အခန္း(၃၁) ခ်န္ယန္း၏ေရြးခ်ယ္မႈ
တစ္စံုတစ္ေယာက္သူ႔ကိုေစာင့္ၾကည့္ေနတာရိပ္မိလို႔လား ဒါမွမဟုတ္ခ်န္အန္းျငင္းတာကိုခံလိုက္ရလို႔လားေတာ့မသိေပ။ သူ႔ၾကည့္ရတာဒီသာမန္လူတစ္ေယာက္အတြက္အခ်ိန္ေတြထပ္ျဖဳန္းခ်င္ပံုမရပါဘူး။ အဲ့ေန႔ကစၿပီးအိုင္ဗန္ခ်န္အန္းကိုလာမ႐ွာေတာ့ဘူး။ ခ်န္အန္းလည္းက်န္႐ွိတဲ့ႏွစ္ရက္ကိုေအးစက္သက္သာစြာနဲ႔ပဲ သေဘာၤေပၚမွာကုန္ဆံုးျဖစ္တယ္။
တင္း႐ွန္းကသူ႔တာဝန္႐ွိေသးတာေၾကာင့္ ျပန္ေရာက္ရင္ခ်န္အန္းကိုတစ္ဝိုင္းလိုက္ေကြၽးမယ္လို႔ကတိေပးၿပီးအရိပ္ေတာင္မျမင္ရပဲေပ်ာက္သြားသည္။ သူေသခ်ာေပါက္အိုင္ဗန္ေနာက္ဆက္လိုက္ေနမယ္လို႔ခ်န္အန္းေျပာရဲတယ္။ဘာလို႔ဆို တင္း႐ွန္းကဇြဲအရမ္းႀကီးတဲ့ရဲတစ္ေယာက္မဟုတ္လား။
႐ွန္ဟိုင္းကိုျပန္ေရာက္ေတာ့ ခ်န္အန္းတကၠစီငွါးၿပီးခ်န္ယန္းတိုက္ခန္းသို႔ျပန္ခဲ့သည္။ ထိုေနရာကအိုေဟာင္းၿပီးေသးငယ္ေသာ္လည္း လအေတာ္ၾကာေနၿပီးသည့္ေနာက္ ေႏြးေထြးသည့္ခံစားမႈမ်ိဴးခံစားရလာေစသည္။
ခ်န္အန္းသူျပန္ေရာက္လာၿပီဆိုသည့္အေၾကာင္းကိုခ်န္ယန္းအားအသိမေပးေပ။ အေရးအေၾကာင္းမ႐ွိပဲမေခၚဖို႔ေျပာၿပီးကတည္း ခ်န္ယန္းသူ႔ကိုလံုးဝအဆက္အသြယ္မလုပ္ေတာ့တာပဲ။
ခ်န္အန္း luggage ကို ဆိုဖာေပၚတင္ၿပီး သူ႔အခန္းသူဝင္သြားလိုက္သည္။ အိပ္ခန္းကအရင္အတိုင္းေျပာင္းလဲမႈတစ္စံုတစ္ရာမ႐ွိေပ။ ဘယ္သူမွလည္းကုတင္ေပၚအိပ္ထားပံုမရဘူး။ ခ်န္အန္း႐ုတ္တရပ္ေတြးမိသည္။ ခ်န္ယန္းတစ္ေယာက္တစ္ခ်ိန္လံုးအျပင္ကဆိုဖာမွာပဲ အိပ္တာေတာ့မဟုတ္ႏိုင္ဘူးမွတ္လား? ဒါမွမဟုတ္ အဲ့ဒီကေလးက တံုးတယ္ပဲဆိုရမလား? ခ်န္အန္း သူ ့ကိုအျပင္မွာအိပ္ဖို႔ေျပာထား႐ုံနဲ႔ပဲခ်န္အန္းမ႐ွိခ်ိန္မွာေတာင္အခန္းထဲ ျပန္မအိပ္ေတာ့ဘူးလား။
ဇိမ္ခံသေဘာကအခန္းကအရမ္းကိုေကာင္းေပမယ့္လည္း အခုလိုသူ႔ကိုယ္ပိုင္အိပ္ရာေလးေပၚမွာျပန္အိပ္ရတာေလာက္ေႏြးေထြးေအးခ်မ္းတဲ့ခံစားခ်က္မရဘူး။ အခန္းထဲကိုဝင္တာနဲ႔ကုတင္ေပၚမွာသူ႔ရဲ႕ေဘာင္းဘီနဲ႔အက်ႌေတြကိုသပ္သပ္ရပ္ရပ္ေခါက္တင္ထားတာေတြ႔လိုက္ရတယ္။ ခ်န္အန္းသူ႔ရဲ႕ရယ္ခ်င္စိတ္ကိုထိန္းမထားႏိုင္ေတာ့ဘူး။ ခ်န္ယန္းကတကယ္ခ်စ္ဖို႔ေကာင္းတဲ့ငတံုးေလးပဲ။ အဲ့ဒီအဝတ္ေတြကသူအရင္ကဝတ္တဲ့အဝတ္ေတြအခုကအရမ္းႀကီးေနၿပီ။ ဒါေၾကာင့္သူျပန္ဝတ္ဖို႔စိတ္ကူးမ႐ွိေတာ့ဘူး ဒါေပမယ့္ ဒီေကာင္ေလးကေသေသခ်ာခ်ာေလ်ွာ္ၿပီးမီးပူေတာင္တိုက္ထားလိုက္ေသးတယ္။
တကယ္တံုးတာပဲ။ဒီကေလးကသူ႔ညီေလးကိုျပန္သတိရမိေစတယ္။ oversize ႐ွပ္ေတြကိုဗီ႐ိုထဲထည့္ၿပီး ခ်န္အန္းအိပ္ရာေပၚျပန္လဲအိပ္လိုက္တယ္။ ဟိုတယ္ကအိပ္ရာေတြကအရမ္းေကာင္းတယ္ ဒါေပမယ့္အိပ္ရာေဟာင္းေလးေလာက္ေတာ့အိပ္မေကာင္းဘူး။ ဒါေၾကာင့္လည္းမ်က္လံုးမွိတ္ထားလိုက္တာနဲ႔မၾကာခင္မွာပဲ အိပ္ေမာက်သြားေတာ့တယ္။
ခ်န္အန္းသူဘယ္ေလာက္ၾကာအိပ္ေပ်ာ္သြားသလဲမသိ သို႔ေပမယ့္ အိပ္တစ္ဝက္ႏိုးတစ္ဝက္ျဖစ္ေနသည့္အခ်ိန္တြင္ အခန္းအျပင္မွလူႏွစ္ေယာက္စကားေျပာေနသည္ကိုၾကားလိုက္ရသည္။
"ခ်န္ယန္း ငါၾကားတာနင္နင့္ဦးေလးနဲ႔အတူေနေနတယ္ဆို?သူေဒဝါလီခံလိုက္ရၿပီးကိုယ့္ကိုယ္ကိုသတ္ေသတယ္ဆို?နင္သူ႔ကိုဒီကျမန္ျမန္ထြက္သြားခိုင္းသင့္တယ္။သူနင့္ကိုအၾကာႀကီးမွီခိုမေနသင့္ဘူး''
အသံကမိန္းကေလးတစ္ဦးအသံပင္။ေသခ်ာနားေထာင္ၾကည့္လ်ွင္သူမအသံထဲကမႏွစ္ၿမိဳ႕ျခင္းမ်ားကိုပါသတိထားမိႏိုင္သည္။
"ေ႐ွာင္ေမ မင္းဘယ္လိုလုပ္ဒီလိုေျပာရက္ရတာလဲ?'' ခ်န္ယန္းကသူမ၏စကားကိုစိတ္ဆိုးသြားပံုရ၏။
"မင္းေမ့သြားၿပီလား?အရင္တုန္းကဦးေလးငါ့ကလာလည္ျပီးနင့္ကိုေတာင္ဖုန္းတစ္လံုးဝယ္ေပးေသးတာေလ။သူခ်မ္းသာသာဆင္းရဲရဲ သူကငါ့ဦးေလးပဲ။''
"နင္စိတ္ထားေကာင္းတာငါသိပါတယ္။ ဒါေပမယ့္နင္လည္းနင့္အေျခအေနနင္ျပန္ၾကည့္သင့္တယ္။ နင္ကကိုယ့္ကိုယ္ကိုေတာင္အႏိုင္ႏိုင္ နင့္ဦးေလးကိုပါတင္ေကြၽးထားခ်င္တာလား?ေဆး႐ုံမွာcheckupလုပ္တဲ့စရိတ္ေတြအားလံုးနင္ဘယ္အခ်ိန္ထိအကုန္အက်ခံဖို႔စဥ္းစားထားတာလဲ?''
ေကာင္မေလးကသူမ၏အမူအရာကိုခြၽဲခြၽဲႏြဲ႔ႏြဲ႔ပံုစံႏွင့္ႏႈတ္ခမ္းစူရင္း ''နင္ နင့္ဦးေလးနဲ႔အတူေနတဲ့အခ်ိန္ကစၿပီး ငါ့ကိုအဝတ္အစားေတြမဝယ္ေပးေတာ့တာ ႐ုပ္႐ွင္အတူသြားမၾကည့္ေတာ့တာဘယ္ေလာက္ၾကာၿပီလဲ''
ခ်န္ယန္းကဆက္ၿပီးတိတ္ဆိတ္ေနသည္ဒ ေကာင္မေလးကပဲဆက္ၿပီး ''ဘယ္လိုပဲျဖစ္ျဖစ္ နင္ဆံုးျဖတ္ရမယ္။နင္ငါ့ကိုေရြးမလား နင့္ဦးေလးကိုေရြးမွာလား? နင္ဆံုးျဖတ္ရမယ္''
ခ်န္အန္းနားစိုက္ေထာင္မိသည္။သူလည္းပဲခ်န္ယန္းဘာေရြးမလဲသိခ်င္မိတယ္။ သူ႔အေတြးထဲမွာေတာ့ သာမန္လူငယ္တစ္ေယာက္အေနနဲ႔ ခ်စ္သူနဲ႔ဦးေလးကိုေရြးခိုင္းရင္ အမ်ားစုကေတာ့သူတို႔ခ်စ္တဲ့သူကိုပဲေရြးမွာမွန္းသိေနတယ္။
"ထြက္သြား!" ခ်န္အန္း႐ုတ္တရပ္ေအာ္ပစ္လိုက္သည္။
"ဘာ? ခ်န္ယန္း နင္ဘာေျပာလိုက္တယ္?'' ေကာင္မေလးကခ်န္ယန္းသူ႔ကိုအခုလိုထြက္သြားခိုင္းမယ္လို႔ထင္ထားပံုမရေပ။ သူမအသံကိုျမင့္ၿပီးေအာ္မိေတာ့သည္။
"ခ်န္ယန္း နင္ျပန္ေျပာစမ္းပါ''
"လမ္းခြဲရေအာင္ ။ ငါ့အျမင္မွာေတာ့ငါတို႔ကလံုးဝမလိုက္ဖက္ဘူး'' ထိုစကားလံုးတို႔ကခ်န္ယန္းပါးစပ္မွတည္ညိမ္စြာထြက္က်လာသည္။ ေအးစက္ခ်င္းတစ္ခ်ိဴ ့ကေတာင္ေရာယွက္ေနေသး၏။
"နင္...နင္႐ူးသြားၿပီပဲ။ ခ်န္ယန္း ငါနင့္ကိုေျပာမယ္ နင္ဒီေန႔ေျပာလိုက္တဲ့စကားေတြကိုတစ္ေန႔မွာေနာက္တမရပါေစနဲ႔''
"ငါလံုးဝေနာင္တရမွာမဟုတ္ဘူး ထြက္သြားေတာ့''
ဘန္းခနဲတံခါးပိတ္သံႏွင့္အတူအခန္းသည္တဖန္ျပန္လည္တိတ္ဆိတ္သြားေလသည္။ ခ်န္အန္းအိပ္ရာေပၚကထၿပီးအိပ္ခန္းတံခါးကိုဖြင့္လိုက္သည္။ အျပင္ဖက္ဧည့္ခန္းသို႔အေရာက္တြင္ တံခါးေ႐ွ႕၌တစ္ေယာက္တည္းညိမ္သက္စြာရပ္ေနသည့္ခ်န္ယန္းကိုျမင္လိုက္ရ၏။ ထိုလူငယ္ေလး၏အနည္းငယ္ရင့္က်တ္စမ်က္ႏွာေလးကိုၾကည့္ရင္း ခ်န္အန္းရင္ထဲကမေနႏိုင္ေတာ့ေပ။
"ခ်န္ယန္း'
အစကေငးငိုင္ရပ္ေနသည့္ခ်န္ယန္းမွာလႈပ္႐ွားမလာေပ။ သူ႔စိတ္ထဲ၌ ခ်န္းအန္းကိုမေတြ႔ရတာၾကာ၍ထပ္မံ ၾကားေယာင္ေနမွန္းထင္ေနမိသည္။ သူေ႐ွ႕မွာလာရပ္ေနတဲ့ခ်န္အန္းကိုျမင္ေတာ့မွ သူသတိျပန္ဝင္လာသည္။
"ေျပာပါအုန္း။ ဘာျဖစ္တာလဲ?'' ခ်န္အန္းရယ္လိုက္သည္။
"ဦးေလး တကယ္ပဲဦးေလးလား?'' ေငးငိုင္ေနသည့္ေကာင္ေလးမွာ ႐ုတ္တရပ္ အျပံဳးတစ္ခုႏွင့္အတူ မ်က္လံုးတို႔ကအေရာင္လဲ့လာကုန္သည္။
ခ်န္အန္းျပန္ေရာက္လာတယ္ဆိုတာမယံုႏိုင္တာနဲ႔ ခ်န္ယန္းသူ႔ေ႐ွ႕ကလူ၏ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္သည္။ထို႔ျပင္မ်က္ႏွာႏွင့္တဖက္လူကိုပြတ္တိုက္ေနသည္။ ျမင္ေယာင္ေနတာမယံုမွန္းေသခ်ာေတာ့မွ ခ်န္ယန္းအားရပါးရေအာ္ရင္းေျပာလိုက္သည္။
"ဦးေလး ကြၽန္ေတာ္ကဦးေလးျပန္မလာေတာ့ဘူးထင္ၿပီးေၾကာက္ေနတာ!"
4.3.15
အခန်း(၃၁) ချန်ယန်း၏ရွေးချယ်မှု
တစ်စုံတစ်ယောက်သူ့ကိုစောင့်ကြည့်နေတာရိပ်မိလို့လား ဒါမှမဟုတ်ချန်အန်းငြင်းတာကိုခံလိုက်ရလို့လားတော့မသိပေ။ သူ့ကြည့်ရတာဒီသာမန်လူတစ်ယောက်အတွက်အချိန်တွေထပ်ဖြုန်းချင်ပုံမရပါဘူး။ အဲ့နေ့ကစပြီးအိုင်ဗန်ချန်အန်းကိုလာမရှာတော့ဘူး။ ချန်အန်းလည်းကျန်ရှိတဲ့နှစ်ရက်ကိုအေးစက်သက်သာစွာနဲ့ပဲ သဘောၤပေါ်မှာကုန်ဆုံးဖြစ်တယ်။
တင်းရှန်းကသူ့တာဝန်ရှိသေးတာကြောင့် ပြန်ရောက်ရင်ချန်အန်းကိုတစ်ဝိုင်းလိုက်ကျွေးမယ်လို့ကတိပေးပြီးအရိပ်တောင်မမြင်ရပဲပျောက်သွားသည်။ သူသေချာပေါက်အိုင်ဗန်နောက်ဆက်လိုက်နေမယ်လို့ချန်အန်းပြောရဲတယ်။ဘာလို့ဆို တင်းရှန်းကဇွဲအရမ်းကြီးတဲ့ရဲတစ်ယောက်မဟုတ်လား။
ရှန်ဟိုင်းကိုပြန်ရောက်တော့ ချန်အန်းတက္ကစီငှါးပြီးချန်ယန်းတိုက်ခန်းသို့ပြန်ခဲ့သည်။ ထိုနေရာကအိုဟောင်းပြီးသေးငယ်သော်လည်း လအတော်ကြာနေပြီးသည့်နောက် နွေးထွေးသည့်ခံစားမှုမျိူးခံစားရလာစေသည်။
ချန်အန်းသူပြန်ရောက်လာပြီဆိုသည့်အကြောင်းကိုချန်ယန်းအားအသိမပေးပေ။ အရေးအကြောင်းမရှိပဲမခေါ်ဖို့ပြောပြီးကတည်း ချန်ယန်းသူ့ကိုလုံးဝအဆက်အသွယ်မလုပ်တော့တာပဲ။
ချန်အန်း luggage ကို ဆိုဖာပေါ်တင်ပြီး သူ့အခန်းသူဝင်သွားလိုက်သည်။ အိပ်ခန်းကအရင်အတိုင်းပြောင်းလဲမှုတစ်စုံတစ်ရာမရှိပေ။ ဘယ်သူမှလည်းကုတင်ပေါ်အိပ်ထားပုံမရဘူး။ ချန်အန်းရုတ်တရပ်တွေးမိသည်။ ချန်ယန်းတစ်ယောက်တစ်ချိန်လုံးအပြင်ကဆိုဖာမွာပဲ အိပ်တာတော့မဟုတ်နိုင်ဘူးမှတ်လား? ဒါမှမဟုတ် အဲ့ဒီကလေးက တုံးတယ်ပဲဆိုရမလား? ချန်အန်း သူ ့ကိုအပြင်မှာအိပ်ဖို့ပြောထားရုံနဲ့ပဲချန်အန်းမရှိချိန်မွာတောင်အခန်းထဲ ပြန်မအိပ်တော့ဘူးလား။
ဇိမ်ခံသဘောကအခန်းကအရမ်းကိုကောင်းပေမယ့်လည်း အခုလိုသူ့ကိုယ်ပိုင်အိပ်ရာလေးပေါ်မှာပြန်အိပ်ရတာလောက်နွေးထွေးအေးချမ်းတဲ့ခံစားချက်မရဘူး။ အခန်းထဲကိုဝင်တာနဲ့ကုတင်ပေါ်မှာသူ့ရဲ့ဘောင်းဘီနဲ့ အကင်္ျီ တွေကိုသပ်သပ်ရပ်ရပ်ခေါက်တင်ထားတာတွေ့လိုက်ရတယ်။ ချန်အန်းသူ့ရဲ့ရယ်ချင်စိတ်ကိုထိန်းမထားနိုင်တော့ဘူး။ ချန်ယန်းကတကယ်ချစ်ဖို့ကောင်းတဲ့ငတုံးလေးပဲ။ အဲ့ဒီအဝတ်တွေကသူအရင်ကဝတ်တဲ့အဝတ်တွေအခုကအရမ်းကြီးနေပြီ။ ဒါကြောင့်သူပြန်ဝတ်ဖို့စိတ်ကူးမရှိတော့ဘူး ဒါပေမယ့် ဒီကောင်လေးကသေသေချာချာလျှော်ပြီးမီးပူတောင်တိုက်ထားလိုက်သေးတယ်။
တကယ်တုံးတာပဲ။ဒီကလေးကသူ့ညီလေးကိုပြန်သတိရမိစေတယ်။ oversize ရှပ်တွေကိုဗီရိုထဲထည့်ပြီး ချန်အန်းအိပ်ရာပေါ်ပြန်လဲအိပ်လိုက်တယ်။ ဟိုတယ်ကအိပ်ရာတွေကအရမ်းကောင်းတယ် ဒါပေမယ့်အိပ်ရာဟောင်းလေးလောက်တော့အိပ်မကောင်းဘူး။ ဒါကြောင့်လည်းမျက်လုံးမှိတ်ထားလိုက်တာနဲ့မကြာခင်မွာပဲ အိပ်မောကျသွားတော့တယ်။
ချန်အန်းသူဘယ်လောက်ကြာအိပ်ပျော်သြားသလဲမသိ သို့ပေမယ့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့်အချိန်တွင် အခန်းအပြင်မှလူနှစ်ယောက်စကားပြောနေသည်ကိုကြားလိုက်ရသည်။
"ချန်ယန်း ငါကြားတာနင်နင့်ဦးလေးနဲ့အတူနေနေတယ်ဆို?သူဒေဝါလီခံလိုက်ရပြီးကိုယ့်ကိုယ်ကိုသတ်သေတယ်ဆို?နင်သူ့ကိုဒီကမြန်မြန်ထွက်သွားခိုင်းသင့်တယ်။သူနင့်ကိုအကြာကြီးမှီခိုမနေသင့်ဘူး''
အသံကမိန်းကလေးတစ်ဦးအသံပင်။သေချာနားထောင်ကြည့်လျှင်သူမအသံထဲကမနှစ်မြို့ခြင်းများကိုပါသတိထားမိနိုင်သည်။
"ရှောင်မေ မင်းဘယ်လိုလုပ်ဒီလိုပြောရက်ရတာလဲ?'' ချန်ယန်းကသူမ၏စကားကိုစိတ်ဆိုးသွားပုံရ၏။
"မင်းမေ့သွားပြီလား?အရင်တုန်းကဦးလေးငါ့ကိုလာလည်ပြီးနင့်ကိုတောင်ဖုန်းတစ်လုံးဝယ်ပေးသေးတာလေ။သူချမ်းသာသာဆင်းရဲရဲ သူကငါ့ဦးလေးပဲ။''
"နင်စိတ်ထားကောင်းတာငါသိပါတယ်။ ဒါပေမယ့်နင်လည်းနင့်အခြေအနေနင်ပြန်ကြည့်သင့်တယ်။ နင်ကကိုယ့်ကိုယ်ကိုတောင်အနိုင်နိုင် နင့်ဦးလေးကိုပါတင်ကျွေးထားချင်တာလား?ဆေးရုံမှာcheckupလုပ်တဲ့စရိတ်တွေအားလုံးနင်ဘယ်အချိန်ထိအကုန်အကျခံဖို့စဉ်းစားထားတာလဲ?''
ကောင်မလေးကသူမ၏အမူအရာကိုချွဲချွဲနွဲ့နွဲ့ပုံစံနှင့်နှုတ်ခမ်းစူရင်း ''နင် နင့်ဦးလေးနဲ့အတူနေတဲ့အချိန်ကစပြီး ငါ့ကိုအဝတ်အစားတွေမဝယ်ပေးတော့တာ ရုပ်ရှင်အတူသွားမကြည့်တော့တာဘယ်လောက်ကြာပြီလဲ''
ချန်ယန်းကဆက်ပြီးတိတ်ဆိတ်နေသည်ဒ ကောင်မလေးကပဲဆက်ပြီး ''ဘယ်လိုပဲဖြစ်ဖြစ် နင်ဆုံးဖြတ်ရမယ်။နင်ငါ့ကိုရွေးမလား နင့်ဦးလေးကိုရွေးမှာလား? နင်ဆုံးဖြတ်ရမယ်''
ချန်အန်းနားစိုက်ထောင်မိသည်။သူလည်းပဲချန်ယန်းဘာရွေးမလဲသိချင်မိတယ်။ သူ့အတွေးထဲမှာတော့ သာမန်လူငယ်တစ်ယောက်အနေနဲ့ ချစ်သူနဲ့ဦးလေးကိုရွေးခိုင်းရင် အမ်ားစုကတော့သူတို့ချစ်တဲ့သူကိုပဲရွေးမှာမှန်းသိနေတယ်။
"ထွက်သြား!" ချန်အန်းရုတ်တရပ်အော်ပစ်လိုက်သည်။
"ဘာ? ချန်ယန်း နင်ဘာပြောလိုက်တယ်?'' ကောင်မလေးကချန်ယန်းသူ့ကိုအခုလိုထွက်သွားခိုင်းမယ်လို့ထင်ထားပုံမရပေ။ သူမအသံကိုမြင့်ပြီးအော်မိတော့သည်။
"ချန်ယန်း နင်ပြန်ပြောစမ်းပါ''
"လမ်းခွဲရအောင် ။ ငါ့အမြင်မွာတော့ငါတို့ကလုံးဝမလိုက်ဖက်ဘူး'' ထိုစကားလုံးတို့ကချန်ယန်းပါးစပ်မှတည်ညိမ်စွာထွက်ကျလာသည်။ အေးစက်ချင်းတစ်ချိူ ့ကတောင်ရောယှက်နေသေး၏။
"နင်...နင်ရူးသွားပြီပဲ။ ချန်ယန်း ငါနင့်ကိုပြောမယ် နင်ဒီနေ့ပြောလိုက်တဲ့စကားတွေကိုတစ်နေ့မှာနောက်တမရပါစေနဲ့''
"ငါလုံးဝနောင်တရမှာမဟုတ်ဘူး ထွက်သြားတော့''
ဘန်းခနဲတံခါးပိတ်သံနှင့်အတူအခန်းသည်တဖန်ပြန်လည်တိတ်ဆိတ်သြားလေသည်။ ချန်အန်းအိပ်ရာပေါ်ကထပြီးအိပ်ခန်းတံခါးကိုဖွင့်လိုက်သည်။ အပြင်ဖက်ဧည့်ခန်းသို့အရောက်တွင် တံခါးရှေ့၌တစ်ယောက်တည်းညိမ်သက်စွာရပ်နေသည့်ချန်ယန်းကိုမြင်လိုက်ရ၏။ ထိုလူငယ်လေး၏အနည်းငယ်ရင့်ကျတ်စမျက်နှာလေးကိုကြည့်ရင်း ချန်အန်းရင်ထဲကမနေနိုင်တော့ပေ။
"ချန်ယန်း'
အစကငေးငိုင်ရပ်နေသည့်ချန်ယန်းမှာလှုပ်ရှားမလာပေ။ သူ့စိတ်ထဲ၌ ချန်းအန်းကိုမတွေ့ရတာကြာ၍ထပ်မံ ကြားယောင်နေမှန်းထင်နေမိသည်။ သူရှေ့မှာလာရပ်နေတဲ့ချန်အန်းကိုမြင်တော့မှ သူသတိပြန်ဝင်လာသည်။
"ပြောပါအုန်း။ ဘာဖြစ်တာလဲ?'' ချန်အန်းရယ်လိုက်သည်။
"ဦးလေး တကယ်ပဲဦးလေးလား?'' ငေးငိုင်နေသည့်ကောင်လေးမှာ ရုတ်တရပ် အပြုံးတစ်ခုနှင့်အတူ မျက်လုံးတို့ကအရောင်လဲ့လာကုန်သည်။
ချန်အန်းပြန်ရောက်လာတယ်ဆိုတာမယုံနိုင်တာနဲ့ ချန်ယန်းသူ့ရှေ့ကလူ၏ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ထို့ပြင်မျက်နှာနှင့်တဖက်လူကိုပွတ်တိုက်နေသည်။ မြင်ယောင်နေတာမယုံမှန်းသေချာတော့မှ ချန်ယန်းအားရပါးရအော်ရင်းပြောလိုက်သည်။
"ဦးလေး ကျွန်တော်ကဦးလေးပြန်မလာတော့ဘူးထင်ပြီးကြောက်နေတာ!"
4.3.15