Rebirth of Chen An【Zaw + uni】

By ELMILLION

1.5M 185K 8.1K

လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သ... More

Summary
Book I : အခန္​း (၁) ဘဝသစ္​မစမွီ
အခန္​း(၂)စိတ္​ပ်က္​ဖို႔​ေကာင္​းတဲ့ျပန္​လည္​​ေမြးဖြားျခင္​း
အခန္​း(၃)​ေဆးရံုမွအဆင္​း
အခန္​း(၄)အိမ္​သို႔
အခန္​း(၅) အခ်စ္​လုဖက္​နဲ႔ၿပိဳင္​ဖက္​
အခန္​း(၆)ၿပိဳင္​ဖက္​
အခန္​း (၇) သစၥာ​ေဖာက္​၏အလြမ္​း
အခန္​း(၈) တူဝရီး
အခန္​း (၉) ခ်န္​အန္​းရဲ႕အလုပ္​
အခန္​း (၁၀) အိမ္​အသစ္​
အခန္​း (၁၁)တင္​း႐ွန္​း ႏွင္​့ မ​ေတာ္​တဆ​ေတြ႔ဆံုျခင္​း
အခန္​း (၁၂) ရန္​သူ​ေဟာင္​းႏွင္​့မိတ္​ဖြဲ႔ျခင္​း
အခန္​း (၁၃) ဦး​ေလး မႀကိဳက္​ဘူးလား?
အခန္​း (၁၄) Gymထဲကအ​ေႏွာင္​့အယွက္​
အခန္​း (၁၅) လက္​တုန္​႔ျပန္​ရမည္​
အခန္​း (၁၆) ​ေတာက္​​ေတာက္​ပပ
အခန္​း (၁၇) အထူးတန္​းက အဆိပ္​ျပင္​း​ေႁမြ
အခန္​း (၁၈) ​ေလာင္​စစ္​ ဆိုတဲ့codeအမည္​
အခန္​း (၁၉) အ​ေမွာင္​​ေလာက
အခန္​း(၂၀) Tiger King
အခန္​း (၂၁) အရက္​တန္​ခိုး (၁)
အခန္​း (၂၂) အရက္​တန္​ခိုး (၂)
အခန္​း (၂၃) ​ေရခ်ိဴးခန္​းထဲမွာပုန္​း​ေနတဲ့လူ
အခန္​း(၂၄) ခိုးၾကည္​့ျခင္​း
အခန္​း (၂၅) အထင္​လြဲ​ေအာင္​လုပ္​ျခင္​း
အခန္​း (၂၆) ​ေထာင္​လိုရင္​၊ရာစြန္​႔
အခန္​း (၂၇) ပိုက္​ဆံအတြက္​ကိုယ္​့ကိုယ္​ကိုမ​ေရာင္​းႏိုင္​
အခန္​း(၂၈) တင္​း႐ွန္​း၏သ႐ုပ္​မွန္​
အခန္​း(၂၉) Guilty
အခန္​း(၃၀) လွည္​့စားျခင္​း
အခန္​း(၃၁) ခ်န္​ယန္​း၏​ေရြးခ်ယ္​မႈ
အခန္​း (၃၂) ညစာထြက္​စားရန္​ျပင္​ဆင္​ျခင္​း
အခန္​း(၃၃) မင္​းဘယ္​လိုဘဝမ်ိဴးမွာ​ေနခ်င္​လဲ
အခန္​း(၃၄) တ​ေစၦသရဲလိုအိုင္​ဗန္​
အခန္​း(၃၅) ဗီလိန္​အိုင္​ဗန္​
အခန္​း (၃၆) လူ​ေလးဦး၊အ​ေတြးကိုယ္​စီ
အခန္​း(၃၇) ခ်န္​ယန္​းရင္​ထဲက နာက်ည္​းျခင္​းမ်ိဴး​ေစ့
အခန္​း(၃၈) တတိယ​ေျခလွမ္​း၊တတိယ​ေျမာက္​လူ
အခန္​း(၃၉) လုဖုန္​းႏွင္​့အိုင္​ဗန္​တို႔ၾကား​ေသြးခြဲရန္​အစီအစဥ္​
အခန္​း(၄၀) ငါးစာ​ေတာ့ခ်လိုက္​ၿပီ
အခန္​း(၄၁) ရန္​သူအသစ္​နဲ႔စကားစျမည္​း
အခန္​း(၄၂) အိမ္​​ေစာင္​့​ေနသည္​့ခ်န္​ယန္​း
အခန္​း(၄၃) ဒုတိယ​ေျမာက္​ အ​ေမြဆက္​ခံသူအ​ေလာင္​းလ်ာ
အခန္​း(၄၄) ငါးဟက္​သလား?အစာခ်​ေကြၽးသလား?
အခန္​း(၄၅) ဝမ္​​ေဟာင္​ႏွင္​့ထပ္​မံ​ေတြ႔ဆံုျခင္​း
အခန္​း(၄၆) ရည္​းစားလုဖက္​ဆီကျပန္​​ေတာင္​းတဲ့လက္​​ေဆာင္​
အခန္​း(၄၇) ငါသစၥာ႐ွိတဲ့​ေခြးမ်ိဴးကိုပဲသ​ေဘာက်တယ္​
အခန္​း(၄၈) ဦး​ေလးက​ေရခဲဂူႀကီးဆို ကြၽန္​​ေတာ္​ကမီးဖို
အခန္​း(၄၉) စတင္​ထြက္​ခြာ
အခန္​း(၅၀) ယူကရိန္​းသို႔
အခန္​း (၅၁) ျကိဳဆိုပါတယ္​
အခန္​း(၅၂) ဂိမ္​းအ​ေသးစား
အခန္​း(၅၃) ပထမဦးဆံုးအႀကိမ္​ လူသတ္​ျခင္​း
အခန္​း(၅၄) ​ေျဖ​ေဆးမ႐ွိတဲ့အဆိပ္​ /ဦး​ေလး ကြၽန္​​ေတာ္​့ကိုထားမသြားပါနဲ႔။
အခန္​း(၅၅) အိုင္​ဗန္​၏ masterpieces လက္​ရာ
အခန္​း(၅၆) အတုအ​ေယာင္​
အခန္​း (၅၇) တစ္​ဖက္​သတ္​
အခန္​း(၅၈) လန္​ၾကဳတ္​​ေရစက္​
အခန္​း(၅၉) Ivanov's confession | Chen an's Game
အခန္​း(၆၀) ​ေျမ​ေခြးနဲ႔ဝက္​ဝံတို႔ခ်ိန္​း​ေတြ႔ျခင္​း
အခန္​း(၆၁) အ​ေျဖမွန္​
အခန္​း(၆၂) Alert
အခန္​း(၆၃) အထီးက်န္​ည
အခန္​း(၆၄) ဘုရားလည္​းဖူးလိပ္​ဥလည္​းတူး
အခန္​း(၆၅) အ​ေရးနိမ္​့ဝက္​ဝံ
အခန္​း(၆၆) သံသယမ်ိဴး​ေစ့
အခန္​း (၆၇) သူ႔အပိုင္​
အခန္​း (၆၈) ကာစီႏို
အခန္​း (၆၉) ​ေလာင္​းကစားသမား ၏ စကားစီးခ်င္​း
အခန္​း (၇၀) အတိတ္​၌ဖက္​တြယ္​ျခင္​း(သို႔)မင္​းအပိုင္​
အခန္​း(၇၁) က်ိဴးသြား​ေသာမ်က္​မွန္​တစ္​လက္​
အခန္​း(၇၂) ျမဴဆိုင္​း​ေန​ေသာျမင္​ကြင္​းမ်ား
အခန္​း(၇၃) ပစ္​မွတ္​ကို႐ွာ​ေတြ႔ျခင္​း
အခန္​း(၇၄) လႊတ္​ထြက္​သြား​ေသာစိတ္​ဝိညာဥ္​
အခန္​း(၇၅) ကိုယ္​့အက်ိဴးကိုယ္​ကိုးသူလ်ွိဴ
အခန္​း(၇၆) ဗ်ဴဟာခင္​းျခင္​း
အခန္​း(၇၇) ​ေရကန္​ထဲကလူယုတ္​မာ
အခန္​း(၇၈) လူသတ္​သမား
အခန္​း(၇၉) မင္​းငါ့ကိုသတ္​မွာလား
အခန္​း(၈၀) ဟုတ္​တယ္​မလား?
အခန္​း(၈၁) လက္​စြပ္​ဗူးထဲကဘီလီယံ​ေဒၚလာ
အခန္​း(၈၂) ႐ုိမန္​ ့တစ္​ ညစာ
အခန္​း(၈၃) ဖ​ေယာင္​းမီး​ေရာင္​​ေအာက္​က
အခန္​း(၈၄) ရင္​တြင္​းစကား
အခန္​း(၈၅) အက်ိဴးအျမတ္​
အခန္​း(၈၆) ယံုၾကည္​မႈ
အခန္​း(၈၇) ​ေလထန္​ည 《 End of book - I》
Beginning of book II : အခန္​း (၈၈) ကြၽန္​း
အခန္​း(၈၉) ဝိုင္​
အခန္​း(၉၀) အစ္​ကို႔ကိုထားမသြားပါနဲ႔
အခန္​း(၉၁) ကိုယ္​့နံမည္​ကို​ေခၚပါ
အခန္​း(၉၂) အခ်စ္​ည၏မနက္​
အခန္​း(၉၃) ill
အခန္​း(၉၄) ​ေျမ​ေခြးအို
အခန္​း (၉၅) ခင္​မ်ားကခ်န္​က်န္​းအန္​း
အခန္​း(၉၆) ​ေဘာ့စ္​ ႐ွင္​ဖ်ား​ေနၿပီ
အခန္​း(၉၇) မဟာမိတ္​
အခန္​း(၉၈) ပင္​လယ္​ကိုပ်ားရည္​ဆမ္​းတဲ့ခရီးလမ္​း
အခန္​း(၉၉) ရြက္​လြင္​့
အခန္​း (၁၀၀) လိႈင္​းထန္​
အခန္​း(၁၀၁) ခ်စ္​တယ္​
အခန္​း (၁၀၂) အ႐ူးတစ္​​ေယာက္​ႏွင္​့
အခန္​း (၁၀၃) ငါးဟင္​းတစ္​ခြက္​
အခန္​း (၁၀၄) စည္​းစိမ္​မဲ့
အခန္​း(၁၀၅) လူသူမဲ့ကြၽန္​း​ေပၚ
အခန္​း (၁၀၆) တစ္​​ေယာက္​ထဲထားမသြားနဲ႔
အခန္​း(၁၀၇) မင္​းရဲ႕နာက်င္​မႈ
အခန္​း(၁၀၈) ​ေကာင္​း​ေကာင္​းဆိုးဆိုးအတူတူမ်ွ​ေဝ
အခန္​(၁၀၉) ျပန္​​ေပးဆြဲခံရျခင္​း
အခန္​း(၁၁၀) အဆက္​​ေဟာင္​း
အခန္​း(၁၁၁) ဘယ္​သူ႔အတြက္​လဲ
အခန္​း(၁၁၂) ​ေႂကြသုဥ္​းသြား​ေသာေမ်ွာ္​လင္​့ခ်က္​
အခန္​း(၁၁၃) အခ်စ္​၏ညႇင္​းဆဲမႈ
အခန္​း(၁၁၄) ဖြင္​့ဟျခင္​း
အခန္​း(၁၁၅) ဥ​ေပကၡာ
အခန္​း(၁၁၆) ပ်ိဴးျခင္​း
အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)
အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ
အခန်း (၁၁၉) သူလျှိူရှာခြင်း
အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား
အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့
အခန်း (၁၂၂) ပုခတ်သူခိုး
အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။
အခန်း(၁၂၄) မနာလိုသည့်ခံစားချက်
အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်
အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ
အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ
အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ
အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်
အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ
အခန်း (၁၃၄) ဘိုင့်ဘိုင်
အခန်း (၁၃၅) ဧကရာဇ်ဆိုး
အခန်း (၁၃၆) သက်သေပြမယ်
အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်
အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း
အခန်း (၁၃၉) နန်းမြို့တော်သို့
အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း
အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ
အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း
အခန်း (၁၄၄) သာမန်လူနေမှုဘဝ
အခန်း (၁၄၅) DNA စစ်ဆေးချက်
အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး
အခန်း (၁၄၇) အချစ်ရူး
အခန်း (၁၄၈) ဦးလောဘ
အခန်း (၁၄၉) ဆရာလုပ်မယ်
အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်
အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့
အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ
အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း
အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း
အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း
အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ
အခန်း (၁၅၉) ဘောလုံးကစားတတ်လား
အခန်း (၁၆၀) အံ့ဖွယ်အသင်း
အခန်း (၁၆၁) ဖြိုချပစ်လိုက်
အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ
အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
အခန်း (၁၆၄) အာဖရိကကို လယ်စိုက်ဖို့သွားမယ်
အခန်း (၁၆၅) စီးပွားသစ်စပြီ

အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား

1K 152 0
By ELMILLION

အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား

ချန်အန်းမှန်းထားသလိုပဲ အဖွဲ့ရဲ့နာမည်ကိုသန့်ရှင်းအောင်လုပ်ဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်။ဒါပေမဲ့သူတို့ရဲ့ပြောင်းလဲမှုမှာစိတ်ဓာတ်မယိုင်ဘဲ မျှော်မှန်းထားတဲ့ပန်းတိုင်ကိုတန်းတန်းမတ်မတ်သွားမယ်ဆို အနှေးနဲ့အမြန်အောင်မြင်မှာတော့သေချာပါတယ်။

Red Fox လိုသစ္စာရှိနောက်လိုက်ရဲ့အကူအညီနဲ့လုဖုန်းရဲ့အဖွဲ့ကိုအသစ်ပြုပြင်ခြင်းလုပ်ငန်းစဥ်ဟာအတားအဆီးမရှိပါဘဲ အောင်မြင်သွားခဲ့သည်။ သို့​ပေ မဲ့ မြေခွေးကြီးတည်ထောင်ခဲ့တဲ့အင်ပါယာကြီးကိုလုဖုန်းဖျက်ဆီးပစ်တာဆိုသော စွတ်စွဲချက်ကိုလက်ခံလိုက်ရသည်။

ဒါကြောင့်လည်းကြိုတင်ပြင်ဆင်တဲ့အနေနဲ့ချန်အန်းကသူ့မှန်းဆချက်အတိုင်းဖြစ်လာမယ့်အရာတွေကို သေတမ်းစာရေးပေးလိုက်တယ်လေ။ စာထဲမှာသူသေသွားရင်လုဖုန်းကိုညီနောင်များအဖွဲ့ကိုတာဝန်ယူပြီး လက်နက်လောကကထွက်ခွာဖို့ညွှန်ကြားထားလိုက်သည်။ ဒီသေတမ်းစာကြောင့်လုဖုန်းလုပ်ရပ်က လူကျင့်ဝတ်သိက္ခာနဲ့သွေဖီခြင်းမရှိအဆင်ချောသွားခြင်းဖြစ်သည်။ မော်ဒန်လောကမှာလည်းတစ်ခုခုလုပ်တော့မယ်ဆို ကျင့်ဝတ်သိက္ခာနောက်ခံလေးရှိမှလေ။

လအနည်းငယ်ကြာတော့ အရာအားလုံးကဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာပြီး အခုလုဖုန်းပင်ရှိနေစရာမလိုအပ်တော့ပေ။

ဘာပဲပြောပြောဒီလတွေ ကလုဖုန်းကိုနှိပ်စက်နေခဲ့တာကအမှန်တရားပဲ။ အဖွဲ့နဲ့ပတ်သက်ပြီးအလုပ်တွေရှုပ်နေခဲ့သလိုသူ့စိတ်ကလည်းလူတစ်ယောက်ဆီရောက်ရောက်နေခဲ့တယ်လေ။ဒါပေမဲ့ချန်အန်းကိုစိတ်မပူစေချင်တာကြောင့် သူအချိန်ရတဲ့အခါတိုင်းသူဘယ်လောက်လွမ်းနေကြောင်းပဲစာပို့ဖြစ်တယ်။
သူ့စိတ်ထဲမှာတော့အလုပ်စကတည်းကသုံးလအတွင်းချန်အန်းနားအရောက်ပြန်မယ်လို့အစီစဥ်ချထားတာပဲ။ သူဒီထက်ပိုပြီးမခံစားနိုင်တော့ဘူး။ ဒါပေမဲ့သူမပြန်ရသေးခင်မှာဘဲချန်အန်းဆီကစိတ်ဝင်စားစရာကောင်းတဲ့ message တစ်ခုရောက်လာခဲ့တယ်လေ။

နေကာမျက်မှန်၊ ပြန့်နေအောင်မီးပူထိုးထားတဲ့အနောက်တိုင်းဝတ်စုံအပြည့်နဲ့အေးစက်တဲ့အရှိန်အဝါက ကားပေါ်ကခြေထောက်ချကတည်းကလျှံထွက်နေပြီး နံဘေးကသက်တော်စောင့်နှစ်ယောက်ပါပါနေတော့ တက္ကသိုလ်ဝန်းထဲလုဖုန်းခြေချလိုက်တာနဲ့လူတိုင်းမျက်လုံးတွေကသူ့ဆီရောက်ကုန်ကြသည်။

ဒီလူကရုပ်ချောပြီးထူးဆန်းလိုက်တာဆိုတဲ့အတွေးနဲ့ကျောင်းသားကျောင်းသူတွေအကုန်တီးတိုးပြောကုန်ကြသည်။ ရုပ်ရှင်ပဲလာရိုက်နေသလား ဒီလောက်မိမိုက်နေတာတဲ့ဟာကို ဒီမင်းသားကိုမြင်လည်းမမြင်ပါဘူးဆိုပြီးတော့ပေါ့။

လုဖုန်းသူ့ဖုန်းထဲကလိပ်စာအတိုင်းလျှောက်လာခဲ့တာ အခုဆိုချန်အန်းပြောတဲ့Gymကိုရောက်လာပြီလေ။ လုဖုန်းကသက်တော်စောင့်နှစ်ယောက်ကိုအပြင်မှာနေခဲ့ခိုင်းလိုက်ပြီးအထဲဝင်သွားလိုက်သည်။

ထွားထွားကြိုင်းကြိုင်းသက်တော်စောင့်နှစ်ယောက်ရဲ့တံခါးတစ်ဖက်တစ်ချက်မှာနေရာယူမှုကဖြတ်သွားတဲ့ကျောင်းသားကျောင်းသူတွေကို လန့်ဖျားသွားနိုင်စေသလိုပဲ။

လုဖုန်း gymထဲဝင်လာတဲ့ပိုစတာကြီးနှစ်ခုကိုတန်းသတိထားမိလိုက်သည်။တစ်ခုက CK ရဲ့ အမျိူးသားမော်ဒယ်ဖြစ်ပြီး နောက်တစ်ခုက Victoria Secret ရဲ့ မော်ဒယ်များ ဖြစ်သည်။

သူချန်အန်းမျက်နှာကိုမမြင်ရသေးသော်လည်းအသံကတော့အရင်ကြားနေသည်။

'' ကောင်မလေးတွေ မင်းတို့အဲ့ဒီမော်ဒယ်တွေကိုကြည့်လိုက်စမ်းဘယ်လိုခံစားရလဲ။ ငါတို့မျက်နှာကငါတို့မိဘပေးတာမို့ရွေးချယ်ခွင့်မရှိပေမဲ့ ငါတို့ခန္ဓာကိုယ်အချိူးအစားကတော့ငါတို့ဆုံးဖြတ်ရမှာမဟုတ်ဘူးလား။''

ချန်အန်းအသံကိုကြားသည်နှင့်လုဖုန်းပြုံးလိုက်မိသည်။ထိုနောက်ချန်အန်းရှိရာGymခန်းအလယ်ကိုလျှောက်သွားလိုက်သည်။

ချန်အန်းကအရောင်ဖျော့ဖျော့ တီရှပ်နှင့် အားကစားဘောင်းဘီကိုဝတ်ဆင်ထားသည်။ သက်တောင့်သက်သာနဲ့ Spinning ပေါ်မှာထိုင်နေပုံကအလွန်ဆွဲဆောင်မှုရှိနေ၏။ ပြောနေတဲ့စကားတွေနည်းနည်းထူးဆန်းနေပေမဲ့လို့ပေါ့။

'' အမျိူးသမီးတစ်ယောက်ရဲ့အလှဆုံးအချိန်ကမင်းတို့အရွယ်ကစရင် ဆယ်နှစ်ဝန်းကျင်ပဲ။မင်းတို့ကိုယ့်ခန္ဓာကိုယ်ကိုမထိန်းထားရင်စျေးဝယ်ထွက်တဲ့အခါဘယ်လိုဖြစ်မလဲတွေးကြည့်။ စျေးရောင်းတဲ့ဝန်ထမ်းတွေက 'အားနာပါတယ်မိန်းကလေး ဒီအင်္ကျီနဲ့တော်မယ်မထင်ဘူး' ပြောရင်ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ။''

ကျောင်းသားတွေကရယ်ကုန်သလိုလုဖုန်းနဲ့ပြုံးလိုက်မိသည်။ သူချန်အန်းသက်တောင့်သက်သာဖြစ်နေတာကိုမမြင်ရတာအတော်လေးကိုကြာခဲ့ပြီ။ အခုလိုမြင်ရတော့နွေးထွေးမှုကနှလုံးအိမ်တစ်ခုလုံးထဲပြန့်နှံ့သွားသလိုပဲ။

'' ဘာရယ်ရလို့လဲ။မင်းတို့ကောင်တွေရောပဲ။ မင်းတို့အားလုံးပိန်လိုက်တာမှ ပဲညှောင့်လိုပဲ။ မိန်းကလေးတွေမျက်လုံးထဲတောင်မဝင်ဘူး။အခုခေတ်ကောင်မလေးတွေidolပဲကြိုက်ကြတော့တာလဲမပြောနဲ့လေ။ သူတို့idolတွေကအရမ်းမိုက်ကြတာကိုး။မင်းတို့အခုလမ်းပေါ်ထွက်ရင်ဘယ်မိန်းကလေးမှနှစ်ခါပြန်မကြည့်ဘူး။''

ချန်အန်းကစကားပြောနေရင်း လုဖုန်းနဲ့အကြည့်ချင်းဆုံးသွားပြီး မျက်လုံးထဲကအပြုံးတွေပိုအသက်ဝင်လာသည်။

'' ကောင်မလေးတွေသေချာကြည့်ကြစမ်း။အဲ့ကောင်လေးကကြည့်ကောင်းလားမင်းတို့နံဘေးကပဲညှောင့်လေးတွေကကြည့်ကောင်းလား။''

ကျောင်းသားကျောင်းသူတွေကလုဖုန်းဝင်လာတုန်းကသတိမထားမိတာကြောင့်ချန်အန်းပြောလို့ကြည့်လိုက်တော့မှာပဲ ပါးစပ်အုပ်ပြီးအော်မိကုန်ကြသည်။

''ဝါး....ချောလိုက်တာ!''

'' ချောတယ် ဆို ဘယ်တစ်ယောက်လဲ'' ချန်အန်းကအပြုံးစစနဲ့မေးလိုက်သည်။

'' သူပေါ့'' မိန်းကလေးတွေအားလုံးကမဆိုင်းမတွလုဖုန်းကိုလက်ညှိုးထိုးပြတော့ ကောင်လေးတွေကတော့သိပ်မကျေနပ်ဘူးပေဒါပေမဲ့ရွေးချင်စရာလုဖုန်းကိုကြည့်ပြီးဘာမှမပြောနိုင်ဘဲခေါင်းငုံ့ပြီးကိုယ့်နှာခေါင်းကိုယ်သာအရှက်ပြေပွတ်နေကြရသည်။

''သူ့မျက်နှာကဆွဲဆောင်မှုရှိတာမှန်ပါတယ်။ခန္ဓာကိုယ်ကရောဘယ်လိုများပါလိမ့်''

ချန်အန်းကစွေ့ခနဲ Spinning wheel ပေါ်ကဆင်းလာပြီးလူအုပ်ကြားထဲကလုဖုန်းဆီတဖြည်းဖြည်းလျှောက်လာသည်။ အားလုံးရှေ့မှာပဲချန်အန်းကလုဖုန်းရဲ့ရင်ဘတ်ကျယ်ကြီးကိုကိုင်လျက်ပုတ်ပြလိုက်သည်။

'' အဝတ်အစားနဲ့ဆိုကျစ်လစ်နေပြီးအဝတ်အစားချွတ်ထားရင်တောင့်တင်းနေမှာပဲ။ ကောင်လေးတွေဒါမင်းတို့ရည်မှန်းချက်ထားရမယ့်ခန္ဓာကိုယ်မျိူးပဲ။''

ချန်အန်းကပြောနေရင်းနဲ့ပဲ မျက်တောင်မခတ်တဲ့မိန်းကလေးတစ်စုရဲ့ကျီးကန်းမျက်လုံးရှေ့မှာလုဖုန်းကုတ်အင်္ကျီ  ကြယ်သီးကိုတစ်လုံးချင်းဖြုတ်လိုက်သည်။ ဖြူဖွေးတောက်ပြောင်သည့်ရှပ်အင်္ကျီ အဖြူတစ်ထပ်ကလုဖုန်းအသားပေါ်ကာထားသေးသော်လည်းထိုရှပ်အဖြူအောက်မှာဘယ်လိုဘယ်ပုံခန္ဓာကိုယ်များရှိနေမလည်းစိတ်ကူးယဥ်ရင်းရူးနိုင်လောက်တာတော့ငြင်းမရပေ။

''ထပ်ကြည့်ချင်ကြသေးလား''

''ဟုတ်ကဲ့!!"

အားမာန်အပြည့်နဲ့ကျောင်းသူတွေရဲ့ဖြေသံကGymခန်းကိုဟိန်းထွက်သွားသည်။

'' ဘယ်ရမလဲ''

ချန်အန်းရဲ့အဖြေမှာတော့တစ်ဆက်တည်းရယ်သံတွေညံကုန်သည်။

ချန်အန်းကလုဖုန်းရဲ့ကုတ်အင်္ကျီ ကြယ်သီးကိုပြန်တပ်ပေးရင်း ကျောင်းသားတွေအလစ်မှာလုဖုန်းနောက်ကျောကိုခပ်ဖွဖွထိလျက်တိုးတိုးကပ်ပြောလိုက်သည်။

''ဒီမယ်ကောင်လေး ကျောင်းတက်တာဝတ်စုံအပြည့်နဲ့လား။ မင်းငါ့ထက်ကြည့်ကောင်းနေတယ် ငါသိပ်သဘောမကျဘူး။''

'' ခင်များကိုနမ်းချင်တယ်'' လုဖုန်းမျက်လုံးတွေကလည်းချန်အန်းမျက်လုံးတွေကိုထိုးဖောက်မတတ်။ ဖြစ်တည်မှုအားလုံးတောင်းတရပါတဲ့အမျိူးသားကသူ့ရှေ့မှာရှိနေပြီလေ။ ကျောင်းသူကျောင်းသားတွေသာအနားမှာရှိမနေရင် ရင်ထဲအပြည့်သိုင်းဖက်ထားလိုက်မိပါပဲ။

'' ဒါလေးပဲလုပ်ချင်တာလား'' ချန်အန်းကလည်းမီးစာကိုဆီထည့်သည်။ ကျောပြင်ကိုခပ်ဖွဖွပုတ်ပြီးချန်အန်းကလုဖုန်းကိုကျောင်းသူကျောင်းသားတွေနဲ့မိတ်ဆက်ပေးလိုက်သည်။

'' အားလုံးပဲ သူကလုဖုန်းလို့ခေါ်တယ်။မင်းတို့ရဲ့အတန်းဖော်အသစ်ပဲ''

''Wooooow''

မိန်းကလေးများကတော့အပျော်လုံးဆို့သွားကြသည်။သူများ ဘတ်စကတ်ဘောအဖွဲ့မှာ အဆင်လေးတွေရှိတယ်လို့နာမည်ကြီးနေတာကနေအခုသူတို့အတန်းမှာလည်းအဆင်လေးတွေတိုးလာပြီလေ။ ဆွဲဆောင်မှုရှိပြီးစိတ်ဝင်စားစရာကောင်းတဲ့စရိုက်နဲ့ဆရာ၊ ရုပ်ချောသလိုဖော်ဖော်ရွေရွေရှိပြီးသွက်လက်တဲ့ချန်အန်း နဲ့အခုအေးစက်စက်အရှိန်အဝါနဲ့နောက်တစ်ယောက်။ သူတို့သာဆို ဘတ်စကတ်ဘောအသင်းကိုအနိုင်ပိုင်းလို့ရတယ် မဟုတ်သေးဘူး တက္ကသိုလ်တစ်ခုလုံးကအကောင်တွေကိုအနိုင်ပိုင်းလို့ရပြီ။

တစ်ဖက်ကယောက်ျားလေးတွေကတော့ပြင်းထန်တဲ့ဖိအားကိုပိုမိုခံစားနေကြရသည်။ချန်ယန်းတစ်ယောက်နဲ့တင်သူတို့ကအမှိုက်ဖြစ်နေပြီ နောက်တစ်ယောက်ထပ်လာဦးမှာဆိုတော့မဖြစ်မနေလေ့ကျင့်ခန်းလုပ်ရတော့မှာပဲ။

'' မင်းတို့လုဖုန်းလို Mr.Right မျိူးရချင်ရင် ဒါမှမဟုတ် သူ့လိုပေါ်ပြူလာဖြစ်ချင်ရင် လေးနေတဲ့မင်းတို့ဖင်တွေကိုအခုချက်ချင်းမပြီး work outစလုပ်တော့!"

ချန်အန်းက ကလေးတွေကိုသင်ခန်းစာပေးပြီး လုဖုန်းကိုသူ့ရဲ့သီးသန့်အဝတ်လဲခန်းရှိရာခေါ်သွားလိုက်သည်။

အခန်းတံခါးကိုလော့ချပြီးနောက် လုဖုန်းကိုလက်ချောင်းတွေနဲ့လက်ယပ်ပြီးခေါ်လိုက်သည်။ထိုအခါမှအစောကဘာမှမဆိုင်သလိုရပ်နေတဲ့လုဖုန်းက တစ်ရေးနိုးလာသလို ချန်အန်းကိုသိုင်းဖက်ပြီး လည်ပင်းကိုတိုးဝှေ့ကာဆံပင်တွေကိုနမ်းရှိုက်လိုက်သည်။ချန်အန်း၏အငွေ့အသက်ကသူ့ကိုအိမ်ပြန်ရောက်သွားစေသလိုပင်။

''လွမ်းနေတာလား'' ချန်အန်းကလုဖုန်း၏ဆံပင်ကိုခပ်ဖွဖွပွတ်သပ်ရင်းမေးလိုက်သည်။

''ဟုတ်တယ်''

''ငါတို့မှာအတန်းမပြီးခင်အထိနာရီဝက်အချိန်ရသေးတယ်''

''အင်း..''

ချန်အန်းကရည်ရွယ်ချက်ရှိရှိထပ်ပြောလိုက်သည်။
''လုဖုန်း.. ဒီအခန်းကအသံလုံတယ်။''

..

..

လုဖုန်းရောက်လာချိန်မှာ ချန်ယန်းနဲ့အရပ်ရှည်ရှည်ကောင်လေးကတော့မရှိပေ။ချန်အန်းက gym ထဲသင်တန်းပေးနေချိန်မှာသူတို့ကဘတ်စကတ်ဘောကွင်းထဲလေ့ကျင့်ရေးဆင်းနေကြသည်။ ချန်ယန်းအပြင် ဝမ်လီနဲ့စာကြမ်းပိုးလေးပါအဲ့မှာရှိနေကြသည်။
စာကြမ်းပိုးလေးက အားကစားဘက်မှာအားမသန်ပေမဲ့ သင်္ချာတော်တာကြောင့်အတွက်အချက်ကတော့အားကိုးရသည်။
ဝမ်လီက ချန်ယန်းရဲ့အရပ်ရှည်ရှည်ကောင်လေးရဲ့အချက်အလက်တွေကိုစုဆောင်းပြီး စာကြမ်းပိုးလေးဆီပို့ပေးရသည်။ ထိုအခါမှ စာကြမ်းပိုးလေးကတွက်ချက်ပြီး ကစားတဲ့နေရာမှာဘယ်လိုနည်းလမ်းတွေသုံးကြမယ်ဆိုတာအဖြေထုတ်ကြသည်။ ဒါကြောင့်ချန်အန်းက လူတွေရဲ့အားသာချက်ကိုမြင်အောင်ကြည့်တတ်ပြီးအဲ့ဒီလူနဲ့ကိုက်ညီမယ့်အလုပ်ကိုနေရာချပေးတတ်တာမို့ ဆရာကောင်းတစ်ယောက်လို့တော့ဆိုရမည်။

''ဆရာချန်မလာသေးဘူးလား။အတန်းပဲဆင်တော့မှာကို'' အရပ်ရှည်ရှည်ကောင်လေးကဟောဟဲလှိုက်နေရင်းရေတစ်ဗူးကိုမော့ချကာခဏနားဖို့ထိုင်လိုက်သည်။

''ဟိုမှာလေသူ..'' ဝမ်လီဆက်ပြောမယ့်စကားပင်ရပ်သွားသည်။ သူ့နောက်ကဘယ်လိုဖြစ်လို့နောက်တစ်ယောက်ပါလာတာလဲ။

''ငါတို့အသင်းရဲ့လေးယောက်မြောက်ကစားသမားကိုကြိုဆိုလိုက်ရအောင်'' ချန်အန်းကကျေနပ်နေသည့်မျက်နှာပေးနှင့်ပေါ့ပါးစွာပင် ပြောရင်းကစားကွင်းထဲဝင်လာသည်။ သူ့လည်ပင်းမှာတော့အစောက ရင်ခုန်ခြင်းမိနစ်သက်သေတွေအတိုင်းသားမြင်နေရသည်။

အားကစားဝတ်စုံကိုလဲဝတ်ထားတဲ့လုဖုန်းက ကစားကွင်းကိုပတ်ကြည့်ပြီး သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည့်ချန်ယန်းဆီကအကြည့်ရပ်သွားသည်။အတိအကျပြောရရင် သူ့ဝတ်ထားသည်ချန်အန်းအဝတ်အစားများကိုကြည့်နေသည့်ချန်ယန်းဟုပြောရင်ပိုမှန်မည်။

''အိုး! ကြိုဆိုပါတယ် ကြိုဆိုပါတယ် !" ဝမ်လီကလေထုထဲကသက်တောင့်သက်သာမဖြစ်မှုတွေကို လက်ခုပ်တီးပြီးဖြိုခွဲဖို့ကြိုးစားလိုက်သည်။ ငါတို့ကတစ်ဖွဲ့တည်းတွေလေ ဘာလို့လုဖုန်းနဲ့ချန်ယန်းကပြိုင်ဖက်ကြီးတွေလိုလုပ်နေကြတာလဲ။

ချန်အန်းက ဘတ်စကတ်ဘောကွင်းထဲကထိုင်ခုံမှာထိုင်ချပြီးဝမ်လီကိုလှမ်းခေါ်လိုက်သည်။
''လာပါဦး ငါ့ကိုတစ်ချက်လောက်နှိပ်ပေးစမ်းပါ။ ငါအစောကခါးနာသွားတယ်ထင်တယ်။''

''အန်ကယ်ချန်.. ချန်ယန်းနဲ့လုဖုန်းကအဆင်ပြေကြရဲ့လား။သူတို့တစ်ယောက်နဲ့တစ်ယောက်ဆွဲထိုးကြမှာတော့မဟုတ်ဘူးလား။''

ဝမ်လီအမေးကိုနားထောင်ရင်ချန်အန်းမျက်လုံးထဲ ညစ်ကျယ်ကျယ်အတွေးလေးဝင်လာသည်။ သူဂုဏ်ယူရတဲ့တပည့်လေးနှစ်ယောက်ကိုကြည့်ရင်းအော်ပြောလိုက်သည်။
''လုဖုန်း ၊ ချန်ယန်း မင်းတို့နှစ်ယောက်ငါတို့ကိုတစ်ပွဲလောက်ဆော့ပြရင်ဘယ်နဲ့လဲ။''

ဝမ်လီကတော့ဆွံ့အသွားသည်။ အန်ကယ်ချန်ရေ ဒီလိုလုပ်တာအကြံကောင်းရောဟုတ်ရဲ့လား။

21092023

(zawgyi)

အခန္း ၁၅၆ - ေလးေယာက္ေျမာက္ကစားသမား

ခ်န္အန္းမွန္းထားသလိုပဲ အဖြဲ႕ရဲ႕နာမည္ကိုသန့္ရွင္းေအာင္လုပ္ဖို႔ကလြယ္တဲ့ကိစၥေတာ့မဟုတ္။ဒါေပမဲ့သူတို႔ရဲ႕ေျပာင္းလဲမႈမွာစိတ္ဓာတ္မယိုင္ဘဲ ေမွ်ာ္မွန္းထားတဲ့ပန္းတိုင္ကိုတန္းတန္းမတ္မတ္သြားမယ္ဆို အႏွေးနဲ႕အျမန္ေအာင္ျမင္မွာေတာ့ေသခ်ာပါတယ္။

Red Fox လိုသစၥာရွိေနာက္လိုက္ရဲ႕အကူအညီနဲ႕လုဖုန္းရဲ႕အဖြဲ႕ကိုအသစ္ျပဳျပင္ျခင္းလုပ္ငန္းစဥ္ဟာအတားအဆီးမရွိပါဘဲ ေအာင္ျမင္သြားခဲ့သည္။ သို႔ေပ မဲ့ ေျမေခြးႀကီးတည္ေထာင္ခဲ့တဲ့အင္ပါယာႀကီးကိုလုဖုန္းဖ်က္ဆီးပစ္တာဆိုေသာ စြတ္စြဲခ်က္ကိုလက္ခံလိုက္ရသည္။

ဒါေၾကာင့္လည္းႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႕ခ်န္အန္းကသူ႕မွန္းဆခ်က္အတိုင္းျဖစ္လာမယ့္အရာေတြကို ေသတမ္းစာေရးေပးလိုက္တယ္ေလ။ စာထဲမွာသူေသသြားရင္လုဖုန္းကိုညီေနာင္မ်ားအဖြဲ႕ကိုတာဝန္ယူၿပီး လက္နက္ေလာကကထြက္ခြာဖို႔ၫႊန္ၾကားထားလိုက္သည္။ ဒီေသတမ္းစာေၾကာင့္လုဖုန္းလုပ္ရပ္က လူက်င့္ဝတ္သိကၡာနဲ႕ေသြဖီျခင္းမရွိအဆင္ေခ်ာသြားျခင္းျဖစ္သည္။ ေမာ္ဒန္ေလာကမွာလည္းတစ္ခုခုလုပ္ေတာ့မယ္ဆို က်င့္ဝတ္သိကၡာေနာက္ခံေလးရွိမွေလ။

လအနည္းငယ္ၾကာေတာ့ အရာအားလုံးကျဖည္းျဖည္းခ်င္း႐ုပ္လုံးေပၚလာၿပီး အခုလုဖုန္းပင္ရွိေနစရာမလိုအပ္ေတာ့ေပ။

ဘာပဲေျပာေျပာဒီလေတြ ကလုဖုန္းကိုႏွိပ္စက္ေနခဲ့တာကအမွန္တရားပဲ။ အဖြဲ႕နဲ႕ပတ္သက္ၿပီးအလုပ္ေတြရႈပ္ေနခဲ့သလိုသူ႕စိတ္ကလည္းလူတစ္ေယာက္ဆီေရာက္ေရာက္ေနခဲ့တယ္ေလ။ဒါေပမဲ့ခ်န္အန္းကိုစိတ္မပူေစခ်င္တာေၾကာင့္ သူအခ်ိန္ရတဲ့အခါတိုင္းသူဘယ္ေလာက္လြမ္းေနေၾကာင္းပဲစာပို႔ျဖစ္တယ္။
သူ႕စိတ္ထဲမွာေတာ့အလုပ္စကတည္းကသုံးလအတြင္းခ်န္အန္းနားအေရာက္ျပန္မယ္လို႔အစီစဥ္ခ်ထားတာပဲ။ သူဒီထက္ပိုၿပီးမခံစားနိုင္ေတာ့ဘူး။ ဒါေပမဲ့သူမျပန္ရေသးခင္မွာဘဲခ်န္အန္းဆီကစိတ္ဝင္စားစရာေကာင္းတဲ့ message တစ္ခုေရာက္လာခဲ့တယ္ေလ။

ေနကာမ်က္မွန္၊ ျပန့္ေနေအာင္မီးပူထိုးထားတဲ့အေနာက္တိုင္းဝတ္စုံအျပည့္နဲ႕ေအးစက္တဲ့အရွိန္အဝါက ကားေပၚကေျခေထာက္ခ်ကတည္းကလွ်ံထြက္ေနၿပီး နံေဘးကသက္ေတာ္ေစာင့္ႏွစ္ေယာက္ပါပါေနေတာ့ တကၠသိုလ္ဝန္းထဲလုဖုန္းေျခခ်လိဳက္တာနဲ႕လူတိုင္းမ်က္လုံးေတြကသူ႕ဆီေရာက္ကုန္ၾကသည္။

ဒီလူက႐ုပ္ေခ်ာၿပီးထူးဆန္းလိုက္တာဆိုတဲ့အေတြးနဲ႕ေက်ာင္းသားေက်ာင္းသူေတြအကုန္တီးတိုးေျပာကုန္ၾကသည္။ ႐ုပ္ရွင္ပဲလာရိုက္ေနသလား ဒီေလာက္မိမိုက္ေနတာတဲ့ဟာကို ဒီမင္းသားကိုျမင္လည္းမျမင္ပါဘူးဆိုၿပီးေတာ့ေပါ့။

လုဖုန္းသူ႕ဖုန္းထဲကလိပ္စာအတိုင္းေလွ်ာက္လာခဲ့တာ အခုဆိုခ်န္အန္းေျပာတဲ့Gymကိုေရာက္လာၿပီေလ။ လုဖုန္းကသက္ေတာ္ေစာင့္ႏွစ္ေယာက္ကိုအျပင္မွာေနခဲ့ခိုင္းလိုက္ၿပီးအထဲဝင္သြားလိုက္သည္။

ထြားထြားႀကိဳင္းႀကိဳင္းသက္ေတာ္ေစာင့္ႏွစ္ေယာက္ရဲ႕တံခါးတစ္ဖက္တစ္ခ်က္မွာေနရာယူမႈကျဖတ္သြားတဲ့ေက်ာင္းသားေက်ာင္းသူေတြကို လန့္ဖ်ားသြားနိုင္ေစသလိုပဲ။

လုဖုန္း gymထဲဝင္လာတဲ့ပိုစတာႀကီးႏွစ္ခုကိုတန္းသတိထားမိလိုက္သည္။တစ္ခုက CK ရဲ႕ အမ်ိဴးသားေမာ္ဒယ္ျဖစ္ၿပီး ေနာက္တစ္ခုက Victoria Secret ရဲ႕ ေမာ္ဒယ္မ်ား ျဖစ္သည္။

သူခ်န္အန္းမ်က္ႏွာကိုမျမင္ရေသးေသာ္လည္းအသံကေတာ့အရင္ၾကားေနသည္။

'' ေကာင္မေလးေတြ မင္းတို႔အဲ့ဒီေမာ္ဒယ္ေတြကိုၾကည့္လိုက္စမ္းဘယ္လိုခံစားရလဲ။ ငါတို႔မ်က္ႏွာကငါတို႔မိဘေပးတာမို႔ေ႐ြးခ်ယ္ခြင့္မရွိေပမဲ့ ငါတို႔ခႏၶာကိုယ္အခ်ိဴးအစားကေတာ့ငါတို႔ဆုံးျဖတ္ရမွာမဟုတ္ဘူးလား။''

ခ်န္အန္းအသံကိုၾကားသည္ႏွင့္လုဖုန္းၿပဳံးလိုက္မိသည္။ထိုေနာက္ခ်န္အန္းရွိရာGymခန္းအလယ္ကိုေလွ်ာက္သြားလိုက္သည္။

ခ်န္အန္းကအေရာင္ေဖ်ာ့ေဖ်ာ့ တီရွပ္ႏွင့္ အားကစားေဘာင္းဘီကိုဝတ္ဆင္ထားသည္။ သက္ေတာင့္သက္သာနဲ႕ Spinning ေပၚမွာထိုင္ေနပုံကအလြန္ဆြဲေဆာင္မႈရွိေန၏။ ေျပာေနတဲ့စကားေတြနည္းနည္းထူးဆန္းေနေပမဲ့လို႔ေပါ့။

'' အမ်ိဴးသမီးတစ္ေယာက္ရဲ႕အလွဆုံးအခ်ိန္ကမင္းတို႔အ႐ြယ္ကစရင္ ဆယ္ႏွစ္ဝန္းက်င္ပဲ။မင္းတို႔ကိုယ့္ခႏၶာကိုယ္ကိုမထိန္းထားရင္ေစ်းဝယ္ထြက္တဲ့အခါဘယ္လိုျဖစ္မလဲေတြးၾကည့္။ ေစ်းေရာင္းတဲ့ဝန္ထမ္းေတြက 'အားနာပါတယ္မိန္းကေလး ဒီအကၤ်ီနဲ႕ေတာ္မယ္မထင္ဘူး' ေျပာရင္ဘယ္ေလာက္ရွက္ဖို႔ေကာင္းလိုက္သလဲ။''

ေက်ာင္းသားေတြကရယ္ကုန္သလိုလုဖုန္းနဲ႕ၿပဳံးလိုက္မိသည္။ သူခ်န္အန္းသက္ေတာင့္သက္သာျဖစ္ေနတာကိုမျမင္ရတာအေတာ္ေလးကိုၾကာခဲ့ၿပီ။ အခုလိုျမင္ရေတာ့ႏြေးေထြးမႈကႏွလုံးအိမ္တစ္ခုလုံးထဲျပန့္ႏွံ႕သြားသလိုပဲ။

'' ဘာရယ္ရလို႔လဲ။မင္းတို႔ေကာင္ေတြေရာပဲ။ မင္းတို႔အားလုံးပိန္လိုက္တာမွ ပဲေညွာင့္လိုပဲ။ မိန္းကေလးေတြမ်က္လုံးထဲေတာင္မဝင္ဘူး။အခုေခတ္ေကာင္မေလးေတြidolပဲႀကိဳက္ၾကေတာ့တာလဲမေျပာနဲ႕ေလ။ သူတို႔idolေတြကအရမ္းမိုက္ၾကတာကိုး။မင္းတို႔အခုလမ္းေပၚထြက္ရင္ဘယ္မိန္းကေလးမွႏွစ္ခါျပန္မၾကည့္ဘူး။''

ခ်န္အန္းကစကားေျပာေနရင္း လုဖုန္းနဲ႕အၾကည့္ခ်င္းဆုံးသြားၿပီး မ်က္လုံးထဲကအၿပဳံးေတြပိုအသက္ဝင္လာသည္။

'' ေကာင္မေလးေတြေသခ်ာၾကည့္ၾကစမ္း။အဲ့ေကာင္ေလးကၾကည့္ေကာင္းလားမင္းတို႔နံေဘးကပဲေညွာင့္ေလးေတြကၾကည့္ေကာင္းလား။''

ေက်ာင္းသားေက်ာင္းသူေတြကလုဖုန္းဝင္လာတုန္းကသတိမထားမိတာေၾကာင့္ခ်န္အန္းေျပာလို႔ၾကည့္လိုက္ေတာ့မွာပဲ ပါးစပ္အုပ္ၿပီးေအာ္မိကုန္ၾကသည္။

''ဝါး....ေခ်ာလိုက္တာ!''

'' ေခ်ာတယ္ ဆို ဘယ္တစ္ေယာက္လဲ'' ခ်န္အန္းကအၿပဳံးစစနဲ႕ေမးလိုက္သည္။

'' သူေပါ့'' မိန္းကေလးေတြအားလုံးကမဆိုင္းမတြလုဖုန္းကိုလက္ညွိုးထိုးျပေတာ့ ေကာင္ေလးေတြကေတာ့သိပ္မေက်နပ္ဘူးေပဒါေပမဲ့ေ႐ြးခ်င္စရာလုဖုန္းကိုၾကည့္ၿပီးဘာမွမေျပာနိုင္ဘဲေခါင္းငုံ႕ၿပီးကိုယ့္ႏွာေခါင္းကိုယ္သာအရွက္ေျပပြတ္ေနၾကရသည္။

''သူ႕မ်က္ႏွာကဆြဲေဆာင္မႈရွိတာမွန္ပါတယ္။ခႏၶာကိုယ္ကေရာဘယ္လိုမ်ားပါလိမ့္''

ခ်န္အန္းကေစြ႕ခနဲ Spinning wheel ေပၚကဆင္းလာၿပီးလူအုပ္ၾကားထဲကလုဖုန္းဆီတျဖည္းျဖည္းေလွ်ာက္လာသည္။ အားလုံးေရွ႕မွာပဲခ်န္အန္းကလုဖုန္းရဲ႕ရင္ဘတ္က်ယ္ႀကီးကိုကိုင္လ်က္ပုတ္ျပလိုက္သည္။

'' အဝတ္အစားနဲ႕ဆိုက်စ္လစ္ေနၿပီးအဝတ္အစားခြၽတ္ထားရင္ေတာင့္တင္းေနမွာပဲ။ ေကာင္ေလးေတြဒါမင္းတို႔ရည္မွန္းခ်က္ထားရမယ့္ခႏၶာကိုယ္မ်ိဴးပဲ။''

ခ်န္အန္းကေျပာေနရင္းနဲ႕ပဲ မ်က္ေတာင္မခတ္တဲ့မိန္းကေလးတစ္စုရဲ႕က်ီးကန္းမ်က္လုံးေရွ႕မွာလုဖုန္းကုတ္အကၤ်ီ  ၾကယ္သီးကိုတစ္လုံးခ်င္းျဖဳတ္လိုက္သည္။ ျဖဴေဖြးေတာက္ေျပာင္သည့္ရွပ္အကၤ်ီ အျဖဴတစ္ထပ္ကလုဖုန္းအသားေပၚကာထားေသးေသာ္လည္းထိုရွပ္အျဖဴေအာက္မွာဘယ္လိုဘယ္ပုံခႏၶာကိုယ္မ်ားရွိေနမလည္းစိတ္ကူးယဥ္ရင္း႐ူးနိုင္ေလာက္တာေတာ့ျငင္းမရေပ။

''ထပ္ၾကည့္ခ်င္ၾကေသးလား''

''ဟုတ္ကဲ့!!"

အားမာန္အျပည့္နဲ႕ေက်ာင္းသူေတြရဲ႕ေျဖသံကGymခန္းကိုဟိန္းထြက္သြားသည္။

'' ဘယ္ရမလဲ''

ခ်န္အန္းရဲ႕အေျဖမွာေတာ့တစ္ဆက္တည္းရယ္သံေတြညံကုန္သည္။

ခ်န္အန္းကလုဖုန္းရဲ႕ကုတ္အကၤ်ီ ၾကယ္သီးကိုျပန္တပ္ေပးရင္း ေက်ာင္းသားေတြအလစ္မွာလုဖုန္းေနာက္ေက်ာကိုခပ္ဖြဖြထိလ်က္တိုးတိုးကပ္ေျပာလိုက္သည္။

''ဒီမယ္ေကာင္ေလး ေက်ာင္းတက္တာဝတ္စုံအျပည့္နဲ႕လား။ မင္းငါ့ထက္ၾကည့္ေကာင္းေနတယ္ ငါသိပ္သေဘာမက်ဘဴး။''

'' ခင္မ်ားကိုနမ္းခ်င္တယ္'' လုဖုန္းမ်က္လုံးေတြကလည္းခ်န္အန္းမ်က္လုံးေတြကိုထိုးေဖာက္မတတ္။ ျဖစ္တည္မႈအားလုံးေတာင္းတရပါတဲ့အမ်ိဴးသားကသူ႕ေရွ႕မွာရွိေနၿပီေလ။ ေက်ာင္းသူေက်ာင္းသားေတြသာအနားမွာရွိမေနရင္ ရင္ထဲအျပည့္သိုင္းဖက္ထားလိုက္မိပါပဲ။

'' ဒါေလးပဲလုပ္ခ်င္တာလား'' ခ်န္အန္းကလည္းမီးစာကိုဆီထည့္သည္။ ေက်ာျပင္ကိုခပ္ဖြဖြပုတ္ၿပီးခ်န္အန္းကလုဖုန္းကိုေက်ာင္းသူေက်ာင္းသားေတြနဲ႕မိတ္ဆက္ေပးလိုက္သည္။

'' အားလုံးပဲ သူကလုဖုန္းလို႔ေခၚတယ္။မင္းတို႔ရဲ႕အတန္းေဖာ္အသစ္ပဲ''

''Wooooow''

မိန္းကေလးမ်ားကေတာ့အေပ်ာ္လုံးဆို႔သြားၾကသည္။သူမ်ား ဘတ္စကတ္ေဘာအဖြဲ႕မွာ အဆင္ေလးေတြရွိတယ္လို႔နာမည္ႀကီးေနတာကေနအခုသူတို႔အတန္းမွာလည္းအဆင္ေလးေတြတိုးလာၿပီေလ။ ဆြဲေဆာင္မႈရွိၿပီးစိတ္ဝင္စားစရာေကာင္းတဲ့စရိုက္နဲ႕ဆရာ၊ ႐ုပ္ေခ်ာသလိုေဖာ္ေဖာ္ေ႐ြေ႐ြရွိၿပီးသြက္လက္တဲ့ခ်န္အန္း နဲ႕အခုေအးစက္စက္အရွိန္အဝါနဲ႕ေနာက္တစ္ေယာက္။ သူတို႔သာဆို ဘတ္စကတ္ေဘာအသင္းကိုအနိုင္ပိုင္းလို႔ရတယ္ မဟုတ္ေသးဘူး တကၠသိုလ္တစ္ခုလုံးကအေကာင္ေတြကိုအနိုင္ပိုင္းလို႔ရၿပီ။

တစ္ဖက္ကေယာက္်ားေလးေတြကေတာ့ျပင္းထန္တဲ့ဖိအားကိုပိုမိုခံစားေနၾကရသည္။ခ်န္ယန္းတစ္ေယာက္နဲ႕တင္သူတို႔ကအမွိုက္ျဖစ္ေနၿပီ ေနာက္တစ္ေယာက္ထပ္လာဦးမွာဆိုေတာ့မျဖစ္မေနေလ့က်င့္ခန္းလုပ္ရေတာ့မွာပဲ။

'' မင္းတို႔လုဖုန္းလို Mr.Right မ်ိဴးရခ်င္ရင္ ဒါမွမဟုတ္ သူ႕လိုေပၚျပဴလာျဖစ္ခ်င္ရင္ ေလးေနတဲ့မင္းတို႔ဖင္ေတြကိုအခုခ်က္ခ်င္းမၿပီး work outစလုပ္ေတာ့!"

ခ်န္အန္းက ကေလးေတြကိုသင္ခန္းစာေပးၿပီး လုဖုန္းကိုသူ႕ရဲ႕သီးသန့္အဝတ္လဲခန္းရွိရာေခၚသြားလိုက္သည္။

အခန္းတံခါးကိုေလာ့ခ်ၿပီးေနာက္ လုဖုန္းကိုလက္ေခ်ာင္းေတြနဲ႕လက္ယပ္ၿပီးေခၚလိုက္သည္။ထိုအခါမွအေစာကဘာမွမဆိုင္သလိုရပ္ေနတဲ့လုဖုန္းက တစ္ေရးနိုးလာသလို ခ်န္အန္းကိုသိုင္းဖက္ၿပီး လည္ပင္းကိုတိုးေဝွ႕ကာဆံပင္ေတြကိုနမ္းရွိုက္လိုက္သည္။ခ်န္အန္း၏အေငြ႕အသက္ကသူ႕ကိုအိမ္ျပန္ေရာက္သြားေစသလိုပင္။

''လြမ္းေနတာလား'' ခ်န္အန္းကလုဖုန္း၏ဆံပင္ကိုခပ္ဖြဖြပြတ္သပ္ရင္းေမးလိုက္သည္။

''ဟုတ္တယ္''

''ငါတို႔မွာအတန္းမၿပီးခင္အထိနာရီဝက္အခ်ိန္ရေသးတယ္''

''အင္း..''

ခ်န္အန္းကရည္႐ြယ္ခ်က္ရွိရွိထပ္ေျပာလိုက္သည္။
''လုဖုန္း.. ဒီအခန္းကအသံလုံတယ္။''

..

..

လုဖုန္းေရာက္လာခ်ိန္မွာ ခ်န္ယန္းနဲ႕အရပ္ရွည္ရွည္ေကာင္ေလးကေတာ့မရွိေပ။ခ်န္အန္းက gym ထဲသင္တန္းေပးေနခ်ိန္မွာသူတို႔ကဘတ္စကတ္ေဘာကြင္းထဲေလ့က်င့္ေရးဆင္းေနၾကသည္။ ခ်န္ယန္းအျပင္ ဝမ္လီနဲ႕စာၾကမ္းပိုးေလးပါအဲ့မွာရွိေနၾကသည္။
စာၾကမ္းပိုးေလးက အားကစားဘက္မွာအားမသန္ေပမဲ့ သခၤ်ာေတာ္တာေၾကာင့္အတြက္အခ်က္ကေတာ့အားကိုးရသည္။
ဝမ္လီက ခ်န္ယန္းရဲ႕အရပ္ရွည္ရွည္ေကာင္ေလးရဲ႕အခ်က္အလက္ေတြကိုစုေဆာင္းၿပီး စာၾကမ္းပိုးေလးဆီပို႔ေပးရသည္။ ထိုအခါမွ စာၾကမ္းပိုးေလးကတြက္ခ်က္ၿပီး ကစားတဲ့ေနရာမွာဘယ္လိုနည္းလမ္းေတြသုံးၾကမယ္ဆိုတာအေျဖထုတ္ၾကသည္။ ဒါေၾကာင့္ခ်န္အန္းက လူေတြရဲ႕အားသာခ်က္ကိုျမင္ေအာင္ၾကည့္တတ္ၿပီးအဲ့ဒီလူနဲ႕ကိုက္ညီမယ့္အလုပ္ကိုေနရာခ်ေပးတတ္တာမို႔ ဆရာေကာင္းတစ္ေယာက္လို႔ေတာ့ဆိုရမည္။

''ဆရာခ်န္မလာေသးဘူးလား။အတန္းပဲဆင္ေတာ့မွာကို'' အရပ္ရွည္ရွည္ေကာင္ေလးကေဟာဟဲလွိုက္ေနရင္းေရတစ္ဗူးကိုေမာ့ခ်ကာခဏနားဖို႔ထိုင္လိုက္သည္။

''ဟိုမွာေလသူ..'' ဝမ္လီဆက္ေျပာမယ့္စကားပင္ရပ္သြားသည္။ သူ႕ေနာက္ကဘယ္လိုျဖစ္လို႔ေနာက္တစ္ေယာက္ပါလာတာလဲ။

''ငါတို႔အသင္းရဲ႕ေလးေယာက္ေျမာက္ကစားသမားကိုႀကိဳဆိုလိုက္ရေအာင္'' ခ်န္အန္းကေက်နပ္ေနသည့္မ်က္ႏွာေပးႏွင့္ေပါ့ပါးစြာပင္ ေျပာရင္းကစားကြင္းထဲဝင္လာသည္။ သူ႕လည္ပင္းမွာေတာ့အေစာက ရင္ခုန္ျခင္းမိနစ္သက္ေသေတြအတိုင္းသားျမင္ေနရသည္။

အားကစားဝတ္စုံကိုလဲဝတ္ထားတဲ့လုဖုန္းက ကစားကြင္းကိုပတ္ၾကည့္ၿပီး သူ႕ကိုစူးစူးစိုက္စိုက္ၾကည့္ေနသည့္ခ်န္ယန္းဆီကအၾကည့္ရပ္သြားသည္။အတိအက်ေျပာရရင္ သူ႕ဝတ္ထားသည္ခ်န္အန္းအဝတ္အစားမ်ားကိုၾကည့္ေနသည့္ခ်န္ယန္းဟုေျပာရင္ပိုမွန္မည္။

''အိုး! ႀကိဳဆိုပါတယ္ ႀကိဳဆိုပါတယ္ !" ဝမ္လီကေလထုထဲကသက္ေတာင့္သက္သာမျဖစ္မႈေတြကို လက္ခုပ္တီးၿပီးၿဖိဳခြဲဖို႔ႀကိဳးစားလိုက္သည္။ ငါတို႔ကတစ္ဖြဲ႕တည္းေတြေလ ဘာလို႔လုဖုန္းနဲ႕ခ်န္ယန္းကၿပိဳင္ဖက္ႀကီးေတြလိုလုပ္ေနၾကတာလဲ။

ခ်န္အန္းက ဘတ္စကတ္ေဘာကြင္းထဲကထိုင္ခုံမွာထိုင္ခ်ၿပီးဝမ္လီကိုလွမ္းေခၚလိုက္သည္။
''လာပါဦး ငါ့ကိုတစ္ခ်က္ေလာက္ႏွိပ္ေပးစမ္းပါ။ ငါအေစာကခါးနာသြားတယ္ထင္တယ္။''

''အန္ကယ္ခ်န္.. ခ်န္ယန္းနဲ႕လုဖုန္းကအဆင္ေျပၾကရဲ႕လား။သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္ဆြဲထိုးၾကမွာေတာ့မဟုတ္ဘူးလား။''

ဝမ္လီအေမးကိုနားေထာင္ရင္ခ်န္အန္းမ်က္လုံးထဲ ညစ္က်ယ္က်ယ္အေတြးေလးဝင္လာသည္။ သူဂုဏ္ယူရတဲ့တပည့္ေလးႏွစ္ေယာက္ကိုၾကည့္ရင္းေအာ္ေျပာလိုက္သည္။
''လုဖုန္း ၊ ခ်န္ယန္း မင္းတို႔ႏွစ္ေယာက္ငါတို႔ကိုတစ္ပြဲေလာက္ေဆာ့ျပရင္ဘယ္နဲ႕လဲ။''

ဝမ္လီကေတာ့ဆြံ႕အသြားသည္။ အန္ကယ္ခ်န္ေရ ဒီလိုလုပ္တာအႀကံေကာင္းေရာဟုတ္ရဲ႕လား။

21092023

Continue Reading

You'll Also Like

285K 45.7K 45
ငါတို့က ဟန်ဆောင်နေတဲ့Bတွေမဟုတ်ဘူး ငါတို့က အစစ်အမှန်Bတွေပဲ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ငါတို႔က ဟန္ေဆာင္ေနတဲ့Bေတြမဟုတ္ဘူး ငါတို႔က အစစ...
2.1M 366K 159
Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan
1.3M 53.7K 65
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
114K 13K 26
Title - The Flesh of a Swan ▪️Associated name - 天鹅肉 ▪️Original Author - 寒菽 ▪️English Translator(s) - 78zaoTL ▪️Original Publisher - JJWXC ▪️Year - 20...