အားလံုးအၾကည့္ကသူတို႔ဆီမွာ႐ွိေနတယ္။
"Sir ခင္မ်ားရဲ႕ ဆိုဒါရည္...'' bartender က ဒီလိုျမင္ကြင္းမ်ိဴးကို ပထမဦးဆံုးအႀကိမ္ေတြ႔ဖူးပံုရသည္။ ေၾကာက္ေၾကာက္ႏွင့္ပင္ ဆိုဒါခြက္ကို ခ်န္အန္းေ႐ွ႕ခ်လိုက္သည္။ ခ်န္အန္းက အိုင္ဗန္ကို မသကၤာအၾကည့္ျဖင့္ၾကည့္လိုက္၏။
"Vodka တစ္ခြက္'' ပီသေသာ တ႐ုတ္သံျဖင့္ မွာရင္း အိုင္ဗန္က ျပံဳးလ်ွက္ ခ်န္အန္းေဘးဝင္ထိုင္လိုက္သည္။ ၿပီးေနာက္ သူ႔လက္ကို ခ်န္အန္းခါးဆီသို႔ ဆန္႔ထုတ္လိုက္၏။ ခါးကိုမထိရေသးခင္မွာတင္ ခ်န္အန္းက သူ႔လက္ကိုဆုပ္ကိုင္လိုက္သည္။
အိုင္ဗန္က ခ်န္အန္း၏ လက္ကိုတစ္ခါျပန္ကိုင္ၿပီး သြားျဖဴျဖဴေပၚေအာင္ရယ္လိုက္သည္။
[27-5-18]
|Unicode|
အခန်း(၅၈) လန်ကြုတ်ရေစက်
ချန်ယန်းထွက်သွားပြီးနောက် တိတ်ဆိတ်နေသည့်ကမ္ဘာကြီးက ပိုလို့တိတ်ဆိတ်သွားသည်။
"ဝမ်လီ တွေ့ပြီလား'' သတင်းစာကို လက်မှာကိုင်ရင်း ချန်အန်းစာကြည့်ခန်းထဲဝင်လာသည်။
ဝမ်လီက ကွန်ပျူတာရှေ့မှာထိုင်နေပြီး စိတ်လုပ်ရှားစွာနဲ့ခေါင်းညိမ့်လိုက်သည်။ ''အန်းရှူ ၊ ကျွန်မတွေ့ပြီ''
"ကွန်ပျူတာ expertတစ်ယောက်ကို နေ့တိုင်း အိမ်အလုပ်ပဲခိုင်းနေရင် ဒါဟာသူ့အရည်အချင်းကိုဖြုန်းတီးရာက်တာပဲ။'' ချန်အန်းက ပြုံးလျှက်ချီးကျူးလိုက်သည်။
ဝမ်လီ က ချီးကျူးသံကြောင့် ရှက်ပြုံးလေးပြုံး၏။ ''အန်းရှူ ကျွန်မ ရေသွားယူပေးမယ်''
"အင် ကျေးဇူးပဲ '' ကွန်ပျူတာ ရှေ့မှာထိုင်ပြီး ဖန်သားပြင်ပေါ်ကအချက်အလက်တွေကို ချန်အန်းဖတ်လိုက်သည်။ သူမျက်တောင်ခဏခတ်လိုက်သည်။ လူဟောင်းတွေကို ရှာနိုင်တဲ့လူက သူကလွဲရင်ဘယ်သူမှမရှိဘူး။
နယ်လှည့်် စုဆောင်းထားတာနဲ့ ဆယ်စုနှစ်စာအရည်အချင်းမရှိရင် ကချေသည်တစ်ယောက်က ထမင်းမစားပဲနေရသလိုခက်ခဲတယ်။ အတွေ့အကြုံနဲ့အရည်အချင်းရှိရင်တောင် အိုင်ဗန်နဲ့လုဖုန်းလို တိုင်ပြည်ကြီးပိုင်ဆိုင်ထားတဲ့ လူတွေကိုရင်ဆိုင်ဖို့ကခက်ခဲတယ်။ ဒါကြောင့် ပိုသင့်လျော်တဲ့လူတစ်ယောက်ကိုသူရှာရမယ်။
"ငါမင်းကိုတွေ့ပြီ''
ဂျက်ဂီတအဆိုတော်က စင်ပေါ်မှာ နွဲ့နှောင်းစြာသီဆိုနေပြီး အမှောင်က်နေသည့် ဘားအတွင်းတွင်လူအချိူ ့ထိုင်နေကြသည်။
"Sir ဘာများလိုအပ်ပါသလဲခင်မ်ာ'' ငယ်ရွယ်ချောမောသည့် bartender က ဧည့်သည်အသစ်ကိုအပြုံးနှင့် ကြိုဆိုနှုတ်ဆက်သည်။ ရိုးရှင်းပြီး သန့်ပြန့်သည့်ဝတ်စုံနှင့် ငွေကိုင်းတပ်မျက်မှန်ကြောင့် ထိုဧည့်သည်မွာ သိမ့်မွေ့ပြီး ခန့်ညားသည်။ သူ့အမူအရာကလည်း တည်ညိမ်အေးဆေးလွန်းသည်။
"ဆိုဒါ'' ချန်အန်း ဘားရှေ့မှာထိုင်ပြီး မှာလိုက်တော့ bartender ၏ ထူးဆန်းသလိုအကြည့်နှင့်ဆုံသည်။ သူအိတ်ထဲက ယွမ်တစ်ရာထုတ်ပေးလိုက်ပြီး ''မမေးနဲ့''
Bartender ၏ မျက်နှာအမူအရာကပြောင်းသွားပြီး ဖော်ရွေစွာပြုံးသည်။ ''ဟုတ်ကဲ့။ ခဏလေးစောင့်ပါခင်မ်''
ဘားလာပြီး ဆိုဒါ လာသောက်တာက ထူးဆန်းကောင်းထူးဆန်းနိုင်တယ်။ ဒါပေမယ့်လို့ စင်ပေါ်က အမျိူးမျိူးအစားစား ဝိုင်ပုလင်းတွေကိုကြည့်ရင်း ချန်အန်း စိတ်မသက်မသာဖြစ်ရသည်။ သူ့ဘဝကအရင်လို စိတ်ကြိုက်ပြန်သောက်လို့မရတော့ဘူး။
ချန်အန်း ခေါင်းကိုငုံ ့ပြီး ဖုန်းကိုကြည့်လိုက်သည်။ message နေရာတွင် ချန်ယန်းဆီပို့ထားသည့်စာရှိသည်။ ပစ္စည်း တွေက ယူကရိန်းကနေ အရှေ့အလယ်ပိုင်းကို ချောချောချူချူပဲ ရောက်သွားပြီ။
ချန်အန်း အရင်တစ်ခါရောင်းခဲ့တာက သာမန်လက်နက်လေးတွေ။ ဒီတစ်ခါ ချန်ယန်း ယူသြားတာက ရဟတ်ယာဉ်နဲ့တင့်ကား တွေပါပါတယ်။ မကြာခင်မွာ ရုရှားဝက်ဝံရဲ့အာရုံကို ဖမ်းမိသြားမွာပဲ ယူကရိန်းက အိုင်ဗန်ရဲ့စားကျက်မြေဆိုတော့ ရှောင်လွဲလို့မရနိုင်ဘူး။
အိုင်ဗန် ရဲ့ ပစ္စည်းတွေကိုသွားထိပါးရင် အဲ့ဒီဝက်ဝံကတော့...
"ကိုယ်မင်းကိုတောင် မမှတ်မိဘူးကြာ။ နှစ်ဝက်ပဲရှိသေးတယ် အိုး....အချစ်လေး ဘယ်လိုလုပ် ဒီလောက် ချောလာတာလဲကွာ''
ဒီရင်းနှီးနေတဲ့အသံက တကယ်ကို နားကြားပြင်းကပ်စရာပဲ။ တွေးရုံပဲရှိသေးတယ် တကယ်ရောက်ချလာတယ်။ တစ်ချိန်ထဲပဲ လုဖုန်းဖက်ကလည်း အိုင်ဗန်ကို ပြသာနာရှာနေတာ နှစ်ဝက်လောက်ရှိရောပေါ့။
ချန်အန်း မမျှော်လင့်ထားတာ နှစ်ဝက်ကြာသွားတာတောင် အိုင်ဗန် သူ့ကိုမှတ်မိနေသေးတာပဲ။ ဘယ်လိုလုပ်မှတ်မိနေတာလဲ။ မဟုတ်မွလြဲရော ဒီ လန်ကြုတ်ရေစက်က အမွှေးထူဝက်ဝံ သူ့နောက် ရည်ရွယ်ချက်ရှိရှိ နောက်ယောင်ခံနေတာလား။
"မင်းဒီမွာ ရှိနေတယ်လို့ သတင်းမရရင်။ ကိုယ်မင်းကိုတကယ်မှတ်မိမှာမဟုတ်ဘူးကြာ''
ကောင်းရော ၊ တကယ်ကြီး သက်သက်မဲ့ နောက်ယောင်ခံနေတာပဲ။
ချန်အန်း ထိုင်နေရာကမရွေ့ပဲ သူ့နံဘေးက ရွှေရောင်ဆံပင်နှင့် အိုင်ဗန်ကိုတစ်ချက်ကြည့်လိုက်သည်။ အိုင်ဗန်၏ တော်ဝင်ဆန်ပြီး ခန့်ညားသည့် အငွေ့အသက်က ရှိသမျှလူအားလုံးနှင့် ကွဲထွက်နေသည်။
ဒါပေမယ့် ပိုထင်ရှားတာက အိုင်ဗန်နံဘေးက အေးစက်စက်မျက်နှာထားတဲ့ သက်တော်စောင့်ပဲ။ နဂို ဘားထဲကမွ လူသိပ်မရှိဘူး။ အခုချိန်မွာတော့ အားလုံးအကြည့်ကသူတို့ဆီမှာရှိနေတယ်။
"Sir ခင်မ်ားရဲ့ ဆိုဒါရည်...'' bartender က ဒီလိုမြင်ကွင်းမျိူးကို ပထမဦးဆုံးအကြိမ်တွေ့ဖူးပုံရသည်။ ကြောက်ကြောက်နှင့်ပင် ဆိုဒါခွက်ကို ချန်အန်းရှေ့ချလိုက်သည်။ ချန်အန်းက အိုင်ဗန်ကို မသင်္ကာအကြည့်ဖြင့်ကြည့်လိုက်၏။
"Vodka တစ်ခွက်'' ပီသသော တရုတ်သံဖြင့် မှာရင်း အိုင်ဗန်က ပြုံးလျှက် ချန်အန်းဘေးဝင်ထိုင်လိုက်သည်။ ပြီးနောက် သူ့လက်ကို ချန်အန်းခါးဆီသို့ ဆန့်ထုတ်လိုက်၏။ ခါးကိုမထိရသေးခင်မှာတင် ချန်အန်းက သူ့လက်ကိုဆုပ်ကိုင်လိုက်သည်။
အိုင်ဗန်က ချန်အန်း၏ လက်ကိုတစ်ခါပြန်ကိုင်ပြီး သွားဖြူဖြူပေါ်အောင်ရယ်လိုက်သည်။
[27-5-18]