အခန်း(၂၉) Guilty
"ဒါနဲ့အန်ကယ် သူဘာလို့ခင်များနဲ့အတူသောက်ဖို့ဖိတ်တာလဲ?'' တင်းရှန်းစိတ်ဝင်စားစွာမေးလိုက်သည်။
"ဟယ်လို''
"ဦးလေး အဆင်ပြေရဲ့လား ။အစောကထူးဆန်းတဲ့လူတစ်ယောက်ဖုန်းကိုင်သေးတယ်ပြီးတော့ဖုန်းချသွားကော ၊ ထပ်ခေါ်တော့လည်း...''
ထိုရနံ့ ကအတန်းဖော်မိန်းကလေးများကိုယ်မှရသည့်အနံ့ မျိုးနှင့်မတူသလို ရေချိုးခန်းထဲကရေချိုးဆပ်ပြာရည်ရနံ့ နဲ့လည်းမတူပေ။ သို့ပေမယ့် ထိုရနံ့ ကအရမ်းကိုကောင်းသည် ခပ်ဖျော့ဖျော့သင်းပျပျရနံ့ မျိုးဖြစ်သည်။
"ငါဘာလုပ်နေတာလဲ...''
သတိဝင်လာတဲ့အချိန် သူ့လက်ထဲမှာကိုင်ထားသည့် ချန်အန်း၏အင်္ကျီကရေဇလုံအတွင်းသို့ပြုတ်ကျသွားသည်။ သတိဝင်လာသည့် ချန်ယန်းကတော့ သူအခုချန်အန်း၏အင်္ကျီပေါ်က ကိုယ်ငွေ့နဲ့အနံ့ အပေါ်သာယာနေမိသည်ကိုယုံပင်မယုံနိုင်ပေ။
ထိုအချိန်မှာပဲ သူ့ရင်ထဲတွင်ထူးဆန်းသည့်လိပ်ပြာမလုံသလိုခံစားချက်ကဖြစ်ပေါ်လာသည်။ ထိုခံစားချက်ကတော်တော်နဲ့ပင်ပျောက်မသွားပေ။
1.3.18
အခန်း(၂၉) Guilty
ချန်အန်းအစကတည်းကတင်းရှန်းရဲ့သရုပ်မှန်ကိုသိပြီးသားဆိုပေမယ့်တစ်ဖက်လူကသူ့ကိုယုံကြည်နေတာမြင်ရတော့ ပြန်ပြောလိုက်သည်။''အော်...အဲ့လိုလား။ အဲ့တာကြောင့်အဲ့ဒီအိုင်ဗန်ဆိုတဲ့လူကထူးဆန်းတယ်လို့ငါခံစားနေရတာကိုး''
"ဒါနဲ့အန်ကယ် သူဘာလို့ခင်များနဲ့အတူသောက်ဖို့ဖိတ်တာလဲ?'' တင်းရှန်းစိတ်ဝင်စားစြာမေးလိုက်သည်။
"အိုင်ဗန်ရဲ့စရိုက်ကထူးဆန်းတယ်။ သူကသူ့နဲ့မပတ်သက်တဲ့သူတွေကို လွယ်လွယ်စခင်တတ်တဲ့သူမဟုတ်ဘူး''
"ငါသူပြောတာမှတ်မိသေးတယ် ။ ငါကသူသိတဲ့တစ်စုံတစ်ယောက်နဲ့ဆင်လို့တဲ့ ကြည့်ရတာအဲ့တာကအကြောင်းပြချက်ဖြစ်မယ်''
တင်းရှန်းကသူ့ကိုမေးစရာရှိနေသေးပုံပေါက်ပေမယ့် ချန်အန်းအရမ်းပင်ပန်းနေတဲ့ပုံနဲ့ကြည့်လိုက်ပြီး ''ငါနည်းနည်းပင်ပန်းနေတယ်။မင်းမေးစရာရှိရင်မနက်ဖြန်မှပြောတော့''
"အမ်..ဒါဆိုလည်းကောင်းကောင်းနားပါအန်ကယ်ချန်။ ကျွန်တော်မနက်ဖြန်မှပြန်လာခဲ့ပါမယ်''
တင်းရှန်းထပ်မေးစရာရှိသေးပေမယ့်လည်း ချန်အန်းကြည့်ရတာအခြေအနေမဟန်တော့တာကြောင့် ထပ်မေးဖို့မကောင်းတာနဲ့လက်လျော့လိုက်ရသည်။နှုတ်ဆက်ပြီးထွက်သွားလိုက်သည်။
ချန်အန်းသူ့ရဲ့မူးဝေနေတဲ့ခေါင်းသက်သာစေလိုငြားမျက်ရိုးကိုဖိထားလိုက်သည်။ နိုးလာပြီးကတည်းအနည်းငယ်မူးနောက်နောက်ဖြစ်နေသေးတဲ့ခံစားချက်ကချန်အန်းကိုနောက်တဖန်အိပ်ချင်စေ၏။ ချန်အန်းအိပ်ရာပေါ်လဲလိုက်ခါမှရုတ်တရပ်တစ်ခုခုကိုသတိရမိသည်။ သူ့ရဲ့လွယ်အိတ်ကိုဆွဲယူလိုက်ပြီး အထဲမှာစိန်ထုတ်ရှိနေသေးလားကြည့်လိုက်သည်။ ဘယ်သူမှဖွင့်မကြည့်ထားမှန်းသိတော့မှစိတ်သက်သာရာရသွားသည်။ သူဖုန်းကိုကြည့်လိုက်တော့ဖုန်းကပါဝါပိတ်ထားတာကိုသူသိလိုက်ရတယ်။ သူပါဝါပြန်ဖွင့်လိုက်တော့ missed callနဲ့ message တွေအလုံးအရင်းတက်လာသည်။အားလုံးကချန်ယန်းတစ်ယောက်ထဲဆီကသာဖြစ်သည်။
ချန်ယန်းကိုဖုန်းပြန်ခေါ်ရမလားမခေါ်ရဘူးလားသူတွေဝေနေတုန်းက ချန်ယန်း၏ဖုန်းcallဝင်လာခဲ့သည်။
"ဟယ်လို''
"ဦးလေး အဆင်ပြေရဲ့လား ။အစောကထူးဆန်းတဲ့လူတစ်ယောက်ဖုန်းကိုင်သေးတယ်ပြီးတော့ဖုန်းခ်သြားကော ၊ ထပ်ခေါ်တော့လည်း...''
တစ်ဖက်ကချန်ယန်းပြောမယ့်စကားမကုန်သေးခင်မွာပဲ ချန်အန်းစကားဖြတ်ပြောလိုက်သည်။ ''ငါအဆင်ပြေတယ်။နောက်ဆိုအရေးမကြီးရင်ငါ့ကိုဖုန်းမဆက်နဲ့မင်းကစာပဲသေချာလုပ်။ငါအိပ်တော့မယ်''
ချန်အန်းစိတ်မရှည်တော့တာကြောင့်ဖုန်းကိုအမြန်ချလိုက်သည်။
ရှန်ဟိုင်းမှာရှိနေသည့်ချန်ယန်းကတော့သူ့ဖုန်းစခရင်အမည်းကိုကြည့်ရင်ငေးငိုင်နေ၏။သူဘာမှတောင်သေချာမပြောရသေးဘူးချန်အန်းကဖုန်းချသွားတယ်။ သူ့ရင်ထဲကစူးအောင့် လာသည်။သူကချန်အန်းကိုစိတ်ပူနေရုံပဲကို။
ချန်အန်းဆေးရုံကဆင်းကတည်းသူအခုလိုခံစားနေရတာကြာပြီ။ လုံးဝထူးဆန်းတဲ့ခံစားချက်မျိူး။ မုန်းစရာကောင်းတဲ့ခံစားချက်တော့မဟုတ်ခဲ့။ ဦးလေးဘာမှမဖြစ်ဘူးဆိုရင်ရပါပြီ အစောကဖုန်းကိုင်တဲ့ထူဆန်းတဲ့လူကတော့ ဦးလေးရဲ့သူငယ်ချင်းပဲ ဖြစ်မှာပါလို့ချန်အန်းဖြေသိမ့်လိုက်သည်။သို့ပေမယ့်ချန်ယန်းသတိမထားမိပဲ ဖုန်းကိုညစ်ထားမိသည်။ သူရင်ထဲမွာပြောမပြတတ်အောင်ပူလောင်နေ၏။ သူချက်ချင်းအိပ်ခန်းထဲပြေးသွားပြီး ချန်အန်းဝတ်ခဲ့သည့်အဝတ်များအားလုံးကိုဆွဲထုတ်လိုက်သည်။ ထို့နောက်ထိုအဝတ်များအားလုံးကိုလျှော်ရန်ရေချိူးခန်းထဲယူသွားလိုက်သည်။ အဝတ်တွေကိုရေထဲမထည့်ခင် ချန်ယန်းခေါင်းကိုကိုင်းပြီး ချန်အန်းဝတ်ခဲ့သည့်အဝတ်ကိုအနံ ့ခံလိုက်သည်။ တစ်ကိုယ်ရေးသန့်ရှင်းရေးကိုအလေးထားသည့်ချန်အန်း၏အကျီတွင် သာမန်ယောကျ္ား တစ်ဦး၏ချွေးနံ ့မျိူးရှိမနေပေ။ ချန်အန်းအနီးနားမှာသူရှိနေတဲ့အခါမျိူးဆို တစ်ခါတစ်လေသင်းပျပျအနံ့ကိုလည်းခံစားမိသည်။
ထိုရနံ ့ကအတန်းဖော်မိန်းကလေးများကိုယ်မှရသည့်အနံ ့မျိူးနှင့်မတူသလို ရေချိူးခန်းထဲကရေချိူးဆပ်ပြာရည်ရနံ ့နဲ့လည်းမတူပေ။ သို့ပေမယ့် ထိုရနံ ့ကအရမ်းကိုကောင်းသည့် ခပ်ဖျော့ဖျော့သင်းရနံ ့မျိူးဖြစ်သည်။
ချန်ယန်းသူ့မျက်နှာတစ်ခုလုံးကိုချန်အန်း၏အဝတ်ထဲသို့နစ်ထားမိသည်။အဝတ်ထဲမွ ထိုသင်းပျပျရနံ့ကိုရှူရှိုက်ရင်း ချန်အန်းစိတ်ကူးထဲတွင် နေသာသည့်ကမ်းခြေကိုရောက်နေသလို ၊ ချန်အန်း၏အကျီကော်လန်ကိုနမ်းရှိုက္်မိစဉ် ချန်အန်း၏လည်တိုင်အစစ်ကိုနမ်းရှိုက်နေရသလိုခံစားမိစေသည်။ သူ့ရဲ့နှုတ်ခမ်းတို့ကချန်အန်း၏ချောမွေ့သောလည်တိုင်ကိုပွတ်သပ်ထိတွေ့နေစဉ် ပါးပြင်တို့က ချန်အန်း၏ရိတ်ထားသောဆံပင်တိုတိုနှင့်ထိတွေ့ရသဖြင့်ယားယံလာသလိုခံစားနေရသည်။
"ငါဘာလုပ်နေတာလဲ...''
သတိဝင်လာတဲ့အချိန် သူ့လက်ထဲမှာကိုင်ထားသည့် ချန်အန်း၏အကျီကရေဇလုံအတွင်းသို့ပြုတ်ကျသွားသည်။ သတိဝင်လာသည့် ချန်ယန်းကတော့ သူအခုချန်အန်း၏အကျီပေါ်က ကိုယ်ငွေ့နဲ့အနံ ့အပေါ်သာယာနေမိသည်ကိုယုံပင်မယုံနိုင်ပေ။
ထိတ်လန့်ပြီးအသိစိတ်ပျောက်နေသည့်ချန်ယန်းတစ်ယောက်လျှော်ရမယ့်အဝတ်တို့ကိုဆပ်ပြာရေဇလုံထဲနစ်ပြီး သည်းကြီးမဲကြီးလျှော်နေတော့သည်။ အစောကသူလုပ်ခဲ့သည့်ကိစ္စကိုပြန်မစဉ်းစားရဲတော့အောင်ပင်ထိတ်လန့်နေ၏။
မနက်ဖြန်သူရှောင်မေကိုသွားတွေ့သင့်တယ်ထင်တယ်။ ဟုတ်တယ်ရှောင်မေနဲ့သွားတွေ့ရမယ်။
ထိုအချိန်မွာပဲ သူ့ရင်ထဲတွင်ထူးဆန်းသည့်လိပ်ပြာမလုံသလိုခံစားချက်ကဖြစ်ပေါ်လာသည်။ ထိုခံစားချက်ကတော်တော်နဲ့ပင်ပျောက္်မသြားပေ။
1.3.18