Rebirth of Chen An【Zaw + uni】

By ELMILLION

1.4M 185K 8.1K

လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သ... More

Summary
Book I : အခန္​း (၁) ဘဝသစ္​မစမွီ
အခန္​း(၂)စိတ္​ပ်က္​ဖို႔​ေကာင္​းတဲ့ျပန္​လည္​​ေမြးဖြားျခင္​း
အခန္​း(၃)​ေဆးရံုမွအဆင္​း
အခန္​း(၄)အိမ္​သို႔
အခန္​း(၅) အခ်စ္​လုဖက္​နဲ႔ၿပိဳင္​ဖက္​
အခန္​း(၆)ၿပိဳင္​ဖက္​
အခန္​း (၇) သစၥာ​ေဖာက္​၏အလြမ္​း
အခန္​း(၈) တူဝရီး
အခန္​း (၉) ခ်န္​အန္​းရဲ႕အလုပ္​
အခန္​း (၁၀) အိမ္​အသစ္​
အခန္​း (၁၁)တင္​း႐ွန္​း ႏွင္​့ မ​ေတာ္​တဆ​ေတြ႔ဆံုျခင္​း
အခန္​း (၁၂) ရန္​သူ​ေဟာင္​းႏွင္​့မိတ္​ဖြဲ႔ျခင္​း
အခန္​း (၁၃) ဦး​ေလး မႀကိဳက္​ဘူးလား?
အခန္​း (၁၄) Gymထဲကအ​ေႏွာင္​့အယွက္​
အခန္​း (၁၅) လက္​တုန္​႔ျပန္​ရမည္​
အခန္​း (၁၆) ​ေတာက္​​ေတာက္​ပပ
အခန္​း (၁၇) အထူးတန္​းက အဆိပ္​ျပင္​း​ေႁမြ
အခန္​း (၁၈) ​ေလာင္​စစ္​ ဆိုတဲ့codeအမည္​
အခန္​း (၁၉) အ​ေမွာင္​​ေလာက
အခန္​း(၂၀) Tiger King
အခန္​း (၂၁) အရက္​တန္​ခိုး (၁)
အခန္​း (၂၂) အရက္​တန္​ခိုး (၂)
အခန္​း (၂၃) ​ေရခ်ိဴးခန္​းထဲမွာပုန္​း​ေနတဲ့လူ
အခန္​း(၂၄) ခိုးၾကည္​့ျခင္​း
အခန္​း (၂၅) အထင္​လြဲ​ေအာင္​လုပ္​ျခင္​း
အခန္​း (၂၆) ​ေထာင္​လိုရင္​၊ရာစြန္​႔
အခန္​း (၂၇) ပိုက္​ဆံအတြက္​ကိုယ္​့ကိုယ္​ကိုမ​ေရာင္​းႏိုင္​
အခန္​း(၂၈) တင္​း႐ွန္​း၏သ႐ုပ္​မွန္​
အခန္​း(၂၉) Guilty
အခန္​း(၃၀) လွည္​့စားျခင္​း
အခန္​း(၃၁) ခ်န္​ယန္​း၏​ေရြးခ်ယ္​မႈ
အခန္​း (၃၂) ညစာထြက္​စားရန္​ျပင္​ဆင္​ျခင္​း
အခန္​း(၃၃) မင္​းဘယ္​လိုဘဝမ်ိဴးမွာ​ေနခ်င္​လဲ
အခန္​း(၃၄) တ​ေစၦသရဲလိုအိုင္​ဗန္​
အခန္​း(၃၅) ဗီလိန္​အိုင္​ဗန္​
အခန္​း (၃၆) လူ​ေလးဦး၊အ​ေတြးကိုယ္​စီ
အခန္​း(၃၇) ခ်န္​ယန္​းရင္​ထဲက နာက်ည္​းျခင္​းမ်ိဴး​ေစ့
အခန္​း(၃၈) တတိယ​ေျခလွမ္​း၊တတိယ​ေျမာက္​လူ
အခန္​း(၃၉) လုဖုန္​းႏွင္​့အိုင္​ဗန္​တို႔ၾကား​ေသြးခြဲရန္​အစီအစဥ္​
အခန္​း(၄၀) ငါးစာ​ေတာ့ခ်လိုက္​ၿပီ
အခန္​း(၄၁) ရန္​သူအသစ္​နဲ႔စကားစျမည္​း
အခန္​း(၄၂) အိမ္​​ေစာင္​့​ေနသည္​့ခ်န္​ယန္​း
အခန္​း(၄၃) ဒုတိယ​ေျမာက္​ အ​ေမြဆက္​ခံသူအ​ေလာင္​းလ်ာ
အခန္​း(၄၄) ငါးဟက္​သလား?အစာခ်​ေကြၽးသလား?
အခန္​း(၄၅) ဝမ္​​ေဟာင္​ႏွင္​့ထပ္​မံ​ေတြ႔ဆံုျခင္​း
အခန္​း(၄၆) ရည္​းစားလုဖက္​ဆီကျပန္​​ေတာင္​းတဲ့လက္​​ေဆာင္​
အခန္​း(၄၇) ငါသစၥာ႐ွိတဲ့​ေခြးမ်ိဴးကိုပဲသ​ေဘာက်တယ္​
အခန္​း(၄၈) ဦး​ေလးက​ေရခဲဂူႀကီးဆို ကြၽန္​​ေတာ္​ကမီးဖို
အခန္​း(၄၉) စတင္​ထြက္​ခြာ
အခန္​း(၅၀) ယူကရိန္​းသို႔
အခန္​း (၅၁) ျကိဳဆိုပါတယ္​
အခန္​း(၅၂) ဂိမ္​းအ​ေသးစား
အခန္​း(၅၃) ပထမဦးဆံုးအႀကိမ္​ လူသတ္​ျခင္​း
အခန္​း(၅၄) ​ေျဖ​ေဆးမ႐ွိတဲ့အဆိပ္​ /ဦး​ေလး ကြၽန္​​ေတာ္​့ကိုထားမသြားပါနဲ႔။
အခန္​း(၅၅) အိုင္​ဗန္​၏ masterpieces လက္​ရာ
အခန္​း(၅၆) အတုအ​ေယာင္​
အခန္​း (၅၇) တစ္​ဖက္​သတ္​
အခန္​း(၅၈) လန္​ၾကဳတ္​​ေရစက္​
အခန္​း(၅၉) Ivanov's confession | Chen an's Game
အခန္​း(၆၀) ​ေျမ​ေခြးနဲ႔ဝက္​ဝံတို႔ခ်ိန္​း​ေတြ႔ျခင္​း
အခန္​း(၆၁) အ​ေျဖမွန္​
အခန္​း(၆၂) Alert
အခန္​း(၆၃) အထီးက်န္​ည
အခန္​း(၆၄) ဘုရားလည္​းဖူးလိပ္​ဥလည္​းတူး
အခန္​း(၆၅) အ​ေရးနိမ္​့ဝက္​ဝံ
အခန္​း(၆၆) သံသယမ်ိဴး​ေစ့
အခန္​း (၆၇) သူ႔အပိုင္​
အခန္​း (၆၈) ကာစီႏို
အခန္​း (၆၉) ​ေလာင္​းကစားသမား ၏ စကားစီးခ်င္​း
အခန္​း (၇၀) အတိတ္​၌ဖက္​တြယ္​ျခင္​း(သို႔)မင္​းအပိုင္​
အခန္​း(၇၁) က်ိဴးသြား​ေသာမ်က္​မွန္​တစ္​လက္​
အခန္​း(၇၂) ျမဴဆိုင္​း​ေန​ေသာျမင္​ကြင္​းမ်ား
အခန္​း(၇၃) ပစ္​မွတ္​ကို႐ွာ​ေတြ႔ျခင္​း
အခန္​း(၇၄) လႊတ္​ထြက္​သြား​ေသာစိတ္​ဝိညာဥ္​
အခန္​း(၇၅) ကိုယ္​့အက်ိဴးကိုယ္​ကိုးသူလ်ွိဴ
အခန္​း(၇၆) ဗ်ဴဟာခင္​းျခင္​း
အခန္​း(၇၇) ​ေရကန္​ထဲကလူယုတ္​မာ
အခန္​း(၇၈) လူသတ္​သမား
အခန္​း(၇၉) မင္​းငါ့ကိုသတ္​မွာလား
အခန္​း(၈၀) ဟုတ္​တယ္​မလား?
အခန္​း(၈၁) လက္​စြပ္​ဗူးထဲကဘီလီယံ​ေဒၚလာ
အခန္​း(၈၂) ႐ုိမန္​ ့တစ္​ ညစာ
အခန္​း(၈၃) ဖ​ေယာင္​းမီး​ေရာင္​​ေအာက္​က
အခန္​း(၈၄) ရင္​တြင္​းစကား
အခန္​း(၈၅) အက်ိဴးအျမတ္​
အခန္​း(၈၆) ယံုၾကည္​မႈ
အခန္​း(၈၇) ​ေလထန္​ည 《 End of book - I》
Beginning of book II : အခန္​း (၈၈) ကြၽန္​း
အခန္​း(၈၉) ဝိုင္​
အခန္​း(၉၀) အစ္​ကို႔ကိုထားမသြားပါနဲ႔
အခန္​း(၉၁) ကိုယ္​့နံမည္​ကို​ေခၚပါ
အခန္​း(၉၂) အခ်စ္​ည၏မနက္​
အခန္​း(၉၃) ill
အခန္​း(၉၄) ​ေျမ​ေခြးအို
အခန္​း (၉၅) ခင္​မ်ားကခ်န္​က်န္​းအန္​း
အခန္​း(၉၆) ​ေဘာ့စ္​ ႐ွင္​ဖ်ား​ေနၿပီ
အခန္​း(၉၇) မဟာမိတ္​
အခန္​း(၉၈) ပင္​လယ္​ကိုပ်ားရည္​ဆမ္​းတဲ့ခရီးလမ္​း
အခန္​း(၉၉) ရြက္​လြင္​့
အခန္​း (၁၀၀) လိႈင္​းထန္​
အခန္​း(၁၀၁) ခ်စ္​တယ္​
အခန္​း (၁၀၂) အ႐ူးတစ္​​ေယာက္​ႏွင္​့
အခန္​း (၁၀၃) ငါးဟင္​းတစ္​ခြက္​
အခန္​း (၁၀၄) စည္​းစိမ္​မဲ့
အခန္​း(၁၀၅) လူသူမဲ့ကြၽန္​း​ေပၚ
အခန္​း (၁၀၆) တစ္​​ေယာက္​ထဲထားမသြားနဲ႔
အခန္​း(၁၀၇) မင္​းရဲ႕နာက်င္​မႈ
အခန္​း(၁၀၈) ​ေကာင္​း​ေကာင္​းဆိုးဆိုးအတူတူမ်ွ​ေဝ
အခန္​(၁၀၉) ျပန္​​ေပးဆြဲခံရျခင္​း
အခန္​း(၁၁၀) အဆက္​​ေဟာင္​း
အခန္​း(၁၁၁) ဘယ္​သူ႔အတြက္​လဲ
အခန္​း(၁၁၂) ​ေႂကြသုဥ္​းသြား​ေသာေမ်ွာ္​လင္​့ခ်က္​
အခန္​း(၁၁၃) အခ်စ္​၏ညႇင္​းဆဲမႈ
အခန္​း(၁၁၄) ဖြင္​့ဟျခင္​း
အခန္​း(၁၁၅) ဥ​ေပကၡာ
အခန္​း(၁၁၆) ပ်ိဴးျခင္​း
အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)
အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ
အခန်း (၁၁၉) သူလျှိူရှာခြင်း
အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား
အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့
အခန်း (၁၂၂) ပုခတ်သူခိုး
အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။
အခန်း(၁၂၄) မနာလိုသည့်ခံစားချက်
အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်
အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ
အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ
အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ
အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်
အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ
အခန်း (၁၃၄) ဘိုင့်ဘိုင်
အခန်း (၁၃၅) ဧကရာဇ်ဆိုး
အခန်း (၁၃၆) သက်သေပြမယ်
အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်
အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း
အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း
အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ
အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း
အခန်း (၁၄၄) သာမန်လူနေမှုဘဝ
အခန်း (၁၄၅) DNA စစ်ဆေးချက်
အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး
အခန်း (၁၄၇) အချစ်ရူး
အခန်း (၁၄၈) ဦးလောဘ
အခန်း (၁၄၉) ဆရာလုပ်မယ်
အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်
အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့
အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ
အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း
အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း
အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား
အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း
အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ
အခန်း (၁၅၉) ဘောလုံးကစားတတ်လား
အခန်း (၁၆၀) အံ့ဖွယ်အသင်း
အခန်း (၁၆၁) ဖြိုချပစ်လိုက်
အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ
အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
အခန်း (၁၆၄) အာဖရိကကို လယ်စိုက်ဖို့သွားမယ်
အခန်း (၁၆၅) စီးပွားသစ်စပြီ

အခန်း (၁၃၉) နန်းမြို့တော်သို့

1.1K 196 2
By ELMILLION

အခန်း (၁၃၉) နန်းမြို့တော်သို့

ဓားပြအားလုံးကိုစစ်သူကြီးဘက်ကတစ်စုံတစ်ခုအထိနာခြင်း မရှိဘဲဖမ်းမိသွားနိုင်ခဲ့သည်။ ဒီလိုအောင်ပွဲတွေဆိုတာစစ်သူကြီးရဲ့သမိုင်းမှာပထမဦးဆုံးအကြိမ်ရှိတာတော့မဟုတ်။ဒီလောက်သက်သက်သာသာနဲ့အောင်ပွဲဆင်နိုင်ခဲ့တာကတော့ပထမဦးဆုံးဖြစ်သည်။

ရဲမတ်များကရွာထဲဝင်သွားရုံသာ ဓားပြများကအလိုအလျောက်လက်နက်ချပေးခဲ့ခြင်းဖြစ်သည်။အောင်ပွဲကစစ်သူကြီးအတွက်ဖြစ်သော်လည်းဒီပွဲမှာအာရုံအစိုက်ခံရဆုံးကတော့ချန်အန်းပင်။

သူ့ရဲ့ပြောင်မြောက်တဲ့လုပ်ဆောင်ချက်ကြောင့်ချန်အန်းနဲ့တင်းရှန်းဟာ အဖမ်းခံထားရရာကတော့ အထူးဧည့်သည်များအဖြစ်ကိုနေ့ချင်းပြောင်းလဲသွားခဲ့သည်။ စစ်သူကြီးကတော့အေးစက်စက်ဆက်ဆံမြဲပင်။သို့သော်လည်းသူတို့နဲ့သင့်လျော်သလိုစီစဥ်ပေးဖို့အမိန့်ပေးသည်။လက်နက်များကတော့ပြန်သိမ်းခံလိုက်ရပြန်သည်။

ချန်အန်းနဲ့တင်းရှန်းကတော့လက်နက်တွေပြန်မပေးလိုက်ခင်မှာလှည့်စားနိုင်လိုက်လို့ဂုဏ်ယူနေကြသည်။သူတို့လက်နက်တွေကိုသူတို့ထားတဲ့အတိုင်းမထားရင်ဒုက္ခလှလှကြီးတွေ့သွားကြမှာလေ။

''အဲ့စစ်သူကြီးကတော်တော်လုဖုန်းနဲ့တူတာပဲ။သူကလုဖုန်းလို့အန်ကယ်ထင်လား''

တင်းရှန်းကမနေနိုင်စွာထပ်မေးလိုက်သည်။အရင်တစ်ခေါက်ကချန်အန်းသူ့ကိုအဖြေအတိအကျမပြောနိုင်ခဲ့သော်လည်းအခုတော့အဖြေသေချာသွားပြီလေ။ ခေါင်းကိုရမ်းရင်း ပုံမှန်ပင်ပြန်ဖြေလိုက်သည်။ ''ငါသိတဲ့လုဖုန်းတော့မဟုတ်ဘူး။''

သူတို့မှာမျက်နှာရောနာမည်ရောဆင်တူနေပေမဲ့ဒီရက်ပိုင်းအတွင်းချန်အန်းရင်ထဲခံစားနေရတာကဒီလူဟာသူသိတဲ့လုဖုန်းမဟုတ်ဘူးဆိုတာပဲ။
ချန်အန်းအနေနဲ့ဘယ်လောက်စိတ်ရှုပ်ထွေးနေပါစေ သူရတဲ့ချစ်သူနဲ့ရုပ်တူတဲ့လူဆိုရုံနဲ့လူချင်းတော့မမှားနိုင်ဘူး။ ဒီနှစ်တွေမှာ ဒါလေးတောင်မသိဘဲနေလာခဲ့ရင်သူကမြေခွေးအိုကြီးမဟုတ်တော့ဘူးလေ။

တင်းရှန်းနဲ့ချန်အန်းတို့အခန်းထဲမှာနောက်ထပ်ပလန်အတွက်တီးတိုးဆွေးနွေးနေတုန်းတံခါးခေါက်သံကြားလိုက်ရပြီး တဆက်တည်းအေးဆေးသိမ်မွေ့သည်အမျိူးသားတစ်ဦး၏အသံကိုပါကြားလိုက်ရသည်။

''ကြည်ညိုရသောနတ်မင်းကြီးများခင်ဗျာ။ ကျွနိုပ်ချင်ယွိပါ။အနှောက်အယှက်ပေးရလို့စိုးရွံမိပါတယ်။''

''ဝင်လာပါ'' ချန်အန်းနဲ့တင်းရှန်းလည်းတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြောလက်စကိုရပ်လိုက်သည်။

အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးသုံးခေတ်နိုင်ငံခေတ်ကပညာရှိကျူးကောလျန်နှင့်ဆင်သည့်ပုဂ္ဂိုလ်ကဖော်ရွေသောအပြုံးနှင့်ရိုသေစွာဂရဝါပြုလျက်ဝင်လာသည်။ ရုတ်တရပ်ကြီးရိုသေသွားတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီးချန်အန်းနှင့်တင်းရှန်းမှာဘာလုပ်ဘာကိုင်ရမှန်းမသိပေ။

ခေတ်သစ်လူငယ်တင်းရှန်းလေးကတော့အားတုန့်အားနာ​ဖြင့်မတ်တပ်ရပ်ကာပြန်ဂါရဝပြုလိုက်ပုံကချန်အန်းကိုရယ်ချင်စိတ်ပေါက်သွားစေသည်။

'' ကျူပ်တို့ကိုမိတ်ဆွေတွေလို့သဘောထားရင်ဒီဂါရဝတရားတွေမလိုပါဘူး တိုင်ပင်ခံအမတ်ကြီး'' ချန်အန်းကခုံတွင်ထိုင်လျက်ပင်ရေနွေးကြမ်းငှဲ့လျက် ခုံလွတ်ကိုညွှန်ပြလိုက်သည်။ ''ထိုင်ပါဦး''

ချန်အန်းရဲ့အေးဆေးပြီးဖော်ရွေတဲ့အမူအရာကတိုင်ပင်ခံအမတ်ကြီးဆီအမှတ်ပိုရသွားစေသည်။ကြာလေဒီလူဟာဧကရာဇ်မဟုတ်ဘူးဆိုတာသေချာလေပင်။

''ကျေးဇူးတင်ပါတယ် ''

ချင်ယွိကထိုင်ခုံအလွတ်တွင်ထိုင်ပြီးပြီးချင်းပဲပြောလိုရာကိုစပြောသည်။ '' လူကြီးမင်းတို့ကသာမန်လူတွေမဟုတ်ဘူးဆိုတော့ ကျူပ်ဒီကိုဘာကြောင့်လာရသလဲသိပြီးသားဖြစ်မှာပဲ။ဒါကြောင့်နိဒါန်းရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။''

''ကျူပ်ကလည်းနိဒါန်းရှည်တာကြိုက်တဲ့သူမဟုတ်ပါဘူး။မေးစရာရှိရင်တစ်ခါတည်းမေးလိုက်ပါ။ ဒါပေမဲ့မမေးခင်စစ်သူကြီးနဲ့ဧကရာဇ်ကြားကပြသာနာလေးကျူပ်ကိုအရင်အလင်းပြနိုင်မလား။''

ချန်အန်းစကားကတိုင်ပင်ခံအမတ်ကြီးကိုတန့်သွားစေသည်။ ဒီလူကပြသာနာကိုအရင်းအမြစ်ကနေစဆွဲထုတ်တတ်တဲ့လူဖြစ်လိမ့််မယ်လို့သူမထင်ထားခဲ့မိပါ။ ခဏကြာတိတ်ဆိတ်အပြီးမှာ​တေ့ချင်ယွိသက်ပြင်းချလိုက်သည်။ ''အစက ကျူပ်လည်းလူကြီးမင်းကဧကရာဇ်များလားလို့သံသရဝင်ခဲ့တယ်။အခုတော့နာမည်နဲ့ရုပ်တူပေမဲ့လူကြီးမင်းကသူမဟုတ်တာသေချာသွားပါပြီ။''

မှတ်ဥာဏ်တွေထဲနစ်မြှုပ်သွားသလိုတိုင်ပင်ခံအမတ်ကြီးကချန်အန်းနှင့်တစ်ထေရာတည်းတူသည့်ဧကရာဇ်၏ဘဝအကြောင်းကိုစပြောပြခဲ့သည်။

လူတွေကသူ့ကိုဧကရာဇ်ဆိုးလို့ခေါ်ကြပေမဲ့သူဟာဘာကိုမှအပြစ်ကျူးလွန်ခဲ့သူမဟုတ်ဘူး။ သူနန်းမတက်ခင်က တိုင်းပြည်ဟာဆိုးရွားနှင့်ပြီးသား။ရှေးနှစ်များစွာပျက်စီးခဲ့တဲ့ဝန်ထုပ်တွေ
ကြောင့်တဖြည်းဖြည်းဆွေးမြေ့​နေတဲ့ တိုင်းပြည်တစ်ခု​ေပါ့။ ဧကရာဇ်၊စစ်သူကြီးနဲ့ဝမ်ရယ်တို့က အတူတကွကြီးပြီးခဲ့ကြတာ။ ငယ်ရွယ်ပြီးလောကကြီးရဲ့ရက်စက်မှုကိုသေချာမသိသေးစဥ်က သုံးဦးသားတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးအတွက်ကြိုးပမ်းကြမယ်ဆိုပြီးသစ္စာပြုခဲ့ကြတယ်။ တစ်နေ့တည်းမမွေးခဲ့ကြပေမယ့် တစ်ယောက်သေသည့်အထိတစ်ယောက်ဖေးမမယ်လို့သစ္စာပြုခဲ့ကြတာပေါ့။

ကံကြမ္မာကတော့လူသားတွေ ရဲ့ဆုတောင်းကိုနားညောင်းခဲတယ်ဟုပဲဆိုရမလား မြောက်ပိုင်းနိုင်ငံကကျူးကျော်လာတဲ့အခါ အဲ့ဒီချိန်ကနန်းတက်နေတဲ့ဧကရာဇ်က အချိန်ဆွဲဖို့နန်းမတက်ရသေးတဲ့ မင်းသားဘဝဧကရာဇ်ကိုဓားစာခံအနေနဲ့တစ်ဖက်တိုင်းပြည်ပို့ခဲ့တယ်။ဒါ
ကြောင့်ဧကရာဇ်ဆိုးဟာနန်းမတက်ခင်ကတိုင်းတစ်ပါးတွင်ငါးနှစ်ကြာနေခဲ့ရတယ်။

သူပြန်လာချိန်မှာတော့သူတို့သုံးယောက်ဟာအရင်လိုပြန်မဖြစ်နိုင်တော့ဘူးဆိုတာမှန်းဧကရာဇ်သဘောပေါက်ခဲ့တယ်။ တစ်ဦးက အင်အားကြီးမားတဲ့တပ်မဟာကြီးကိုဦးဆောင်​နေတဲ့စစ်သူကြီးဖြစ်လာပြီး တစ်ဦးကနန်းတွင်းမှာဩဇာကြီးမားတဲ့ဝမ်ရယ်ဖြစ်နေပြီလေ။

ငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးအတွက်ကြိုးပမ်းပါမယ်ဆိုတဲ့ဧကရာဇ်ကတော့ ညီလာခံကိုအတက်နည်းပြီးတို်င်းပြည်ရေးရာအဝဝကိုလက်အောက်ငယ်သားတွေထံလွှဲထားရင်းနဲ့ 'ဧကရာဇ်ဆိုး' ဖြစ်သွားတယ်။

''ဒါဖြင့်ဧကရာဇ်ကဘယ်လိုသေသွားတာလဲ'' တင်းရှန်းကလိုရင်းရောက်အောင်သိချင်စိတ်ဖြင့်ကြားဖြတ်မေးလိုက်သည်။

တိုင်ပင်ခံအမတ်ချင်ယွိကသက်ပြင်းထပ်ချပြန်သည်။ ''ဧကရာဇ်မင်းကသူပြန်ရောက်လာတည်းကမြောက်ပိုင်းမှာဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတာကိုပြောပြဖို့ငြင်းဆန်ခဲ့တယ်။ညီလာခံအမတ်တွေနဲ့ပြည်သူတွေကြားကဟိုးလေးတကျော်ကျော်ကောလဟလတစ်ခုကတော့ သူကမြောက်ပိုင်းဘက်ပါသွားပြီဆိုတာပဲ။ ဧကရာဇ်၊စစ်သူကြီးနဲ့ဝမ်ရယ်တို့ကြားမှာလည်းသဘောထားမတိုက်ဆို်င်မှုတွေရှိနေတယ်။''

''ဒါဆို စစ်သူကြီးနဲ့ဝမ်ရယ်ကဧကရာဇ်ကိုသတ်လိုက်တာလား။'' တင်းရှန်းကသိချင်စိတ်ဖြင့်ထပ်မေးလိုက်ပြန်သည်။

ချန်အန်းကလည်းတင်းရှန်းခေါင်းကိုခပ်ဖွဖွပုတ်လိုက်သည်။ ''တိုင်ပင်ခံအမတ်ကြီးပြောပြီးတဲ့အထိစောင့်ပါဦးလား။''

'' အာ...ေဆာရီး ဆက်ပြောပါ'' တင်းရှန်းကခေါင်းကုပ်လျက်ရှက်ကိုးရှက်ကန်းရယ်လိုက်သည်ထို့နောက်လက်ကိုပိုက်ပြီးကျောင်းသားလေးလိုသေချာနားထောင်နေတော့သည်။

တိုင်ပင်ခံအမတ်ကြီးကခေါင်းရမ်းလိုက်ပြီး ''စစ်သူကြီးနဲ့ဝမ်ရယ်ကဧကရာဇ်ထိခိုက်အောင်လုပ်ဖို့ဘယ်တုန်းကမှစိတ်မရှိခဲ့ကြပါဘူး။ ဒါပေမဲ့တိုင်းပြည်ရဲ့အခြေအနေကြောင့်နှစ်ဖက်လုံးကပုန်ကန်လိုပြီးကိုယ့်ထီးကိုယ့်နန်းစံချင်ကြတာ။ သူ့ရဲ့မိတ်ဆွေဟောင်းတွေအချင်းချင်းသတ်ဖြတ်ကြတော့မှာကိုမြင်တော့ ဧကရာဇ်က.... သူ့အသက်နဲ့သူခြိမ်းခြောက်ခဲ့တာ။''

ချန်အန်းကအေးဆေးပင်မှတ်ချက်ပေးလိုက်သည်။ ''သူ့ရဲ့အရေးပါမှုကိုအထင်ဇွတ်ကြီးပြီးအသက်အလကားပေးလိုက်တာပဲ။''

'' လူကြီးမင်း မသိပါဘူး။ ဧကရာဇ်ကသူ့နန်းဆောင်သူမီးရှို့ပြီး စစ်သူကြီးနဲ့ဝမ်ရယ်ကိုနားချခဲ့တာ ပြေလည်ပါမယ်ဆိုတဲ့ကတိမရခဲ့ဘူး။ဒါကြောင့် သူကိုယ်တိုင်မီးထဲခုန်ဆင်းပြီးကျိန်စာတိုက်ခဲ့တာပဲ။''

ချန်အန်းမျက်ခုံးပင့်မိ၏။ သူ့အနေနဲ့ကိုယ့်အသက်ကိုယ်တောင်ပဓာနမထားဘဲရူးမိုက်လွန်းတဲ့ဧကရာဇ်ကိုသနားမိပေမဲ့ကျိန်စာတိုက်ခဲ့မယ်လို့တော့မထင်မိဘူး။

''ဘာကျိန်စာလဲ''
စပ်စုလွန်းတဲ့လူငယ်လေးကထပ်မေးလိုက်ပြန်သည်။ဒီတစ်ခါတော့ချန်အန်းလည်းမတားတော့ဘူးသူလည်းပဲသိချင်နေတာမို့လေ။

'' သေရတာထက်ပိုဆိုးဝါးတဲ့ဘဝနဲ့နေထိုင်ရပါပြီး ကိုယ်ချစ်တဲ့သူကိုဘယ်တော့မှမပိုင်ဆိုင်ရပါစေနဲ့တဲ့။''

...

မြို့ငယ်လေးကိုကျောခိုင်းပြီးနန်းမြို့ကိုပြန်လာစဥ်မှာတော့စစ်သူကြီးဆီသတင်းစကားရောက်လာခဲ့သည်။ တိုင်းတစ်ပါးမှစစ်တပ်ကြီးသည်သူတို့တိုင်းပြည်ရှိရာချီတက်လာပြီဟူ၍ဖြစ်သည်။
စစ်သူကြီးနဲ့ဝမ်ရယ်ကြားဘယ်လိုပဲသဘောထားကွဲလွဲပါစေရန်သူတူလာချိန်မှာ​တော့သူတစ်ဖန်ပူးပေါင်းရပြန်သည်။

ချန်အန်းနဲ့တင်းရှန်းလည်းနန်းမြို့တော်ကိုသွားမှာဆိုပေမဲ့စစ်သူကြီးတို့နဲ့မလိုက်ဖြစ်ပါ။ အရင်ဆုံးသူတို့လာခဲ့တဲ့တောင်ပေါ်ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်သည်။ဘာလို့ဆိုချန်အန်းအနေနဲ့သူတို့လေယာဥ်ပေါ်ကလက်နက် တွေလိုအပ်လာလိမ့်မယ်လို့ခံစားရတယ်လေ။

တိုင်ပင်ခံချင်ယွိကတော့ချန်အန်းတို့နဲ့တောင်ပေါ်ကိုလိုက်ခဲ့ပြီး သစ်ကိုင်းတွေနဲ့ဖုံးထားတဲ့လေယာဥ်ကိုမြင်မြင်ချင်းဒူးထောက်ကာရှိခိုးတော့သည်။လောယာဥ်အတွင်းမှမြင်ရသမျှကိုလည်း '' နတ်ဘုရားတို့ရဲ့အံ့ဖွယ်ပါလား'' ''ထူးကဲလှပေစွ'' ဆိုပြီးအံ့ဘနန်းမဆုံးပေ။ချန်အန်းနဲ့တင်းရှန်းကိုကြည့်တဲ့သူ့အကြည့်မှာလည်းကြည်ညိိုရိပ်များပြည့်နေတော့သည်။

ချန်အန်းနဲ့တင်းရှန်းကရဲမတ်တွေကိုလက်နက်တွေသယ်ထုတ်ဖို့အမိန့်ပေးပြီး ရဟတ်ယာဥ်ကိုတစ်စစီဖြုတ်ကာတောင်အောက်ကိုယူဆင်းခိုင်းသည်။ တင့်ကားအတွက်ကတော့အရမ်းလေးတာကြောင့်တောင်အောက်ကိုမောင်းဆင်းရမှပဲရသည်။ ပြသာနာကတော့နန်းမြို့တော်ရောက်ဖို့ဆီဘယ်လောက်ကျန်သလဲဆိုတာပဲ။

ဒီပြသာနာကိုစိုးရိမ်နေစဥ်မှာပဲတင်းရှန်းကအကြံပေးသည်။ ''လေယာဥ်ထဲကဆီကိုထုတ်လိုက်ရင်ရောဘယ်လိုလဲ။''

ချန်အန်းလည်းသဘောတူလိုက်သည်။ လေယာဥ်ကြီးကမောင်းလို့မရမဲ့တူတူတင့်ကားနဲ့ရဟတ်ယာဥ်အတွက်ဆီထုတ်သုံးလိုက်လို့ရတာပဲ။ ဒါကြောင့်တိုင်ပင်ခံကြီးကိုသစ်သားစည်ပို်င်းကြီးတွေမှာလိုက်ပြီး လေယာဥ်မှဆီများထုတ်ကာတောင်အောက်ယူဆင်းခို်င်းလိုက်သည်။

'' အရှင် ဒီသံသေတ္တာကြီးကဘာအတွက်လဲခင်ဗျ။ကြည့်ရတာကထိုးမဖောက်နိုင်လောက်အောင်မာကြောပုံပဲ။''

ဒီရက်ပိုင်းတွေထဲမှာတင်တိုင်ပင်ခံကြီးဟာအံ့ဩစရာတပုံတပင်ကိုတွေ့ခဲ့ရသည်။ ပစ္စည်းကိရိယာတွေကိုဒီလိုထူးခြားအောင်ဆောက်လုပ်ထားတာမျိူးကိုဘဝမှာတစ်ခါမှမမြင်ခဲ့ရဖူးပေ။ ချန်အန်းတို့ကစွမ်းအားတွေနဲ့အလုပ်လုပ်ပြတာမြင်ရပေမဲ့လည်း ဒီစိတ်ကူးယဥ်ဆန်းကျယ်တဲ့နည်းပညာတွေကိုသူအံ့အားသင့်နေဆဲပင်။

'' ကိုယ်တိုင်လာကြည့်လိုက်ပါလား။''

တင်းရှန်းနဲ့ချန်အန်းတင်းကားထဲဝင်သွားတာတွေ့တော့တိုင်ပင်ခံအမတ်ကြီးကလည်းစပ်စပ်စုစုလိုက်တက်ကြည့်သည်။ရေတွင်းနှင့်တူသည့်အပေါက်အတွင်းတွင်အခေါင်းပေါက်ရှိသည်ကိုမြင်ရတော့ တိုင်ပင်ခံအမတ်ကြီးလည်းသတိချပ်လည်းလိုက်ဆင်းလိုက်သည်။

အထဲရောက်တော့လည်းတိုင်ပင်ခံအမတ်ကြီးမှာထပ်မံအံ့အားသင့်ရပြန်သည်။ထူးဆန်းလွန်းသည့်ကိရိယာအများအပြားသူ့ရှေ့ရှိနေကြပြီး အထူးခြားဆုံးက မျက်စိရှေ့ကအလင်းပြန်နေသည့်ဖန်သားပြင်ကြီးပင်။

'' အာ...ရောင်ခြည်တွေထွက်နေတယ်''

သက်လေးဆယ်အရွယ်လူကြီးတစ်ယောက်ကကျောင်းသားလေးလိုဖြစ်နေတော့ချန်အန်းနဲ့တင်းရှန်းတို့သဘောကျစွာရယ်မိလိုက်ကြသည်။ တင်းရှန်းကတင့်ကားကိုစက်စနှိုးတော့သူမှာလန့်သွားရသေးသည်။  ဒါကိုကြည့်ပြီး သူတို့သာရဟတ်ယာဥ်ကိုမောင်းခဲ့ရင်တိုင်ပင်ခံကြီးမေ့များလဲသွားမလားလို့ချန်အန်းတွေးမိသည်။

တောင်အောက်ရောက်တော့တင့်ကားကိုသစ်သားရထားလုံးပုံဖြစ်အောင်ရုပ်ဖျက်လိုက်ကြသည်။ ဒီလိုဆိုနေပြည်တော်ထိမောင်းသွားတဲ့အခါလူတွေသိပ်မအံ့ဩတော့ဘူးပေါ့။
ဒီလိုနဲ့ပဲသစ်သားစည်ပိုင်းမှာဒီဇယ်အပြည့်လှည်းနဲ့တစ်တွဲ။ရဟတ်ယာဥ်ကိုတစ်စစီဖြုတ်ထားတဲ့လှည်းကတစ်တွဲ။ရုပ်ဖျက်ထားတဲ့ချန်အန်းတို့တင့်ကားတစ်တွဲစီးတန်းလျက်နန်းမြို့တော်ကိုချီတက်ခဲ့ကြသည်။

12032023

အခန္း (၁၃၉) နန္းၿမိဳ႕ေတာ္သို႔

ဓားျပအားလုံးကိုစစ္သူႀကီးဘက္ကတစ္စုံတစ္ခုအထိနာျခင္း မရွိဘဲဖမ္းမိသြားနိုင္ခဲ့သည္။ ဒီလိုေအာင္ပြဲေတြဆိုတာစစ္သူႀကီးရဲ႕သမိုင္းမွာပထမဦးဆုံးအႀကိမ္ရွိတာေတာ့မဟုတ္။ဒီေလာက္သက္သက္သာသာနဲ႕ေအာင္ပြဲဆင္နိုင္ခဲ့တာကေတာ့ပထမဦးဆုံးျဖစ္သည္။

ရဲမတ္မ်ားက႐ြာထဲဝင္သြား႐ုံသာ ဓားျပမ်ားကအလိုအေလ်ာက္လက္နက္ခ်ေပးခဲ့ျခင္းျဖစ္သည္။ေအာင္ပြဲကစစ္သူႀကီးအတြက္ျဖစ္ေသာ္လည္းဒီပြဲမွာအာ႐ုံအစိုက္ခံရဆုံးကေတာ့ခ်န္အန္းပင္။

သူ႕ရဲ႕ေျပာင္ေျမာက္တဲ့လုပ္ေဆာင္ခ်က္ေၾကာင့္ခ်န္အန္းနဲ႕တင္းရွန္းဟာ အဖမ္းခံထားရရာကေတာ့ အထူးဧည့္သည္မ်ားအျဖစ္ကိုေန႕ခ်င္းေျပာင္းလဲသြားခဲ့သည္။ စစ္သူႀကီးကေတာ့ေအးစက္စက္ဆက္ဆံၿမဲပင္။သို႔ေသာ္လည္းသူတို႔နဲ႕သင့္ေလ်ာ္သလိုစီစဥ္ေပးဖို႔အမိန့္ေပးသည္။လက္နက္မ်ားကေတာ့ျပန္သိမ္းခံလိုက္ရျပန္သည္။

ခ်န္အန္းနဲ႕တင္းရွန္းကေတာ့လက္နက္ေတြျပန္မေပးလိုက္ခင္မွာလွည့္စားနိုင္လိုက္လို႔ဂုဏ္ယူေနၾကသည္။သူတို႔လက္နက္ေတြကိုသူတို႔ထားတဲ့အတိုင္းမထားရင္ဒုကၡလွလွႀကီးေတြ႕သြားၾကမွာေလ။

''အဲ့စစ္သူႀကီးကေတာ္ေတာ္လုဖုန္းနဲ႕တူတာပဲ။သူကလုဖုန္းလို႔အန္ကယ္ထင္လား''

တင္းရွန္းကမေနနိုင္စြာထပ္ေမးလိုက္သည္။အရင္တစ္ေခါက္ကခ်န္အန္းသူ႕ကိုအေျဖအတိအက်မေျပာနိုင္ခဲ့ေသာ္လည္းအခုေတာ့အေျဖေသခ်ာသြားၿပီေလ။ ေခါင္းကိုရမ္းရင္း ပုံမွန္ပင္ျပန္ေျဖလိုက္သည္။ ''ငါသိတဲ့လုဖုန္းေတာ့မဟုတ္ဘူး။''

သူတို႔မွာမ်က္ႏွာေရာနာမည္ေရာဆင္တူေနေပမဲ့ဒီရက္ပိုင္းအတြင္းခ်န္အန္းရင္ထဲခံစားေနရတာကဒီလူဟာသူသိတဲ့လုဖုန္းမဟုတ္ဘူးဆိုတာပဲ။
ခ်န္အန္းအေနနဲ႕ဘယ္ေလာက္စိတ္ရႈပ္ေထြးေနပါေစ သူရတဲ့ခ်စ္သူနဲ႕႐ုပ္တူတဲ့လူဆို႐ုံနဲ႕လူခ်င္းေတာ့မမွားနိုင္ဘူး။ ဒီႏွစ္ေတြမွာ ဒါေလးေတာင္မသိဘဲေနလာခဲ့ရင္သူကေျမေခြးအိုႀကီးမဟုတ္ေတာ့ဘူးေလ။

တင္းရွန္းနဲ႕ခ်န္အန္းတို႔အခန္းထဲမွာေနာက္ထပ္ပလန္အတြက္တီးတိုးေဆြးႏြေးေနတုန္းတံခါးေခါက္သံၾကားလိုက္ရၿပီး တဆက္တည္းေအးေဆးသိမ္ေမြ႕သည္အမ်ိဴးသားတစ္ဦး၏အသံကိုပါၾကားလိုက္ရသည္။

''ၾကည္ညိုရေသာနတ္မင္းႀကီးမ်ားခင္ဗ်ာ။ ကြၽနိုပ္ခ်င္ယြိပါ။အႏွောက္အယွက္ေပးရလို႔စိုး႐ြံမိပါတယ္။''

''ဝင္လာပါ'' ခ်န္အန္းနဲ႕တင္းရွန္းလည္းတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးေျပာလက္စကိုရပ္လိုက္သည္။

အရပ္ရွည္ရွည္ပိန္ပိန္ပါးပါးသုံးေခတ္နိုင္ငံေခတ္ကပညာရွိက်ဴးေကာလ်န္ႏွင့္ဆင္သည့္ပုဂၢိုလ္ကေဖာ္ေ႐ြေသာအၿပဳံးႏွင့္ရိုေသစြာဂရဝါျပဳလ်က္ဝင္လာသည္။ ႐ုတ္တရပ္ႀကီးရိုေသသြားတဲ့ပုဂၢိုလ္ကိုၾကည့္ၿပီးခ်န္အန္းႏွင့္တင္းရွန္းမွာဘာလုပ္ဘာကိုင္ရမွန္းမသိေပ။

ေခတ္သစ္လူငယ္တင္းရွန္းေလးကေတာ့အားတုန့္အားနာျဖင့္မတ္တပ္ရပ္ကာျပန္ဂါရဝျပဳလိုက္ပုံကခ်န္အန္းကိုရယ္ခ်င္စိတ္ေပါက္သြားေစသည္။

'' က်ဴပ္တို႔ကိုမိတ္ေဆြေတြလို႔သေဘာထားရင္ဒီဂါရဝတရားေတြမလိုပါဘူး တိုင္ပင္ခံအမတ္ႀကီး'' ခ်န္အန္းကခုံတြင္ထိုင္လ်က္ပင္ေရႏြေးၾကမ္းငွဲ႕လ်က္ ခုံလြတ္ကိုၫႊန္ျပလိုက္သည္။ ''ထိုင္ပါဦး''

ခ်န္အန္းရဲ႕ေအးေဆးၿပီးေဖာ္ေ႐ြတဲ့အမူအရာကတိုင္ပင္ခံအမတ္ႀကီးဆီအမွတ္ပိုရသြားေစသည္။ၾကာေလဒီလူဟာဧကရာဇ္မဟုတ္ဘူးဆိုတာေသခ်ာေလပင္။

''ေက်းဇူးတင္ပါတယ္ ''

ခ်င္ယြိကထိုင္ခုံအလြတ္တြင္ထိုင္ၿပီးၿပီးခ်င္းပဲေျပာလိုရာကိုစေျပာသည္။ '' လူႀကီးမင္းတို႔ကသာမန္လူေတြမဟုတ္ဘူးဆိုေတာ့ က်ဴပ္ဒီကိုဘာေၾကာင့္လာရသလဲသိၿပီးသားျဖစ္မွာပဲ။ဒါေၾကာင့္နိဒါန္းရွည္ရွည္ေဝးေဝးမေျပာေတာ့ပါဘူး။''

''က်ဴပ္ကလည္းနိဒါန္းရွည္တာႀကိဳက္တဲ့သူမဟုတ္ပါဘူး။ေမးစရာရွိရင္တစ္ခါတည္းေမးလိုက္ပါ။ ဒါေပမဲ့မေမးခင္စစ္သူႀကီးနဲ႕ဧကရာဇ္ၾကားကျပသာနာေလးက်ဴပ္ကိုအရင္အလင္းျပနိုင္မလား။''

ခ်န္အန္းစကားကတိုင္ပင္ခံအမတ္ႀကီးကိုတန့္သြားေစသည္။ ဒီလူကျပသာနာကိုအရင္းအျမစ္ကေနစဆြဲထုတ္တတ္တဲ့လူျဖစ္လိမ့္္မယ္လို႔သူမထင္ထားခဲ့မိပါ။ ခဏၾကာတိတ္ဆိတ္အၿပီးမွာေတ့ခ်င္ယြိသက္ျပင္းခ်လိဳက္သည္။ ''အစက က်ဴပ္လည္းလူႀကီးမင္းကဧကရာဇ္မ်ားလားလို႔သံသရဝင္ခဲ့တယ္။အခုေတာ့နာမည္နဲ႕႐ုပ္တူေပမဲ့လူႀကီးမင္းကသူမဟုတ္တာေသခ်ာသြားပါၿပီ။''

မွတ္ဥာဏ္ေတြထဲနစ္ျမႇုပ္သြားသလိုတိုင္ပင္ခံအမတ္ႀကီးကခ်န္အန္းႏွင့္တစ္ေထရာတည္းတူသည့္ဧကရာဇ္၏ဘဝအေၾကာင္းကိုစေျပာျပခဲ့သည္။

လူေတြကသူ႕ကိုဧကရာဇ္ဆိုးလို႔ေခၚၾကေပမဲ့သူဟာဘာကိုမွအျပစ္က်ဴးလြန္ခဲ့သူမဟုတ္ဘူး။ သူနန္းမတက္ခင္က တိုင္းျပည္ဟာဆိုး႐ြားႏွင့္ၿပီးသား။ေရွးႏွစ္မ်ားစြာပ်က္စီးခဲ့တဲ့ဝန္ထုပ္ေတြ
ေၾကာင့္တျဖည္းျဖည္းေဆြးေျမ့ေနတဲ့ တိုင္းျပည္တစ္ခုေပါ့။ ဧကရာဇ္၊စစ္သူႀကီးနဲ႕ဝမ္ရယ္တို႔က အတူတကြႀကီးၿပီးခဲ့ၾကတာ။ ငယ္႐ြယ္ၿပီးေလာကႀကီးရဲ႕ရက္စက္မႈကိုေသခ်ာမသိေသးစဥ္က သုံးဦးသားတိုင္းျပည္ရဲ႕ၿငိမ္းခ်မ္းေရးနဲ႕သာယာဝေျပာေရးအတြက္ႀကိဳးပမ္းၾကမယ္ဆိုၿပီးသစၥာျပဳခဲ့ၾကတယ္။ တစ္ေန႕တည္းမေမြးခဲ့ၾကေပမယ့္ တစ္ေယာက္ေသသည့္အထိတစ္ေယာက္ေဖးမမယ္လို႔သစၥာျပဳခဲ့ၾကတာေပါ့။

ကံၾကမၼာကေတာ့လူသားေတြ ရဲ႕ဆုေတာင္းကိုနားေညာင္းခဲတယ္ဟုပဲဆိုရမလား ေျမာက္ပိုင္းနိုင္ငံကက်ဴးေက်ာ္လာတဲ့အခါ အဲ့ဒီခ်ိန္ကနန္းတက္ေနတဲ့ဧကရာဇ္က အခ်ိန္ဆြဲဖို႔နန္းမတက္ရေသးတဲ့ မင္းသားဘဝဧကရာဇ္ကိုဓားစာခံအေနနဲ႕တစ္ဖက္တိုင္းျပည္ပို႔ခဲ့တယ္။ဒါ
ေၾကာင့္ဧကရာဇ္ဆိုးဟာနန္းမတက္ခင္ကတိုင္းတစ္ပါးတြင္ငါးႏွစ္ၾကာေနခဲ့ရတယ္။

သူျပန္လာခ်ိန္မွာေတာ့သူတို႔သုံးေယာက္ဟာအရင္လိုျပန္မျဖစ္နိုင္ေတာ့ဘူးဆိုတာမွန္းဧကရာဇ္သေဘာေပါက္ခဲ့တယ္။ တစ္ဦးက အင္အားႀကီးမားတဲ့တပ္မဟာႀကီးကိုဦးေဆာင္ေနတဲ့စစ္သူႀကီးျဖစ္လာၿပီး တစ္ဦးကနန္းတြင္းမွာဩဇာႀကီးမားတဲ့ဝမ္ရယ္ျဖစ္ေနၿပီေလ။

ၿငိမ္းခ်မ္းေရးနဲ႕သာယာဝေျပာေရးအတြက္ႀကိဳးပမ္းပါမယ္ဆိုတဲ့ဧကရာဇ္ကေတာ့ ညီလာခံကိုအတက္နည္းၿပီးတို္င္းျပည္ေရးရာအဝဝကိုလက္ေအာက္ငယ္သားေတြထံလႊဲထားရင္းနဲ႕ 'ဧကရာဇ္ဆိုး' ျဖစ္သြားတယ္။

''ဒါျဖင့္ဧကရာဇ္ကဘယ္လိုေသသြားတာလဲ'' တင္းရွန္းကလိုရင္းေရာက္ေအာင္သိခ်င္စိတ္ျဖင့္ၾကားျဖတ္ေမးလိုက္သည္။

တိုင္ပင္ခံအမတ္ခ်င္ယြိကသက္ျပင္းထပ္ခ်ျပန္သည္။ ''ဧကရာဇ္မင္းကသူျပန္ေရာက္လာတည္းကေျမာက္ပိုင္းမွာဘယ္လိုေနထိုင္ခဲ့ရတယ္ဆိုတာကိုေျပာျပဖို႔ျငင္းဆန္ခဲ့တယ္။ညီလာခံအမတ္ေတြနဲ႕ျပည္သူေတြၾကားကဟိုးေလးတေက်ာ္ေက်ာ္ေကာလဟလတစ္ခုကေတာ့ သူကေျမာက္ပိုင္းဘက္ပါသြားၿပီဆိုတာပဲ။ ဧကရာဇ္၊စစ္သူႀကီးနဲ႕ဝမ္ရယ္တို႔ၾကားမွာလည္းသေဘာထားမတိုက္ဆို္င္မႈေတြရွိေနတယ္။''

''ဒါဆို စစ္သူႀကီးနဲ႕ဝမ္ရယ္ကဧကရာဇ္ကိုသတ္လိုက္တာလား။'' တင္းရွန္းကသိခ်င္စိတ္ျဖင့္ထပ္ေမးလိုက္ျပန္သည္။

ခ်န္အန္းကလည္းတင္းရွန္းေခါင္းကိုခပ္ဖြဖြပုတ္လိုက္သည္။ ''တိုင္ပင္ခံအမတ္ႀကီးေျပာၿပီးတဲ့အထိေစာင့္ပါဦးလား။''

'' အာ...ေဆာရီး ဆက္ေျပာပါ'' တင္းရွန္းကေခါင္းကုပ္လ်က္ရွက္ကိုးရွက္ကန္းရယ္လိုက္သည္ထို႔ေနာက္လက္ကိုပိုက္ၿပီးေက်ာင္းသားေလးလိုေသခ်ာနားေထာင္ေနေတာ့သည္။

တိုင္ပင္ခံအမတ္ႀကီးကေခါင္းရမ္းလိုက္ၿပီး ''စစ္သူႀကီးနဲ႕ဝမ္ရယ္ကဧကရာဇ္ထိခိုက္ေအာင္လုပ္ဖို႔ဘယ္တုန္းကမွစိတ္မရွိခဲ့ၾကပါဘူး။ ဒါေပမဲ့တိုင္းျပည္ရဲ႕အေျခအေနေၾကာင့္ႏွစ္ဖက္လုံးကပုန္ကန္လိုၿပီးကိုယ့္ထီးကိုယ့္နန္းစံခ်င္ၾကတာ။ သူ႕ရဲ႕မိတ္ေဆြေဟာင္းေတြအခ်င္းခ်င္းသတ္ျဖတ္ၾကေတာ့မွာကိုျမင္ေတာ့ ဧကရာဇ္က.... သူ႕အသက္နဲ႕သူၿခိမ္းေျခာက္ခဲ့တာ။''

ခ်န္အန္းကေအးေဆးပင္မွတ္ခ်က္ေပးလိုက္သည္။ ''သူ႕ရဲ႕အေရးပါမႈကိုအထင္ဇြတ္ႀကီးၿပီးအသက္အလကားေပးလိုက္တာပဲ။''

'' လူႀကီးမင္း မသိပါဘူး။ ဧကရာဇ္ကသူ႕နန္းေဆာင္သူမီးရွို႔ၿပီး စစ္သူႀကီးနဲ႕ဝမ္ရယ္ကိုနားခ်ခဲ့တာ ေျပလည္ပါမယ္ဆိုတဲ့ကတိမရခဲ့ဘူး။ဒါေၾကာင့္ သူကိုယ္တိုင္မီးထဲခုန္ဆင္းၿပီးက်ိန္စာတိုက္ခဲ့တာပဲ။''

ခ်န္အန္းမ်က္ခုံးပင့္မိ၏။ သူ႕အေနနဲ႕ကိုယ့္အသက္ကိုယ္ေတာင္ပဓာနမထားဘဲ႐ူးမိုက္လြန္းတဲ့ဧကရာဇ္ကိုသနားမိေပမဲ့က်ိန္စာတိုက္ခဲ့မယ္လို႔ေတာ့မထင္မိဘူး။

''ဘာက်ိန္စာလဲ''
စပ္စုလြန္းတဲ့လူငယ္ေလးကထပ္ေမးလိုက္ျပန္သည္။ဒီတစ္ခါေတာ့ခ်န္အန္းလည္းမတားေတာ့ဘူးသူလည္းပဲသိခ်င္ေနတာမို႔ေလ။

'' ေသရတာထက္ပိုဆိုးဝါးတဲ့ဘဝနဲ႕ေနထိုင္ရပါၿပီး ကိုယ္ခ်စ္တဲ့သူကိုဘယ္ေတာ့မွမပိုင္ဆိုင္ရပါေစနဲ႕တဲ့။''

...

ၿမိဳ႕ငယ္ေလးကိုေက်ာခိုင္းၿပီးနန္းၿမိဳ႕ကိုျပန္လာစဥ္မွာေတာ့စစ္သူႀကီးဆီသတင္းစကားေရာက္လာခဲ့သည္။ တိုင္းတစ္ပါးမွစစ္တပ္ႀကီးသည္သူတို႔တိုင္းျပည္ရွိရာခ်ီတက္လာၿပီဟူ၍ျဖစ္သည္။
စစ္သူႀကီးနဲ႕ဝမ္ရယ္ၾကားဘယ္လိုပဲသေဘာထားကြဲလြဲပါေစရန္သူတူလာခ်ိန္မွာေတာ့သူတစ္ဖန္ပူးေပါင္းရျပန္သည္။

ခ်န္အန္းနဲ႕တင္းရွန္းလည္းနန္းၿမိဳ႕ေတာ္ကိုသြားမွာဆိုေပမဲ့စစ္သူႀကီးတို႔နဲ႕မလိုက္ျဖစ္ပါ။ အရင္ဆုံးသူတို႔လာခဲ့တဲ့ေတာင္ေပၚကိုျပန္သြားဖို႔ဆုံးျဖတ္လိုက္သည္။ဘာလို႔ဆိုခ်န္အန္းအေနနဲ႕သူတို႔ေလယာဥ္ေပၚကလက္နက္ ေတြလိုအပ္လာလိမ့္မယ္လို႔ခံစားရတယ္ေလ။

တိုင္ပင္ခံခ်င္ယြိကေတာ့ခ်န္အန္းတို႔နဲ႕ေတာင္ေပၚကိုလိုက္ခဲ့ၿပီး သစ္ကိုင္းေတြနဲ႕ဖုံးထားတဲ့ေလယာဥ္ကိုျမင္ျမင္ခ်င္းဒူးေထာက္ကာရွိခိုးေတာ့သည္။ေလာယာဥ္အတြင္းမွျမင္ရသမွ်ကိုလည္း '' နတ္ဘုရားတို႔ရဲ႕အံ့ဖြယ္ပါလား'' ''ထူးကဲလွေပစြ'' ဆိုၿပီးအံ့ဘနန္းမဆုံးေပ။ခ်န္အန္းနဲ႕တင္းရွန္းကိုၾကည့္တဲ့သူ႕အၾကည့္မွာလည္းၾကည္ညိိုရိပ္မ်ားျပည့္ေနေတာ့သည္။

ခ်န္အန္းနဲ႕တင္းရွန္းကရဲမတ္ေတြကိုလက္နက္ေတြသယ္ထုတ္ဖို႔အမိန့္ေပးၿပီး ရဟတ္ယာဥ္ကိုတစ္စစီျဖဳတ္ကာေတာင္ေအာက္ကိုယူဆင္းခိုင္းသည္။ တင့္ကားအတြက္ကေတာ့အရမ္းေလးတာေၾကာင့္ေတာင္ေအာက္ကိုေမာင္းဆင္းရမွပဲရသည္။ ျပသာနာကေတာ့နန္းၿမိဳ႕ေတာ္ေရာက္ဖို႔ဆီဘယ္ေလာက္က်န္သလဲဆိုတာပဲ။

ဒီျပသာနာကိုစိုးရိမ္ေနစဥ္မွာပဲတင္းရွန္းကအႀကံေပးသည္။ ''ေလယာဥ္ထဲကဆီကိုထုတ္လိုက္ရင္ေရာဘယ္လိုလဲ။''

ခ်န္အန္းလည္းသေဘာတူလိုက္သည္။ ေလယာဥ္ႀကီးကေမာင္းလို႔မရမဲ့တူတူတင့္ကားနဲ႕ရဟတ္ယာဥ္အတြက္ဆီထုတ္သုံးလိုက္လို႔ရတာပဲ။ ဒါေၾကာင့္တိုင္ပင္ခံႀကီးကိုသစ္သားစည္ပို္င္းႀကီးေတြမွာလိုက္ၿပီး ေလယာဥ္မွဆီမ်ားထုတ္ကာေတာင္ေအာက္ယူဆင္းခို္င္းလိုက္သည္။

'' အရွင္ ဒီသံေသတၱာႀကီးကဘာအတြက္လဲခင္ဗ်။ၾကည့္ရတာကထိုးမေဖာက္နိုင္ေလာက္ေအာင္မာေၾကာပုံပဲ။''

ဒီရက္ပိုင္းေတြထဲမွာတင္တိုင္ပင္ခံႀကီးဟာအံ့ဩစရာတပုံတပင္ကိုေတြ႕ခဲ့ရသည္။ ပစၥည္းကိရိယာေတြကိုဒီလိုထူးျခားေအာင္ေဆာက္လုပ္ထားတာမ်ိဴးကိုဘဝမွာတစ္ခါမွမျမင္ခဲ့ရဖူးေပ။ ခ်န္အန္းတို႔ကစြမ္းအားေတြနဲ႕အလုပ္လုပ္ျပတာျမင္ရေပမဲ့လည္း ဒီစိတ္ကူးယဥ္ဆန္းက်ယ္တဲ့နည္းပညာေတြကိုသူအံ့အားသင့္ေနဆဲပင္။

'' ကိုယ္တိုင္လာၾကည့္လိုက္ပါလား။''

တင္းရွန္းနဲ႕ခ်န္အန္းတင္းကားထဲဝင္သြားတာေတြ႕ေတာ့တိုင္ပင္ခံအမတ္ႀကီးကလည္းစပ္စပ္စုစုလိုက္တက္ၾကည့္သည္။ေရတြင္းႏွင့္တူသည့္အေပါက္အတြင္းတြင္အေခါင္းေပါက္ရွိသည္ကိုျမင္ရေတာ့ တိုင္ပင္ခံအမတ္ႀကီးလည္းသတိခ်ပ္လည္းလိုက္ဆင္းလိုက္သည္။

အထဲေရာက္ေတာ့လည္းတိုင္ပင္ခံအမတ္ႀကီးမွာထပ္မံအံ့အားသင့္ရျပန္သည္။ထူးဆန္းလြန္းသည့္ကိရိယာအမ်ားအျပားသူ႕ေရွ႕ရွိေနၾကၿပီး အထူးျခားဆုံးက မ်က္စိေရွ႕ကအလင္းျပန္ေနသည့္ဖန္သားျပင္ႀကီးပင္။

'' အာ...ေရာင္ျခည္ေတြထြက္ေနတယ္''

သက္ေလးဆယ္အ႐ြယ္လူႀကီးတစ္ေယာက္ကေက်ာင္းသားေလးလိုျဖစ္ေနေတာ့ခ်န္အန္းနဲ႕တင္းရွန္းတို႔သေဘာက်စြာရယ္မိလိုက္ၾကသည္။ တင္းရွန္းကတင့္ကားကိုစက္စႏွိုးေတာ့သူမွာလန့္သြားရေသးသည္။  ဒါကိုၾကည့္ၿပီး သူတို႔သာရဟတ္ယာဥ္ကိုေမာင္းခဲ့ရင္တိုင္ပင္ခံႀကီးေမ့မ်ားလဲသြားမလားလို႔ခ်န္အန္းေတြးမိသည္။

ေတာင္ေအာက္ေရာက္ေတာ့တင့္ကားကိုသစ္သားရထားလုံးပုံျဖစ္ေအာင္႐ုပ္ဖ်က္လိုက္ၾကသည္။ ဒီလိုဆိုေနျပည္ေတာ္ထိေမာင္းသြားတဲ့အခါလူေတြသိပ္မအံ့ဩေတာ့ဘူးေပါ့။
ဒီလိုနဲ႕ပဲသစ္သားစည္ပိုင္းမွာဒီဇယ္အျပည့္လွည္းနဲ႕တစ္တြဲ။ရဟတ္ယာဥ္ကိုတစ္စစီျဖဳတ္ထားတဲ့လွည္းကတစ္တြဲ။႐ုပ္ဖ်က္ထားတဲ့ခ်န္အန္းတို႔တင့္ကားတစ္တြဲစီးတန္းလ်က္နန္းၿမိဳ႕ေတာ္ကိုခ်ီတက္ခဲ့ၾကသည္။

12032023

Continue Reading

You'll Also Like

1.9K 166 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
618K 50.9K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...
1.2M 40.5K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd