အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
ဖုန်းသံမြည်နေသည့်ဖုန်းစခရင်ကိုချန်အန်းငုံ့ကြည့်လိုက်သည်။ တင်းရှန်း ဟုပေါ်နေသည့်ခေါ်သူကိုကြည့်လျက် တခဏကြာစဥ်းစားပြီး ခလုတ်နီနှိပ်လိုက်သည်။ ထို့နောက်လေပူသဲ့သဲ့မှုတ်ထုတ်ကာ လျှောကျနေသည့်နေကာမျက်မှန်ကိုပင့်တင်ပြီး ကားပြတင်းအပြင်မှာပတ်ဝန်းကျင်စိုစိမ်းစိမ်းဆီအကြည့်လွှဲလိုက်သည်။
ချန်အန်းမျှော်လင့်ထားသည့်အတိုင်း အနောက်တိုင်းအုပ်စုက Red Foxသမီးကိုသူတို့အရင်တွေ့သွားမှန်းမသိသလို Red Foxဟာလည်းသူတို့ထိန်းချူပ်မှုအောက်မရှိတော့မှန်သိမထားကြပေ။ ဒါကြောင့် Red Foxနဲ့သူတို့ဆက်သွယ်ထားတဲ့အကြောင်းအရာတွေသက်သေအဖြစ်စုဆောင်းထားသည်။ အဆင့်သင့်ဖြစ်မို့တိုက်ခိုက်ရန်လည်းအသင့်ဖြစ်နေပြီ။
သူတို့စနက်နဲ့သူတို့ကိုတန်ပြန်ပြီး လုဖုန်းလူများကအနောက်တိုင်းအုပ်စု၏ပုန်ကန်မှုကိုသေသပ်စွာရှင်းလင်းပစ်လိုက်သည်။ အံ့ဩစရာကောင်းလောက်အောင် အမြန်နှုန်းနဲ့အင်အားသုံးဖြေရှင်းခဲ့တာမို့ သစ္စာဖောက်များအမြစ်ပြတ်သွားသလို ဖောက်ချင်နေသူများကိုလည်းသတိပေးပြီးသားဖြစ်သွားသည်။
တစ်ဖက်မှာနှစ်ဖက်ပူးသတ်ခံရနေချိန် ချန်အန်း
နှင့်လုဖုန်းကတော့ ဆီးရီယားကိုလူအင်အားနဲ့ဝင်ပြီးအလုခံလိုက်ရသည့်လက်နက်များကိုပြန်ရှာတွေ့ခဲ့သည်။
'' ပို့လိုက်တဲ့ပစ္စည်းတွေထဲမှာ လက်နက်အသေးတွေအပြင် အကြီးစားတွေလည်းပါတယ်။ စက်သေနတ်တွေ ဒုံးကျဥ်သေနတ်တွေနဲ့ တင့်ကားတို့ ရဟတ်ယာဥ်တို့လိုမျိူးပေါ့။''
ရောက်ရောက်ချင်းမှာပဲ လုဖုန်းက ချန်အန်းနှင့်ချန်ယန်းကို သူပုန်အဖွဲ့ဝှက်ထားသည့်လက်နက်ဂိုထောင်ဆီသို့ခေါ်သွားသည်။ တံခါးကိုဖွင့်လိုက်သည်နှင့် လက်နက်ပုံကြီးကကြိုနေပြီး အလယ်ခေါင်တွင်ရပ်ထားသည် တင့်ကားနှင့်ရဟတ်ယာဥ်ကထင်းထင်းကြီးပေါ်လွင်နေသည်။
'' လက်နက်အသေးတွေကတော့ သူတို့ကိုယ်တိုင်သုံးဖို့ယူသွားတာ ဒါမှမဟုတ် ဖျောင်ပစ်တာဖြစ်နိုင်တယ်။ လက်ရှိမှာ သေတ္တာသုံးခုစာပဲကျန်တယ်။လက်နက်ကြီးတွေကတော့ သယ်သွားသယ်လာမလွယ်တာရောစျေးကြီးတာကြောင့်ရော မထိထားကြဘူး။''
ချန်အန်းကတင့်ကားများနားကိုလျှောက်သွားပြီး သံကိုယ်ထည်ကိုပုတ်လိုက်သည်။သူဒါတွေနဲ့ဘာလုပ်ရင်ကောင်းမလဲ။
''ဦးလေး'' ဆုံးဖြတ်ချက်ဇဝေဇဝါဖြစ်နေတဲ့ချန်အန်းကိုကြည့်ပြီး ချန်ယန်းကရှေ့တိုးကာပုခုံးကိုလက်ပုတ်လိုက်သည်။ '' ဒီလက်နက်တွေကခဏထားလို့ရပါသေးတယ်။ကျတော်တို့ခဏနားကျရင်ကောင်းမယ်။''
လုဖုန်းကချန်အန်းလက်ပေါ်ကလက်ကိုခပ်စိမ်းစိမ်းကြည့်လိုက်သည်။သို့သော်လည်းဘာမှမပြောတိတ်တိတ်ကလေးသာ မျက်နှာလွှဲလိုက်သည်။
အဲ့ဒီနောက် ဂိုထောင်ကနေထွက်လာပြီး အနီးနားကအိမ်သေးသေးလေးမှာခဏအနားယူဖို့ဝင်သွားလိုက်ကြသည်။ ချန်ယန်းလည်းချန်အန်းနောက်လိုက်ဝင်မယ်ကြံသေး လုဖုန်း၏တားခြင်းကိုခံလိုက်ရသည်။
'' ဘာကိစ္စလဲ အစ်ကို'' ချန်ယန်းက လုဖုန်း၏ရေခဲမျက်နှာကိုဂရုမစိုက်ဘဲ နွေးထွေးစွာပြုံးရင်မေးလိုက်သည်။
'' အန်းကိုနာကျင်အောင်လုပ်မယ်လို့မင်းစိတ်ကူးလိုက်တာနဲ့ မင်းကိုငါ အသက်ရှင်ရတာငြီးငွေ့သွားအောင်လုပ်ပစ်လိုက်မယ်။''
ချန်အန်းနောက်ကိုဆယ်နှစ်ကျော်လိုက်လာပြီးတဲ့အခါမှာ ချန်အန်းနားအခြားလူတစ်ယောက်ထပ်ရှိနေတာလုဖုန်းအတွက်လက်ခံဖို့ခက်ခဲနေသေးသည်။ ဒါကတကယ့်အကြောင်းပြချက်တော့မဟုတ်သေးဘူး။လုဖုန်းအနေနဲ့ချန်အန်းနံဘေးမှာ သူ့ကိုယ်သူကလွဲရင်ဘယ်သူ့မှယုံကြည်မထားဘူး။
ချန်ယန်းကပြုံးလျက်သာနေသည်။ လုဖုန်းသူ့ကိုသဘောမကျဘူးဆိုတာကအံ့ဩစရာတော့မရှိဘူး။ သူ့ဘက်လည်း အမြင်ကပ်တာခြင်း တူတူပဲမို့လေ။ တောင်တစ်တောင်ထဲမှာကျားနှစ်ကောင်ရှိနေရင် ဘယ်တော့မှကောင်းတာဖြစ်လာမှာမဟုတ်ဘူး။ သဘာဝလောကမှာ ခြသေင့်္တစ်ကောင်ကနောက်တစ်ကောင်ကိုသူ့အဖော်နားကပ်ခွင့်ပေးမှာမဟုတ်ဘူး။ ချည်းကပ်လာတာနဲ့ချက်ချင်းအစွယ်ထုတ်မှာပဲ။ အဲ့လိုမောင်ပိုင်စိုးစရိုက်ရှိတဲ့လူသားကလည်း မထူးမခြားနားပဲပေါ့။
''ဦးလေးကိုနာကျင်အောင်လုပ်မယ်လို့မင်းကဘာလို့မင်းကဘာလို့ထင်ရတာလဲ။ သူကငါ့ရဲ့မိသားစုဝင်လည်းဖြစ်သလို ငါအရမ်းအလေးထားရသူပါ။ ငါကဘာလို့သူ့ကိုထိခိုက်အောင်လုပ်ရမှာလဲ။'' ဒါကသတိပေးစကားသက်သက်ဆိုတာသိပေမယ့် ချန်ယန်းလည်းလုဖုန်းကိုအကျောပေးဖို့စိတ်ကူးမရှိထားပါ။ သူကအရင်နှစ်တုန်းကလို ဘာမှအစွမ်းမရှိတဲ့ကော်လိပ်ကျောင်းသားလေးတစ်ယောက်သက်သက်မဟုတ်တော့ဘူးလေ။
နှုတ်ခမ်းထောင့်ကိုတွန့်ကာပြုံးပြီး ချန်ယန်း လုဖုန်းကိုကြည့်ကာလေပြေအေးဖြင့်ပြောလိုက်သည်။ ဒါပေမယ့်လည်းသူ့စကားများကလုဖုန်းနားထဲဗုံးကြဲသလိုဝင်ရောက်သွားရသည်။
'' အရင်တစ်ခါငါကြည့်တာတော့ ဦးလေးကိုထိခိုက်အောင်လုပ်တဲ့သူကမင်းပါ။ မဟုတ်ဘူးလား။''
လုဖုန်းမျက်နှာကရေခဲပြင်လိုအေးစက်နေသော်လည်း ချန်ယန်းကတော့လေပြေချော့အပြုံးလေးနှင့်ရှိစမြဲ။ ချန်ယန်းကလုဖုန်းနံဘေးမှာဖြတ်သွားပြီး ပုခုံးကိုပုတ်ကာပြောလိုက်သည်။ ''မင်းပြောတဲ့စကားအတိုင်းပဲ ငါလည်းမင်းကိုပြန်ပြောလိုက်ဦးမယ်။''
ထို့နောက်လုဖုန်းကိုကျော်ပြီးအိမ်ထဲဝင်သွားလိုက်သည်။
လုဖုန်းကချန်ယန်း၏ကျောပြင်ကိုခပ်စူးစူးစွေကြည့်လိုက်သည်။ ချန်အန်းကသူတို့ကိုရန်မဖြစ်ဖို့မှာမထားခဲ့ရင် ဒီသကောင့်သားကိုသူပညာကောင်းကောင်းပြချင်သေးသည်။ ချန်ယန်းဟာအလွယ်တကူနဲ့ဦးကျိူးအောင်လုပ်လို့မရမှန်းလုဖုန်းသိသည်။ ဦးချန်ဆိုတာကဒီလိုလူတွေရွေးတဲ့နေရာမှာသိပ်တော်တာလေ။ လွန်ခဲ့တဲ့ဆယ်နှစ်ကသူလုဖုန်းကိုမွေးစားခဲ့ပြီး အခု ချန်ယန်းကိုတပည့်အဖြစ်ထပ်လက်ခံထားသည်လေ။ မြေခွေးအိုကြီးဆိုတာဒီလိုအရည်အချင်းတွေမပါဘဲရလာတဲ့နာမည်မဟုတ်ဘူး။
လုဖုန်းကိုယ့်ကိုယ်သာမချိပြုံးမိသည်။ ချန်အန်းရဲ့အမြင်စူးရှပုံကိုသူသိပ်ဂုဏ်ယူသလို ဒီလူကြီးရဲ့ကောင်းလွန်တဲ့အမြင်ကြောင့် သူ့မှာအခုလိုယှဥ်ရမလွယ်တဲ့အချစ်ပြိုင်ဘက်ရလာတာကိုလည်း စိတ်မသာမယာဖြစ်နေရသည်။
...
အခုလက်ရှိမှာသူ့သရုပ်မှန်ကိုသိတဲ့သူသုံးယောက်ရှိပြီဆိုတာ ချန်အန်းသင်္ချာဆရာခေါ်မေးနေစရာတောင်မလိုပါ။ လက်နက်အကြောင်းကိုတွေးရင်းသူ့ခေါင်းကကျိန်းလာတာမို့ ခဏတော့မေ့ထားလိုက်မယ်ဆိုပြီးစိတ်ကိုလွတ်ချလိုက်သည်။ သူ့အနေနဲ့အနားယူမယ်တွေးထားရင်တောင် ညီနောင်များအဖွဲ့ရဲ့နာမည်ကိုရှင်းလင်းပြီး လမ်းကြောင်းအမှန်ပြန်တင်ပေးဖို့က အချိန်တွေရောခွန်အားတွေပါအများကြီးပေးရဦးမည်။
အဝင်ထွက်စာရင် ဒီလောကကိုအထွက်ကပိုခက်သည်။လုဖုန်းကသူ့အမိန့်ကိုတသွေမတိမ်းနားထောင်ပါတယ်ဆိုရင်တောင်မှ အဖွဲ့ထဲကအခြားလူတွေက နားထောင်စရာလည်းမလိုသလိုနားခံကြမှာလည်းမဟုတ်ဘူးလေ။ ဒီလိုဆိုရင် သူတို့က အနောက်တိုင်းအုပ်စုမလုပ်နိုင်တဲ့ အဖွဲ့ကြီးဖြိုခွဲခြင်းကိုလုပ်နိုင်ကောင်းလုပ်နိုင်သည်။
'' ဦးလေး ပစ္စည်းတွေကိုဘာလုပ်ရမလဲတွေးနေတုန်းလား။'' ချန်ယန်းကရေတစ်ခွက်ကိုင်ရင်းချန်အန်းအနားကိုရောက်လာသည်။ ဘယ်နေရာရောက်လို့ရောက်နေမှန်းမသိတဲ့နေရာမှာ ကော်ဖီတို့အချိူရည်တို့ဆိုတာမေးကြည့်လို့မရတဲ့အရာပဲလေ။
'' တကယ်တော့ငါတွေးနေတာငါသေသွားတာလုံးသသေချာတာကိုဘာလို့အခြားလူအနေနဲ့ပြန်ရှင်လာရတာလဲလို့'' သက်ပြင်းချပြီးနောက်ချန်ယန်းလက်ထဲကရေကိုယူကာ ကျေးဇူးပဲလို့ပြောပြီးဆက်ပြောသည်။'' ငါပြန်ရှင်လာပြီးတဲ့နောက်တွေ့ရတဲ့လူတွေကြုံရတဲ့ကိစ္စတွေကိုပြန်တွေးကြည့်ရင် အကုန်လုံးကကြိုတင်စီစဥ်ထားသလိုပဲ။''
ချန်ယန်းကတော့ဆက်လက်တိတ်ဆိတ်နေသည်။ သူ့အနေနဲ့ချန်အန်းလူဝင်စားတာကိုယုံကြည်ပေမယ့် ဘာလို့ဒီလိုဖြစ်ရပ်ဆန်းမျိူးဖြစ်လာရသလဲကတော့မတွေးတတ်တော့ပါ။ ဦးလေးချန်ရဲ့လုပ်ပုံကိုင်ပုံတွေကအရင်ကဦးလေးချန်နဲ့လုံးဝကိုမတူလို့သူတို့ဟာ ဂြိုလ်တစ်ခုဆီကလူတွေလို့ပြောရင်တောင်ယုံရသည်။ အဲ့လိုကြောင့်သာမဟုတ်ရင် ဒီအတောအတွင်းချန်ယန်းရခဲ့တဲ့သဲလွန်စတွေအရ မြေခွေးအိုကြီးကသူ့ဦးလေးခန္ဓာထဲကိုဝင်စားတယ်ဆိုတာမျိူးယုံမိမှာတောင်မဟုတ်ပါ။
'' ကမ္ဘာကြီးကအကျယ်ကြီးလူတွေကလည်းအများကြီးပဲကို ဘာလို့မင်းကိုမှတွေ့ရတာလဲ။ ဒီလိုဥာဏ်ကောင်းပြီးသင်လိုက်တာနဲ့ဘာမဆိုအတတ်မြန်တဲ့ကောင်လေးတစ်ယောက်ကိုလေ။''
သူပြန်ရှင်လာပြီးနောက်ပိုင်းပထမဦးဆုံးအနေနဲ့သူဒီအတွေးကိုတွေးမိသည်။ ပြတင်းပေါက်ကိုခပ်ငေးငေးကြည့်ရင်းတိုးတိုးရေရွတ်လိုက်မိပြန်သည်။ ''အိုင်ဗန်ရောပဲ။ လက်ရှိငါ့ခန္ဓာအနေနဲ့အိုင်ဗန်လိုလူမျိူးကိုတွေ့ရတာ လမ်းသွားနေတုန်းဥက္ကာပျံအတိုက်ခံရတာထက်တောင်ကြုံခဲသေးတယ်။ ဒါပေမဲ့ဘာလို့ငါသူနဲ့ခဏခဏပြန်ပြန်တွေ့နေရတာလဲ။ ''
တင်းရှန်းလည်းရှိသေးတယ်။ တွေးစရာတွေအများကြီးကချန်အန်းကိုအဖြေရှာမရစေဘူး။
'' အများကြီးစဥ်းစားတာကအဖြေရလိမ့်မယ်ကျတော်တော့မယုံဘူးဦးလေး။ တကယ်လို့ဦးလေးရဲ့ပြန်ဝင်စားခြင်းကဘုရားစီမံတာဆိုရင် အချိန်ကျတဲ့ခါသူပြောပြမှာပေါ့။''
ချန်အန်းခေါင်းညိမ့်လိုက်သည်။ သူကတော့အရင်တိုင်းပဲမလိုရာကိုအကျယ်ချဲ့တွေးနေမိပြန်ပြီ။ သူတို့နှစ်ယောက်ပြတင်းပေါက်နားစကားပြောနေကြတုန်းမှာပဲ မရင်းနှီးတဲ့ SUV ကားများကတန်းစီကာသူတို့ဆီရောက်လာခဲ့သည်။ ပြောရင်းဆိုရင်းပဲ
SUV ကားတွေကလုဖုန်းရဲ့လက်နက်ကိုင်လူတွေကြောင့်ရပ်သွားပြီး ကားထဲမှရွှေရောင်ဆံပင်နှင့် နေကာမျက်မှန်တပ်ထားသည့်လူတစ်ယောက်လှစ်ခနဲထွက်လာသည်။
လုဖုန်းကအိုင်ဗန်ကိုအေးစက်စက်ကြည့်ကာမေးလိုက်သည်။ ''မင်းဘာလာလုပ်တာလဲ။''
ချန်အန်းကိုသူပထဦးဆုံးတွေ့ဖူးတဲ့အချိန်က အိုင်ဗန်ရဲ့အတင်းအဓမအနမ်းတွေနဲ့ကိုယ်ထိလက်ရောက်နှောက်ယှက်တာတွေကိုသူမှတ်မိနေသေးသည်။ ပြန်တွေးကြည့်မိတာနဲ့လုဖုန်းချက်ချင်းပဲဂိုထောင်ကိုပြန်သွားပြီး ဒုံးပျံနဲ့ဆော်ကာ အိုင်ဗန်ကိုမားစ်ဂြိုလ်ပို့ပေးလိုက်ချင်သည်။
'' ယဥ်ယဥ်ကျေးကျေးပြောစမ်းပါ။ငါတို့ကစီးပွားဘက်တွေလေ မဟုတ်ဘူးလား'' အိုင်ဗန်ကသူ့ပီကေသူဝါးပြီး ချိန်ထားသည့်စက်သေနတ်များကိုပင်အဖတ်မလုပ် ဟိုလှည့်သည်လှည့်ရှာကာ အသံကျယ်ကျယ်ဖြင့်အော်မေးလိုက်သည်။ ''ငါ့ရဲ့အန်းရော။ သူဘယ်မှာလဲ''
''မင်းရဲ့အန်း ဟုတ်လား'' အိုင်ဗန်ကခနဲ့လိုက်သည်။''အိုင်ဗန် မင်းနောက်ထပ် ထပ်ပြောလိုက်စမ်းမင်းလျှာကိုဖြတ်ပစ်ချင်လို့''
'' ကျစ် ! မင်းအန်းဆီကဘာမဆိုသင်လို့ရရဲ့သားနဲ့ နှလုံးသားမရှိ၊ အကြင်နာတရားမရှိတာကိုမှသင်ရတယ်လို့ကွာ..'' အိုင်ဗန်ကသွားဖြူဖြူများပေါ်နေအောင်ပြုံးပြီး လက်ခလယ်ထောင်ပြလိုက်သည်။ '' နည်းနည်းပါးပါးလေးစားစမ်းဟေ့ကောင်။ ငါကအန်းရဲ့လူပဲ။ပြောတာနားလည်လား။''
''ငါ့ကို စက်သေနတ်ပေးစမ်း '' လုဖုန်းကမျက်နှာသေနဲ့သူ့လူတွေကိုအမိန့်ပေးလိုက်သည်။
''all right!all right! မင်းအဲ့လိုလုပ်နေမှတော့ အန်းကဘယ်သူလည်းမင်းသိပြီဆိုပါတော့။ ငါ့ကိုသူ့ဆီခေါ်သွားစမ်းပါငါပြောစရာရှိတယ်။'' အိုင်ဗန်စိတ်ထဲသက်ပြင်းချလိုက်သည်။ ဒီအရူးကောင်နဲ့သူနောက်ပြောင်လို့တောင်မရဘူး။ပျင်းစရာကောင်းတဲ့ကောင်။အဲ့အစားသူ့အန်းလေးနဲ့ပဲပြောတာမှဟုတ်ဦးမယ်။
ဒီဝက်ဝံကဘယ်လိုလုပ်ဦးချန်ရဲ့သရုပ်မှန်ကိုသိသွားရတာလဲ။ လုဖုန်းကအိုင်ဗန်ကိုမသင်္ကါမျက်လုံးဖြင့်ကြည့်ရင်းမေးလိုက်သည်။ ''မင်းဘာပြောချင်လဲငါ့ကိုပြောလို့ရတယ်။ငါပြန်ပြောပေးမယ်။''
'' မလိုတော့ပါဘူး'' အိုင်ဗန်ကပီကေကိုထွေးထုတ်လိုက်ပြီး လုဖုန်းနောက်တွင်မတ်တပ်ရပ်နေသောသူအားကျော်ကြည့်ရင်းဖြေလိုက်သည်။ ချက်ချင်းဆိုသလိုပဲအချစ်ခံချင်တဲ့ခွေးတစ်ကောင်လို လက်နှစ်ဖက်ဆန့်ပြီး ရွံစရာပလီပလာများဆက်တိုက်ပြောတော့သည်။ '' အိုး...ဘေဘီ မင်းလေးကိုယ့်ကိုသိပ်လွမ်းနေမှာပဲ။ လာ အခုကိုယ့်ရင်ခွင်ကျယ်ကြီးထဲပြေးလာလိုက်တော့။ မင်းပျော်သွားအောင်တစ်ခုခုလုပ်ကြရအောင်။ ကားထဲမှာလုပ်ချင်လား။တောထဲမှာလား ဒါမှမဟုတ်တင့်ကားထဲမှာလားဘေဘီကြိုက်ရာရွေးလိုက်။''
'' အိုင်ဗန်'' ချန်အန်းက ပြုံးလျက်လျှောက်သွားပြီး သိပ်မကွာတော့တဲ့အချိန်မှာခြေထောက်ကြားကိုဖြတ်ကန်ပစ်လိုက်သည်။
'' Oh! Shit!" ဝက်ဝံကြီးခင်မျာ ကြိုဆို စပရိုက်နဲ့အတူကွဲမတတ်ဘောကိုအုပ်ကိုင်ကာအော်မရငြိမ်မရကုန်းကွကွဖြစ်သွားရသည်။
'' ငါလည်းမင်းကိုလွမ်းပါတယ်အိုင်ဗန်ရယ်'' ချန်အန်းကပြုံးလျက်ပဲ အိုင်ဗန်နောက်ကိုလျှောက်ကာ တင်ပါးကိုပုတ်လိုက်သည်။
လုဖုန်းနဲ့ချန်ယန်းလည်းကြည့်ရင်းနဲ့ပင်ကိုယ့်ပစ္စည်းကိုကျူံ့ထားမိသည်။တော်တော်နာမှာသေချာတယ်။ဦးလေးချန်ကတော့သူ့ကိုစိတ်ရှုပ်အောင်လာလုပ်တဲ့သူတွေကိုလုံးဝမညှာတတ်ဘူးပဲ။
'' ချီးပဲချန်အန်း ဒါမင်းကောင်လေးကိုမင်းဆက်ဆံတဲ့ပုံစံလား။'' အိုင်ဗန်နာကျင်မှုကြောင့်မေ့ပင်လဲသွားနိုင်သည်။မတ်မတ်လည်းရပ်လို့မရသေးပေ။
'' ဟုတ်တယ် အဲ့လိုငါ့နာမည်ခေါ်စမ်းပါ အိုင်ဗန်လေးရဲ့။'' နာကျင်နေတဲ့အိုင်ဗန်ကိုကြည့်ပြီးချန်အန်းအားပါးတရပြုံးလိုက်သည်။ သူဆိုတာသူ့ကိုလာသွေးစမ်းတဲ့လူတွေကိုခံစားရအောင်လုပ်တာသိပ်သဘောတွေ့တာလေ။
''မော်စကိုကနေဒီထိဘာလာလုပ်တာလဲ။''
''အာ...ကိုယ်လာတာမင်းထောင်ထဲရောက်နေတာမမြင်ချင်လို့လေ။ မင်းသိလားထောင်တဲ့ကောင်တွေဆိုတာက ကိုယ့်လိုမချောသလိုကိုယ်ချင်းစာစိတ်လည်းမရှိကြဘူး။ ဒါလင် ကိုယ်ကသူတို့မင်းနောက်ကနေတိတ်တိတ်လေးလိုက်လာမှာစိုးလို့ပါ '' နာကျင်မှုကြောင့် အသက်ကိုဖြေးဖြေးရှုရင်းအိုင်ဗန်မြေပေါ်ထိုင်ချလိုက်သည်။
''မင်းဘာကိုဆိုလိုတာလဲ'' ချန်အန်းက အိုင်ဗန်ရဲ့စကားတွေကြားကပြောချင်တာကိုရိပ်သံဖမ်းမိလို့ပြန်မေးလိုက်သည်။
'' မင်းအမှောင်ထဲရောက်နေတုန်းပဲမလား'' အိုင်ဗန်က လအတော်ကြာမတွေ့ရတာကြာပြီဖြစ်တဲ့ချန်အန်းကိုမျက်စိတစ်ဖက်မှိတ်ပြရင်း '' ဒါဖြင့်ရင်ကိုယ့်တို့ရှေးဟောင်းနှောင်းဖြစ်လေးအေးဆေးပြန်ပြောကြရင်ဘယ်နဲ့လဲ။ဒါဆိုမင်းသိချင်တာပြောပြမယ်လေ။''
''လုဖုန်း ဒီကောင့်ကိုဆွဲထုတ်လိုက်'' ချန်အန်းကပြောပြီးလှည့်ထွက်သွားလိုက်သည်။
'' ဒါမင်းအချစ်ဟောင်းကိုဆက်ဆံတဲ့ပုံစံလားကွ။ ကိုယ်တို့ပင်လယ်ထဲမှာဘယ်လောက်ကြည်နူးစရာကောင်းအောင်ချစ်ခဲ့ကြလဲ။အိုး...နာကျင်လိုက်တာ ငါတော့စွန့်ပစ်ခံလိုက်ရပြီလား။'' ချန်အန်းပြန်လှည့်လာနေတာကိုသိတဲ့အိုင်ဗန်အသံကျယ်ကျယ်ဖြင့်ဆက်အော်လိုက်သည်။ ''ချန်အန်းအသည်းနှလုံးမရှိတဲ့လူကြီး။ မင်းမှာငါ့ကိုတာဝန်ယူစရာရှိတယ်နော်သိရဲ့လား''
ချန်အန်းကအိုင်ဗန်ကိုခပ်စိမ်းစိမ်းစိုက်ကြည့်ပစ်လိုက်တော့အိုင်ဗန်ပါးစပ်ပိတ်သွားရသည်။သူနောက်တစ်ခွန်းထပ်ဟရင်ချန်အန်းအတည်ဒေါသထွက်လာမှာသေချာတယ်လေ။
အိုင်ဗန်ကလက်နှစ်ဖက်ကိုမြှောက်ရင်းအရှုံးပေးဟန်ပြလိုက်သည်။ '' အေးပါကွာ... ကိုယ်ပြောချင်တာ မင်းနောက်ကိုတင်းရှန်းလိုက်နေတယ်ဆိုတာပဲ။ မင်းရန်သူကိုမင်းအထင်သေးမိတာကမင်းရဲ့မဟာအမှားကြီးပဲမြေခွေးကြီး။''
26.02.2023
အခန္း (၁၂၉) အိုင္ဗန္ေလးကိုႀကိဳဆိုျခင္း
ဖုန္းသံျမည္ေနသည့္ဖုန္းစခရင္ကိုခ်န္အန္းငုံ႕ၾကည့္လိုက္သည္။ တင္းရွန္း ဟုေပၚေနသည့္ေခၚသူကိုၾကည့္လ်က္ တခဏၾကာစဥ္းစားၿပီး ခလုတ္နီႏွိပ္လိုက္သည္။ ထို႔ေနာက္ေလပူသဲ့သဲ့မႈတ္ထုတ္ကာ ေလွ်ာက်ေနသည့္ေနကာမ်က္မွန္ကိုပင့္တင္ၿပီး ကားျပတင္းအျပင္မွာပတ္ဝန္းက်င္စိုစိမ္းစိမ္းဆီအၾကည့္လႊဲလိုက္သည္။
ခ်န္အန္းေမွ်ာ္လင့္ထားသည့္အတိုင္း အေနာက္တိုင္းအုပ္စုက Red Foxသမီးကိုသူတို႔အရင္ေတြ႕သြားမွန္းမသိသလို Red Foxဟာလည္းသူတို႔ထိန္းခ်ဴပ္မႈေအာက္မရွိေတာ့မွန္သိမထားၾကေပ။ ဒါေၾကာင့္ Red Foxနဲ႕သူတို႔ဆက္သြယ္ထားတဲ့အေၾကာင္းအရာေတြသက္ေသအျဖစ္စုေဆာင္းထားသည္။ အဆင့္သင့္ျဖစ္မို႔တိုက္ခိုက္ရန္လည္းအသင့္ျဖစ္ေနၿပီ။
သူတို႔စနက္နဲ႕သူတို႔ကိုတန္ျပန္ၿပီး လုဖုန္းလူမ်ားကအေနာက္တိုင္းအုပ္စု၏ပုန္ကန္မႈကိုေသသပ္စြာရွင္းလင္းပစ္လိုက္သည္။ အံ့ဩစရာေကာင္းေလာက္ေအာင္ အျမန္ႏႈန္းနဲ႕အင္အားသုံးေျဖရွင္းခဲ့တာမို႔ သစၥာေဖာက္မ်ားအျမစ္ျပတ္သြားသလို ေဖာက္ခ်င္ေနသူမ်ားကိုလည္းသတိေပးၿပီးသားျဖစ္သြားသည္။
တစ္ဖက္မွာႏွစ္ဖက္ပူးသတ္ခံရေနခ်ိန္ ခ်န္အန္း
ႏွင့္လုဖုန္းကေတာ့ ဆီးရီယားကိုလူအင္အားနဲ႕ဝင္ၿပီးအလုခံလိုက္ရသည့္လက္နက္မ်ားကိုျပန္ရွာေတြ႕ခဲ့သည္။
'' ပို႔လိုက္တဲ့ပစၥည္းေတြထဲမွာ လက္နက္အေသးေတြအျပင္ အႀကီးစားေတြလည္းပါတယ္။ စက္ေသနတ္ေတြ ဒုံးက်ဥ္ေသနတ္ေတြနဲ႕ တင့္ကားတို႔ ရဟတ္ယာဥ္တို႔လိုမ်ိဴးေပါ့။''
ေရာက္ေရာက္ခ်င္းမွာပဲ လုဖုန္းက ခ်န္အန္းႏွင့္ခ်န္ယန္းကို သူပုန္အဖြဲ႕ဝွက္ထားသည့္လက္နက္ဂိုေထာင္ဆီသို႔ေခၚသြားသည္။ တံခါးကိုဖြင့္လိုက္သည္ႏွင့္ လက္နက္ပုံႀကီးကႀကိဳေနၿပီး အလယ္ေခါင္တြင္ရပ္ထားသည္ တင့္ကားႏွင့္ရဟတ္ယာဥ္ကထင္းထင္းႀကီးေပၚလြင္ေနသည္။
'' လက္နက္အေသးေတြကေတာ့ သူတို႔ကိုယ္တိုင္သုံးဖို႔ယူသြားတာ ဒါမွမဟုတ္ ေဖ်ာင္ပစ္တာျဖစ္နိုင္တယ္။ လက္ရွိမွာ ေသတၱာသုံးခုစာပဲက်န္တယ္။လက္နက္ႀကီးေတြကေတာ့ သယ္သြားသယ္လာမလြယ္တာေရာေစ်းႀကီးတာေၾကာင့္ေရာ မထိထားၾကဘူး။''
ခ်န္အန္းကတင့္ကားမ်ားနားကိုေလွ်ာက္သြားၿပီး သံကိုယ္ထည္ကိုပုတ္လိုက္သည္။သူဒါေတြနဲ႕ဘာလုပ္ရင္ေကာင္းမလဲ။
''ဦးေလး'' ဆုံးျဖတ္ခ်က္ဇေဝဇဝါျဖစ္ေနတဲ့ခ်န္အန္းကိုၾကည့္ၿပီး ခ်န္ယန္းကေရွ႕တိုးကာပုခုံးကိုလက္ပုတ္လိုက္သည္။ '' ဒီလက္နက္ေတြကခဏထားလို႔ရပါေသးတယ္။က်ေတာ္တို႔ခဏနားက်ရင္ေကာင္းမယ္။''
လုဖုန္းကခ်န္အန္းလက္ေပၚကလက္ကိုခပ္စိမ္းစိမ္းၾကည့္လိုက္သည္။သို႔ေသာ္လည္းဘာမွမေျပာတိတ္တိတ္ကေလးသာ မ်က္ႏွာလႊဲလိုက္သည္။
အဲ့ဒီေနာက္ ဂိုေထာင္ကေနထြက္လာၿပီး အနီးနားကအိမ္ေသးေသးေလးမွာခဏအနားယူဖို႔ဝင္သြားလိုက္ၾကသည္။ ခ်န္ယန္းလည္းခ်န္အန္းေနာက္လိုက္ဝင္မယ္ႀကံေသး လုဖုန္း၏တားျခင္းကိုခံလိုက္ရသည္။
'' ဘာကိစၥလဲ အစ္ကို'' ခ်န္ယန္းက လုဖုန္း၏ေရခဲမ်က္ႏွာကိုဂ႐ုမစိုက္ဘဲ ႏြေးေထြးစြာၿပဳံးရင္ေမးလိုက္သည္။
'' အန္းကိုနာက်င္ေအာင္လုပ္မယ္လို႔မင္းစိတ္ကူးလိုက္တာနဲ႕ မင္းကိုငါ အသက္ရွင္ရတာၿငီးေငြ႕သြားေအာင္လုပ္ပစ္လိုက္မယ္။''
ခ်န္အန္းေနာက္ကိုဆယ္ႏွစ္ေက်ာ္လိုက္လာၿပီးတဲ့အခါမွာ ခ်န္အန္းနားအျခားလူတစ္ေယာက္ထပ္ရွိေနတာလုဖုန္းအတြက္လက္ခံဖို႔ခက္ခဲေနေသးသည္။ ဒါကတကယ့္အေၾကာင္းျပခ်က္ေတာ့မဟုတ္ေသးဘူး။လုဖုန္းအေနနဲ႕ခ်န္အန္းနံေဘးမွာ သူ႕ကိုယ္သူကလြဲရင္ဘယ္သူ႕မွယုံၾကည္မထားဘူး။
ခ်န္ယန္းကၿပဳံးလ်က္သာေနသည္။ လုဖုန္းသူ႕ကိုသေဘာမက်ဘဴးဆိုတာကအံ့ဩစရာေတာ့မရွိဘူး။ သူ႕ဘက္လည္း အျမင္ကပ္တာျခင္း တူတူပဲမို႔ေလ။ ေတာင္တစ္ေတာင္ထဲမွာက်ားႏွစ္ေကာင္ရွိေနရင္ ဘယ္ေတာ့မွေကာင္းတာျဖစ္လာမွာမဟုတ္ဘူး။ သဘာဝေလာကမွာ ခြသေင့်္တစ်ကောင်ကနောက်တစ်ကောင်ကိုသူ့အဖော်နားကပ်ခွင့်ပေးမှာမဟုတ်ဘူး။ ခ်ည္းကပ္လာတာနဲ႕ခ်က္ခ်င္းအစြယ္ထုတ္မွာပဲ။ အဲ့လိုေမာင္ပိုင္စိုးစရိုက္ရွိတဲ့လူသားကလည္း မထူးမျခားနားပဲေပါ့။
''ဦးေလးကိုနာက်င္ေအာင္လုပ္မယ္လို႔မင္းကဘာလို႔မင္းကဘာလို႔ထင္ရတာလဲ။ သူကငါ့ရဲ႕မိသားစုဝင္လည္းျဖစ္သလို ငါအရမ္းအေလးထားရသူပါ။ ငါကဘာလို႔သူ႕ကိုထိခိုက္ေအာင္လုပ္ရမွာလဲ။'' ဒါကသတိေပးစကားသက္သက္ဆိုတာသိေပမယ့္ ခ်န္ယန္းလည္းလုဖုန္းကိုအေက်ာေပးဖို႔စိတ္ကူးမရွိထားပါ။ သူကအရင္ႏွစ္တုန္းကလို ဘာမွအစြမ္းမရွိတဲ့ေကာ္လိပ္ေက်ာင္းသားေလးတစ္ေယာက္သက္သက္မဟုတ္ေတာ့ဘူးေလ။
ႏႈတ္ခမ္းေထာင့္ကိုတြန့္ကာၿပဳံးၿပီး ခ်န္ယန္း လုဖုန္းကိုၾကည့္ကာေလေျပေအးျဖင့္ေျပာလိုက္သည္။ ဒါေပမယ့္လည္းသူ႕စကားမ်ားကလုဖုန္းနားထဲဗုံးႀကဲသလိုဝင္ေရာက္သြားရသည္။
'' အရင္တစ္ခါငါၾကည့္တာေတာ့ ဦးေလးကိုထိခိုက္ေအာင္လုပ္တဲ့သူကမင္းပါ။ မဟုတ္ဘူးလား။''
လုဖုန္းမ်က္ႏွာကေရခဲျပင္လိုေအးစက္ေနေသာ္လည္း ခ်န္ယန္းကေတာ့ေလေျပေခ်ာ့အၿပဳံးေလးႏွင့္ရွိစၿမဲ။ ခ်န္ယန္းကလုဖုန္းနံေဘးမွာျဖတ္သြားၿပီး ပုခုံးကိုပုတ္ကာေျပာလိုက္သည္။ ''မင္းေျပာတဲ့စကားအတိုင္းပဲ ငါလည္းမင္းကိုျပန္ေျပာလိုက္ဦးမယ္။''
ထို႔ေနာက္လုဖုန္းကိုေက်ာ္ၿပီးအိမ္ထဲဝင္သြားလိုက္သည္။
လုဖုန္းကခ်န္ယန္း၏ေက်ာျပင္ကိုခပ္စူးစူးေစြၾကည့္လိုက္သည္။ ခ်န္အန္းကသူတို႔ကိုရန္မျဖစ္ဖို႔မွာမထားခဲ့ရင္ ဒီသေကာင့္သားကိုသူပညာေကာင္းေကာင္းျပခ်င္ေသးသည္။ ခ်န္ယန္းဟာအလြယ္တကူနဲ႕ဦးက်ိဴးေအာင္လုပ္လို႔မရမွန္းလုဖုန္းသိသည္။ ဦးခ်န္ဆိုတာကဒီလိုလူေတြေ႐ြးတဲ့ေနရာမွာသိပ္ေတာ္တာေလ။ လြန္ခဲ့တဲ့ဆယ္ႏွစ္ကသူလုဖုန္းကိုေမြးစားခဲ့ၿပီး အခု ခ်န္ယန္းကိုတပည့္အျဖစ္ထပ္လက္ခံထားသည္ေလ။ ေျမေခြးအိုႀကီးဆိုတာဒီလိုအရည္အခ်င္းေတြမပါဘဲရလာတဲ့နာမည္မဟုတ္ဘူး။
လုဖုန္းကိုယ့္ကိုယ္သာမခ်ိၿပဳံးမိသည္။ ခ်န္အန္းရဲ႕အျမင္စူးရွပုံကိုသူသိပ္ဂုဏ္ယူသလို ဒီလူႀကီးရဲ႕ေကာင္းလြန္တဲ့အျမင္ေၾကာင့္ သူ႕မွာအခုလိုယွဥ္ရမလြယ္တဲ့အခ်စ္ၿပိဳင္ဘက္ရလာတာကိုလည္း စိတ္မသာမယာျဖစ္ေနရသည္။
...
အခုလက္ရွိမွာသူ႕သ႐ုပ္မွန္ကိုသိတဲ့သူသုံးေယာက္ရွိၿပီဆိုတာ ခ်န္အန္းသခၤ်ာဆရာေခၚေမးေနစရာေတာင္မလိုပါ။ လက္နက္အေၾကာင္းကိုေတြးရင္းသူ႕ေခါင္းကက်ိန္းလာတာမို႔ ခဏေတာ့ေမ့ထားလိုက္မယ္ဆိုၿပီးစိတ္ကိုလြတ္ခ်လိဳက္သည္။ သူ႕အေနနဲ႕အနားယူမယ္ေတြးထားရင္ေတာင္ ညီေနာင္မ်ားအဖြဲ႕ရဲ႕နာမည္ကိုရွင္းလင္းၿပီး လမ္းေၾကာင္းအမွန္ျပန္တင္ေပးဖို႔က အခ်ိန္ေတြေရာခြန္အားေတြပါအမ်ားႀကီးေပးရဦးမည္။
အဝင္ထြက္စာရင္ ဒီေလာကကိုအထြက္ကပိုခက္သည္။လုဖုန္းကသူ႕အမိန့္ကိုတေသြမတိမ္းနားေထာင္ပါတယ္ဆိုရင္ေတာင္မွ အဖြဲ႕ထဲကအျခားလူေတြက နားေထာင္စရာလည္းမလိုသလိုနားခံၾကမွာလည္းမဟုတ္ဘူးေလ။ ဒီလိုဆိုရင္ သူတို႔က အေနာက္တိုင္းအုပ္စုမလုပ္နိုင္တဲ့ အဖြဲ႕ႀကီးၿဖိဳခြဲျခင္းကိုလုပ္နိုင္ေကာင္းလုပ္နိုင္သည္။
'' ဦးေလး ပစၥည္းေတြကိုဘာလုပ္ရမလဲေတြးေနတုန္းလား။'' ခ်န္ယန္းကေရတစ္ခြက္ကိုင္ရင္းခ်န္အန္းအနားကိုေရာက္လာသည္။ ဘယ္ေနရာေရာက္လို႔ေရာက္ေနမွန္းမသိတဲ့ေနရာမွာ ေကာ္ဖီတို႔အခ်ိဴရည္တို႔ဆိုတာေမးၾကည့္လို႔မရတဲ့အရာပဲေလ။
'' တကယ္ေတာ့ငါေတြးေနတာငါေသသြားတာလုံးသေသခ်ာတာကိုဘာလို႔အျခားလူအေနနဲ႕ျပန္ရွင္လာရတာလဲလို႔'' သက္ျပင္းခ်ၿပီးေနာက္ခ်န္ယန္းလက္ထဲကေရကိုယူကာ ေက်းဇူးပဲလို႔ေျပာၿပီးဆက္ေျပာသည္။'' ငါျပန္ရွင္လာၿပီးတဲ့ေနာက္ေတြ႕ရတဲ့လူေတြႀကဳံရတဲ့ကိစၥေတြကိုျပန္ေတြးၾကည့္ရင္ အကုန္လုံးကႀကိဳတင္စီစဥ္ထားသလိုပဲ။''
ခ်န္ယန္းကေတာ့ဆက္လက္တိတ္ဆိတ္ေနသည္။ သူ႕အေနနဲ႕ခ်န္အန္းလူဝင္စားတာကိုယုံၾကည္ေပမယ့္ ဘာလို႔ဒီလိုျဖစ္ရပ္ဆန္းမ်ိဴးျဖစ္လာရသလဲကေတာ့မေတြးတတ္ေတာ့ပါ။ ဦးေလးခ်န္ရဲ႕လုပ္ပုံကိုင္ပုံေတြကအရင္ကဦးေလးခ်န္နဲ႕လုံးဝကိုမတူလို႔သူတို႔ဟာ ၿဂိဳလ္တစ္ခုဆီကလူေတြလို႔ေျပာရင္ေတာင္ယုံရသည္။ အဲ့လိုေၾကာင့္သာမဟုတ္ရင္ ဒီအေတာအတြင္းခ်န္ယန္းရခဲ့တဲ့သဲလြန္စေတြအရ ေျမေခြးအိုႀကီးကသူ႕ဦးေလးခႏၶာထဲကိုဝင္စားတယ္ဆိုတာမ်ိဴးယုံမိမွာေတာင္မဟုတ္ပါ။
'' ကမၻာႀကီးကအက်ယ္ႀကီးလူေတြကလည္းအမ်ားႀကီးပဲကို ဘာလို႔မင္းကိုမွေတြ႕ရတာလဲ။ ဒီလိုဥာဏ္ေကာင္းၿပီးသင္လိုက္တာနဲ႕ဘာမဆိုအတတ္ျမန္တဲ့ေကာင္ေလးတစ္ေယာက္ကိုေလ။''
သူျပန္ရွင္လာၿပီးေနာက္ပိုင္းပထမဦးဆုံးအေနနဲ႕သူဒီအေတြးကိုေတြးမိသည္။ ျပတင္းေပါက္ကိုခပ္ေငးေငးၾကည့္ရင္းတိုးတိုးေရ႐ြတ္လိုက္မိျပန္သည္။ ''အိုင္ဗန္ေရာပဲ။ လက္ရွိငါ့ခႏၶာအေနနဲ႕အိုင္ဗန္လိုလူမ်ိဴးကိုေတြ႕ရတာ လမ္းသြားေနတုန္းဥကၠာပ်ံအတိုက္ခံရတာထက္ေတာင္ႀကဳံခဲေသးတယ္။ ဒါေပမဲ့ဘာလို႔ငါသူနဲ႕ခဏခဏျပန္ျပန္ေတြ႕ေနရတာလဲ။ ''
တင္းရွန္းလည္းရွိေသးတယ္။ ေတြးစရာေတြအမ်ားႀကီးကခ်န္အန္းကိုအေျဖရွာမရေစဘူး။
'' အမ်ားႀကီးစဥ္းစားတာကအေျဖရလိမ့္မယ္က်ေတာ္ေတာ့မယုံဘူးဦးေလး။ တကယ္လို႔ဦးေလးရဲ႕ျပန္ဝင္စားျခင္းကဘုရားစီမံတာဆိုရင္ အခ်ိန္က်တဲ့ခါသူေျပာျပမွာေပါ့။''
ခ်န္အန္းေခါင္းညိမ့္လိုက္သည္။ သူကေတာ့အရင္တိုင္းပဲမလိုရာကိုအက်ယ္ခ်ဲ့ေတြးေနမိျပန္ၿပီ။ သူတို႔ႏွစ္ေယာက္ျပတင္းေပါက္နားစကားေျပာေနၾကတုန္းမွာပဲ မရင္းႏွီးတဲ့ SUV ကားမ်ားကတန္းစီကာသူတို႔ဆီေရာက္လာခဲ့သည္။ ေျပာရင္းဆိုရင္းပဲ
SUV ကားေတြကလုဖုန္းရဲ႕လက္နက္ကိုင္လူေတြေၾကာင့္ရပ္သြားၿပီး ကားထဲမွေ႐ႊေရာင္ဆံပင္ႏွင့္ ေနကာမ်က္မွန္တပ္ထားသည့္လူတစ္ေယာက္လွစ္ခနဲထြက္လာသည္။
လုဖုန္းကအိုင္ဗန္ကိုေအးစက္စက္ၾကည့္ကာေမးလိုက္သည္။ ''မင္းဘာလာလုပ္တာလဲ။''
ခ်န္အန္းကိုသူပထဦးဆုံးေတြ႕ဖူးတဲ့အခ်ိန္က အိုင္ဗန္ရဲ႕အတင္းအဓမအနမ္းေတြနဲ႕ကိုယ္ထိလက္ေရာက္ႏွောက္ယွက္တာေတြကိုသူမွတ္မိေနေသးသည္။ ျပန္ေတြးၾကည့္မိတာနဲ႕လုဖုန္းခ်က္ခ်င္းပဲဂိုေထာင္ကိုျပန္သြားၿပီး ဒုံးပ်ံနဲ႕ေဆာ္ကာ အိုင္ဗန္ကိုမားစ္ၿဂိဳလ္ပို႔ေပးလိုက္ခ်င္သည္။
'' ယဥ္ယဥ္ေက်းေက်းေျပာစမ္းပါ။ငါတို႔ကစီးပြားဘက္ေတြေလ မဟုတ္ဘူးလား'' အိုင္ဗန္ကသူ႕ပီေကသူဝါးၿပီး ခ်ိန္ထားသည့္စက္ေသနတ္မ်ားကိုပင္အဖတ္မလုပ္ ဟိုလွည့္သည္လွည့္ရွာကာ အသံက်ယ္က်ယ္ျဖင့္ေအာ္ေမးလိုက္သည္။ ''ငါ့ရဲ႕အန္းေရာ။ သူဘယ္မွာလဲ''
''မင္းရဲ႕အန္း ဟုတ္လား'' အိုင္ဗန္ကခနဲ႕လိုက္သည္။''အိုင္ဗန္ မင္းေနာက္ထပ္ ထပ္ေျပာလိုက္စမ္းမင္းလွ်ာကိုျဖတ္ပစ္ခ်င္လို႔''
'' က်စ္ ! မင္းအန္းဆီကဘာမဆိုသင္လို႔ရရဲ႕သားနဲ႕ ႏွလုံးသားမရွိ၊ အၾကင္နာတရားမရွိတာကိုမွသင္ရတယ္လို႔ကြာ..'' အိုင္ဗန္ကသြားျဖဴျဖဴမ်ားေပၚေနေအာင္ၿပဳံးၿပီး လက္ခလယ္ေထာင္ျပလိုက္သည္။ '' နည္းနည္းပါးပါးေလးစားစမ္းေဟ့ေကာင္။ ငါကအန္းရဲ႕လူပဲ။ေျပာတာနားလည္လား။''
''ငါ့ကို စက္ေသနတ္ေပးစမ္း '' လုဖုန္းကမ်က္ႏွာေသနဲ႕သူ႕လူေတြကိုအမိန့္ေပးလိုက္သည္။
''all right!all right! မင္းအဲ့လိုလုပ္ေနမွေတာ့ အန္းကဘယ္သူလည္းမင္းသိၿပီဆိုပါေတာ့။ ငါ့ကိုသူ႕ဆီေခၚသြားစမ္းပါငါေျပာစရာရွိတယ္။'' အိုင္ဗန္စိတ္ထဲသက္ျပင္းခ်လိဳက္သည္။ ဒီအ႐ူးေကာင္နဲ႕သူေနာက္ေျပာင္လို႔ေတာင္မရဘူး။ပ်င္းစရာေကာင္းတဲ့ေကာင္။အဲ့အစားသူ႕အန္းေလးနဲ႕ပဲေျပာတာမွဟုတ္ဦးမယ္။
ဒီဝက္ဝံကဘယ္လိုလုပ္ဦးခ်န္ရဲ႕သ႐ုပ္မွန္ကိုသိသြားရတာလဲ။ လုဖုန္းကအိုင္ဗန္ကိုမသကၤါမ်က္လုံးျဖင့္ၾကည့္ရင္းေမးလိုက္သည္။ ''မင္းဘာေျပာခ်င္လဲငါ့ကိုေျပာလို႔ရတယ္။ငါျပန္ေျပာေပးမယ္။''
'' မလိုေတာ့ပါဘူး'' အိုင္ဗန္ကပီေကကိုေထြးထုတ္လိုက္ၿပီး လုဖုန္းေနာက္တြင္မတ္တပ္ရပ္ေနေသာသူအားေက်ာ္ၾကည့္ရင္းေျဖလိုက္သည္။ ခ်က္ခ်င္းဆိုသလိုပဲအခ်စ္ခံခ်င္တဲ့ေခြးတစ္ေကာင္လို လက္ႏွစ္ဖက္ဆန့္ၿပီး ႐ြံစရာပလီပလာမ်ားဆက္တိုက္ေျပာေတာ့သည္။ '' အိုး...ေဘဘီ မင္းေလးကိုယ့္ကိုသိပ္လြမ္းေနမွာပဲ။ လာ အခုကိုယ့္ရင္ခြင္က်ယ္ႀကီးထဲေျပးလာလိုက္ေတာ့။ မင္းေပ်ာ္သြားေအာင္တစ္ခုခုလုပ္ၾကရေအာင္။ ကားထဲမွာလုပ္ခ်င္လား။ေတာထဲမွာလား ဒါမွမဟုတ္တင့္ကားထဲမွာလားေဘဘီႀကိဳက္ရာေ႐ြးလိုက္။''
'' အိုင္ဗန္'' ခ်န္အန္းက ၿပဳံးလ်က္ေလွ်ာက္သြားၿပီး သိပ္မကြာေတာ့တဲ့အခ်ိန္မွာေျခေထာက္ၾကားကိုျဖတ္ကန္ပစ္လိုက္သည္။
'' Oh! Shit!" ဝက္ဝံႀကီးခင္မ်ာ ႀကိဳဆို စပရိုက္နဲ႕အတူကြဲမတတ္ေဘာကိုအုပ္ကိုင္ကာေအာ္မရၿငိမ္မရကုန္းကြကြျဖစ္သြားရသည္။
'' ငါလည္းမင္းကိုလြမ္းပါတယ္အိုင္ဗန္ရယ္'' ခ်န္အန္းကၿပဳံးလ်က္ပဲ အိုင္ဗန္ေနာက္ကိုေလွ်ာက္ကာ တင္ပါးကိုပုတ္လိုက္သည္။
လုဖုန္းနဲ႕ခ်န္ယန္းလည္းၾကည့္ရင္းနဲ႕ပင္ကိုယ့္ပစၥည္းကိုက်ဴံ႕ထားမိသည္။ေတာ္ေတာ္နာမွာေသခ်ာတယ္။ဦးေလးခ်န္ကေတာ့သူ႕ကိုစိတ္ရႈပ္ေအာင္လာလုပ္တဲ့သူေတြကိုလုံးဝမညွာတတ္ဘူးပဲ။
'' ခ်ီးပဲခ်န္အန္း ဒါမင္းေကာင္ေလးကိုမင္းဆက္ဆံတဲ့ပုံစံလား။'' အိုင္ဗန္နာက်င္မႈေၾကာင့္ေမ့ပင္လဲသြားနိုင္သည္။မတ္မတ္လည္းရပ္လို႔မရေသးေပ။
'' ဟုတ္တယ္ အဲ့လိုငါ့နာမည္ေခၚစမ္းပါ အိုင္ဗန္ေလးရဲ႕။'' နာက်င္ေနတဲ့အိုင္ဗန္ကိုၾကည့္ၿပီးခ်န္အန္းအားပါးတရၿပဳံးလိုက္သည္။ သူဆိုတာသူ႕ကိုလာေသြးစမ္းတဲ့လူေတြကိုခံစားရေအာင္လုပ္တာသိပ္သေဘာေတြ႕တာေလ။
''ေမာ္စကိုကေနဒီထိဘာလာလုပ္တာလဲ။''
''အာ...ကိုယ္လာတာမင္းေထာင္ထဲေရာက္ေနတာမျမင္ခ်င္လို႔ေလ။ မင္းသိလားေထာင္တဲ့ေကာင္ေတြဆိုတာက ကိုယ့္လိုမေခ်ာသလိုကိုယ္ခ်င္းစာစိတ္လည္းမရွိၾကဘူး။ ဒါလင္ ကိုယ္ကသူတို႔မင္းေနာက္ကေနတိတ္တိတ္ေလးလိုက္လာမွာစိုးလို႔ပါ '' နာက်င္မႈေၾကာင့္ အသက္ကိုေျဖးေျဖးရႈရင္းအိုင္ဗန္ေျမေပၚထိုင္ခ်လိဳက္သည္။
''မင္းဘာကိုဆိုလိုတာလဲ'' ခ်န္အန္းက အိုင္ဗန္ရဲ႕စကားေတြၾကားကေျပာခ်င္တာကိုရိပ္သံဖမ္းမိလို႔ျပန္ေမးလိုက္သည္။
'' မင္းအေမွာင္ထဲေရာက္ေနတုန္းပဲမလား'' အိုင္ဗန္က လအေတာ္ၾကာမေတြ႕ရတာၾကာၿပီျဖစ္တဲ့ခ်န္အန္းကိုမ်က္စိတစ္ဖက္မွိတ္ျပရင္း '' ဒါျဖင့္ရင္ကိုယ့္တို႔ေရွးေဟာင္းႏွောင္းျဖစ္ေလးေအးေဆးျပန္ေျပာၾကရင္ဘယ္နဲ႕လဲ။ဒါဆိုမင္းသိခ်င္တာေျပာျပမယ္ေလ။''
''လုဖုန္း ဒီေကာင့္ကိုဆြဲထုတ္လိုက္'' ခ်န္အန္းကေျပာၿပီးလွည့္ထြက္သြားလိုက္သည္။
'' ဒါမင္းအခ်စ္ေဟာင္းကိုဆက္ဆံတဲ့ပုံစံလားကြ။ ကိုယ္တို႔ပင္လယ္ထဲမွာဘယ္ေလာက္ၾကည္ႏူးစရာေကာင္းေအာင္ခ်စ္ခဲ့ၾကလဲ။အိုး...နာက်င္လိုက္တာ ငါေတာ့စြန့္ပစ္ခံလိုက္ရၿပီလား။'' ခ်န္အန္းျပန္လွည့္လာေနတာကိုသိတဲ့အိုင္ဗန္အသံက်ယ္က်ယ္ျဖင့္ဆက္ေအာ္လိုက္သည္။ ''ခ်န္အန္းအသည္းႏွလုံးမရွိတဲ့လူႀကီး။ မင္းမွာငါ့ကိုတာဝန္ယူစရာရွိတယ္ေနာ္သိရဲ႕လား''
ခ်န္အန္းကအိုင္ဗန္ကိုခပ္စိမ္းစိမ္းစိုက္ၾကည့္ပစ္လိုက္ေတာ့အိုင္ဗန္ပါးစပ္ပိတ္သြားရသည္။သူေနာက္တစ္ခြန္းထပ္ဟရင္ခ်န္အန္းအတည္ေဒါသထြက္လာမွာေသခ်ာတယ္ေလ။
အိုင္ဗန္ကလက္ႏွစ္ဖက္ကိုျမႇောက္ရင္းအရႈံးေပးဟန္ျပလိုက္သည္။ '' ေအးပါကြာ... ကိုယ္ေျပာခ်င္တာ မင္းေနာက္ကိုတင္းရွန္းလိုက္ေနတယ္ဆိုတာပဲ။ မင္းရန္သူကိုမင္းအထင္ေသးမိတာကမင္းရဲ႕မဟာအမွားႀကီးပဲေျမေခြးႀကီး။''
26.02.2023