Rebirth of Chen An【Zaw + uni】

By ELMILLION

1.4M 185K 8.1K

လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သ... More

Summary
Book I : အခန္​း (၁) ဘဝသစ္​မစမွီ
အခန္​း(၂)စိတ္​ပ်က္​ဖို႔​ေကာင္​းတဲ့ျပန္​လည္​​ေမြးဖြားျခင္​း
အခန္​း(၃)​ေဆးရံုမွအဆင္​း
အခန္​း(၄)အိမ္​သို႔
အခန္​း(၅) အခ်စ္​လုဖက္​နဲ႔ၿပိဳင္​ဖက္​
အခန္​း(၆)ၿပိဳင္​ဖက္​
အခန္​း (၇) သစၥာ​ေဖာက္​၏အလြမ္​း
အခန္​း(၈) တူဝရီး
အခန္​း (၉) ခ်န္​အန္​းရဲ႕အလုပ္​
အခန္​း (၁၀) အိမ္​အသစ္​
အခန္​း (၁၁)တင္​း႐ွန္​း ႏွင္​့ မ​ေတာ္​တဆ​ေတြ႔ဆံုျခင္​း
အခန္​း (၁၂) ရန္​သူ​ေဟာင္​းႏွင္​့မိတ္​ဖြဲ႔ျခင္​း
အခန္​း (၁၃) ဦး​ေလး မႀကိဳက္​ဘူးလား?
အခန္​း (၁၄) Gymထဲကအ​ေႏွာင္​့အယွက္​
အခန္​း (၁၅) လက္​တုန္​႔ျပန္​ရမည္​
အခန္​း (၁၆) ​ေတာက္​​ေတာက္​ပပ
အခန္​း (၁၇) အထူးတန္​းက အဆိပ္​ျပင္​း​ေႁမြ
အခန္​း (၁၈) ​ေလာင္​စစ္​ ဆိုတဲ့codeအမည္​
အခန္​း (၁၉) အ​ေမွာင္​​ေလာက
အခန္​း(၂၀) Tiger King
အခန္​း (၂၁) အရက္​တန္​ခိုး (၁)
အခန္​း (၂၂) အရက္​တန္​ခိုး (၂)
အခန္​း (၂၃) ​ေရခ်ိဴးခန္​းထဲမွာပုန္​း​ေနတဲ့လူ
အခန္​း(၂၄) ခိုးၾကည္​့ျခင္​း
အခန္​း (၂၅) အထင္​လြဲ​ေအာင္​လုပ္​ျခင္​း
အခန္​း (၂၆) ​ေထာင္​လိုရင္​၊ရာစြန္​႔
အခန္​း (၂၇) ပိုက္​ဆံအတြက္​ကိုယ္​့ကိုယ္​ကိုမ​ေရာင္​းႏိုင္​
အခန္​း(၂၈) တင္​း႐ွန္​း၏သ႐ုပ္​မွန္​
အခန္​း(၂၉) Guilty
အခန္​း(၃၀) လွည္​့စားျခင္​း
အခန္​း(၃၁) ခ်န္​ယန္​း၏​ေရြးခ်ယ္​မႈ
အခန္​း (၃၂) ညစာထြက္​စားရန္​ျပင္​ဆင္​ျခင္​း
အခန္​း(၃၃) မင္​းဘယ္​လိုဘဝမ်ိဴးမွာ​ေနခ်င္​လဲ
အခန္​း(၃၄) တ​ေစၦသရဲလိုအိုင္​ဗန္​
အခန္​း(၃၅) ဗီလိန္​အိုင္​ဗန္​
အခန္​း (၃၆) လူ​ေလးဦး၊အ​ေတြးကိုယ္​စီ
အခန္​း(၃၇) ခ်န္​ယန္​းရင္​ထဲက နာက်ည္​းျခင္​းမ်ိဴး​ေစ့
အခန္​း(၃၈) တတိယ​ေျခလွမ္​း၊တတိယ​ေျမာက္​လူ
အခန္​း(၃၉) လုဖုန္​းႏွင္​့အိုင္​ဗန္​တို႔ၾကား​ေသြးခြဲရန္​အစီအစဥ္​
အခန္​း(၄၀) ငါးစာ​ေတာ့ခ်လိုက္​ၿပီ
အခန္​း(၄၁) ရန္​သူအသစ္​နဲ႔စကားစျမည္​း
အခန္​း(၄၂) အိမ္​​ေစာင္​့​ေနသည္​့ခ်န္​ယန္​း
အခန္​း(၄၃) ဒုတိယ​ေျမာက္​ အ​ေမြဆက္​ခံသူအ​ေလာင္​းလ်ာ
အခန္​း(၄၄) ငါးဟက္​သလား?အစာခ်​ေကြၽးသလား?
အခန္​း(၄၅) ဝမ္​​ေဟာင္​ႏွင္​့ထပ္​မံ​ေတြ႔ဆံုျခင္​း
အခန္​း(၄၆) ရည္​းစားလုဖက္​ဆီကျပန္​​ေတာင္​းတဲ့လက္​​ေဆာင္​
အခန္​း(၄၇) ငါသစၥာ႐ွိတဲ့​ေခြးမ်ိဴးကိုပဲသ​ေဘာက်တယ္​
အခန္​း(၄၈) ဦး​ေလးက​ေရခဲဂူႀကီးဆို ကြၽန္​​ေတာ္​ကမီးဖို
အခန္​း(၄၉) စတင္​ထြက္​ခြာ
အခန္​း(၅၀) ယူကရိန္​းသို႔
အခန္​း (၅၁) ျကိဳဆိုပါတယ္​
အခန္​း(၅၂) ဂိမ္​းအ​ေသးစား
အခန္​း(၅၃) ပထမဦးဆံုးအႀကိမ္​ လူသတ္​ျခင္​း
အခန္​း(၅၄) ​ေျဖ​ေဆးမ႐ွိတဲ့အဆိပ္​ /ဦး​ေလး ကြၽန္​​ေတာ္​့ကိုထားမသြားပါနဲ႔။
အခန္​း(၅၅) အိုင္​ဗန္​၏ masterpieces လက္​ရာ
အခန္​း(၅၆) အတုအ​ေယာင္​
အခန္​း (၅၇) တစ္​ဖက္​သတ္​
အခန္​း(၅၈) လန္​ၾကဳတ္​​ေရစက္​
အခန္​း(၅၉) Ivanov's confession | Chen an's Game
အခန္​း(၆၀) ​ေျမ​ေခြးနဲ႔ဝက္​ဝံတို႔ခ်ိန္​း​ေတြ႔ျခင္​း
အခန္​း(၆၁) အ​ေျဖမွန္​
အခန္​း(၆၂) Alert
အခန္​း(၆၃) အထီးက်န္​ည
အခန္​း(၆၄) ဘုရားလည္​းဖူးလိပ္​ဥလည္​းတူး
အခန္​း(၆၅) အ​ေရးနိမ္​့ဝက္​ဝံ
အခန္​း(၆၆) သံသယမ်ိဴး​ေစ့
အခန္​း (၆၇) သူ႔အပိုင္​
အခန္​း (၆၈) ကာစီႏို
အခန္​း (၆၉) ​ေလာင္​းကစားသမား ၏ စကားစီးခ်င္​း
အခန္​း (၇၀) အတိတ္​၌ဖက္​တြယ္​ျခင္​း(သို႔)မင္​းအပိုင္​
အခန္​း(၇၁) က်ိဴးသြား​ေသာမ်က္​မွန္​တစ္​လက္​
အခန္​း(၇၂) ျမဴဆိုင္​း​ေန​ေသာျမင္​ကြင္​းမ်ား
အခန္​း(၇၃) ပစ္​မွတ္​ကို႐ွာ​ေတြ႔ျခင္​း
အခန္​း(၇၄) လႊတ္​ထြက္​သြား​ေသာစိတ္​ဝိညာဥ္​
အခန္​း(၇၅) ကိုယ္​့အက်ိဴးကိုယ္​ကိုးသူလ်ွိဴ
အခန္​း(၇၆) ဗ်ဴဟာခင္​းျခင္​း
အခန္​း(၇၇) ​ေရကန္​ထဲကလူယုတ္​မာ
အခန္​း(၇၈) လူသတ္​သမား
အခန္​း(၇၉) မင္​းငါ့ကိုသတ္​မွာလား
အခန္​း(၈၀) ဟုတ္​တယ္​မလား?
အခန္​း(၈၁) လက္​စြပ္​ဗူးထဲကဘီလီယံ​ေဒၚလာ
အခန္​း(၈၂) ႐ုိမန္​ ့တစ္​ ညစာ
အခန္​း(၈၃) ဖ​ေယာင္​းမီး​ေရာင္​​ေအာက္​က
အခန္​း(၈၄) ရင္​တြင္​းစကား
အခန္​း(၈၅) အက်ိဴးအျမတ္​
အခန္​း(၈၆) ယံုၾကည္​မႈ
အခန္​း(၈၇) ​ေလထန္​ည 《 End of book - I》
Beginning of book II : အခန္​း (၈၈) ကြၽန္​း
အခန္​း(၈၉) ဝိုင္​
အခန္​း(၉၀) အစ္​ကို႔ကိုထားမသြားပါနဲ႔
အခန္​း(၉၁) ကိုယ္​့နံမည္​ကို​ေခၚပါ
အခန္​း(၉၂) အခ်စ္​ည၏မနက္​
အခန္​း(၉၃) ill
အခန္​း(၉၄) ​ေျမ​ေခြးအို
အခန္​း (၉၅) ခင္​မ်ားကခ်န္​က်န္​းအန္​း
အခန္​း(၉၆) ​ေဘာ့စ္​ ႐ွင္​ဖ်ား​ေနၿပီ
အခန္​း(၉၇) မဟာမိတ္​
အခန္​း(၉၈) ပင္​လယ္​ကိုပ်ားရည္​ဆမ္​းတဲ့ခရီးလမ္​း
အခန္​း(၉၉) ရြက္​လြင္​့
အခန္​း (၁၀၀) လိႈင္​းထန္​
အခန္​း(၁၀၁) ခ်စ္​တယ္​
အခန္​း (၁၀၂) အ႐ူးတစ္​​ေယာက္​ႏွင္​့
အခန္​း (၁၀၃) ငါးဟင္​းတစ္​ခြက္​
အခန္​း (၁၀၄) စည္​းစိမ္​မဲ့
အခန္​း(၁၀၅) လူသူမဲ့ကြၽန္​း​ေပၚ
အခန္​း (၁၀၆) တစ္​​ေယာက္​ထဲထားမသြားနဲ႔
အခန္​း(၁၀၇) မင္​းရဲ႕နာက်င္​မႈ
အခန္​း(၁၀၈) ​ေကာင္​း​ေကာင္​းဆိုးဆိုးအတူတူမ်ွ​ေဝ
အခန္​(၁၀၉) ျပန္​​ေပးဆြဲခံရျခင္​း
အခန္​း(၁၁၀) အဆက္​​ေဟာင္​း
အခန္​း(၁၁၁) ဘယ္​သူ႔အတြက္​လဲ
အခန္​း(၁၁၂) ​ေႂကြသုဥ္​းသြား​ေသာေမ်ွာ္​လင္​့ခ်က္​
အခန္​း(၁၁၃) အခ်စ္​၏ညႇင္​းဆဲမႈ
အခန္​း(၁၁၄) ဖြင္​့ဟျခင္​း
အခန္​း(၁၁၅) ဥ​ေပကၡာ
အခန္​း(၁၁၆) ပ်ိဴးျခင္​း
အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)
အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ
အခန်း (၁၁၉) သူလျှိူရှာခြင်း
အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား
အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့
အခန်း (၁၂၂) ပုခတ်သူခိုး
အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။
အခန်း(၁၂၄) မနာလိုသည့်ခံစားချက်
အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်
အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ
အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ
အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ
အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်
အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ
အခန်း (၁၃၄) ဘိုင့်ဘိုင်
အခန်း (၁၃၅) ဧကရာဇ်ဆိုး
အခန်း (၁၃၆) သက်သေပြမယ်
အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်
အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း
အခန်း (၁၃၉) နန်းမြို့တော်သို့
အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း
အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ
အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း
အခန်း (၁၄၄) သာမန်လူနေမှုဘဝ
အခန်း (၁၄၅) DNA စစ်ဆေးချက်
အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး
အခန်း (၁၄၇) အချစ်ရူး
အခန်း (၁၄၈) ဦးလောဘ
အခန်း (၁၄၉) ဆရာလုပ်မယ်
အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့
အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ
အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း
အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း
အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား
အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း
အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ
အခန်း (၁၅၉) ဘောလုံးကစားတတ်လား
အခန်း (၁၆၀) အံ့ဖွယ်အသင်း
အခန်း (၁၆၁) ဖြိုချပစ်လိုက်
အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ
အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
အခန်း (၁၆၄) အာဖရိကကို လယ်စိုက်ဖို့သွားမယ်
အခန်း (၁၆၅) စီးပွားသစ်စပြီ

အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်

1.4K 266 15
By ELMILLION

အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်

မူကြိုမှာဖြစ်ဖြစ်တက္ကသိုလ်မှာဖြစ်ဖြစ်PE Classဆိုတာကျောင်းသားတွေမကြိုက်ဆုံးအတန်းပဲ။ ဒီလိုတက္ကသိုလ်ကြီးမျိူးဆိုပိုဆိုးတာပေါ့။PEဆိုတာအတန်းလစ်လို့ကောင်းတဲ့အချိန်ပဲလေ။ မဟုတ်ရင်လည်းပေါ့ပေါ့ပါးပါးနေလို့ရတဲ့အတန်းပဲရွေးလေ့ရှိကြတယ်။ဒီလိုကိုယ်ကာယကိုပင်ပင်ပန်းပန်းအသုံးချရတဲ့အတန်းကတော့ဝေးဝေးရှောင်စရာပေါ့။

ဘတ်စကတ်ဘော၊ကြက်တောင်၊ရေကူးတို့နာမည်ကြီးအားကစားတွေပါမှသာကျောင်းသားတွေရွေးကြတာပဲ။ ဒါကြောင့်ထုံးစံအတိုင်းကျောင်းသူကျောင်းသားစုကြီးဟာ Gymခန်းထဲကိုဝင်လာကြသည်။အခန်းထဲရှိသူစိမ်းလူကိုမြင်တော့အခြားအတန်းကလူနေမယ်ဆိုပြီး ချန်အန်းကိုအဖတ်မလုပ်ကြပေ။ မိန်းကလေးတစ်ချိူ့ကတော့အုပ်စုဖွဲ့တီးတိုးပြောနေကြသည်။

'' ငါတော့ နောက် semester ကျရင်ဘတ်စကတ်ဘောအတန်းပဲယူတော့မယ်။ အဆင်လေးတွေမှတအားပဲဟယ်။ဆရာကလည်းသောက်ရမ်းဖိုင်းတာ။''

''ဆုတောင်းတိုင်းရဖို့တော့မျှော်လင့်ပါရဲ့။ သိတဲ့အတိုင်း selection system ဖွင့်တာနဲ့​ ကျောင်း မှာနေတဲ့သူတွေကအရင်ယူသွားကြတာလေ ။ ငါတို့ကျောင်းအင်တာနက်ကြီးလိုင်းကောင်းပုံနဲ့တော့အကြွင်းအကျန်ပဲငါတို့ရမှာပေါ့''

'' နေပါဦးဟဲ့ ငါတို့အတန်းထဲမှာလည်းအဆင်လေးတစ်ယောက်တော့ရှိပါသေးတယ်။မှတ်မိလားချန်ယန်းဆိုတာလေ။ငါဟိုနေ့ကသူ့ကိုတွေ့လိုက်သေးတယ်။ ဘုရားရေတကယ်သွားရေကျစရာသိလား''

'' ဟူး...ငါကတော့ ရေကူးအားကစားအတန်းကလူပြည့်သွားလို့ ဒီကာယအတန်းကိုချန်ယန်းနာမည်မြင်တာနဲ့ဝင်လိုက်တာဟယ်။ နှစ်စတည်းကသူ့ကိုအမြှီးတောင်မမြင်ရပါဘူးတော်''

မိန်းကလေးတွေအတင်းတုပ်နေကြတုန်းကျောင်းခေါင်းလောင်းမြည်သွားကြပေမဲ့ ဆရာမလာသေးဘူးထင်ပြီးကျောင်းသူကျောင်းသားတွေက အခန်းထဲပြန့်ကြဲနေကြတုန်းပင်။

'' ဒီအတန်းထဲမှာအတန်းသား၃၆ယောက်ရှိတာအခု roll call ခေါ်မယ်။''

ဆုံလည်ထိုင်ခုံမှာအတော်ကြာအောင်ထိုင်နေတာဖြစ်တဲ့သူစိမ်းဆီကအသံကြားတော့ကျောင်းသူကျောင်းသားအားလုံးလှည့်ကြည့်လိုက်ကြသည်။ချန်အန်းကပြုံးလိုက်ပြီး ''ဆော်ရီးကိုယ့်ကိုယ်ကိုမိတ်ဆက်ပေးဖို့ကျန်သွားတယ်။ ငါကဒီနေ့ကစပြီးမင်းတို့ဆရာပဲ။''

'' ကျတော်တို့ဆရာချမ်းကရော?''

တစ်စုံတစ်ယောက်ကမဝံမရဲအသံသေးသေးဖြင့်မေးလိုက်သည်။ ဆရာချမ်းကအရင်PEဆရာဖြစ်သည်။သူက သဘောကောင်းသူဖြစ်ပြီးကျောင်းသားတွေအတန်းလစ်တာလည်းအရေးမလုပ်သလို roll callလည်းခေါ်လေ့မရှိပေ။ ကျောင်းသူကျောင်းသားတွေစိတ်မဝင်စားတာသိလို့စကားနည်းနည်းလောက်ပြောပြီးတာနဲ့လွှတ်ပေးထားတတ်သည်။

'' ဆရာချမ်းကမသင်တော့ဘူး။ဒါနဲ့ငါ့မျိူးရိုးချန် မင်းတို့ငါ့ကိုဆရာချန်လို့ခေါ်နိုင်တယ်။'' ချန်အန်းကပြောပြီးတာနဲ့ကျောင်းသား၃၆ယောက်နာမည်စာရင်းကိုကြည့်လိုက်သည်။ထိုထဲမှာချန်ယန်းပါပေမဲ့လို့ဒီနေ့တော့အတန်းထဲမရှိပေ။ ချန်အန်းဟန့်ခနဲနှာမှုတ်လိုက်သည်။ဒီကောင်လေးကသူ့ကိုပြောတော့အတန်းမပြေးပါဘူးဘာလေးနဲ့အခုတော့နေရာမှာမရှိဘူး။ ချန်အန်းကကျောင်းသားတွေကိုဝေ့ကြည့်လိုက်ပြီးသူနဲ့အကြည့်ချင်းဆုံသည့်ကျောင်းသားတိုင်းကတုန်တက်သွားကြပြီးဓားပျံတစ်စင်းရင်ထဲဝင်လာသလိုခံစားလိုက်ကြရသည်။

''အခုချက်ချင်းတန်းစီကြစမ်း!"

''ဟုတ်!"

ကျောင်းသားတွေကချန်အန်းအရှိအဝါကိုကြောက်ကြောက်နဲ့အပြေးလေးတန်းစီလိုက်ကြသည်။စိတ်ထဲမှာတော့ဘာလို့ဆရာအသစ်ပြောင်းတာလဲ ။ ရုပ်ကြည့်တော့သဘောကောင်းမယ့်ပုံနဲ့လူကဘာလို့ဒီလောက်ကြောက်စရာကောင်းအောင်စကားပြောတတ်တာလဲဆိုပြီးသိချင်နေကြသည်။

'' တောင်းပန်ပါတယ် ''

ချန်အန်းသူ့ပထမနေ့ရဲ့ roll callစခေါ်မယ့်အချိန်မှာပဲနောက်ကျနေတဲ့ကျောင်းသားတစ်ချိူ့ကဟောဟဲဟောဟဲနဲ့အခန်းထဲပြေးဝင်လာကြသည်။ သူတို့မှာဆရာပြောင်းသွားတာသတိတောင်မထားမိကြသေးပေ။

ချန်အန်းကျောင်းသားလေးတွေကိုကြည့်လိုက်ပြီးမိန်းကလေးတစ်ယောက်ကိုမြင်တော့ နှုတ်ခမ်းစွန်းကော့ရုံပြုံးလိုက်သည်။ ''မင်းတို့အိမ်မှာနာရီမရှိလို့လား။ ခြေထောက်ခေါက်နေလို့လား။''

ကျောင်းသားတွေလည်းအသံကြားရာကိုလှည့်ကြည့်လိုက်ကြသည်။ထိုကောင်မလေးကလည်းစကားပြောနေတဲ့သူ့ကိုမြင်တော့မျက်လုံးပြူးသွားပြီးသူမမျက်လုံးများကိုပင်မယုံသင်္ကါပွတ်မိလိုက်သေးသည်။

''ဦးလေး ​ချန်?'' ချန်အန်းအိမ်မှာအိမ်အကူလုပ်နေတဲ့ဝမ်လီကမယုံနိုင်ပင်ဖြစ်သွားသည်။ ဦးလေးချန်လွန်ခဲ့တဲ့တစ်ပတ်လောက်ကUSကပြန်လာပြီလို့တော့သူမကြားသားပဲ။သူမစိတ်ထဲမှာချန်အန်းလိုလူက နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို ဒေါ်လာဘီလီယံနဲ့ချီအလုပ်လုပ်ပြီးကိုယ်ရံတော်တစ်အုပ်ကြီးနဲ့သွားလာတဲ့သူလို့ထင်ထားတာလေ။အခုတက္ကသိုလ်မှာ gymယူနီဖောင်းဝတ်ပြီးဘာလာလုပ်တာလဲ။

သူမကထပ်ပြီးချန်အန်းရဲ့ဝတ်စုံ၊ဖိနပ်၊လက်ကနာရီကိုကြည့်ပြီးစိတ်ထဲမှတ်ချက်ပေးလိုက်သေးသည်။ Gym ထဲမှာတောင် ဦးလေးချန်တို့က Luxury brandတွေချည်းဝတ်ထားတုန်းပဲ။ပတ်ဝန်းကျင်နဲ့လိုက်ဖက်လားမလိုက်ဖက်လားဂရုကိုမစိုက်ဘူး။

'' ချန်ကငါ့ရဲ့မျိူးရိုး။မင်းတို့ငါ့ကိုဆရာချန်လို့ခေါ်နိုင်တယ်။ဒီနေ့ကငါ့ရဲ့ပထမဦးဆုံးအတန်းကိုင်တဲ့နေ့ပဲ။ဒါပေမဲ့ပထမနေ့မှာတင်နောက်ကျနေတာမကောင်းဘူးမလား။ '' ဆောင်းဦးကိုရောက်နေပြီဆိုပေမယ့်ချန်အန်းအပြုံးကတော့နွေဦးလိုနွေးထွေးမှုလေးသယ်ဆောင်လာသေးသည်။ ဒါပေမဲ့ ဝမ်လီကတော့ကျောစိမ့်လွန်းလို့တုန်နေသည်။

'' ဆရာချန် နောက်ခါကျမဘယ်တော့မှနောက်မကျတော့ပါဘူး။'' ဝမ်လီကနဖူးနဲ့ဒူးထိမတပ်ဦးညွှတ်တောင်းပန်လိုက်တော့နံဘေးကလူတွေပါကြောင်ကုန်ကြသည်။ဒီလောက်ကြီးလိုလို့လား။

ချန်အန်းကရယ်ရင်းမတ်တပ်ရပ်လိုက်သည်။
''ငါကပုံမှန်ဆိုသဘောကောင်းတဲ့လူပါ။ဒါပေမဲ့တစ်ချိူ့ကျောင်းသားတွေကတော့သတိပေးစရာလိုနေတယ်။အတန်းပြေးတာနောက်ကျတာတွေကိုငါ့အတန်းမှာခွင့်မလွတ်ဘူး။ဒီနေ့ကပထမဦးဆုံးနေ့ဆိုတော့ရှိစေတော့။''

တံခါးဝမှာရပ်နေတဲ့ကျောင်းသားတွေကအသက်ရှူချောင်သွားကြပေမယ့်ဝမ်လီတစ်ယောက်တည်းကသာချန်အန်းကဒီလောက်လွယ်တဲ့သူမဟုတ်မှန်းသိထားသည်။ထင်တဲ့အတိုင်းပါပဲ။

''Gym ထဲကပစ္စည်းတွေကဟောင်းနေလို့ကျောင်းကိုအသစ်လဲပေးဖို့တောင်းထားတယ်။နောက်ကျတဲ့သူတွေကအဟောင်းတွေကိုအပြင်ထုတ်ပြီးအသစ်တွေကိုအထဲထည့်လိုက်ကြ''
ချန်အန်းကနံဘေးကစာရွက်ကိုယူလိုက်ပြီးထောင်ပြလိုက်သည်။ ''မင်းတို့ဒီစာရွက်ထဲကပုံအတိုင်းပစ္စည်းတွေကိုပြန်ထားရမယ်ဟုတ်ပြီလား။''

ထရပ်ကားနှစ်စီးကအခန်းအပြင်မှာဆိုက်လာတာကိုမြင်တော့တစ်ချိန်ထဲနဲ့ဒီပစ္စည်းတွေသယ်လို့ရွေ့လို့မပြီးမှာအားလုံးနားလည်လိုက်ကြသည်။

စာဂျပိုးရုပ်မျက်နဲ့ကောင်လေးတစ်ယောက်ကလက်ကလေးထောင်ပြီးချန်အန်းကိုလှမ်းမေးလိုက်သည်။ ''မစ္စတာချန်ကျတော်တို့အတန်းချိန်အတွင်းအပြီးမရွေ့နိုင်ရင်ရော?''

''ဒါဆိုပြီးမှအတန်းဆင်းကြလေ။''

''စိတ်မရှိပါနဲ့ ဆရာချန်ကျတော်ကနောက်လမှာနိုင်ငံတကာသခင်္ျ ာပြိုင်ပွဲဝင်ဖို့ရှိတာအခုဒီအတန်းထဲလာတာအချိန်တွေတော်တော်ဖြုန်းနေပြီ။အတန်းကိုသူ့အချိန်နဲ့သူသိမ်းပေးပါ။''

ဝမ်လီကစိတ်မကောင်းစွာမျက်လုံးလေးမှိတ်ထားလိုက်သည်။နင်တော့သေပြီအကောင်ရေ။

''အိုးးး မင်းကPEအတန်းထဲလာရတာအချိန်ဖြုန်းနေတယ်လို့တွေးတယ်ပေါ့လေ''

ချန်အန်းအပြုံးတုလေးနဲ့စာဂျပိုးလေးဆီခပ်မှန်မှန်လျှောက်သွားလိုက်သည်။ကျောင်းသားလေးကတော့သူနီးလာလေကျောက်ရုပ်ကြီးလိုရပ်ပြီးတံတွေးတောင်ခက်ခက်ခဲခဲမြိုချရလေဖြစ်နေသည်။ ချန်အန်းကကျောင်းသားလေးကိုဘလိတ်ဓားလိုအကြည့်နဲ့ကြည့်လိုက်ပြီး '' မင်းကိုမင်းပြန်ကြည့်ဦး။အသက်၂၀ရှိနေပြီပိန်လိုက်တာမှဝါးတူလိုပဲ။လူတွေကမင်းကိုမူကြိုကျောင်းသားလို့တောင်ထင်နေဦးမယ်။သေချာတာကမင်းမိန်းကလေးနဲ့လက်တောင်မကိုင်ရသေးဘူးမလား''

''ငါဘာလို့သိလဲသိချင်လား။ဘာလို့ဆိုဘယ်မိန်းကလေးကမှသူကတောင်ပြန်ကာကွယ်ပေးနေရမယ့် လေတိုက်တာနဲ့လွင့်သွားတဲ့ယောက်ျားလေးမျိူးကိုမကြိုက်လို့ပဲ။ အဆင့်ကောင်းတာကမင်းကိုမကယ်နိုင်ဘူး။မိန်းကလေးတွေတင်မကဘူးမင်းကျောင်းပြီးလို့အလုပ်ခွင်ထဲဝင်တဲ့အခါမင်းလုပ်ဖော်ကိုင်ဖက်တွေကအထင်သေးမယ်။မင်းသူဌေးကမင်းကိုအားမကိုးရဘူးလို့မြင်လိမ့်မယ်။''

မျက်နှာတစ်ခုလုံးနီမြန်းနေပြီဖြစ်တဲ့ကျောင်းသားလေးကိုချန်အန်းကိုပုခုံးပုတ်လိုက်သည်။ ''မိတ်ဆွေလေးငါ့ကိုစကားပြောရင်ကြည့်ပြော။မင်းကုိဒီအတန်းကအလွှတ်ပေးလိမ့်မယ်လို့မင်းထင်နေတာလား။သင်ရိုးမှတ်တမ်းလက်မှတ်မပါဘဲမင်းဘွဲ့မရနိုင်ဘူး။ဘွဲ့မရဘဲနဲ့မင်းအလုပ်မရနိုင်ဘူး။''

'' ခင်ဗျားကခြိမ်းခြောက်နေတာပဲ!"

စာကြမ်းပိုးကျောင်းသားလေးမှာသူ့ဘဝတွင်တစ်ကြိမ်တစ်ခါမှဤသို့မအော်ခဲ့ဖူးသော်လည်းအခုချန်အန်းစကားကိုကြားပြီးရုတ်တရပ်ပြန်အော်မိသွားသည်။

ချန်အန်းအမူအရာကတော့အေးစက်သွားပြီးကျောင်းသားလေးကိုထပ်ပြောပြန်သည်။''ဟုတ်တယ်ငါမင်းကိုခြိမ်းခြောက်နေတာပဲ။အရင်ခေတ်ကလိုသာဆိုမင်းငါ့ကိုအခုလိုပြန်ပြောနိုင်မယ့်အစားကြမ်းပြင်မှာဝါးလျားမှောက်နေရလောက်ပြီ''

''ဘာလုပ်နေတာလဲ။ ခုချက်ချင်းထလေ'' ချန်အန်းကကျောင်းသားလေးကိုတစ်ချက်ကန်လိုက်သည်။စာကြမ်းပိုးလေးမှာပိန်ချိချိမို့ကြမ်းပြင်ပေါ် လဲကျသွားသည်။ အနိုင်ကျင့်ခံရသည့်ဒေါသစိတ်နဲ့မျက်ရည်များလည်းကျလာသည်။

''ခင်ဗျားဘာလို့ကျောင်းသားကိုရိုက်ရတာလဲ'' နောက်ထပ်အရပ်ရှည်ရှည် ခပ်ပိန်ပိန်ကောင်လေးတစ်ယောက်ကထလာပြီးလဲကျသွားတဲ့စာကြမ်းပိုးလေးကိုထူပေးလိုက်သည်။ ''ဘာဖြစ်သွားသေးလဲ။နာသွားလား'' ဘာညာနဲ့သူအရိုက်ခံရသလိုစိုးရိမ်မှုအပြည့်ပင်။

'' မင်းကတော်တော်အဖြစ်သည်းနေတာပဲငါသူ့ကိုရိုက်တာမဟုတ်ဘူးပညာပေးနေတာ'' ချန်အန်းအနေနဲ့သူ့ဘက်သူကြည့်ရင်မမှားဘာလို့ဆိုဒါကလုဖုန်းကိုသူသင်ပေးတုန်းကထက်စာရင်အများကြီးလျော့ထားတာမို့လေ။

'' လူကိုရိုက်တာကိုကမဟုတ်တာပဲ။ကျတော်ပါချူပ်နဲ့တိုင်ပြောမယ်'' အရပ်ရှည်ရှည်ကောင်လေးကပြောရင်းနဲ့စာကြမ်းပိုးလေးကိုပါဆွဲထုတ်သွားသည်။

''မလုပ်နဲ့မလုပ်နဲ့'' ဝမ်လီကအမြန်ပြေးလာပြီးသူတို့ကိုတားလိုက်သည်။သူမချန်အန်းကိုစိုးရိမ်လို့တားတာတော့မဟုတ်သူတို့နှစ်ယောက်ကိုစိုးရိမ်လို့တားခြင်းဖြစ်သည်။

'' မင်းတို့အားလုံးကိုဒီ​ေန့သင်ခန်းစာတစ်ခုသင်ပေးမယ်။အဲ့တာက 'မိမိကိုယ်သာအရေးကြီးဆုံးလို့ထင်နေတဲ့သူတွေလက်တွေ့မှာဖင်ကန်ခံရခြင်း' ဆိုတာပဲ။''

ချန်အန်းကကြောက်လို့တုန်နေတဲ့ကျောင်းသားတွေဖက်ကနေဒေါသကြောင့်တုန်နေတဲ့ကျောင်းသားလေးဆီတစ်ဖန်ပြန်လှည့်လိုက်သည်။
'' ပါချူပ်ကြီးဆီသွားချင်သပါဆိုလည်းသွားလေ။ဒါပေမဲ့မင်းတို့ interpolအထိတက်တိုင်ရင်တောင်ဘယ်သူမှမကူညီပေးမှာတော့သေချာတယ်။''

''မင်းတို့ကကိုယ့်ဆရာကိုမလေးစားဘဲ မင်းတို့ကိုပြန်လေးစားမှုပေးတာတော့လိုချင်တယ်ပေါ့။မင်းတို့တကယ်ပဲပိန်းတာလားကိုယ့်ကိုယ်ကိုလောကကြီးရဲ့အရှင်သခင်လို့ထင်နေတာလား။'' ချန်အန်းကအပြင်ကိုလက်ညှိုးထိုးပြလိုက်ပြီး
''သွား အပြင်မှာအပတ်၂၀​ပြေး။မပြီးမချင်းမရပ်နဲ့။မင်းတို့အခုထွက်သွားချင်သွားလို့တော့ရတယ်။ဒါပေမဲ့ငါပြောတာကိုမှတ်ထားမင်းတို့ဘယ်လောက်ပဲအမှတ်ကောင်းကောင်းရခဲ့ဖူးပါစေဒီအတန်းကိုလစ်ရင်တော့ အတန်းအောင်လက်မှတ်မရဘူး။ အဲ့တာမရရင်မင်းတို့ဘွဲ့လည်းမရနိုင်ဘူး။မယုံဘူးဆိုရင်စမ်းကြည့်လိုက်ပေါ့။''

ချန်အန်းကအတန်းသားတွေဖက်တစ်ဖန်ပြန်လှည့်လိုက်ပြီး ''မင်းတို့အားလုံးကအခုပဲပစ္စည်းတွေသယ်ဖို့လုပ်ကြ။ ဒီနေ့အတန်းမတက်တဲ့သူတွေကိုလည်းပြောထားလိုက်။ဘွဲ့လိုချင်ရင်နောက်အတန်းကိုလစ်ဖို့တော့မကြံနဲ့လို့။ဟုတ်ပြီလား။ပြသာနာရှိလား'' ချန်အန်းကပြောပြီး​တော့ပြုံးရင်းတပည့်တွေကိုကြည့်လိုက်သည်။

21042023

တကယ်တော့ဒီအပိုင်းခေါင်းစဥ်က '​​ငွေအားကိုးနဲ့ဆရာဆိုး' ဖြစ်သင့်တာ 🙄

အခန္း(၁၅၀) မေမွ်ာ္လင့္ထားေသာဆရာသစ္

မူႀကိဳမွာျဖစ္ျဖစ္တကၠသိုလ္မွာျဖစ္ျဖစ္PE Classဆိုတာေက်ာင္းသားေတြမႀကိဳက္ဆုံးအတန္းပဲ။ ဒီလိုတကၠသိုလ္ႀကီးမ်ိဴးဆိုပိုဆိုးတာေပါ့။PEဆိုတာအတန္းလစ္လို႔ေကာင္းတဲ့အခ်ိန္ပဲေလ။ မဟုတ္ရင္လည္းေပါ့ေပါ့ပါးပါးေနလို႔ရတဲ့အတန္းပဲေ႐ြးေလ့ရွိၾကတယ္။ဒီလိုကိုယ္ကာယကိုပင္ပင္ပန္းပန္းအသုံးခ်ရတဲ့အတန္းကေတာ့ေဝးေဝးေရွာင္စရာေပါ့။

ဘတ္စကတ္ေဘာ၊ၾကက္ေတာင္၊ေရကူးတို႔နာမည္ႀကီးအားကစားေတြပါမွသာေက်ာင္းသားေတြေ႐ြးၾကတာပဲ။ ဒါေၾကာင့္ထုံးစံအတိုင္းေက်ာင္းသူေက်ာင္းသားစုႀကီးဟာ Gymခန္းထဲကိုဝင္လာၾကသည္။အခန္းထဲရွိသူစိမ္းလူကိုျမင္ေတာ့အျခားအတန္းကလူေနမယ္ဆိုၿပီး ခ်န္အန္းကိုအဖတ္မလုပ္ၾကေပ။ မိန္းကေလးတစ္ခ်ိဴ႕ကေတာ့အုပ္စုဖြဲ႕တီးတိုးေျပာေနၾကသည္။

'' ငါေတာ့ ေနာက္ semester က်ရင္ဘတ္စကတ္ေဘာအတန္းပဲယူေတာ့မယ္။ အဆင္ေလးေတြမွတအားပဲဟယ္။ဆရာကလည္းေသာက္ရမ္းဖိုင္းတာ။''

''ဆုေတာင္းတိုင္းရဖို႔ေတာ့ေမွ်ာ္လင့္ပါရဲ႕။ သိတဲ့အတိုင္း selection system ဖြင့္တာနဲ႕ ေက်ာင္း မွာေနတဲ့သူေတြကအရင္ယူသြားၾကတာေလ ။ ငါတို႔ေက်ာင္းအင္တာနက္ႀကီးလိုင္းေကာင္းပုံနဲ႕ေတာ့အႂကြင္းအက်န္ပဲငါတို႔ရမွာေပါ့''

'' ေနပါဦးဟဲ့ ငါတို႔အတန္းထဲမွာလည္းအဆင္ေလးတစ္ေယာက္ေတာ့ရွိပါေသးတယ္။မွတ္မိလားခ်န္ယန္းဆိုတာေလ။ငါဟိုေန႕ကသူ႕ကိုေတြ႕လိုက္ေသးတယ္။ ဘုရားေရတကယ္သြားေရက်စရာသိလား''

'' ဟူး...ငါကေတာ့ ေရကူးအားကစားအတန္းကလူျပည့္သြားလို႔ ဒီကာယအတန္းကိုခ်န္ယန္းနာမည္ျမင္တာနဲ႕ဝင္လိုက္တာဟယ္။ ႏွစ္စတည္းကသူ႕ကိုအျမႇီးေတာင္မျမင္ရပါဘူးေတာ္''

မိန္းကေလးေတြအတင္းတုပ္ေနၾကတုန္းေက်ာင္းေခါင္းေလာင္းျမည္သြားၾကေပမဲ့ ဆရာမလာေသးဘူးထင္ၿပီးေက်ာင္းသူေက်ာင္းသားေတြက အခန္းထဲျပန့္ႀကဲေနၾကတုန္းပင္။

'' ဒီအတန္းထဲမွာအတန္းသား၃၆ေယာက္ရွိတာအခု roll call ေခၚမယ္။''

ဆုံလည္ထိုင္ခုံမွာအေတာ္ၾကာေအာင္ထိုင္ေနတာျဖစ္တဲ့သူစိမ္းဆီကအသံၾကားေတာ့ေက်ာင္းသူေက်ာင္းသားအားလုံးလွည့္ၾကည့္လိုက္ၾကသည္။ခ်န္အန္းကၿပဳံးလိုက္ၿပီး ''ေဆာ္ရီးကိုယ့္ကိုယ္ကိုမိတ္ဆက္ေပးဖို႔က်န္သြားတယ္။ ငါကဒီေန႕ကစၿပီးမင္းတို႔ဆရာပဲ။''

'' က်ေတာ္တို႔ဆရာခ်မ္းကေရာ?''

တစ္စုံတစ္ေယာက္ကမဝံမရဲအသံေသးေသးျဖင့္ေမးလိုက္သည္။ ဆရာခ်မ္းကအရင္PEဆရာျဖစ္သည္။သူက သေဘာေကာင္းသူျဖစ္ၿပီးေက်ာင္းသားေတြအတန္းလစ္တာလည္းအေရးမလုပ္သလို roll callလည္းေခၚေလ့မရွိေပ။ ေက်ာင္းသူေက်ာင္းသားေတြစိတ္မဝင္စားတာသိလို႔စကားနည္းနည္းေလာက္ေျပာၿပီးတာနဲ႕လႊတ္ေပးထားတတ္သည္။

'' ဆရာခ်မ္းကမသင္ေတာ့ဘူး။ဒါနဲ႕ငါ့မ်ိဴးရိုးခ်န္ မင္းတို႔ငါ့ကိုဆရာခ်န္လို႔ေခၚနိုင္တယ္။'' ခ်န္အန္းကေျပာၿပီးတာနဲ႕ေက်ာင္းသား၃၆ေယာက္နာမည္စာရင္းကိုၾကည့္လိုက္သည္။ထိုထဲမွာခ်န္ယန္းပါေပမဲ့လို႔ဒီေန႕ေတာ့အတန္းထဲမရွိေပ။ ခ်န္အန္းဟန့္ခနဲႏွာမႈတ္လိုက္သည္။ဒီေကာင္ေလးကသူ႕ကိုေျပာေတာ့အတန္းမေျပးပါဘူးဘာေလးနဲ႕အခုေတာ့ေနရာမွာမရွိဘူး။ ခ်န္အန္းကေက်ာင္းသားေတြကိုေဝ့ၾကည့္လိုက္ၿပီးသူနဲ႕အၾကည့္ခ်င္းဆုံသည့္ေက်ာင္းသားတိုင္းကတုန္တက္သြားၾကၿပီးဓားပ်ံတစ္စင္းရင္ထဲဝင္လာသလိုခံစားလိုက္ၾကရသည္။

''အခုခ်က္ခ်င္းတန္းစီၾကစမ္း!"

''ဟုတ္!"

ေက်ာင္းသားေတြကခ်န္အန္းအရွိအဝါကိုေၾကာက္ေၾကာက္နဲ႕အေျပးေလးတန္းစီလိုက္ၾကသည္။စိတ္ထဲမွာေတာ့ဘာလို႔ဆရာအသစ္ေျပာင္းတာလဲ ။ ႐ုပ္ၾကည့္ေတာ့သေဘာေကာင္းမယ့္ပုံနဲ႕လူကဘာလို႔ဒီေလာက္ေၾကာက္စရာေကာင္းေအာင္စကားေျပာတတ္တာလဲဆိုၿပီးသိခ်င္ေနၾကသည္။

'' ေတာင္းပန္ပါတယ္ ''

ခ်န္အန္းသူ႕ပထမေန႕ရဲ႕ roll callစေခၚမယ့္အခ်ိန္မွာပဲေနာက္က်ေနတဲ့ေက်ာင္းသားတစ္ခ်ိဴ႕ကေဟာဟဲေဟာဟဲနဲ႕အခန္းထဲေျပးဝင္လာၾကသည္။ သူတို႔မွာဆရာေျပာင္းသြားတာသတိေတာင္မထားမိၾကေသးေပ။

ခ်န္အန္းေက်ာင္းသားေလးေတြကိုၾကည့္လိုက္ၿပီးမိန္းကေလးတစ္ေယာက္ကိုျမင္ေတာ့ ႏႈတ္ခမ္းစြန္းေကာ့႐ုံၿပဳံးလိုက္သည္။ ''မင္းတို႔အိမ္မွာနာရီမရွိလို႔လား။ ေျခေထာက္ေခါက္ေနလို႔လား။''

ေက်ာင္းသားေတြလည္းအသံၾကားရာကိုလွည့္ၾကည့္လိုက္ၾကသည္။ထိုေကာင္မေလးကလည္းစကားေျပာေနတဲ့သူ႕ကိုျမင္ေတာ့မ်က္လုံးျပဴးသြားၿပီးသူမမ်က္လုံးမ်ားကိုပင္မယုံသကၤါပြတ္မိလိုက္ေသးသည္။

''ဦးေလး ခ်န္?'' ခ်န္အန္းအိမ္မွာအိမ္အကူလုပ္ေနတဲ့ဝမ္လီကမယုံနိုင္ပင္ျဖစ္သြားသည္။ ဦးေလးခ်န္လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကUSကျပန္လာၿပီလို႔ေတာ့သူမၾကားသားပဲ။သူမစိတ္ထဲမွာခ်န္အန္းလိုလူက နိုင္ငံတကာစီးပြားေရးလုပ္ငန္းေတြကို ေဒၚလာဘီလီယံနဲ႕ခ်ီအလုပ္လုပ္ၿပီးကိုယ္ရံေတာ္တစ္အုပ္ႀကီးနဲ႕သြားလာတဲ့သူလို႔ထင္ထားတာေလ။အခုတကၠသိုလ္မွာ gymယူနီေဖာင္းဝတ္ၿပီးဘာလာလုပ္တာလဲ။

သူမကထပ္ၿပီးခ်န္အန္းရဲ႕ဝတ္စုံ၊ဖိနပ္၊လက္ကနာရီကိုၾကည့္ၿပီးစိတ္ထဲမွတ္ခ်က္ေပးလိုက္ေသးသည္။ Gym ထဲမွာေတာင္ ဦးေလးခ်န္တို႔က Luxury brandေတြခ်ည္းဝတ္ထားတုန္းပဲ။ပတ္ဝန္းက်င္နဲ႕လိုက္ဖက္လားမလိုက္ဖက္လားဂ႐ုကိုမစိုက္ဘူး။

'' ခ်န္ကငါ့ရဲ႕မ်ိဴးရိုး။မင္းတို႔ငါ့ကိုဆရာခ်န္လို႔ေခၚနိုင္တယ္။ဒီေန႕ကငါ့ရဲ႕ပထမဦးဆုံးအတန္းကိုင္တဲ့ေန႕ပဲ။ဒါေပမဲ့ပထမေန႕မွာတင္ေနာက္က်ေနတာမေကာင္းဘူးမလား။ '' ေဆာင္းဦးကိုေရာက္ေနၿပီဆိုေပမယ့္ခ်န္အန္းအၿပဳံးကေတာ့ႏြေဦးလိုႏြေးေထြးမႈေလးသယ္ေဆာင္လာေသးသည္။ ဒါေပမဲ့ ဝမ္လီကေတာ့ေက်ာစိမ့္လြန္းလို႔တုန္ေနသည္။

'' ဆရာခ်န္ ေနာက္ခါက်မဘယ္ေတာ့မွေနာက္မက်ေတာ့ပါဘူး။'' ဝမ္လီကနဖူးနဲ႕ဒူးထိမတပ္ဦးၫႊတ္ေတာင္းပန္လိုက္ေတာ့နံေဘးကလူေတြပါေၾကာင္ကုန္ၾကသည္။ဒီေလာက္ႀကီးလိုလို႔လား။

ခ်န္အန္းကရယ္ရင္းမတ္တပ္ရပ္လိုက္သည္။
''ငါကပုံမွန္ဆိုသေဘာေကာင္းတဲ့လူပါ။ဒါေပမဲ့တစ္ခ်ိဴ႕ေက်ာင္းသားေတြကေတာ့သတိေပးစရာလိုေနတယ္။အတန္းေျပးတာေနာက္က်တာေတြကိုငါ့အတန္းမွာခြင့္မလြတ္ဘူး။ဒီေန႕ကပထမဦးဆုံးေန႕ဆိုေတာ့ရွိေစေတာ့။''

တံခါးဝမွာရပ္ေနတဲ့ေက်ာင္းသားေတြကအသက္ရႉေခ်ာင္သြားၾကေပမယ့္ဝမ္လီတစ္ေယာက္တည္းကသာခ်န္အန္းကဒီေလာက္လြယ္တဲ့သူမဟုတ္မွန္းသိထားသည္။ထင္တဲ့အတိုင္းပါပဲ။

''Gym ထဲကပစၥည္းေတြကေဟာင္းေနလို႔ေက်ာင္းကိုအသစ္လဲေပးဖို႔ေတာင္းထားတယ္။ေနာက္က်တဲ့သူေတြကအေဟာင္းေတြကိုအျပင္ထုတ္ၿပီးအသစ္ေတြကိုအထဲထည့္လိုက္ၾက''
ခ်န္အန္းကနံေဘးကစာ႐ြက္ကိုယူလိုက္ၿပီးေထာင္ျပလိုက္သည္။ ''မင္းတို႔ဒီစာ႐ြက္ထဲကပုံအတိုင္းပစၥည္းေတြကိုျပန္ထားရမယ္ဟုတ္ၿပီလား။''

ထရပ္ကားႏွစ္စီးကအခန္းအျပင္မွာဆိုက္လာတာကိုျမင္ေတာ့တစ္ခ်ိန္ထဲနဲ႕ဒီပစၥည္းေတြသယ္လို႔ေ႐ြ႕လို႔မၿပီးမွာအားလုံးနားလည္လိုက္ၾကသည္။

စာဂ်ပိဳး႐ုပ္မ်က္နဲ႕ေကာင္ေလးတစ္ေယာက္ကလက္ကေလးေထာင္ၿပီးခ်န္အန္းကိုလွမ္းေမးလိုက္သည္။ ''မစၥတာခ်န္က်ေတာ္တို႔အတန္းခ်ိန္အတြင္းအၿပီးမေ႐ြ႕နိုင္ရင္ေရာ?''

''ဒါဆိုၿပီးမွအတန္းဆင္းၾကေလ။''

''စိတ္မရွိပါနဲ႕ ဆရာချန်ကျတော်ကနောက်လမှာနိုင်ငံတကာသခင်္ျ ာၿပိဳင္ပြဲဝင္ဖို႔ရွိတာအခုဒီအတန္းထဲလာတာအခ်ိန္ေတြေတာ္ေတာ္ျဖဳန္းေနၿပီ။အတန္းကိုသူ႕အခ်ိန္နဲ႕သူသိမ္းေပးပါ။''

ဝမ္လီကစိတ္မေကာင္းစြာမ်က္လုံးေလးမွိတ္ထားလိုက္သည္။နင္ေတာ့ေသၿပီအေကာင္ေရ။

''အိုးးး မင္းကPEအတန္းထဲလာရတာအခ်ိန္ျဖဳန္းေနတယ္လို႔ေတြးတယ္ေပါ့ေလ''

ခ်န္အန္းအၿပဳံးတုေလးနဲ႕စာဂ်ပိဳးေလးဆီခပ္မွန္မွန္ေလွ်ာက္သြားလိုက္သည္။ေက်ာင္းသားေလးကေတာ့သူနီးလာေလေက်ာက္႐ုပ္ႀကီးလိုရပ္ၿပီးတံေတြးေတာင္ခက္ခက္ခဲခဲၿမိဳခ်ရေလျဖစ္ေနသည္။ ခ်န္အန္းကေက်ာင္းသားေလးကိုဘလိတ္ဓားလိုအၾကည့္နဲ႕ၾကည့္လိုက္ၿပီး '' မင္းကိုမင္းျပန္ၾကည့္ဦး။အသက္၂၀ရွိေနၿပီပိန္လိုက္တာမွဝါးတူလိုပဲ။လူေတြကမင္းကိုမူႀကိဳေက်ာင္းသားလို႔ေတာင္ထင္ေနဦးမယ္။ေသခ်ာတာကမင္းမိန္းကေလးနဲ႕လက္ေတာင္မကိုင္ရေသးဘူးမလား''

''ငါဘာလို႔သိလဲသိခ်င္လား။ဘာလို႔ဆိုဘယ္မိန္းကေလးကမွသူကေတာင္ျပန္ကာကြယ္ေပးေနရမယ့္ ေလတိုက္တာနဲ႕လြင့္သြားတဲ့ေယာက္်ားေလးမ်ိဴးကိုမႀကိဳက္လို႔ပဲ။ အဆင့္ေကာင္းတာကမင္းကိုမကယ္နိုင္ဘူး။မိန္းကေလးေတြတင္မကဘူးမင္းေက်ာင္းၿပီးလို႔အလုပ္ခြင္ထဲဝင္တဲ့အခါမင္းလုပ္ေဖာ္ကိုင္ဖက္ေတြကအထင္ေသးမယ္။မင္းသူေဌးကမင္းကိုအားမကိုးရဘူးလို႔ျမင္လိမ့္မယ္။''

မ်က္ႏွာတစ္ခုလုံးနီျမန္းေနၿပီျဖစ္တဲ့ေက်ာင္းသားေလးကိုခ်န္အန္းကိုပုခုံးပုတ္လိုက္သည္။ ''မိတ်ဆွေလေးငါ့ကိုစကားပြောရင်ကြည့်ပြော။မင်းကုိဒီအတန်းကအလွှတ်ပေးလိမ့်မယ်လို့မင်းထင်နေတာလား။သင်ရိုးမှတ်တမ်းလက်မှတ်မပါဘဲမင်းဘွဲ့မရနိုင်ဘူး။ဘွဲ့မရဘဲနဲ့မင်းအလုပ်မရနိုင်ဘူး။''

'' ခင္ဗ်ားကၿခိမ္းေျခာက္ေနတာပဲ!"

စာၾကမ္းပိုးေက်ာင္းသားေလးမွာသူ႕ဘဝတြင္တစ္ႀကိမ္တစ္ခါမွဤသို႔မေအာ္ခဲ့ဖူးေသာ္လည္းအခုခ်န္အန္းစကားကိုၾကားၿပီး႐ုတ္တရပ္ျပန္ေအာ္မိသြားသည္။

ခ်န္အန္းအမူအရာကေတာ့ေအးစက္သြားၿပီးေက်ာင္းသားေလးကိုထပ္ေျပာျပန္သည္။''ဟုတ္တယ္ငါမင္းကိုၿခိမ္းေျခာက္ေနတာပဲ။အရင္ေခတ္ကလိုသာဆိုမင္းငါ့ကိုအခုလိုျပန္ေျပာနိုင္မယ့္အစားၾကမ္းျပင္မွာဝါးလ်ားေမွာက္ေနရေလာက္ၿပီ''

''ဘာလုပ္ေနတာလဲ။ ခုခ်က္ခ်င္းထေလ'' ခ်န္အန္းကေက်ာင္းသားေလးကိုတစ္ခ်က္ကန္လိုက္သည္။စာၾကမ္းပိုးေလးမွာပိန္ခ်ိခ်ိမို႔ၾကမ္းျပင္ေပၚ လဲက်သြားသည္။ အနိုင္က်င့္ခံရသည့္ေဒါသစိတ္နဲ႕မ်က္ရည္မ်ားလည္းက်လာသည္။

''ခင္ဗ်ားဘာလို႔ေက်ာင္းသားကိုရိုက္ရတာလဲ'' ေနာက္ထပ္အရပ္ရွည္ရွည္ ခပ္ပိန္ပိန္ေကာင္ေလးတစ္ေယာက္ကထလာၿပီးလဲက်သြားတဲ့စာၾကမ္းပိုးေလးကိုထူေပးလိုက္သည္။ ''ဘာျဖစ္သြားေသးလဲ။နာသြားလား'' ဘာညာနဲ႕သူအရိုက္ခံရသလိုစိုးရိမ္မႈအျပည့္ပင္။

'' မင္းကေတာ္ေတာ္အျဖစ္သည္းေနတာပဲငါသူ႕ကိုရိုက္တာမဟုတ္ဘူးပညာေပးေနတာ'' ခ်န္အန္းအေနနဲ႕သူ႕ဘက္သူၾကည့္ရင္မမွားဘာလို႔ဆိုဒါကလုဖုန္းကိုသူသင္ေပးတုန္းကထက္စာရင္အမ်ားႀကီးေလ်ာ့ထားတာမို႔ေလ။

'' လူကိုရိုက္တာကိုကမဟုတ္တာပဲ။က်ေတာ္ပါခ်ဴပ္နဲ႕တိုင္ေျပာမယ္'' အရပ္ရွည္ရွည္ေကာင္ေလးကေျပာရင္းနဲ႕စာၾကမ္းပိုးေလးကိုပါဆြဲထုတ္သြားသည္။

''မလုပ္နဲ႕မလုပ္နဲ႕'' ဝမ္လီကအျမန္ေျပးလာၿပီးသူတို႔ကိုတားလိုက္သည္။သူမခ်န္အန္းကိုစိုးရိမ္လို႔တားတာေတာ့မဟုတ္သူတို႔ႏွစ္ေယာက္ကိုစိုးရိမ္လို႔တားျခင္းျဖစ္သည္။

'' မင္းတို႔အားလုံးကိုဒီေန့သင်ခန်းစာတစ်ခုသင်ပေးမယ်။အဲ့တာက 'မိမိကိုယ္သာအေရးႀကီးဆုံးလို႔ထင္ေနတဲ့သူေတြလက္ေတြ႕မွာဖင္ကန္ခံရျခင္း' ဆိုတာပဲ။''

ခ်န္အန္းကေၾကာက္လို႔တုန္ေနတဲ့ေက်ာင္းသားေတြဖက္ကေနေဒါသေၾကာင့္တုန္ေနတဲ့ေက်ာင္းသားေလးဆီတစ္ဖန္ျပန္လွည့္လိုက္သည္။
'' ပါခ်ဴပ္ႀကီးဆီသြားခ်င္သပါဆိုလည္းသြားေလ။ဒါေပမဲ့မင္းတို႔ interpolအထိတက္တိုင္ရင္ေတာင္ဘယ္သူမွမကူညီေပးမွာေတာ့ေသခ်ာတယ္။''

''မင္းတို႔ကကိုယ့္ဆရာကိုမေလးစားဘဲ မင္းတို႔ကိုျပန္ေလးစားမႈေပးတာေတာ့လိုခ်င္တယ္ေပါ့။မင္းတို႔တကယ္ပဲပိန္းတာလားကိုယ့္ကိုယ္ကိုေလာကႀကီးရဲ႕အရွင္သခင္လို႔ထင္ေနတာလား။'' ခ်န္အန္းကအျပင္ကိုလက္ညွိုးထိုးျပလိုက္ၿပီး
''သြား အျပင္မွာအပတ္၂၀ေျပး။မၿပီးမခ်င္းမရပ္နဲ႕။မင္းတို႔အခုထြက္သြားခ်င္သြားလို႔ေတာ့ရတယ္။ဒါေပမဲ့ငါေျပာတာကိုမွတ္ထားမင္းတို႔ဘယ္ေလာက္ပဲအမွတ္ေကာင္းေကာင္းရခဲ့ဖူးပါေစဒီအတန္းကိုလစ္ရင္ေတာ့ အတန္းေအာင္လက္မွတ္မရဘူး။ အဲ့တာမရရင္မင္းတို႔ဘြဲ႕လည္းမရနိုင္ဘူး။မယုံဘူးဆိုရင္စမ္းၾကည့္လိုက္ေပါ့။''

ခ်န္အန္းကအတန္းသားေတြဖက္တစ္ဖန္ျပန္လွည့္လိုက္ၿပီး ''မင္းတို႔အားလုံးကအခုပဲပစၥည္းေတြသယ္ဖို႔လုပ္ၾက။ ဒီေန႕အတန္းမတက္တဲ့သူေတြကိုလည္းေျပာထားလိုက္။ဘြဲ႕လိုခ်င္ရင္ေနာက္အတန္းကိုလစ္ဖို႔ေတာ့မႀကံနဲ႕လို႔။ဟုတ္ၿပီလား။ျပသာနာရွိလား'' ခ်န္အန္းကေျပာၿပီးေတာ့ၿပဳံးရင္းတပည့္ေတြကိုၾကည့္လိုက္သည္။

21042023

တကယ္ေတာ့ဒီအပိုင္းေခါင္းစဥ္က 'ေငြအားကိုးနဲ႕ဆရာဆိုး' ျဖစ္သင့္တာ 🙄

Continue Reading

You'll Also Like

67K 9.4K 72
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
22.7K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
1.9M 299K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...
114K 13K 26
Title - The Flesh of a Swan ▪️Associated name - 天鹅肉 ▪️Original Author - 寒菽 ▪️English Translator(s) - 78zaoTL ▪️Original Publisher - JJWXC ▪️Year - 20...