Rebirth of Chen An【Zaw + uni】

By ELMILLION

1.5M 185K 8.1K

လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သ... More

Summary
Book I : အခန္​း (၁) ဘဝသစ္​မစမွီ
အခန္​း(၂)စိတ္​ပ်က္​ဖို႔​ေကာင္​းတဲ့ျပန္​လည္​​ေမြးဖြားျခင္​း
အခန္​း(၃)​ေဆးရံုမွအဆင္​း
အခန္​း(၄)အိမ္​သို႔
အခန္​း(၅) အခ်စ္​လုဖက္​နဲ႔ၿပိဳင္​ဖက္​
အခန္​း(၆)ၿပိဳင္​ဖက္​
အခန္​း (၇) သစၥာ​ေဖာက္​၏အလြမ္​း
အခန္​း(၈) တူဝရီး
အခန္​း (၉) ခ်န္​အန္​းရဲ႕အလုပ္​
အခန္​း (၁၀) အိမ္​အသစ္​
အခန္​း (၁၁)တင္​း႐ွန္​း ႏွင္​့ မ​ေတာ္​တဆ​ေတြ႔ဆံုျခင္​း
အခန္​း (၁၂) ရန္​သူ​ေဟာင္​းႏွင္​့မိတ္​ဖြဲ႔ျခင္​း
အခန္​း (၁၃) ဦး​ေလး မႀကိဳက္​ဘူးလား?
အခန္​း (၁၄) Gymထဲကအ​ေႏွာင္​့အယွက္​
အခန္​း (၁၅) လက္​တုန္​႔ျပန္​ရမည္​
အခန္​း (၁၆) ​ေတာက္​​ေတာက္​ပပ
အခန္​း (၁၇) အထူးတန္​းက အဆိပ္​ျပင္​း​ေႁမြ
အခန္​း (၁၈) ​ေလာင္​စစ္​ ဆိုတဲ့codeအမည္​
အခန္​း (၁၉) အ​ေမွာင္​​ေလာက
အခန္​း(၂၀) Tiger King
အခန္​း (၂၁) အရက္​တန္​ခိုး (၁)
အခန္​း (၂၂) အရက္​တန္​ခိုး (၂)
အခန္​း (၂၃) ​ေရခ်ိဴးခန္​းထဲမွာပုန္​း​ေနတဲ့လူ
အခန္​း(၂၄) ခိုးၾကည္​့ျခင္​း
အခန္​း (၂၅) အထင္​လြဲ​ေအာင္​လုပ္​ျခင္​း
အခန္​း (၂၆) ​ေထာင္​လိုရင္​၊ရာစြန္​႔
အခန္​း (၂၇) ပိုက္​ဆံအတြက္​ကိုယ္​့ကိုယ္​ကိုမ​ေရာင္​းႏိုင္​
အခန္​း(၂၈) တင္​း႐ွန္​း၏သ႐ုပ္​မွန္​
အခန္​း(၂၉) Guilty
အခန္​း(၃၀) လွည္​့စားျခင္​း
အခန္​း(၃၁) ခ်န္​ယန္​း၏​ေရြးခ်ယ္​မႈ
အခန္​း (၃၂) ညစာထြက္​စားရန္​ျပင္​ဆင္​ျခင္​း
အခန္​း(၃၃) မင္​းဘယ္​လိုဘဝမ်ိဴးမွာ​ေနခ်င္​လဲ
အခန္​း(၃၄) တ​ေစၦသရဲလိုအိုင္​ဗန္​
အခန္​း(၃၅) ဗီလိန္​အိုင္​ဗန္​
အခန္​း (၃၆) လူ​ေလးဦး၊အ​ေတြးကိုယ္​စီ
အခန္​း(၃၇) ခ်န္​ယန္​းရင္​ထဲက နာက်ည္​းျခင္​းမ်ိဴး​ေစ့
အခန္​း(၃၈) တတိယ​ေျခလွမ္​း၊တတိယ​ေျမာက္​လူ
အခန္​း(၃၉) လုဖုန္​းႏွင္​့အိုင္​ဗန္​တို႔ၾကား​ေသြးခြဲရန္​အစီအစဥ္​
အခန္​း(၄၀) ငါးစာ​ေတာ့ခ်လိုက္​ၿပီ
အခန္​း(၄၁) ရန္​သူအသစ္​နဲ႔စကားစျမည္​း
အခန္​း(၄၂) အိမ္​​ေစာင္​့​ေနသည္​့ခ်န္​ယန္​း
အခန္​း(၄၃) ဒုတိယ​ေျမာက္​ အ​ေမြဆက္​ခံသူအ​ေလာင္​းလ်ာ
အခန္​း(၄၄) ငါးဟက္​သလား?အစာခ်​ေကြၽးသလား?
အခန္​း(၄၅) ဝမ္​​ေဟာင္​ႏွင္​့ထပ္​မံ​ေတြ႔ဆံုျခင္​း
အခန္​း(၄၆) ရည္​းစားလုဖက္​ဆီကျပန္​​ေတာင္​းတဲ့လက္​​ေဆာင္​
အခန္​း(၄၇) ငါသစၥာ႐ွိတဲ့​ေခြးမ်ိဴးကိုပဲသ​ေဘာက်တယ္​
အခန္​း(၄၈) ဦး​ေလးက​ေရခဲဂူႀကီးဆို ကြၽန္​​ေတာ္​ကမီးဖို
အခန္​း(၄၉) စတင္​ထြက္​ခြာ
အခန္​း(၅၀) ယူကရိန္​းသို႔
အခန္​း (၅၁) ျကိဳဆိုပါတယ္​
အခန္​း(၅၂) ဂိမ္​းအ​ေသးစား
အခန္​း(၅၃) ပထမဦးဆံုးအႀကိမ္​ လူသတ္​ျခင္​း
အခန္​း(၅၄) ​ေျဖ​ေဆးမ႐ွိတဲ့အဆိပ္​ /ဦး​ေလး ကြၽန္​​ေတာ္​့ကိုထားမသြားပါနဲ႔။
အခန္​း(၅၅) အိုင္​ဗန္​၏ masterpieces လက္​ရာ
အခန္​း(၅၆) အတုအ​ေယာင္​
အခန္​း (၅၇) တစ္​ဖက္​သတ္​
အခန္​း(၅၈) လန္​ၾကဳတ္​​ေရစက္​
အခန္​း(၅၉) Ivanov's confession | Chen an's Game
အခန္​း(၆၀) ​ေျမ​ေခြးနဲ႔ဝက္​ဝံတို႔ခ်ိန္​း​ေတြ႔ျခင္​း
အခန္​း(၆၁) အ​ေျဖမွန္​
အခန္​း(၆၂) Alert
အခန္​း(၆၃) အထီးက်န္​ည
အခန္​း(၆၄) ဘုရားလည္​းဖူးလိပ္​ဥလည္​းတူး
အခန္​း(၆၅) အ​ေရးနိမ္​့ဝက္​ဝံ
အခန္​း(၆၆) သံသယမ်ိဴး​ေစ့
အခန္​း (၆၇) သူ႔အပိုင္​
အခန္​း (၆၈) ကာစီႏို
အခန္​း (၆၉) ​ေလာင္​းကစားသမား ၏ စကားစီးခ်င္​း
အခန္​း (၇၀) အတိတ္​၌ဖက္​တြယ္​ျခင္​း(သို႔)မင္​းအပိုင္​
အခန္​း(၇၁) က်ိဴးသြား​ေသာမ်က္​မွန္​တစ္​လက္​
အခန္​း(၇၂) ျမဴဆိုင္​း​ေန​ေသာျမင္​ကြင္​းမ်ား
အခန္​း(၇၃) ပစ္​မွတ္​ကို႐ွာ​ေတြ႔ျခင္​း
အခန္​း(၇၄) လႊတ္​ထြက္​သြား​ေသာစိတ္​ဝိညာဥ္​
အခန္​း(၇၅) ကိုယ္​့အက်ိဴးကိုယ္​ကိုးသူလ်ွိဴ
အခန္​း(၇၆) ဗ်ဴဟာခင္​းျခင္​း
အခန္​း(၇၇) ​ေရကန္​ထဲကလူယုတ္​မာ
အခန္​း(၇၈) လူသတ္​သမား
အခန္​း(၇၉) မင္​းငါ့ကိုသတ္​မွာလား
အခန္​း(၈၀) ဟုတ္​တယ္​မလား?
အခန္​း(၈၁) လက္​စြပ္​ဗူးထဲကဘီလီယံ​ေဒၚလာ
အခန္​း(၈၂) ႐ုိမန္​ ့တစ္​ ညစာ
အခန္​း(၈၃) ဖ​ေယာင္​းမီး​ေရာင္​​ေအာက္​က
အခန္​း(၈၄) ရင္​တြင္​းစကား
အခန္​း(၈၅) အက်ိဴးအျမတ္​
အခန္​း(၈၆) ယံုၾကည္​မႈ
အခန္​း(၈၇) ​ေလထန္​ည 《 End of book - I》
Beginning of book II : အခန္​း (၈၈) ကြၽန္​း
အခန္​း(၈၉) ဝိုင္​
အခန္​း(၉၀) အစ္​ကို႔ကိုထားမသြားပါနဲ႔
အခန္​း(၉၁) ကိုယ္​့နံမည္​ကို​ေခၚပါ
အခန္​း(၉၂) အခ်စ္​ည၏မနက္​
အခန္​း(၉၃) ill
အခန္​း(၉၄) ​ေျမ​ေခြးအို
အခန္​း (၉၅) ခင္​မ်ားကခ်န္​က်န္​းအန္​း
အခန္​း(၉၆) ​ေဘာ့စ္​ ႐ွင္​ဖ်ား​ေနၿပီ
အခန္​း(၉၇) မဟာမိတ္​
အခန္​း(၉၈) ပင္​လယ္​ကိုပ်ားရည္​ဆမ္​းတဲ့ခရီးလမ္​း
အခန္​း(၉၉) ရြက္​လြင္​့
အခန္​း (၁၀၀) လိႈင္​းထန္​
အခန္​း(၁၀၁) ခ်စ္​တယ္​
အခန္​း (၁၀၂) အ႐ူးတစ္​​ေယာက္​ႏွင္​့
အခန္​း (၁၀၃) ငါးဟင္​းတစ္​ခြက္​
အခန္​း (၁၀၄) စည္​းစိမ္​မဲ့
အခန္​း(၁၀၅) လူသူမဲ့ကြၽန္​း​ေပၚ
အခန္​း (၁၀၆) တစ္​​ေယာက္​ထဲထားမသြားနဲ႔
အခန္​း(၁၀၇) မင္​းရဲ႕နာက်င္​မႈ
အခန္​း(၁၀၈) ​ေကာင္​း​ေကာင္​းဆိုးဆိုးအတူတူမ်ွ​ေဝ
အခန္​(၁၀၉) ျပန္​​ေပးဆြဲခံရျခင္​း
အခန္​း(၁၁၀) အဆက္​​ေဟာင္​း
အခန္​း(၁၁၁) ဘယ္​သူ႔အတြက္​လဲ
အခန္​း(၁၁၂) ​ေႂကြသုဥ္​းသြား​ေသာေမ်ွာ္​လင္​့ခ်က္​
အခန္​း(၁၁၃) အခ်စ္​၏ညႇင္​းဆဲမႈ
အခန္​း(၁၁၄) ဖြင္​့ဟျခင္​း
အခန္​း(၁၁၅) ဥ​ေပကၡာ
အခန္​း(၁၁၆) ပ်ိဴးျခင္​း
အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)
အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ
အခန်း (၁၁၉) သူလျှိူရှာခြင်း
အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား
အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့
အခန်း (၁၂၂) ပုခတ်သူခိုး
အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။
အခန်း(၁၂၄) မနာလိုသည့်ခံစားချက်
အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်
အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ
အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ
အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ
အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်
အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ
အခန်း (၁၃၅) ဧကရာဇ်ဆိုး
အခန်း (၁၃၆) သက်သေပြမယ်
အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်
အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း
အခန်း (၁၃၉) နန်းမြို့တော်သို့
အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း
အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ
အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း
အခန်း (၁၄၄) သာမန်လူနေမှုဘဝ
အခန်း (၁၄၅) DNA စစ်ဆေးချက်
အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး
အခန်း (၁၄၇) အချစ်ရူး
အခန်း (၁၄၈) ဦးလောဘ
အခန်း (၁၄၉) ဆရာလုပ်မယ်
အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်
အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့
အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ
အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း
အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း
အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား
အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း
အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ
အခန်း (၁၅၉) ဘောလုံးကစားတတ်လား
အခန်း (၁၆၀) အံ့ဖွယ်အသင်း
အခန်း (၁၆၁) ဖြိုချပစ်လိုက်
အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ
အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
အခန်း (၁၆၄) အာဖရိကကို လယ်စိုက်ဖို့သွားမယ်
အခန်း (၁၆၅) စီးပွားသစ်စပြီ

အခန်း (၁၃၄) ဘိုင့်ဘိုင်

1.6K 246 8
By ELMILLION

အခန်း (၁၃၄) ဘိုင့်ဘိုင်

တင်းရှန်းမနေ့ကကောင်းကောင်းအိပ်မပျော်ပါ။အတိအကျပြောရလျင်လုံးဝမအိပ်လိုက်ရပါ။
သူ့ရဲ့အထူးလေ့ကျင့်ရေးအတွေ့အကြုံတွေအရသူဟာသာမန်သူတွေထက်နိုးနိုးကြားကြားရှိတာလည်းပါသည်။ ညရဲ့ပထမပိုင်းကတော့သိပ်မဆိုးလှဟုပြောရမည်။နောက်တစ်ပိုင်းမှာတော့တစ်စုံတစ်ယောက်ကသူ့ဘေးကိုကပ်ကပ်လာပြီး တို့တိတို့တိလုပ်လာသည်။

ကြီးမြတ်လှတဲ့မြေခွေးအိုကြီးဟာအိပ်တဲ့အချိန်မှာတော့ သိပ်မကြီးမြတ်လှပေ။ ရိုင်းပြလွန်းတာတော့မဟုတ်ပေမယ့် သူ့ကိုယ်သူတင်းရှန်းဘက်ကပ်ကပ်လာတာတစ်ခုပါပဲ။
ပထမတော့ချန်အန်းကကျောပေးအိပ်နေပြီးသူ့ဘက်ကိုကျောနှင့်သာတိုးလာသည်။ဒုတိယပိုင်းမှာတော့ တစ်ဖက်ကိုပြန်လှည့်လာပြီးတင်းရှန်းကိုရေဘဝဲတစ်ကောင်လိုဖက်ထားလေသည်။

တင်းရှန်းအနေနဲ့ကအဖက်ခံရတာလောက်ကိုမမှုပါဘူး။ဒါပေမဲ့ ချန်အန်းကဒီတိုင်းမရပ်ဘဲဆက်ပွတ်သီးပွတ်သပ်လုပ်နေတယ်လေ။ဒီတစ်ခါကကျောပြင်နဲ့မဟုတ်ဘဲပါးနဲ့ပွတ်နေခဲ့တာ။ ကျန်းမာသန်စွွမ်းတဲ့လူငယ်လေးမှာ စိတ်ကိုဘရိတ်ကုန်နင်းပြီးအိပ်မပျော်နိုင်ခဲ့ပါချေ။ အိပ်ပျော်လုနီးပါးအချိန်ရောက်တော့လည်းမိုးကလင်းနေပြီ။

'' မင်းမျက်ကွင်းတွေညိုနေရအောင်တစ်ညလုံးဘာလုပ်နေတာလဲ''

တရားခံကြီးမှာတင်းရှန်းဘာကြောင့်အိပ်ရေးပျက်ရတယ်ဆိုတာကိုမသိရှာ။ အစားကောင်းအအိပ်ကောင်းနှင့်သခင်ကြီးချန်ကတော့အကျောဆန့်လျက်အားရပါးရသန်းကာနိုးလာသည်။

တင်းရှန်းကတော့ဘာမှပြောနိုင်ဘဲနှုတ်ဆိတ်နေသည်။ တကယ်လို့ချန်အန်းမှာအိပ်နေတုန်းသူများကိုဖက်တတ်တာ ပွတ်သီးပွတ်သပ်လုပ်တတ်တာတဲ့အကျင့်တွေရှိမှန်းသူသိခဲ့ရင်ကြမ်းပေါ်မှာပဲနှစ်ခါမစဥ်းစားဘဲအိပ်ခဲ့မှာ။

ပေါ့ပေါ့ပါးပါးနံနက်စာလေးတစ်နပ်စားပြီးနောက်မှာတော့ ချန်အန်းကဟယ်ဟွာကိုအဝတ်နှစ်စုံရှာပေးဖို့ပြောလိုက်သည်။ ယူလာပေးတဲ့အဝတ်တွေထဲကသာမန်အဖြစ်ဆုံးကိုလဲဝတ်လိုက်ကြသည်။ ဆံပင်တိုနေတာကလွဲရင်သူတို့ပုံစံကသိုင်းကားထဲကလိုကြည့်ရအဆင်ပြေသည်။

ဆံပင်ပုံစံကဒီဖက်ခေတ်မှာတော့ပြသာနာကြီးပင်။ချန်အန်းခဏလောက်အကြံထုတ်ပြီးအပြင်မှာဆောင်းဝင်နေတာသတိထားမိတော့ ဟယ်ဟွာကိုဦးထုပ်နှစ်လုံးယူလာပေးဖို့မှာလိုက်သည်။ အဲ့တာဆိုသူတို့ကိုယ်သူတို့ ဘုန်းကြီးလူထွက်တွေပါလို့ဆင်ခြေပေးပြီးအပြင်ထွက်လို့ရပြီလေ။

'' အန်ကယ်ချန် ကျွန်တော်တို့သွားတော့မှာလား''

အထုပ်အပိုးများသိမ်းနေသည့်ချန်အန်းကိုတင်းရှန်းကမေးလိုက်သည်။ သူတို့ဒီမြို့ထဲရောက်တာမှ24နာရီမကြာသေးဘူးလေ။

'' အလုံးစုံချေမှုန်းမည့်စစ်သူကြီး ဆိုတဲ့သူဒီလာမယ်လို့ပြောတာမင်းမကြားလိုက်ဘူးလား။ငါတို့ကအခု နတ်ဘုရားတွေလို့အထင်ခံရပြီးလူတွေကိုအရမ်းဆွဲဆောင်နေတယ်။ အဲ့စစ်သူကြီးရောက်လာရင်ပြသာနာတွေပိုကြီးနိုင်တယ်။ အန္တရာယ်မလာခင်အမြန်ရှောင်တာအကောင်းဆုံးပဲ။''

တင်းရှန်းလည်းခေါင်းငြိမ့်ပြီးချန်အန်းကိုအိတ်ပြင်ကူလိုက်သည်။
မြို့ရဲ့ကယ်တင်ရှင်အနေနဲ့သူတို့လိုအပ်တာသူတို့ယူသွားဖို့မခက်ခဲလှပေ။ဒါကြောင့်ကုန်သည်ကြီးကိုလှည်းတစ်စီးတောင်းပြီး စားနပ်ရိက္ခာနဲ့ရေအစုံအလင်လိုအပ်တဲ့ပစ္စည်းတွေကိုထည့်ပေးဖို့ချန်အန်းတောင်းလိုက်သည်။

ခရီးသွားတစ်ယောက်အတွက်အရေးကြီးဆုံးပစ္စည်းနှစ်ခုကတော့ မိတ်ဆွေနဲ့ပိုက်ဆံပဲ။ ဒီနေရာမှာ သူတို့ယူလာတဲ့ Black Card နဲ့ credit card တွေကအသုံးမဝင်ဘူး။ မိတ်ဆွေလည်းမရှိဘူးဆိုတော့ ပိုက်ဆံကိုယူနိုင်သမျှယူသွားရုံပဲကျန်တာပေါ့။

''ကျွန်တော်တို့ပိုက်ဆံဘယ်နားရှာရမှာလဲ'' တင်းရှန်းလည်းငွေလိုအပ်တယ်ဆိုတာသိပေမဲ့ဘယ်နားရှာရမလဲဆိုတာတော့မသိဘူး။

မြို့နေပြည်သူတွေကအရင်ကတည်းကကုတ်သွေးစုပ်ခံနေရတာမို့သူတို့ငွေကိုလက်ခံရတာသိပ်တော့အဆင်မပြေဘူး။ဒါကြောင့်မနေ့ကပေးတဲ့လက်ဆောင်တွေထဲမှာ စားစရာတစ်ချိူ့ပဲသူယူဖြစ်တယ်။

'' ဟယ်ဟွာ... ဟိုလာဘ်စားတဲ့အရာရှိအိမ်ကဘယ်နားလဲ'' ချန်အန်းလည်းပဲ မြို့သားတွေရဲ့ငွေကိုမယူရက်သလို ကုန်သည်ရဲ့ငွေကိုလည်းလက်မခံချင်ပါ။ဒါကြောင့်လာဘ်စားတဲ့အရာရှိအိမ်ကိုပဲပစ်မှတ်ထားလိုက်သည်။

'' ကျေးဇူးရှင် မြို့တံခါးအပြင်ကိုထွက်တဲ့အခါ ဘယ်ဘက်လမ်းကိုသွားပါ။ပြီးရင်ပထမဦးဆုံးလမ်းထဲကွေ့ဝင်ပြီး ခြသေင့်္ရုပ်တုရှိတဲ့အိမ်အထိဆက်သွားရုံပါပဲ။အဲ့တာအရာရှိရဲ့အိမ်တော်ပါ။''

ချန်အန်းကသူတို့ကိုနတ်မင်းတွေလို့မခေါ်ဘဲကျေးဇူးရှင်လို့ပဲခေါ်ချင်ခေါ်ပါသူတို့သရုပ်မှန်ကလျှိူ့ဝှက်ချက်ဖြစ်နေလို့ပါဆိုပြီးပြောထားတဲ့အတွက်ဟယ်ဟွာကအခုသူတို့ကိုကျေးဇူးရှင်လို့ခေါ်နေခြင်းဖြစ်သည်။ ဟယ်ဟွာကလည်းဆင်ခြေကိုကြားတော့သံသယအလျဥ်းမရှိခေါင်းငြိမ့်လိုက်သည်။ သူမအဘွားပြောဖူးတဲ့ပုံပြင်တွေအရဆို အမတနတ်ဘုရားတွေလူ့ပြည်ကြွလာတဲ့အခါ သာမန်လူယောင်ဆောင်ပြီးမှကြွလေ့ရှိတယ်တဲ့လေ။ဒါအမှန်ဖြစ်နေတာပဲ။

'' ကျေးဇူးရှင်တို့ကအရာရှိအိမ်ကိုသွားချင်လို့လားရှင့်'' ဟယ်ဟွာကမဝံ့မရဲဖြင့်မေးလိုက်သည်။

''အဲ့ဒီအကျင့်မကောင်းတဲ့အရာရှိကဒီနှစ်တွေမှာလူတွေကိုဒုက္ခပေးရဲတာအိမ်မှာမိစ္ဆာမွေးထားလို့လေ။ ငါတို့အဲ့ဒီမိစ္ဆာကိုသွားချေမှုန်းရမယ်။ မဟုတ်ရင်အရာရှိ​သေသွားလည်းမိစ္ဆာကလူတွေကိုအန္တရာယ်ပေးလာနိုင်တယ်။'' ချန်အန်းကခပ်တည်တည်ပင်လန်ကြုတ်ပြောလိုက်သော်လည်း ဟယ်ဟွာကတော်တော်လန့်သွားသည်။ ဒါကြောင့်ကုန်သည်ကြီးတို့နဲ့အတူချန်အန်းတို့ကိုအရာရှိအိမ်တံခါးဝထိလိုက်ပို့ကြသည်။

ရောက်တဲ့အချိန်မှာတော့အခြားလူတွေကမိစ္ဆာအစားခံရမှာကြောက်လို့အိမ်ကြီးကိုကြောက်ရွံနေကြသည်။ ဒါကြောင့် ချန်အန်းနှင့်တင်းရှန်းသာအိမ်တံခါးရှေ့ရပ်နေရသည်။

'' ကျေး..ကျေးဇူးရှင်ကြီး....အဲ့အိမ်ထဲကမိစ္ဆာကအစွမ်းကြီးလာဗျ'' ကုန်သည်ကြီးက အဝေးတစ်နေရာမှနေ၍ သူ့ရဲ့ဝတုတ်တုတ်လက်ကလေးတွေနဲ့မဝံ့မရဲအိမ်ကိုလက်ညှိုးထိုးရင်းချန်အန်းတို့ကိုမေးလာသည်မှာရယ်ချင်စရာကောင်းလှသည်။

မနေ့က အဖမ်းခံလိုက်ရတဲ့မင်းမှုထမ်းတွေနဲ့ဓားပြတွေထဲမှာ ထွက်ပြေးသွားတဲ့သူ၊ဖမ်းခံရတဲ့သူ၊ဒဏ်ရာရတဲ့သူနဲ့သေတဲ့သူကလွဲရင် အစိုးရရုံးတွေမှာလူရိပ်ပင်မရှိတော့ပေ။

'' အဲ့လိုပဲဆိုရမှာပေါ့။တကယ်လို့မင်းတို့သာမန်လူတွေကိုမိစ္ဆာကသတိထားမိသွားရင်မကောင်းတာတွေဖြစ်လာနိုင်တယ်။ဒါကြောင့်ခင်များတို့နှစ်ယောက်လုံးပြန်ကြချေ။ကျူပ်တို့ထွက်မလာမချင်းဘယ်သူ့ကိုမှပေးမဝင်ရဘူး။ နားလည်လား။'' နောက်ဆုံးစကားမှာချန်အန်းမျက်လုံးတွေကအကြင်နာမဲ့အေးစက်သွားသည်။ ''မဟုတ်ရင်အကျိူးဆက်ကိုခံစားရလိမ့်မယ်။''

'' ကျေးဇူးရှင်တို့လုပ်ပေးသမျှအားလုံးတကယ်ကိုကျေးဇူးကြီးမြတ်လှပါပေတယ်။ဂရုစိုက်ကြပါ။''

တခဏကြာတော့ ထိုနေရာမှာတင်းရှန်းနဲ့ချန်အန်းကလွဲရင်ဘယ်သူမှမရှိတော့ပေ။

'' အန်ကယ်ချန် ကျွန်တော်ကတော့ခင်များရုပ်ရှင်မင်းသားလုပ်မစားတာပါရမီကိုဖြုန်းတီးတာပဲလို့မြင်တယ်ဗျာ'' တင်းရှန်းကလက်မထောင်ချီးကျူးလိုက်သည်။

''ရုင်ရှင်မင်းသားတွေကငါ့လောက်ငွေရှာနိုင်ပြီးငါ့လိုလွတ်လပ်လို့လား။'' ချန်အန်းကလည်းနောက်ပြောင်မှုကိုခပ်တည်တည်ပင်တုန့်ပြန်လျက် အိမ်တံခါးသော့ကိုသေနတ်ဖြင့်ချိန်ကာဖျက်ဆီးပစ်လိုက်သည်။

တံခါးကိုကန်ဖွင့်ပြီးနောက်ပြောင်းသလင်းခါနေတဲ့အိမ်ကြီးကိုကြည့်ပြီးချန်အန်းလက်ခုပ်တီးလိုက်သည်။ ''ပိုက်ဆံရှာလို့တွေ့သမျှအကုန်ယူမယ်။ပြီးရင်အရာရှိကြီးဖွက်ထားတဲ့ပစ္စည်းတွေပါရှာရအောင်။ရွှေဖြစ်ဖြစ်ငွေဖြစ်ဖြစ်ကိစ္စမရှိဘူး။''

သူတို့စရှာဖွေဖို့စလိုက်ပေမယ့်လူခွဲသွားမယ့်အစားချန်အန်းကတော့တင်းရှန်းနောက်ကသာအေးအေးလူလူလိုက်လာသည်။

''အန်ကယ်ချန် ဘာလို့နောက်ကလိုက်နေတာလဲ''

''ဒီနေရာမှာမင်းကပရောဖယ်ရှင်နယ်လေ''

အဲ့တာကဘာဆိုင်လို့လဲ။တင်းရှန်းခေါင်းကုပ်လျက်ချန်အန်းအတွေးကိုနားမလည်တော့။ဒါပေမဲ့အန်ကယ်ချန်ကသူ့နောက်လိုက်ချင်တယ်ဆိုလည်းသူကိစ္စတော့မရှိပါဘူး။ အရာရှိကြီးကအဖွက်ကောင်းသူတော့မဟုတ်။တန်ဖိုးကြီးပစ္စည်းအားလုံးသူ့အခန်းထဲမှာတင်တန်းတွေ့ရသည်။ တင်းရှန်းကသူ့ရဲ့လုပ်ငန်းအတွေ့အကြုံကိုအသုံးချနေတဲ့အချိန်ချန်အန်းကတော့စိတ်ထင်ရာကိုသာအသုံးချသည်။ ကုတင်အောက်မှာတင်ငွေသေတ္တာကိုရှာတွေ့ပြီးမွေ့ရာကိုဆွဲလှန်လိုက်တော့ရွှေသေတ္တာကိုထပ်ရှာတွေ့သည်။

အခြားပန်းချီကားတွေနဲ့လက်ဝတ်ရတနာလိုပစ္စည်းများစွာလည်းရှိသေးသည်။ချန်အန်းကသူနဲ့တင်းရှန်းအတွက်လိုက်မယ့်ကျောက်စိမ်းပြားနှစ်ခုလောက်ယူလိုက်သည်။

''ဒီလောက်ကောင်အရာရှိကဖွက်ထားတာတွေများလိုက်တာ'' တင်းရှန်းကနဖူးကချွေးကိုသုတ်ရင်းခြံဝန်းထဲမှာထိုင်ချလိုက်သည်။သူလည်းဝင်လိုက်ထွက်လိုက်နဲ့သေတ္တာတွေသယ်ရတာမောပြီလေ။

''ဒီနေရာက ဘုရင့်အာဏာအောက်တော့ဘုရားဘုန်းတော်အောက်ရောမရောက်တဲ့နေရာလေ။ဒီလိုနေရာမှာအကျင့်မကောင်းတဲ့အစိုးရအရာရှိတွေကောင်းစားတာပေါ့။''

ချန်အန်းကသေတ္တာထဲကငွေတုံးများကိုကောက်ယူလည်းဆော့ကစားရင်း​ဖြေလိုက်သည် ။အရာရှိအိမ်မှာငွေကသူတို့လိုတာထက်တောင်များနေသေးသည်။နဂိုတည်းကဒီပိုက်ဆံတွေကပြည်သူတွေဆီကရတာဆိုတော့ပြည်သူတွေကိုပြန်ပေးသင့်သည်လေ။ သူအရင်ကလက်နက်တွေနဲ့ငွေရှာခဲ့ပေမယ့် အခုလက်နက်တွေသုံးပြီးသူများတွေရဲ့ငွေကိုပြန်ယူပေးခဲ့တယ်။ဒါကိုကောင်းမှုလုပ်တယ်လို့ပြောလို့ရတယ်မလား။

''အဲ့လိုလူတွေကရွံစရာအကောင်းဆုံးပဲ။ ပြည်သူတွေကိုကူညီမပေးတဲ့အပြင်ဓားပြတွေနဲ့တောင်ပေါင်းပြီးအာဏာပြနှိပ်စက်သေးတယ်။ ဒါတွေကသူ့ဘာသူဖန်တီးတာပဲ။'' တရားမျှတရေးပေါင်ချိန်မြေးတော်ကအံကြိတ်လျက်ဆိုလေသည်။

'တရားမျှတမှုကနောက်ကျကောင်းနောက်ကျနိုင်ပေမယ့်ဘယ်တော့မှမရှိတာတော့မဟုတ်ဘူး' ဆိုတဲ့စကားကိုချန်အန်းအခုတော့နားလည်သွားပါပြီ။သူကိုယ်တိုင်ကသက်ရှိဥပမာပဲလေ။

ချန်အန်းနှင့်တင်းရှန်းတို့ငွေစများကိုအိတ်ထဲထိုးသွပ်ပြီးနောက်ပြန်ထွက်လာစဥ် ဟယ်ဟွာကိုဂိတ်တံခါး၏ခပ်လှမ်းလှမ်းတွင်စိုးရိမ်စိတ်အထင်သားနှင့်ရပ်စောင့်နေသည်ကိုမြင်လိုက်ရသည်။
ပြန်ထွက်လာသည့်လူနှစ်ယောက်ကိုမြင်သည်နှင့်သူမကငိုကြီးချက်မအပြေးရောက်လာသည်။ ''ကျေးဇူးရှင်တို့ ကျွန်မအရမ်းစိုးရိမ်နေခဲ့တာ။အထဲကနေကြောက်စရာကောင်းတဲ့အသံကြီးကြားလိုက်ရတော့လန့်လို့သေမလိုပဲ။''

'' ဒီကလေးကတော့ ငါတို့အခုဒီမှာရောက်နေပြီမလား'' မော်ဒန်ကမ္ဘာမှာတင်းရှန်းအနေနဲ့ဟယ်ဟွာလိုရိုးသားတဲ့မိန်းကလေးမျိူးတွေ့ရခဲသည်။ ထို့ကြောင့် ပြုံးလျက်ကလေးမ၏ခေါင်းကို ကလေးတစ်ယောက်အား ချစ်စနိုးဖြင့်ပုတ်လိုက်သည်နှယ်ကိုင်လိုက်သည်။ သူမေ့သွားသည်ကဒီကမ္ဘာဟာ ယောက်ျားမိန်းမထိတွေ့ဆက်ဆံမှုမှာပိုတင်းကြပ်တဲ့ကျင့်ဝတ်စည်းမျဥ်းတွေရှိတယ်ဆိုတာပဲ။ 

မိန်းကလေးငယ်ကတော့နားရွက်များနီရဲသည့်အထိရှက်သွေးဖြာသွားသည်။ဒီအထိလည်းတင်းရှန်းမှာအထာမပေါက်သေးပေ။ဒါကိုမြင်တော့ရပ်နေလို့မရတော့သည့်ချန်အန်းကတင်းရှန်းကိုလက်မောင်းကလှမ်းဆွဲပြီးဘေးပို့လိုက်သည်။

'' မိန်းကလေးကိုလျှောက်ထိမနေနဲ့။သူကလက်မထပ်ရသေးဘူး။တောင်ပေါ်မှာဒီလောက်အကြာကြီးတရားအားထုတ်ခဲ့တာတောင် ဘာလို့ အခုထိကိုယ့်ကိုယ်ကိုထိန်းချူပ်နိုင်စွမ်းနည်းနည်းမှမရှိရတာလဲ။''

တင်းရှန်းကဘာမှပြန်မပြောရသေးခင်မှာပဲချန်အန်းကအရင်ထပ်ဖိပြောလိုက်သည်။ ''အရှက်မရှိတဲ့လူ!  စာရိတ္တမကောင်းတဲ့လူ! သွားအခုလှည်းသွားမောင်း!"

ငါဘယ်တုန်းကစာရိတ္တမကောင်းတဲ့လူဖြစ်သွားရတာလဲ။ တင်းရှန်းမှာချန်အန်း၏စကားနှင့်အနိုင်ကျင့်မှုများကိုမျက်လုံးအဝိုင်းသားနှင့်ဘာမှပြန်မပြောလိုက်နိုင်ပေ။ တုန့်ဆုတ်တုန့်ဆုတ်ဖြစ်နေပေမယ့်လည်းချန်အန်း၏အမိန့်အတိုင်းလှည်းကိုသွားယူဖို့ထွက်သွားလိုက်သည်။

'' ဟယ်ဟွာ ကျူပ်တို့သွားတော့မယ်။မြို့ထဲကလူတွေကိုဘာမှမပြောနဲ့။တောင်ပေါ်မှာတွေ့ခဲ့တဲ့အရာတွေအကြောင်းလည်းမပြောပြနဲ့။ ချန်အန်းက စာအိတ်တစ်အိတ်ကိုပါကမ်းပေးလိုက်သည်။မိန်းကလေးမှာတင်းရှန်းသွားရာကြည့်နေဆဲပင်။ ''ကျူပ်တို့မထွက်သွားမချင်းမဖွင့်ကြည့်နဲ့ဦး။''

''ကျေးဇူးရှင် ကျွန်မတို့ထပ်တွေ့ကြရဦးမှာလား။ '' ဟယ်ဟွာကစာအိတ်လေးကိုတရိုတသေကို်လျက်ခွဲရမှာစိုးရွံနေသည်။

'' အင်း..အချိန်တန်ရင်တော့ပြန်တွေ့ကြမှာပေါ့။
ဘိုင့်ဘိုင်'' တင်းရှန်းလှည်းရောက်လာတာမြင်တော့ချန်အန်းလည်းဟယ်ဟွာကိုနှုတ်ဆက်ပြီးလှည်းပေါ်တက်လိုက်သည်။

ပိုင့် ပိုင် ကဘာလဲ။နတ်မင်းကြီးကသူမှကိုကန်တော့စေချင်တာလား။ အင်္ဂလိပ်လိုဘိုင့်ဘိုင်မှာတရုတ်လို'ကန်တော့'သည့်အသံထွက်နှင့်ဆင်သောကြောင့် ဟယ်ဟွာမှာသူမကိုကန်တော့ခိုင်းသည်အမှတ်နှင့်လှည်းထွက်သွားရာကိုဒူးတုပ်ကကန်တော့လိုက်သည်။

အတန်ကြာလှည်းပျောက်သွားသည်အထိကြည့်နေမိပြီးနောက်ချန်အန်းပေးလိုက်သည့်စာအိတ်ကိုသတိရပြီးဖွင့်ဖောက်ကြည့်လိုက်သည်။ အထဲတွင်စာရွက်တစ်ရွက်ရှိပြီး အရာရှိအိမ်ထဲကမိစ္ဆာကိုရှင်းပစ်လိုက်ပြီမို့ အထဲကပစ္စည်းဥစ္စာတွေကိုမြို့သူမြို့သားတွေအားလုံးခွဲယူကြပါဟူ၍ရေးထားခြင်း ဖြစ်သည်။

26022023

အန်ကယ်ချန် - အရှက်မရှိတဲ့လူ! စာရိတ္တမကောင်းတဲ့လူ!

ရိုးသားကြိုးစားဖိုးသခွားလေး တင်းရှန်း -

အခန္း (၁၃၄) ဘိုင့္ဘိုင္

တင္းရွန္းမေန႕ကေကာင္းေကာင္းအိပ္မေပ်ာ္ပါ။အတိအက်ေျပာရလ်င္လုံးဝမအိပ္လိုက္ရပါ။
သူ႕ရဲ႕အထူးေလ့က်င့္ေရးအေတြ႕အႀကဳံေတြအရသူဟာသာမန္သူေတြထက္နိုးနိုးၾကားၾကားရွိတာလည္းပါသည္။ ညရဲ႕ပထမပိုင္းကေတာ့သိပ္မဆိုးလွဟုေျပာရမည္။ေနာက္တစ္ပိုင္းမွာေတာ့တစ္စုံတစ္ေယာက္ကသူ႕ေဘးကိုကပ္ကပ္လာၿပီး တို႔တိတို႔တိလုပ္လာသည္။

ႀကီးျမတ္လွတဲ့ေျမေခြးအိုႀကီးဟာအိပ္တဲ့အခ်ိန္မွာေတာ့ သိပ္မႀကီးျမတ္လွေပ။ ရိုင္းျပလြန္းတာေတာ့မဟုတ္ေပမယ့္ သူ႕ကိုယ္သူတင္းရွန္းဘက္ကပ္ကပ္လာတာတစ္ခုပါပဲ။
ပထမေတာ့ခ်န္အန္းကေက်ာေပးအိပ္ေနၿပီးသူ႕ဘက္ကိုေက်ာႏွင့္သာတိုးလာသည္။ဒုတိယပိုင္းမွာေတာ့ တစ္ဖက္ကိုျပန္လွည့္လာၿပီးတင္းရွန္းကိုေရဘဝဲတစ္ေကာင္လိုဖက္ထားေလသည္။

တင္းရွန္းအေနနဲ႕ကအဖက္ခံရတာေလာက္ကိုမမႈပါဘူး။ဒါေပမဲ့ ခ်န္အန္းကဒီတိုင္းမရပ္ဘဲဆက္ပြတ္သီးပြတ္သပ္လုပ္ေနတယ္ေလ။ဒီတစ္ခါကေက်ာျပင္နဲ႕မဟုတ္ဘဲပါးနဲ႕ပြတ္ေနခဲ့တာ။ က်န္းမာသန္စြြမ္းတဲ့လူငယ္ေလးမွာ စိတ္ကိုဘရိတ္ကုန္နင္းၿပီးအိပ္မေပ်ာ္နိုင္ခဲ့ပါေခ်။ အိပ္ေပ်ာ္လုနီးပါးအခ်ိန္ေရာက္ေတာ့လည္းမိုးကလင္းေနၿပီ။

'' မင္းမ်က္ကြင္းေတြညိုေနရေအာင္တစ္ညလုံးဘာလုပ္ေနတာလဲ''

တရားခံႀကီးမွာတင္းရွန္းဘာေၾကာင့္အိပ္ေရးပ်က္ရတယ္ဆိုတာကိုမသိရွာ။ အစားေကာင္းအအိပ္ေကာင္းႏွင့္သခင္ႀကီးခ်န္ကေတာ့အေက်ာဆန့္လ်က္အားရပါးရသန္းကာနိုးလာသည္။

တင္းရွန္းကေတာ့ဘာမွေျပာနိုင္ဘဲႏႈတ္ဆိတ္ေနသည္။ တကယ္လို႔ခ်န္အန္းမွာအိပ္ေနတုန္းသူမ်ားကိုဖက္တတ္တာ ပြတ္သီးပြတ္သပ္လုပ္တတ္တာတဲ့အက်င့္ေတြရွိမွန္းသူသိခဲ့ရင္ၾကမ္းေပၚမွာပဲႏွစ္ခါမစဥ္းစားဘဲအိပ္ခဲ့မွာ။

ေပါ့ေပါ့ပါးပါးနံနက္စာေလးတစ္နပ္စားၿပီးေနာက္မွာေတာ့ ခ်န္အန္းကဟယ္ဟြာကိုအဝတ္ႏွစ္စုံရွာေပးဖို႔ေျပာလိုက္သည္။ ယူလာေပးတဲ့အဝတ္ေတြထဲကသာမန္အျဖစ္ဆုံးကိုလဲဝတ္လိုက္ၾကသည္။ ဆံပင္တိုေနတာကလြဲရင္သူတို႔ပုံစံကသိုင္းကားထဲကလိုၾကည့္ရအဆင္ေျပသည္။

ဆံပင္ပုံစံကဒီဖက္ေခတ္မွာေတာ့ျပသာနာႀကီးပင္။ခ်န္အန္းခဏေလာက္အႀကံထုတ္ၿပီးအျပင္မွာေဆာင္းဝင္ေနတာသတိထားမိေတာ့ ဟယ္ဟြာကိုဦးထုပ္ႏွစ္လုံးယူလာေပးဖို႔မွာလိုက္သည္။ အဲ့တာဆိုသူတို႔ကိုယ္သူတို႔ ဘုန္းႀကီးလူထြက္ေတြပါလို႔ဆင္ေျခေပးၿပီးအျပင္ထြက္လို႔ရၿပီေလ။

'' အန္ကယ္ခ်န္ ကြၽန္ေတာ္တို႔သြားေတာ့မွာလား''

အထုပ္အပိုးမ်ားသိမ္းေနသည့္ခ်န္အန္းကိုတင္းရွန္းကေမးလိုက္သည္။ သူတို႔ဒီၿမိဳ႕ထဲေရာက္တာမွ24နာရီမၾကာေသးဘူးေလ။

'' အလုံးစုံေခ်မႈန္းမည့္စစ္သူႀကီး ဆိုတဲ့သူဒီလာမယ္လို႔ေျပာတာမင္းမၾကားလိုက္ဘူးလား။ငါတို႔ကအခု နတ္ဘုရားေတြလို႔အထင္ခံရၿပီးလူေတြကိုအရမ္းဆြဲေဆာင္ေနတယ္။ အဲ့စစ္သူႀကီးေရာက္လာရင္ျပသာနာေတြပိုႀကီးနိုင္တယ္။ အႏၱရာယ္မလာခင္အျမန္ေရွာင္တာအေကာင္းဆုံးပဲ။''

တင္းရွန္းလည္းေခါင္းၿငိမ့္ၿပီးခ်န္အန္းကိုအိတ္ျပင္ကူလိုက္သည္။
ၿမိဳ႕ရဲ႕ကယ္တင္ရွင္အေနနဲ႕သူတို႔လိုအပ္တာသူတို႔ယူသြားဖို႔မခက္ခဲလွေပ။ဒါေၾကာင့္ကုန္သည္ႀကီးကိုလွည္းတစ္စီးေတာင္းၿပီး စားနပ္ရိကၡာနဲ႕ေရအစုံအလင္လိုအပ္တဲ့ပစၥည္းေတြကိုထည့္ေပးဖို႔ခ်န္အန္းေတာင္းလိုက္သည္။

ခရီးသြားတစ္ေယာက္အတြက္အေရးႀကီးဆုံးပစၥည္းႏွစ္ခုကေတာ့ မိတ္ေဆြနဲ႕ပိုက္ဆံပဲ။ ဒီေနရာမွာ သူတို႔ယူလာတဲ့ Black Card နဲ႕ credit card ေတြကအသုံးမဝင္ဘူး။ မိတ္ေဆြလည္းမရွိဘူးဆိုေတာ့ ပိုက္ဆံကိုယူနိုင္သမွ်ယူသြား႐ုံပဲက်န္တာေပါ့။

''ကြၽန္ေတာ္တို႔ပိုက္ဆံဘယ္နားရွာရမွာလဲ'' တင္းရွန္းလည္းေငြလိုအပ္တယ္ဆိုတာသိေပမဲ့ဘယ္နားရွာရမလဲဆိုတာေတာ့မသိဘူး။

ၿမိဳ႕ေနျပည္သူေတြကအရင္ကတည္းကကုတ္ေသြးစုပ္ခံေနရတာမို႔သူတို႔ေငြကိုလက္ခံရတာသိပ္ေတာ့အဆင္မေျပဘူး။ဒါေၾကာင့္မေန႕ကေပးတဲ့လက္ေဆာင္ေတြထဲမွာ စားစရာတစ္ခ်ိဴ႕ပဲသူယူျဖစ္တယ္။

'' ဟယ္ဟြာ... ဟိုလာဘ္စားတဲ့အရာရွိအိမ္ကဘယ္နားလဲ'' ခ်န္အန္းလည္းပဲ ၿမိဳ႕သားေတြရဲ႕ေငြကိုမယူရက္သလို ကုန္သည္ရဲ႕ေငြကိုလည္းလက္မခံခ်င္ပါ။ဒါေၾကာင့္လာဘ္စားတဲ့အရာရွိအိမ္ကိုပဲပစ္မွတ္ထားလိုက္သည္။

'' ေက်းဇူးရွင္ ၿမိဳ႕တံခါးအျပင္ကိုထြက္တဲ့အခါ ဘယ္ဘက္လမ္းကိုသြားပါ။ၿပီးရင္ပထမဦးဆုံးလမ္းထဲေကြ႕ဝင္ၿပီး ခြသေင့်္ရုပ်တုရှိတဲ့အိမ်အထိဆက်သွားရုံပါပဲ။အဲ့တာအရာရှိရဲ့အိမ်တော်ပါ။''

ခ်န္အန္းကသူတို႔ကိုနတ္မင္းေတြလို႔မေခၚဘဲေက်းဇူးရွင္လို႔ပဲေခၚခ်င္ေခၚပါသူတို႔သ႐ုပ္မွန္ကလွ်ိူ႕ဝွက္ခ်က္ျဖစ္ေနလို႔ပါဆိုၿပီးေျပာထားတဲ့အတြက္ဟယ္ဟြာကအခုသူတို႔ကိုေက်းဇူးရွင္လို႔ေခၚေနျခင္းျဖစ္သည္။ ဟယ္ဟြာကလည္းဆင္ေျခကိုၾကားေတာ့သံသယအလ်ဥ္းမရွိေခါင္းၿငိမ့္လိုက္သည္။ သူမအဘြားေျပာဖူးတဲ့ပုံျပင္ေတြအရဆို အမတနတ္ဘုရားေတြလူ႕ျပည္ႂကြလာတဲ့အခါ သာမန္လူေယာင္ေဆာင္ၿပီးမွႂကြေလ့ရွိတယ္တဲ့ေလ။ဒါအမွန္ျဖစ္ေနတာပဲ။

'' ေက်းဇူးရွင္တို႔ကအရာရွိအိမ္ကိုသြားခ်င္လို႔လားရွင့္'' ဟယ္ဟြာကမဝံ့မရဲျဖင့္ေမးလိုက္သည္။

''အဲ့ဒီအက်င့္မေကာင္းတဲ့အရာရွိကဒီႏွစ္ေတြမွာလူေတြကိုဒုကၡေပးရဲတာအိမ္မွာမိစ္ဆာေမြးထားလို႔ေလ။ ငါတို႔အဲ့ဒီမိစ္ဆာကိုသြားေခ်မႈန္းရမယ္။ မဟုတ္ရင္အရာရွိေသသြားလည္းမိစ္ဆာကလူေတြကိုအႏၱရာယ္ေပးလာနိုင္တယ္။'' ခ်န္အန္းကခပ္တည္တည္ပင္လန္ၾကဳတ္ေျပာလိုက္ေသာ္လည္း ဟယ္ဟြာကေတာ္ေတာ္လန့္သြားသည္။ ဒါေၾကာင့္ကုန္သည္ႀကီးတို႔နဲ႕အတူခ်န္အန္းတို႔ကိုအရာရွိအိမ္တံခါးဝထိလိုက္ပို႔ၾကသည္။

ေရာက္တဲ့အခ်ိန္မွာေတာ့အျခားလူေတြကမိစ္ဆာအစားခံရမွာေၾကာက္လို႔အိမ္ႀကီးကိုေၾကာက္႐ြံေနၾကသည္။ ဒါေၾကာင့္ ခ်န္အန္းႏွင့္တင္းရွန္းသာအိမ္တံခါးေရွ႕ရပ္ေနရသည္။

'' ေက်း..ေက်းဇူးရွင္ႀကီး....အဲ့အိမ္ထဲကမိစ္ဆာကအစြမ္းႀကီးလာဗ်'' ကုန္သည္ႀကီးက အေဝးတစ္ေနရာမွေန၍ သူ႕ရဲ႕ဝတုတ္တုတ္လက္ကေလးေတြနဲ႕မဝံ့မရဲအိမ္ကိုလက္ညွိုးထိုးရင္းခ်န္အန္းတို႔ကိုေမးလာသည္မွာရယ္ခ်င္စရာေကာင္းလွသည္။

မေန႕က အဖမ္းခံလိုက္ရတဲ့မင္းမႈထမ္းေတြနဲ႕ဓားျပေတြထဲမွာ ထြက္ေျပးသြားတဲ့သူ၊ဖမ္းခံရတဲ့သူ၊ဒဏ္ရာရတဲ့သူနဲ႕ေသတဲ့သူကလြဲရင္ အစိုးရ႐ုံးေတြမွာလူရိပ္ပင္မရွိေတာ့ေပ။

'' အဲ့လိုပဲဆိုရမွာေပါ့။တကယ္လို႔မင္းတို႔သာမန္လူေတြကိုမိစ္ဆာကသတိထားမိသြားရင္မေကာင္းတာေတြျဖစ္လာနိုင္တယ္။ဒါေၾကာင့္ခင္မ်ားတို႔ႏွစ္ေယာက္လုံးျပန္ၾကေခ်။က်ဴပ္တို႔ထြက္မလာမခ်င္းဘယ္သူ႕ကိုမွေပးမဝင္ရဘူး။ နားလည္လား။'' ေနာက္ဆုံးစကားမွာခ်န္အန္းမ်က္လုံးေတြကအၾကင္နာမဲ့ေအးစက္သြားသည္။ ''မဟုတ္ရင္အက်ိဴးဆက္ကိုခံစားရလိမ့္မယ္။''

'' ေက်းဇူးရွင္တို႔လုပ္ေပးသမွ်အားလုံးတကယ္ကိုေက်းဇူးႀကီးျမတ္လွပါေပတယ္။ဂ႐ုစိုက္ၾကပါ။''

တခဏၾကာေတာ့ ထိုေနရာမွာတင္းရွန္းနဲ႕ခ်န္အန္းကလြဲရင္ဘယ္သူမွမရွိေတာ့ေပ။

'' အန္ကယ္ခ်န္ ကြၽန္ေတာ္ကေတာ့ခင္မ်ား႐ုပ္ရွင္မင္းသားလုပ္မစားတာပါရမီကိုျဖဳန္းတီးတာပဲလို႔ျမင္တယ္ဗ်ာ'' တင္းရွန္းကလက္မေထာင္ခ်ီးက်ဴးလိုက္သည္။

''႐ုင္ရွင္မင္းသားေတြကငါ့ေလာက္ေငြရွာနိုင္ၿပီးငါ့လိုလြတ္လပ္လို႔လား။'' ခ်န္အန္းကလည္းေနာက္ေျပာင္မႈကိုခပ္တည္တည္ပင္တုန့္ျပန္လ်က္ အိမ္တံခါးေသာ့ကိုေသနတ္ျဖင့္ခ်ိန္ကာဖ်က္ဆီးပစ္လိုက္သည္။

တံခါးကိုကန္ဖြင့္ၿပီးေနာက္ေျပာင္းသလင္းခါေနတဲ့အိမ္ႀကီးကိုၾကည့္ၿပီးခ်န္အန္းလက္ခုပ္တီးလိုက္သည္။ ''ပိုက္ဆံရွာလို႔ေတြ႕သမွ်အကုန္ယူမယ္။ၿပီးရင္အရာရွိႀကီးဖြက္ထားတဲ့ပစၥည္းေတြပါရွာရေအာင္။ေ႐ႊျဖစ္ျဖစ္ေငြျဖစ္ျဖစ္ကိစၥမရွိဘူး။''

သူတို႔စရွာေဖြဖို႔စလိုက္ေပမယ့္လူခြဲသြားမယ့္အစားခ်န္အန္းကေတာ့တင္းရွန္းေနာက္ကသာေအးေအးလူလူလိုက္လာသည္။

''အန္ကယ္ခ်န္ ဘာလို႔ေနာက္ကလိုက္ေနတာလဲ''

''ဒီေနရာမွာမင္းကပေရာဖယ္ရွင္နယ္ေလ''

အဲ့တာကဘာဆိုင္လို႔လဲ။တင္းရွန္းေခါင္းကုပ္လ်က္ခ်န္အန္းအေတြးကိုနားမလည္ေတာ့။ဒါေပမဲ့အန္ကယ္ခ်န္ကသူ႕ေနာက္လိုက္ခ်င္တယ္ဆိုလည္းသူကိစၥေတာ့မရွိပါဘူး။ အရာရွိႀကီးကအဖြက္ေကာင္းသူေတာ့မဟုတ္။တန္ဖိုးႀကီးပစၥည္းအားလုံးသူ႕အခန္းထဲမွာတင္တန္းေတြ႕ရသည္။ တင္းရွန္းကသူ႕ရဲ႕လုပ္ငန္းအေတြ႕အႀကဳံကိုအသုံးခ်ေနတဲ့အခ်ိန္ခ်န္အန္းကေတာ့စိတ္ထင္ရာကိုသာအသုံးခ်သည္။ ကုတင္ေအာက္မွာတင္ေငြေသတၱာကိုရွာေတြ႕ၿပီးေမြ႕ရာကိုဆြဲလွန္လိုက္ေတာ့ေ႐ႊေသတၱာကိုထပ္ရွာေတြ႕သည္။

အျခားပန္းခ်ီကားေတြနဲ႕လက္ဝတ္ရတနာလိုပစၥည္းမ်ားစြာလည္းရွိေသးသည္။ခ်န္အန္းကသူနဲ႕တင္းရွန္းအတြက္လိုက္မယ့္ေက်ာက္စိမ္းျပားႏွစ္ခုေလာက္ယူလိုက္သည္။

''ဒီေလာက္ေကာင္အရာရွိကဖြက္ထားတာေတြမ်ားလိုက္တာ'' တင္းရွန္းကနဖူးကေခြၽးကိုသုတ္ရင္းၿခံဝန္းထဲမွာထိုင္ခ်လိဳက္သည္။သူလည္းဝင္လိုက္ထြက္လိုက္နဲ႕ေသတၱာေတြသယ္ရတာေမာၿပီေလ။

''ဒီေနရာက ဘုရင့္အာဏာေအာက္ေတာ့ဘုရားဘုန္းေတာ္ေအာက္ေရာမေရာက္တဲ့ေနရာေလ။ဒီလိုေနရာမွာအက်င့္မေကာင္းတဲ့အစိုးရအရာရွိေတြေကာင္းစားတာေပါ့။''

ခ်န္အန္းကေသတၱာထဲကေငြတုံးမ်ားကိုေကာက္ယူလည္းေဆာ့ကစားရင္းေျဖလိုက္သည္ ။အရာရွိအိမ္မွာေငြကသူတို႔လိုတာထက္ေတာင္မ်ားေနေသးသည္။နဂိုတည္းကဒီပိုက္ဆံေတြကျပည္သူေတြဆီကရတာဆိုေတာ့ျပည္သူေတြကိုျပန္ေပးသင့္သည္ေလ။ သူအရင္ကလက္နက္ေတြနဲ႕ေငြရွာခဲ့ေပမယ့္ အခုလက္နက္ေတြသုံးၿပီးသူမ်ားေတြရဲ႕ေငြကိုျပန္ယူေပးခဲ့တယ္။ဒါကိုေကာင္းမႈလုပ္တယ္လို႔ေျပာလို႔ရတယ္မလား။

''အဲ့လိုလူေတြက႐ြံစရာအေကာင္းဆုံးပဲ။ ျပည္သူေတြကိုကူညီမေပးတဲ့အျပင္ဓားျပေတြနဲ႕ေတာင္ေပါင္းၿပီးအာဏာျပႏွိပ္စက္ေသးတယ္။ ဒါေတြကသူ႕ဘာသူဖန္တီးတာပဲ။'' တရားမွ်တေရးေပါင္ခ်ိန္ေျမးေတာ္ကအံႀကိတ္လ်က္ဆိုေလသည္။

'တရားမွ်တမႈကေနာက္က်ေကာင္းေနာက္က်နိဳင္ေပမယ့္ဘယ္ေတာ့မွမရွိတာေတာ့မဟုတ္ဘူး' ဆိုတဲ့စကားကိုခ်န္အန္းအခုေတာ့နားလည္သြားပါၿပီ။သူကိုယ္တိုင္ကသက္ရွိဥပမာပဲေလ။

ခ်န္အန္းႏွင့္တင္းရွန္းတို႔ေငြစမ်ားကိုအိတ္ထဲထိုးသြပ္ၿပီးေနာက္ျပန္ထြက္လာစဥ္ ဟယ္ဟြာကိုဂိတ္တံခါး၏ခပ္လွမ္းလွမ္းတြင္စိုးရိမ္စိတ္အထင္သားႏွင့္ရပ္ေစာင့္ေနသည္ကိုျမင္လိုက္ရသည္။
ျပန္ထြက္လာသည့္လူႏွစ္ေယာက္ကိုျမင္သည္ႏွင့္သူမကငိုႀကီးခ်က္မအေျပးေရာက္လာသည္။ ''ေက်းဇူးရွင္တို႔ ကြၽန္မအရမ္းစိုးရိမ္ေနခဲ့တာ။အထဲကေနေၾကာက္စရာေကာင္းတဲ့အသံႀကီးၾကားလိုက္ရေတာ့လန့္လို႔ေသမလိုပဲ။''

'' ဒီကေလးကေတာ့ ငါတို႔အခုဒီမွာေရာက္ေနၿပီမလား'' ေမာ္ဒန္ကမၻာမွာတင္းရွန္းအေနနဲ႕ဟယ္ဟြာလိုရိုးသားတဲ့မိန္းကေလးမ်ိဴးေတြ႕ရခဲသည္။ ထို႔ေၾကာင့္ ၿပဳံးလ်က္ကေလးမ၏ေခါင္းကို ကေလးတစ္ေယာက္အား ခ်စ္စနိုးျဖင့္ပုတ္လိုက္သည္ႏွယ္ကိုင္လိုက္သည္။ သူေမ့သြားသည္ကဒီကမၻာဟာ ေယာက္်ားမိန္းမထိေတြ႕ဆက္ဆံမႈမွာပိုတင္းၾကပ္တဲ့က်င့္ဝတ္စည္းမ်ဥ္းေတြရွိတယ္ဆိုတာပဲ။ 

မိန္းကေလးငယ္ကေတာ့နား႐ြက္မ်ားနီရဲသည့္အထိရွက္ေသြးျဖာသြားသည္။ဒီအထိလည္းတင္းရွန္းမွာအထာမေပါက္ေသးေပ။ဒါကိုျမင္ေတာ့ရပ္ေနလို႔မရေတာ့သည့္ခ်န္အန္းကတင္းရွန္းကိုလက္ေမာင္းကလွမ္းဆြဲၿပီးေဘးပို႔လိုက္သည္။

'' မိန္းကေလးကိုေလွ်ာက္ထိမေနနဲ႕။သူကလက္မထပ္ရေသးဘူး။ေတာင္ေပၚမွာဒီေလာက္အၾကာႀကီးတရားအားထုတ္ခဲ့တာေတာင္ ဘာလို႔ အခုထိကိုယ့္ကိုယ္ကိုထိန္းခ်ဴပ္နိုင္စြမ္းနည္းနည္းမွမရွိရတာလဲ။''

တင္းရွန္းကဘာမွျပန္မေျပာရေသးခင္မွာပဲခ်န္အန္းကအရင္ထပ္ဖိေျပာလိုက္သည္။ ''အရွက္မရွိတဲ့လူ!  စာရိတၱမေကာင္းတဲ့လူ! သြားအခုလွည္းသြားေမာင္း!"

ငါဘယ္တုန္းကစာရိတၱမေကာင္းတဲ့လူျဖစ္သြားရတာလဲ။ တင္းရွန္းမွာခ်န္အန္း၏စကားႏွင့္အနိုင္က်င့္မႈမ်ားကိုမ်က္လုံးအဝိုင္းသားႏွင့္ဘာမွျပန္မေျပာလိုက္နိုင္ေပ။ တုန့္ဆုတ္တုန့္ဆုတ္ျဖစ္ေနေပမယ့္လည္းခ်န္အန္း၏အမိန့္အတိုင္းလွည္းကိုသြားယူဖို႔ထြက္သြားလိုက္သည္။

'' ဟယ္ဟြာ က်ဴပ္တို႔သြားေတာ့မယ္။ၿမိဳ႕ထဲကလူေတြကိုဘာမွမေျပာနဲ႕။ေတာင္ေပၚမွာေတြ႕ခဲ့တဲ့အရာေတြအေၾကာင္းလည္းမေျပာျပနဲ႕။ ခ်န္အန္းက စာအိတ္တစ္အိတ္ကိုပါကမ္းေပးလိုက္သည္။မိန္းကေလးမွာတင္းရွန္းသြားရာၾကည့္ေနဆဲပင္။ ''က်ဴပ္တို႔မထြက္သြားမခ်င္းမဖြင့္ၾကည့္နဲ႕ဦး။''

''ေက်းဇူးရွင္ ကြၽန္မတို႔ထပ္ေတြ႕ၾကရဦးမွာလား။ '' ဟယ္ဟြာကစာအိတ္ေလးကိုတရိုတေသကို္လ်က္ခြဲရမွာစိုး႐ြံေနသည္။

'' အင္း..အခ်ိန္တန္ရင္ေတာ့ျပန္ေတြ႕ၾကမွာေပါ့။
ဘိုင့္ဘိုင္'' တင္းရွန္းလွည္းေရာက္လာတာျမင္ေတာ့ခ်န္အန္းလည္းဟယ္ဟြာကိုႏႈတ္ဆက္ၿပီးလွည္းေပၚတက္လိုက္သည္။

ပိုင့္ ပိုင္ ကဘာလဲ။နတ္မင္းႀကီးကသူမွကိုကန္ေတာ့ေစခ်င္တာလား။ အဂၤလိပ္လိုဘိုင့္ဘိုင္မွာတ႐ုတ္လို'ကန္ေတာ့'သည့္အသံထြက္ႏွင့္ဆင္ေသာေၾကာင့္ ဟယ္ဟြာမွာသူမကိုကန္ေတာ့ခိုင္းသည္အမွတ္ႏွင့္လွည္းထြက္သြားရာကိုဒူးတုပ္ကကန္ေတာ့လိုက္သည္။

အတန္ၾကာလွည္းေပ်ာက္သြားသည္အထိၾကည့္ေနမိၿပီးေနာက္ခ်န္အန္းေပးလိုက္သည့္စာအိတ္ကိုသတိရၿပီးဖြင့္ေဖာက္ၾကည့္လိုက္သည္။ အထဲတြင္စာ႐ြက္တစ္႐ြက္ရွိၿပီး အရာရွိအိမ္ထဲကမိစ္ဆာကိုရွင္းပစ္လိုက္ၿပီမို႔ အထဲကပစၥည္းဥစၥာေတြကိုၿမိဳ႕သူၿမိဳ႕သားေတြအားလုံးခြဲယူၾကပါဟူ၍ေရးထားျခင္း ျဖစ္သည္။

26022023


Continue Reading

You'll Also Like

472K 68.8K 68
ထိမ်းမြားခြင်းသည်ပထမ ၊ အချစ်ကနောက်မှ။ ထိမ္းျမားျခင္းသည္ပထမ ၊ အခ်စ္ကေနာက္မွ။ Both Zawgyi & Unicode
801K 8.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
67.8K 9.6K 72
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...