Rebirth of Chen An【Zaw + uni】

By ELMILLION

1.4M 185K 8.1K

လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သ... More

Summary
Book I : အခန္​း (၁) ဘဝသစ္​မစမွီ
အခန္​း(၂)စိတ္​ပ်က္​ဖို႔​ေကာင္​းတဲ့ျပန္​လည္​​ေမြးဖြားျခင္​း
အခန္​း(၃)​ေဆးရံုမွအဆင္​း
အခန္​း(၄)အိမ္​သို႔
အခန္​း(၅) အခ်စ္​လုဖက္​နဲ႔ၿပိဳင္​ဖက္​
အခန္​း(၆)ၿပိဳင္​ဖက္​
အခန္​း (၇) သစၥာ​ေဖာက္​၏အလြမ္​း
အခန္​း(၈) တူဝရီး
အခန္​း (၉) ခ်န္​အန္​းရဲ႕အလုပ္​
အခန္​း (၁၀) အိမ္​အသစ္​
အခန္​း (၁၁)တင္​း႐ွန္​း ႏွင္​့ မ​ေတာ္​တဆ​ေတြ႔ဆံုျခင္​း
အခန္​း (၁၂) ရန္​သူ​ေဟာင္​းႏွင္​့မိတ္​ဖြဲ႔ျခင္​း
အခန္​း (၁၃) ဦး​ေလး မႀကိဳက္​ဘူးလား?
အခန္​း (၁၄) Gymထဲကအ​ေႏွာင္​့အယွက္​
အခန္​း (၁၅) လက္​တုန္​႔ျပန္​ရမည္​
အခန္​း (၁၆) ​ေတာက္​​ေတာက္​ပပ
အခန္​း (၁၇) အထူးတန္​းက အဆိပ္​ျပင္​း​ေႁမြ
အခန္​း (၁၈) ​ေလာင္​စစ္​ ဆိုတဲ့codeအမည္​
အခန္​း (၁၉) အ​ေမွာင္​​ေလာက
အခန္​း(၂၀) Tiger King
အခန္​း (၂၁) အရက္​တန္​ခိုး (၁)
အခန္​း (၂၂) အရက္​တန္​ခိုး (၂)
အခန္​း (၂၃) ​ေရခ်ိဴးခန္​းထဲမွာပုန္​း​ေနတဲ့လူ
အခန္​း(၂၄) ခိုးၾကည္​့ျခင္​း
အခန္​း (၂၅) အထင္​လြဲ​ေအာင္​လုပ္​ျခင္​း
အခန္​း (၂၆) ​ေထာင္​လိုရင္​၊ရာစြန္​႔
အခန္​း (၂၇) ပိုက္​ဆံအတြက္​ကိုယ္​့ကိုယ္​ကိုမ​ေရာင္​းႏိုင္​
အခန္​း(၂၈) တင္​း႐ွန္​း၏သ႐ုပ္​မွန္​
အခန္​း(၂၉) Guilty
အခန္​း(၃၀) လွည္​့စားျခင္​း
အခန္​း(၃၁) ခ်န္​ယန္​း၏​ေရြးခ်ယ္​မႈ
အခန္​း (၃၂) ညစာထြက္​စားရန္​ျပင္​ဆင္​ျခင္​း
အခန္​း(၃၃) မင္​းဘယ္​လိုဘဝမ်ိဴးမွာ​ေနခ်င္​လဲ
အခန္​း(၃၄) တ​ေစၦသရဲလိုအိုင္​ဗန္​
အခန္​း(၃၅) ဗီလိန္​အိုင္​ဗန္​
အခန္​း (၃၆) လူ​ေလးဦး၊အ​ေတြးကိုယ္​စီ
အခန္​း(၃၇) ခ်န္​ယန္​းရင္​ထဲက နာက်ည္​းျခင္​းမ်ိဴး​ေစ့
အခန္​း(၃၈) တတိယ​ေျခလွမ္​း၊တတိယ​ေျမာက္​လူ
အခန္​း(၃၉) လုဖုန္​းႏွင္​့အိုင္​ဗန္​တို႔ၾကား​ေသြးခြဲရန္​အစီအစဥ္​
အခန္​း(၄၀) ငါးစာ​ေတာ့ခ်လိုက္​ၿပီ
အခန္​း(၄၁) ရန္​သူအသစ္​နဲ႔စကားစျမည္​း
အခန္​း(၄၂) အိမ္​​ေစာင္​့​ေနသည္​့ခ်န္​ယန္​း
အခန္​း(၄၃) ဒုတိယ​ေျမာက္​ အ​ေမြဆက္​ခံသူအ​ေလာင္​းလ်ာ
အခန္​း(၄၄) ငါးဟက္​သလား?အစာခ်​ေကြၽးသလား?
အခန္​း(၄၅) ဝမ္​​ေဟာင္​ႏွင္​့ထပ္​မံ​ေတြ႔ဆံုျခင္​း
အခန္​း(၄၆) ရည္​းစားလုဖက္​ဆီကျပန္​​ေတာင္​းတဲ့လက္​​ေဆာင္​
အခန္​း(၄၇) ငါသစၥာ႐ွိတဲ့​ေခြးမ်ိဴးကိုပဲသ​ေဘာက်တယ္​
အခန္​း(၄၈) ဦး​ေလးက​ေရခဲဂူႀကီးဆို ကြၽန္​​ေတာ္​ကမီးဖို
အခန္​း(၄၉) စတင္​ထြက္​ခြာ
အခန္​း(၅၀) ယူကရိန္​းသို႔
အခန္​း (၅၁) ျကိဳဆိုပါတယ္​
အခန္​း(၅၂) ဂိမ္​းအ​ေသးစား
အခန္​း(၅၃) ပထမဦးဆံုးအႀကိမ္​ လူသတ္​ျခင္​း
အခန္​း(၅၄) ​ေျဖ​ေဆးမ႐ွိတဲ့အဆိပ္​ /ဦး​ေလး ကြၽန္​​ေတာ္​့ကိုထားမသြားပါနဲ႔။
အခန္​း(၅၅) အိုင္​ဗန္​၏ masterpieces လက္​ရာ
အခန္​း(၅၆) အတုအ​ေယာင္​
အခန္​း (၅၇) တစ္​ဖက္​သတ္​
အခန္​း(၅၈) လန္​ၾကဳတ္​​ေရစက္​
အခန္​း(၅၉) Ivanov's confession | Chen an's Game
အခန္​း(၆၀) ​ေျမ​ေခြးနဲ႔ဝက္​ဝံတို႔ခ်ိန္​း​ေတြ႔ျခင္​း
အခန္​း(၆၁) အ​ေျဖမွန္​
အခန္​း(၆၂) Alert
အခန္​း(၆၃) အထီးက်န္​ည
အခန္​း(၆၄) ဘုရားလည္​းဖူးလိပ္​ဥလည္​းတူး
အခန္​း(၆၅) အ​ေရးနိမ္​့ဝက္​ဝံ
အခန္​း(၆၆) သံသယမ်ိဴး​ေစ့
အခန္​း (၆၇) သူ႔အပိုင္​
အခန္​း (၆၈) ကာစီႏို
အခန္​း (၆၉) ​ေလာင္​းကစားသမား ၏ စကားစီးခ်င္​း
အခန္​း (၇၀) အတိတ္​၌ဖက္​တြယ္​ျခင္​း(သို႔)မင္​းအပိုင္​
အခန္​း(၇၁) က်ိဴးသြား​ေသာမ်က္​မွန္​တစ္​လက္​
အခန္​း(၇၂) ျမဴဆိုင္​း​ေန​ေသာျမင္​ကြင္​းမ်ား
အခန္​း(၇၃) ပစ္​မွတ္​ကို႐ွာ​ေတြ႔ျခင္​း
အခန္​း(၇၄) လႊတ္​ထြက္​သြား​ေသာစိတ္​ဝိညာဥ္​
အခန္​း(၇၅) ကိုယ္​့အက်ိဴးကိုယ္​ကိုးသူလ်ွိဴ
အခန္​း(၇၆) ဗ်ဴဟာခင္​းျခင္​း
အခန္​း(၇၇) ​ေရကန္​ထဲကလူယုတ္​မာ
အခန္​း(၇၈) လူသတ္​သမား
အခန္​း(၇၉) မင္​းငါ့ကိုသတ္​မွာလား
အခန္​း(၈၀) ဟုတ္​တယ္​မလား?
အခန္​း(၈၁) လက္​စြပ္​ဗူးထဲကဘီလီယံ​ေဒၚလာ
အခန္​း(၈၂) ႐ုိမန္​ ့တစ္​ ညစာ
အခန္​း(၈၃) ဖ​ေယာင္​းမီး​ေရာင္​​ေအာက္​က
အခန္​း(၈၄) ရင္​တြင္​းစကား
အခန္​း(၈၅) အက်ိဴးအျမတ္​
အခန္​း(၈၆) ယံုၾကည္​မႈ
အခန္​း(၈၇) ​ေလထန္​ည 《 End of book - I》
Beginning of book II : အခန္​း (၈၈) ကြၽန္​း
အခန္​း(၈၉) ဝိုင္​
အခန္​း(၉၀) အစ္​ကို႔ကိုထားမသြားပါနဲ႔
အခန္​း(၉၁) ကိုယ္​့နံမည္​ကို​ေခၚပါ
အခန္​း(၉၂) အခ်စ္​ည၏မနက္​
အခန္​း(၉၃) ill
အခန္​း(၉၄) ​ေျမ​ေခြးအို
အခန္​း (၉၅) ခင္​မ်ားကခ်န္​က်န္​းအန္​း
အခန္​း(၉၆) ​ေဘာ့စ္​ ႐ွင္​ဖ်ား​ေနၿပီ
အခန္​း(၉၇) မဟာမိတ္​
အခန္​း(၉၈) ပင္​လယ္​ကိုပ်ားရည္​ဆမ္​းတဲ့ခရီးလမ္​း
အခန္​း(၉၉) ရြက္​လြင္​့
အခန္​း (၁၀၀) လိႈင္​းထန္​
အခန္​း(၁၀၁) ခ်စ္​တယ္​
အခန္​း (၁၀၂) အ႐ူးတစ္​​ေယာက္​ႏွင္​့
အခန္​း (၁၀၃) ငါးဟင္​းတစ္​ခြက္​
အခန္​း (၁၀၄) စည္​းစိမ္​မဲ့
အခန္​း(၁၀၅) လူသူမဲ့ကြၽန္​း​ေပၚ
အခန္​း (၁၀၆) တစ္​​ေယာက္​ထဲထားမသြားနဲ႔
အခန္​း(၁၀၇) မင္​းရဲ႕နာက်င္​မႈ
အခန္​း(၁၀၈) ​ေကာင္​း​ေကာင္​းဆိုးဆိုးအတူတူမ်ွ​ေဝ
အခန္​(၁၀၉) ျပန္​​ေပးဆြဲခံရျခင္​း
အခန္​း(၁၁၀) အဆက္​​ေဟာင္​း
အခန္​း(၁၁၁) ဘယ္​သူ႔အတြက္​လဲ
အခန္​း(၁၁၂) ​ေႂကြသုဥ္​းသြား​ေသာေမ်ွာ္​လင္​့ခ်က္​
အခန္​း(၁၁၃) အခ်စ္​၏ညႇင္​းဆဲမႈ
အခန္​း(၁၁၄) ဖြင္​့ဟျခင္​း
အခန္​း(၁၁၅) ဥ​ေပကၡာ
အခန္​း(၁၁၆) ပ်ိဴးျခင္​း
အခန္​း(၁၁၇) ငြို့ (Uni +Zawgyi)
အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ
အခန်း (၁၁၉) သူလျှိူရှာခြင်း
အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား
အခန်း (၁၂၁) ဖုံးကွယ်မထားချင်တော့
အခန်း (၁၂၂) ပုခတ်သူခိုး
အခန်း(၁၂၄) မနာလိုသည့်ခံစားချက်
အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်
အခန်း (၁၂၆) ဆရာတစ်ဆူ၊တပည့်နှစ်ပွေ
အခန်း (၁၂၇) ဒါဝဋ်လည်တာပဲ
အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
အခန်း (၁၂၉) အိုင်ဗန်လေးကိုကြိုဆိုခြင်း
အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
အခန်း (၁၃၁) မိစ္ဆာတွေရောက်လာပြီ
အခန်း (၁၃၂) တင့်ကားသွားထုတ်ရအောင်
အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ
အခန်း (၁၃၄) ဘိုင့်ဘိုင်
အခန်း (၁၃၅) ဧကရာဇ်ဆိုး
အခန်း (၁၃၆) သက်သေပြမယ်
အခန်း (၁၃၇) ဓားပြကိုချေမှုန်းရန်အစီစဥ်
အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း
အခန်း (၁၃၉) နန်းမြို့တော်သို့
အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း
အခန်း (၁၄၁) ကိုယ်ပြုသမျှကိုယ်ခံ
အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
အခန်း (၁၄၃) ကိုမာဝင်သွားသောချန်အန်း
အခန်း (၁၄၄) သာမန်လူနေမှုဘဝ
အခန်း (၁၄၅) DNA စစ်ဆေးချက်
အခန်း (၁၄၆) တူအရင်းမဟုတ်ဘူး
အခန်း (၁၄၇) အချစ်ရူး
အခန်း (၁၄၈) ဦးလောဘ
အခန်း (၁၄၉) ဆရာလုပ်မယ်
အခန်း(၁၅၀) မမျှော်လင့်ထားသောဆရာသစ်
အခန်း(၁၅၁) PE အတန်းတက်ဖို့မမေ့နဲ့
အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ
အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
အခန်း ၁၅၄ - စစ်ခရာဖွင့်ခြင်း
အခန်း ၁၅၅ - တက္ကသိုလ်အပျော်တက်ခြင်း
အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား
အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း
အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ
အခန်း (၁၅၉) ဘောလုံးကစားတတ်လား
အခန်း (၁၆၀) အံ့ဖွယ်အသင်း
အခန်း (၁၆၁) ဖြိုချပစ်လိုက်
အခန်း (၁၆၂) မှတ်လောက်သားလောက်ပါစေ
အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
အခန်း (၁၆၄) အာဖရိကကို လယ်စိုက်ဖို့သွားမယ်
အခန်း (၁၆၅) စီးပွားသစ်စပြီ

အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။

10.1K 851 106
By ELMILLION

အခန်း(၁၂၃) မင်းကအမြဲတမ်းငါ့အပိုင်ပဲ။

တင်းနစ်ကစားသမားလင်ဟောက်ဟာ အာရှလူငယ်အားကစားတွေထဲက ထူးချွန်တဲ့သူတစ်ယောက်ဖြစ်၏။ တင်းနစ်လောကကို လူဖြူတွေသာကြီးစိုးနိုင်တယ်ဆိုတဲ့အယူကို လွန်ခဲ့တဲ့ငါးနှစ်ကလင်ဟောက်ဆိုတဲ့တရုတ်လေးဝင်လာပြီးတော့ချိူးဖြတ်ခဲ့သည်။ သူ့ရဲ့လုပ်ဆောင်ချက်တွေကဖြည်းဖြည်းမှန်မှန်နဲ့ပဲသွားပြီး နိုင်နိုင်ရှုံးရှုံး သူ့ရဲ့ပွဲကိုသူနိုင်အောင်ကနိုင်သည်။ ဒီလိုနဲ့လင်ဟောက်ဟာ အာရှနံပါတ်တစ်တင်းနစ်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်ကြောင်း သူ့ရဲ့အရည်အချင်းနဲ့ကမ္ဘာ့ကိုသက်သေပြခဲ့သည်။ အခုတော့ သူဟာ world championship အတွက်မျှော်မှန်းထားပြီး အနိုင်ရနိုင်သည့်ချန်ပီယံအလောင်းအလျာအနေနဲ့လည်း အများကမျှော်လင့်ထားကြသည်။

ချန်အန်းလည်းအားကစားပွဲတွေကြည့်ရတာဝါသနာပါခဲ့ပြီး တင်းနစ်လည်းကစားဖူးခဲ့သည်။ သို့ပေမယ့်လည်း နောက်ပိုင်းကျန်းမာရေးအခြေအနေကသူ့ကို တင်းနစ်ကွင်းထဲကြာကြာနေခွင့်မပေးတာကြောင့်အကျင့်ပျက်သွားခဲ့သည်။ အခုတော့ ကျန်းမာတဲ့ခန္ဓာကိုယ်ပြန်ရထားပြီမို့ အချိန်အားရင်လုဖုန်းနဲ့အတူဆော့လည်းမဆိုးပေဘူးပဲ။

ကစားပွဲကိုကြည့်နေရင်း ချန်အန်းတော်တော်ကြာမှသတိထားမိလိုက်သည်က သူ့နံဘေးကအမျိူးသားဟာကစားပွဲကိုလုံးဝစိတ်ဝင်စားမှုရှိမနေဘူးဆိုတာပါပဲ။ လုဖုန်းဟာသူ့ကိုတိတ်တိတ်လေးစောင့်ကြည့်နေတယ်။ ဒါကလည်းအရမ်းကိုသိမ်မွေ့တဲ့အကြည့်မျိူးနဲ့ဆိုတာ ချန်အန်းခံစားမိနေသည်။

သူ့ရဲ့သရုပ်မှန်ကိုဖော်ပြတာတစ်ပတ်လောက်ရှိပြီဆိုပေမယ့် လုဖုန်းကတော့ အိမ်မက်မက်နေတယ်လို့အခုထိထင်နေသေးပုံပါပဲ။

'' မင်းငါ့ကိုအဲ့လိုစိုက်ကြည့်နေတာဘာနဲ့တူလဲသိလား'' ချန်အန်းအနေနဲ့လုဖုန်းခံစားချက်ကိုနားလည်နိုင်ပါတယ်။ တကယ်လို့သူ့ညီကျန်းလဲ့သာအခုလိုပြန်ရောက်လာရင် သူလည်းအိမ်မက်မက်နေတယ်လို့ထင်နေမှာပဲ။

ချန်အန်းပြုံးလိုက်ရင်းစကားကိုဆက်လိုက်တယ်။ '' အချစ်ရူးတစ်ယောက်နဲ့တူတယ်''

လုဖုန်းရဲ့အေးခဲနေတဲ့မျက်နှာကချန်အန်းရဲ့စကားလုံးတွေအောက်မှာ အရည်ပျော်ကျပြီးအပြုံးဖြစ်တည်လာသည်။ ချန်အန်းရဲ့စကားကရယ်ရလို့မဟုတ်ဘဲ ချန်အန်းအပြုံးကသူ့ကိုပျော်ရွှင်စေသောကြောင့်ဖြစ်သည်။

ချန်အန်းကလွန်ခဲ့တဲ့တစ်ပတ်ကတင် လုဖုန်းကို ''ကျွန်တော်တောင်းပန်ပါတယ်'' ဆိုတဲ့စကားလုံးဝမပြောရဘူးဟု ရာဇသံချထားပြီးဖြစ်သည်။ အတိတ်မှာကျွန်းပေါ်မှာဖြစ်ခဲ့တဲ့အရာတွေက တောင်းပန်တဲ့စကားဘယ်နှစ်ခွန်းပြောပြောလက်ရှိကိုရင်ဆိုင်လို့ရနိုင်မှာမဟုတ်ဘူး။ ဖြစ်ပြီးတာဖြစ်ပြီးသွားပြီ။ ချန်အန်းကတော့ သူတို့လိုအပ်နေတဲ့အရာက တောင်းပန်စကားလို့မထင်ဘူး။ အဲ့ဒီအတိတ်တွေကနာကျင်စရာတွေပြည့်နေတာတော့အမှန်ပဲ ဆိုပေမယ့် အဲ့ဒီအတိတ်မည်းတွေကပဲ ခေါင်းမာတဲ့ချန်အန်းကိုအသိခေါင်းထဲအဝင်နက်အောင်လုပ်ပေးနိုင်ခဲ့တာပဲ။

ဘဝသင်ခန်းစာအနေနဲ့တော့နားထောင်လို့ကောင်းတဲ့အရာပဲ။ ဒီလိုမှမဖြတ်သန်းရရင်လည်း သူလိုလူကဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဘူး။

'' အန်း...'' လုဖုန်းကချန်းအန်းရဲ့လက်တစ်ဖက်ကို မိမိလက်နှင့်ယှက်နွယ်လိုက်သည်။ သူ့မျက်ဝန်းတွေက နွေဦးမှာပျော်စနှင်းပွင့်သဖွယ်ရွှန်းလဲ့နေ၏။ '' ကျွန်တော် အိမ်မက်ထဲရောက်နေတယ်လို့ခံစားနေရတုန်းပဲ။ ''

'' လူတစ်ယောက်ရဲ့ဝိညာဥ်ကအခြားလူတစ်ယောက်ကိုယ်ဝင်ပူးတယ်ဆိုတာ ယုံဖို့တော့ခက်မှာပဲ။''

လုဖုန်းကချန်အန်းလက်ကိုတင်းတင်းဆုပ်ကိုင်ပြီး အကြည့်တို့ကချန်အန်းဆီကနေတင်းနစ်ကွင်းဆီပြန်ပို့လိုက်သည်။ '' ကျွန်တော်ယုံတယျ။ ခင်များကိုစတွေ့တဲ့အချိန်တည်းက ကျွန်တော် အရမ်းပြင်းထန်တဲ့ရည်းနှီးမှုမျိုးခံစားခဲ့ရတာ။ ဒါပေမယ့် ခင်များကိုရင်ဆိုင်ဖို့ကြောက်နေခဲ့တယ်။ ခင်များကိုသူစိမ်းတစ်ယောက်နဲ့အမှတ်မှားမှာစိုးနေခဲ့တာ။ ''

'' တကယ်လို့ကျွန်တော်မျှော်လင့်ချက်တွေအများကြီးထားပြီးမှ မှန်းထားသလိုမဟုတ်ခဲ့ဘူးဆိုရင် ရလာမယ့်ဒဏ်ရာတွေကိုလက်ခံဖို့ကျွန်တော်ခွန်အားမရှိခဲ့ဘူး။''

လုဖုန်းဆီကဝန်ခံစကားကိုကြားပြီးနောက်ချန်အန်းရင်ထဲ တမြည့်မြည့်ပူနွေးလာပြီး ထပ်ပြုံးမိသည်။ '' ငါမင်းကိုဆယ်နှစ်တောင်ပျိူးထောင်လာတာ ပြန်စဥ်းစားကြည့်ရင် ငါတို့ကရင်ဖွင့်ဖို့ဘယ်တော့မှမပွင့်လင်းခဲ့ကြဘူးပဲ။ ''

ဒါကြောင့်လည်းအထင်လွှဲမှုတွေ အဆင့်ထပ်ပြီးတဖြည်းဖြည်းကြီးထားလာခဲ့တာ။ တကယ်လို့သူတို့သာအရင်ထဲကပွင့်လင်းခဲ့ကြရင် ဒီလိုအဖြစ်မျိူးဖြစ်လာမှာမဟုတ်ဘူး။

'' လုဖုန်းမင်းကိုငါဘာလို့မွေးစားခဲ့လဲသိလား''

'' ကျွန်တော်ငယ်ငယ်က ကျန်းလဲ့နဲ့တူလို့လေ'' လုဖုန်းအမြဲတမ်းဒါကိုသိနေခဲ့တယ်။

'' ငါမင်းကိုပထမဦးဆုံးအကြိမ်တွေ့တုန်းက တကယ်ကျန်းလဲ့ကိုအမှတ်ရမိစေတာအမှန်ပဲ။ မင်းတို့ကသိပ်တူတယ်လို့ခံစားခဲ့ရတယ်။ '' ချန်အန်းလည်း သူလုဖုန်းကိုမွေးစားခဲ့တာက ကျန်းလဲ့ကြောင့်ဆိုတာဝန်ခံတယ်။ ဒါပေမယ့် '' အစကတော့ တကယ်မင်းကကျန်းလဲ့နေရာအစားထိုးပဲ။ မင်းတဖြည်းဖြည်းကြီးလာတဲ့အခါကျတော့ ငါမြင်လာတယ် မင်းကသူမဟုတ်ဘူး။ ''

'' ငါပြန်ရှင်လာပြီးမှ မင်းကိုဘာလို့ရုတ်တရပ်လက်ခံလိုက်လဲသိချင်လား''

လုဖုန်း လေးကန်စွာခေါင်းညိမ့်လိုက်သည်။ အမှန်တော့ကြောက်နေသည်။ ချန်အန်းပါးစပ်ကနေ ငါမင်းကိုညာနေတာ။ငါမင်းကိုကစားလိုက်တာလေ။ လက်တုန့်ပြန်လိုက်တာဆိုတဲ့စကားမျိူးထွက်လာမှာ သူကြောက်ရွံ့နေသည်။

''ငါမင်းကိုလျှိူ့ဝှက်ချက်လေးတစ်ခုပြောပြမယ်။'' ချန်အန်းကအပြုံးသေးသေးနှင့်လုဖုန်း၏ပါးပြင်ကိုအားနေတဲ့လက်တစ်ဖက်နဲ့ ပွတ်သပ်လိုက်သည်။ထို့နောက်နားနားကပ်ပြောလိုက်၏။ '' တကယ်တော့ မင်းငါ့ကိုထိတဲ့အခါငါမမုန်းပါဘူး။ ''

'' ကိုယ့်ကိုယ်ကို တအားတော့ဘဝင်မြှောက် မသွားနဲ့။ ငါမင်းကိုနည်းနည်းတော့သဘောကျပေမယ့် ဒါကနည်းနည်းပဲ။ ငါ့လိုတစ်ကိုယ်ကောင်းသမားက ကိုယ့်ကိုယ်ကိုပဲပိုချစ်တာ။ ''

ပြောပြီးတာနဲ့ သူဘာမှမပြောခဲ့သလို ကိုယ်ခုံမှာခပ်တည်တည်ပြန်ထိုင်ပြီး ကစားပွဲကိုသာအာရုံပြန်စိုက်နေလိုက်သည်။

နေပါဦး..ဒါက ရည်းစားစကားဖွင့်ပြောလိုက်တာလား ။

'' ကျွန်တော့်ဘဝ၊ ကျွန်တော့်ခန္ဓာ ၊ ကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးက ခင်များအပိုင်ပါ။ ခင်များတစ်ယောက်တည်းပိုင်တာ။ ''

လုဖုန်းဆိုတာ စကားအလှပြောရာမှာဆရာကျတဲ့သူမဟုတ်ဘူး။ ပျားသလက်လိုလျှာပိုင်ရှင်အိုင်ဗန်နဲ့ယှဥ်ရင် သူပြောတာက အဆီအငေါ်မတည့်တောင်ဖြစ်နေသေးတယ်။ ဒါပေမယ့် သူပြောလိုက်တဲ့စကားလုံးတိုင်းက အစွမ်းရှိတဲ့မှော်မန္တန်လိုနားထဲစီးဝင်သွားတယ်။ ပြီးတော့ ဒီလိုစကားမျိူးလုဖုန်းဆီကကြားရမယ်ဆိုတာ ချန်အန်းဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက်ဆယ်နှစ်ကြာသိခဲ့ကြပြီး အထူးသဖြင့် ကိစ္စအမျိူးမျိူးဖြတ်သန်းပြီးမှပြန်ဆုံခဲ့ကြတာ။ ချန်အန်းဟာလုဖုန်းနဲ့ဆိုရင် အိမ်ကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်။

သူ့နံဘေးကအမျိူးသားကိုဝှေ့ကြည့်လျှက် ချန်အန်း မော်မော်ချီချီပြုံးလိုက်သည်။ '' မင်းကအမြဲတမ်းငါ့အပိုင်ပါပဲ။''

---

လင်ဟောက်ရဲ့ဒီတစ်ခေါက်ပြိုင်ဖက်ဟာအတွေ့အကြုံရင်သူဖြစ်တာကြောင့်အသာစီးရနေပေမယ့်လို့ လင်ဟောက်ဟာကိုယ်စွမ်းရှိသမျှ ပွဲအဆုံးထိထိန်းသွားခဲ့သည်။ အနိုင်ရသူအနေနဲ့လင်ဟောက်က ညနေမှာ စပွန်စာ luxury brand က လုပ်ပေးမယ့်ပါတီကိုတက်ရမည်။ ချန်အန်းကစည်ကားတဲ့နေရာတွေရဲ့ပရိတ်သတ်မဟုတ်လှပေမယ့် ခဏတဖြုတ်တော့ကိစ္စမရှိပါဘူးလေ။

သူ့ရဲ့ရှာဖွေချက်အရလင်ဟောက်က တင်းနစ်အပြင်သေနတ်ပစ်ရတာကိုလည်းဝါသနာပါသည်။ ပုံမှန် ယောက်ျား ၁၀ယောက်မှာ ၉ယောက်လောက်က စစ်ရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြတာချည်းပါပဲ။ သူတို့ရဲ့စကားက သေနတ်ပစ်တဲ့ဖက်ရောက်သွားပြီး ချန်အန်းရဲ့ဗဟုသုတကြွယ်ဝမှုက လင်ဟောက်ရဲ့လေးစားမှုကိုချက်ချင်းရရှိသွားခဲ့သည်။ ပါတီမှာတစ်ခေါက်ဆုံရုံနဲ့ လင်ဟောက်က ချန်အန်းရဲ့ သေနတ်ပစ်ကလပ်ထဲဖိတ်ခေါ်မှုကိုချက်ချင်းလက်ခံလိုက်သည်။

'' ဘန်း! " ကျည်ဆံတစ်ထောင့်က လေထဲက ကြွေငှက်ရုပ်ကိုအစိပ်စိပ်အမွှာမွှာကွဲကြေသွားစေသည်။

္ချန်အန်းကသူ့ရဲ့လက်ရည်နဲ့ပတ်သက်ပြီးအမြဲယုံကြည်ချက်ရှိပြီးသားလူပဲ။ သေနတ်မပစ်ရတာအတော်လေးကြာပြီဆိုပေမယ့် သူ့ရဲ့ကြွက်သားတွေကတော့ မှတ်ဥာဏ်ရှိနေသေးပုံပဲ။

'' မိုက်တယ်ကွာ။ ချန် မင်းအိုလံပစ်ထဲဝင်သင့်တယ်။ ဟိုကောင်တွေတောင်မင်းလောက်လက်မတည့်ဘူး။ '' နံဘေးကလင်ဟောက်က လေးစားမှုအပြည့်နဲ့အိုင်ဒေါတွေ့ရတဲ့ပရိတ်သတ် လို မိုးကြီးလေကြီးကိုချီးကျူးနေသည်။

သေနတ်ပစ်ပြိုင်ပွဲတွေမှာ အများစုက shotgun တွေပဲသုံးလေ့ရှိသည်။ ဒါကြောင့် ကျည်ကပစ်မှတ်ကိုထိတာနဲ့နိုင်ပြီဟုသတ်မှတ်နိုင်သည်။ ဒါကြောင့်ပစ်မှတ်ထိဖို့အလားအလာများသည်။ ချန်အန်းက shotgun ကိုမသုံးဘဲ သူ့ရဲ့ကျည်ဆံတစ်ထောင့်ထဲက ချိူးရုပ်ကိုထိအောင်ပစ်နိုင်သည်။ ဒါက အားကစားသမားတွေကြားမှာရှာတွေ့ဖို့ခက်လိမ့်မည်။ အတွေ့အကြုံနဲ့ကြွက်သားမှတ်ဥာဏ်မရှိဘဲ မဖြစ်နိုင်ဘူး။

'' ဒါကောင်းတာပဲ။ ငါ နိုင်င့ံအသင်းထဲဝင်လိုက်မယ်။ အဲ့တာဆိုငါတို့နှစ်ယောက် ငါတို့နိုင်ငံကိုယ်စားပြုအနေနဲ့အိုလံပစ်ထဲဝင်လို့ရတာပေါ့။'' ချန်အန်းကလင်ဟောက်နဲ့​ရေလိုက်ငါးလိုက်ပြန်ပြောလိုက်သည်။ အမှန်ကသူဒီကို ကစားဖို့ရောက်လာတာမဟုတ်ဘူးလေ။

ချန်အန်းက ခန်းမကိုလှမ်းကြည့်ပြီး နွေးထွေးစွာပြုံးလိုက်သည်။ '' ခဏနားရအောင် ပြီးမှဆက်ဆော့ကြမယ်။''

'' အိုကေ။ ချန် မင်းငါ့ကိုသေနတ်ကိုင်နည်းသေချာပေါက်သင်ပေးရမယ်နော်။ ''

ချန်အန်းခေါ်သွားတဲ့နားနေဆောင်ကိုနှစ်ယောက်သားစကားတပြောပြောနှင့်ရောက်သွားပြီး လင်ဟောက်ကျ ချန်အန်းကမ်းပေးသောဘီယာဗူးကိုသံသယမရှိသောက်သည်။ မျက်နှာချင်းဆိုင်ထိုင်နေသည့်ချန်အန်းက လင်ဟောက်၏ပေါက်ပေါက်ဖောက်သံကိုတိတ်တဆိတ်နားထောင်နေပြီး တဖြည်းဖြည်းအိပ်ငိုက်ကာ လှဲကျသွားသည်ကိုထိုင်စောင့်နေသည်။

'' လင်ဟောက် '' လုံးဝအိပ်ပျော်သွားသည့်လူငယ်လေးကို ခပ်ဖွဖွပုတ်နိုးလိုက်သော်လည်းမနိုး။ကြည့်ရတာလုဖုန်းဆေးကအလုပ်ဖြစ်ပုံပဲ။ ချန်အန်းရုတ်တရက် ဒါသူ့ကိုများအရင်သုံးဖူးသလားလို့တွေးမိလိုက်သေးသည်။

ချန်အန်း လင်ဟောက်၏တီရှပ်ကို အပေါ်ဆွဲတင်လိုက်သည်။ တင်းနစ်ကစားသမားလေးရဲ့ ငယ်ရွယ်နုပျိူလှပသည့် ဝမ်းဗိုက်ကြွက်သားများကသူ့ရှေ့ပေါ်လာသည်။ ချန်အန်း အပေါ်အောက်အကဲခတ်ပြီး မှတ်ချက်ပေးလိုက်သည်။ မဆိုးဘူး အားကစားသမားတွေက ခန္ဓာကိုယ်လှတာပဲ။ ဒါပေမယ့် လုဖုန်းက ပိုကြည့်ကောင်းတယ်။

ချန်အန်းက ကျွမ်းကျင်စွာပင် လင်ဟောက်ကိုအတွင်းဝတ်သာပါသည့်ပုံများ တဖျက်ဖျက်ရိုက်ကူးလိုက်သည်။ သိပ်ပြင်မကြာလိုက် အခန်းတံခါးကျိူးသံဝုန်းကနဲကြားလိုက်ပြီး ဝံပုလွေလိုရှူးရှူးရှားရှားနဲ့လူတစ်ယောက် ရောက်လာသည်ကိုသူမြင်လိုက်ရသည်။

ထိုလူလာရာလမ်းဝက်မှာပင် နောက်လူတစ်ယောက်ကသူ့ကိုခုန်အုပ်လိုက်ပြီး နှစ်ဦးသာကြမ်းပေါ်လုံးထွေးသွားသည်။ မူးဝေသွားသည့် ထိုလူက ဒေါသနဲ့လက်သီးကိုပြင်းပြင်းထိုးလိုက်ရာက တဖက်ကလက်မောင်းဖြင့်ကာလိုက်သူကိုကြည့်ပြီး ဒေါသများရုတ်ခနဲပျောက်သွားသည်။

'' လုဖုန်း ''

မတွေ့ရတာအတော်ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းကို ချန်အန်းပြုံးလျက်ကြည့်နေလိုက်သည်။ တုန်းရှဲ့ကအသက်၄၀စွန်းစွန်းသက်လယ်ပိုင်းလူတစ်ယောက်။ ငွေမပြတ်ပေမယ့် ကိုယ့်ကိုယ်ကိုသိပ်ဂရုမစိုက်တာကြောင့် နွားကျောင်းသားစတိုင်နဲ့ အိမ်ခြေရာမဲ့ရုပ်ထွက်နေသည်။

အေးစက်စက်အငွေ့ကတုန့်ရှဲ့မျက်လုံးထဲဖြတ်သွားပြီး လုဖုန်းကို ခပ်မာမာမေးလိုက်သည်။ '' မင်းငါ့ကိုသတ်ချင်နေတာလား''

'' မေးစရာနည်းနည်းရှိရုံပါ။ '' လုဖုန်းက ကိုယ်ပေါ်ကဖုန်တွေခါလိုက်ပြီး ချန်အန်းနောက်ကို အတွင်းရေးမှူးလေးလို သွားရပ်နေလိုက်သည်။ ဒီမတိုင်ခင်ထိ တုန်းရှဲ့အခန်းထဲကလူစိမ်းကိုအာရုံမရှိခဲ့ပေ။

'' နောက်ဆုံးတော့ရှာတွေ့ပြီပဲ တုန်းရှဲ့''

မတ်တပ်ရပ်ရန်ပြင်လိုက်သည့် တုန်းရှဲ့ကိုကြည့်ပြီး ချန်အန်း အိပ်ပျော်နေသည့်တုန်းရှဲ့လည်ပင်းကိုညစ်လိုက်သည်။ '' မင်းကလက်နက်တွေဖွက်တာတော်တာငါသိတယ်။ ကြမ်းပြင်မှာပဲထိုင်နေထမလာနဲ့။ မင်းကိုရောလင်ဟောက်ကိုရော နာအောင်မလုပ်ချင်ဘူး။ မင်းဖက်က မနာချင်ရင်ပေါ့''

တုန်းရှဲ့ နည်းနည်းတော့အံ့ဩသွားသည်။ ဒီလူကသူ့ရဲ့အကြံကိုသိနေတယ်။ '' မင်းဘယ်သူလဲ။ ''

'' ငါ့ကလုဖုန်းမွေးထားတဲ့လူတစ်ယောက်သက်သက်ပါပဲ။ ''

19082021

အစက လုဖုန်းရဲ့နာမ်စားအသုံးအနှုန်းကို 'ကိုယ်' 'မင်း' နဲ့ပြောင်းမလို့ဘဲ ဒါပေမယ့် လုဖုန်းနဲ့ချန်ယန်း က သူတို့ကိုယ်သူတို့ ' ကိုယ်' လို့သုံးပြီး ချန်အန်းကို 'မင်း' လို့ခေါ်တာ တာ ဘယ်လိုမှကြားယောင်လို့မရလို့မသုံး​တော့ဘူး ။

အခန္း(၁၂၃) မင္းကအၿမဲတမ္းငါ့အပိုင္ပဲ။

တင္းနစ္ကစားသမားလင္ေဟာက္ဟာ အာရွလူငယ္အားကစားေတြထဲက ထူးခြၽန္တဲ့သူတစ္ေယာက္ျဖစ္၏။ တင္းနစ္ေလာကကို လူျဖဴေတြသာႀကီးစိုးနိုင္တယ္ဆိုတဲ့အယူကို လြန္ခဲ့တဲ့ငါးႏွစ္ကလင္ေဟာက္ဆိုတဲ့တ႐ုတ္ေလးဝင္လာၿပီးေတာ့ခ်ိဴးျဖတ္ခဲ့သည္။ သူ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြကျဖည္းျဖည္းမွန္မွန္နဲ႕ပဲသြားၿပီး နိုင္နိုင္ရႈံးရႈံး သူ႕ရဲ႕ပြဲကိုသူနိုင္ေအာင္ကနိုင္သည္။ ဒီလိုနဲ႕လင္ေဟာက္ဟာ အာရွနံပါတ္တစ္တင္းနစ္ကစားသမားဆိုတဲ့ဂုဏ္ပုဒ္နဲ႕ထိုက္တန္ေၾကာင္း သူ႕ရဲ႕အရည္အခ်င္းနဲ႕ကမၻာ့ကိုသက္ေသျပခဲ့သည္။ အခုေတာ့ သူဟာ world championship အတြက္ေမွ်ာ္မွန္းထားၿပီး အနိုင္ရနိုင္သည့္ခ်န္ပီယံအေလာင္းအလ်ာအေနနဲ႕လည္း အမ်ားကေမွ်ာ္လင့္ထားၾကသည္။

ခ်န္အန္းလည္းအားကစားပြဲေတြၾကည့္ရတာဝါသနာပါခဲ့ၿပီး တင္းနစ္လည္းကစားဖူးခဲ့သည္။ သို႔ေပမယ့္လည္း ေနာက္ပိုင္းက်န္းမာေရးအေျခအေနကသူ႕ကို တင္းနစ္ကြင္းထဲၾကာၾကာေနခြင့္မေပးတာေၾကာင့္အက်င့္ပ်က္သြားခဲ့သည္။ အခုေတာ့ က်န္းမာတဲ့ခႏၶာကိုယ္ျပန္ရထားၿပီမို႔ အခ်ိန္အားရင္လုဖုန္းနဲ႕အတူေဆာ့လည္းမဆိုးေပဘူးပဲ။

ကစားပြဲကိုၾကည့္ေနရင္း ခ်န္အန္းေတာ္ေတာ္ၾကာမွသတိထားမိလိုက္သည္က သူ႕နံေဘးကအမ်ိဴးသားဟာကစားပြဲကိုလုံးဝစိတ္ဝင္စားမႈရွိမေနဘူးဆိုတာပါပဲ။ လုဖုန္းဟာသူ႕ကိုတိတ္တိတ္ေလးေစာင့္ၾကည့္ေနတယ္။ ဒါကလည္းအရမ္းကိုသိမ္ေမြ႕တဲ့အၾကည့္မ်ိဴးနဲ႕ဆိုတာ ခ်န္အန္းခံစားမိေနသည္။

သူ႕ရဲ႕သ႐ုပ္မွန္ကိုေဖာ္ျပတာတစ္ပတ္ေလာက္ရွိၿပီဆိုေပမယ့္ လုဖုန္းကေတာ့ အိမ္မက္မက္ေနတယ္လို႔အခုထိထင္ေနေသးပုံပါပဲ။

'' မင္းငါ့ကိုအဲ့လိုစိုက္ၾကည့္ေနတာဘာနဲ႕တူလဲသိလား'' ခ်န္အန္းအေနနဲ႕လုဖုန္းခံစားခ်က္ကိုနားလည္နိုင္ပါတယ္။ တကယ္လို႔သူ႕ညီက်န္းလဲ့သာအခုလိုျပန္ေရာက္လာရင္ သူလည္းအိမ္မက္မက္ေနတယ္လို႔ထင္ေနမွာပဲ။

ခ်န္အန္းၿပဳံးလိုက္ရင္းစကားကိုဆက္လိုက္တယ္။ '' အခ်စ္႐ူးတစ္ေယာက္နဲ႕တူတယ္''

လုဖုန္းရဲ႕ေအးခဲေနတဲ့မ်က္ႏွာကခ်န္အန္းရဲ႕စကားလုံးေတြေအာက္မွာ အရည္ေပ်ာ္က်ၿပီးအၿပဳံးျဖစ္တည္လာသည္။ ခ်န္အန္းရဲ႕စကားကရယ္ရလို႔မဟုတ္ဘဲ ခ်န္အန္းအၿပဳံးကသူ႕ကိုေပ်ာ္႐ႊင္ေစေသာေၾကာင့္ျဖစ္သည္။

ခ်န္အန္းကလြန္ခဲ့တဲ့တစ္ပတ္ကတင္ လုဖုန္းကို ''ကြၽန္ေတာ္ေတာင္းပန္ပါတယ္'' ဆိုတဲ့စကားလုံးဝမေျပာရဘူးဟု ရာဇသံခ်ထားၿပီးျဖစ္သည္။ အတိတ္မွာကြၽန္းေပၚမွာျဖစ္ခဲ့တဲ့အရာေတြက ေတာင္းပန္တဲ့စကားဘယ္ႏွစ္ခြန္းေျပာေျပာလက္ရွိကိုရင္ဆိုင္လို႔ရနိုင္မွာမဟုတ္ဘူး။ ျဖစ္ၿပီးတာျဖစ္ၿပီးသြားၿပီ။ ခ်န္အန္းကေတာ့ သူတို႔လိုအပ္ေနတဲ့အရာက ေတာင္းပန္စကားလို႔မထင္ဘူး။ အဲ့ဒီအတိတ္ေတြကနာက်င္စရာေတြျပည့္ေနတာေတာ့အမွန္ပဲ ဆိုေပမယ့္ အဲ့ဒီအတိတ္မည္းေတြကပဲ ေခါင္းမာတဲ့ခ်န္အန္းကိုအသိေခါင္းထဲအဝင္နက္ေအာင္လုပ္ေပးနိုင္ခဲ့တာပဲ။

ဘဝသင္ခန္းစာအေနနဲ႕ေတာ့နားေထာင္လို႔ေကာင္းတဲ့အရာပဲ။ ဒီလိုမွမျဖတ္သန္းရရင္လည္း သူလိုလူကဘယ္ေတာ့မွနားလည္နိုင္မွာမဟုတ္ဘူး။

'' အန္း...'' လုဖုန္းကခ်န္းအန္းရဲ႕လက္တစ္ဖက္ကို မိမိလက္ႏွင့္ယွက္ႏြယ္လိုက္သည္။ သူ႕မ်က္ဝန္းေတြက ႏြေဦးမွာေပ်ာ္စႏွင္းပြင့္သဖြယ္႐ႊန္းလဲ့ေန၏။ '' ကြၽန္ေတာ္ အိမ္မက္ထဲေရာက္ေနတယ္လို႔ခံစားေနရတုန္းပဲ။ ''

'' လူတစ္ေယာက္ရဲ႕ဝိညာဥ္ကအျခားလူတစ္ေယာက္ကိုယ္ဝင္ပူးတယ္ဆိုတာ ယုံဖို႔ေတာ့ခက္မွာပဲ။''

လုဖုန္းကခ်န္အန္းလက္ကိုတင္းတင္းဆုပ္ကိုင္ၿပီး အၾကည့္တို႔ကခ်န္အန္းဆီကေနတင္းနစ္ကြင္းဆီျပန်ပို႔လိုက္သည္။ '' ကြၽန္ေတာ္ယုံတယ်။ ခင္မ်ားကိုစေတြ႕တဲ့အခ်ိန္တည္းက ကြၽန္ေတာ္ အရမ္းျပင္းထန္တဲ့ရည္းႏွီးမႈမ်ိဳးခံစားခဲ့ရတာ။ ဒါေပမယ့္ ခင္မ်ားကိုရင္ဆိုင္ဖို႔ေၾကာက္ေနခဲ့တယ္။ ခင္မ်ားကိုသူစိမ္းတစ္ေယာက္နဲ႕အမွတ္မွားမွာစိုးေနခဲ့တာ။ ''

'' တကယ္လို႔ကြၽန္ေတာ္ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးထားၿပီးမွ မွန္းထားသလိုမဟုတ္ခဲ့ဘူးဆိုရင္ ရလာမယ့္ဒဏ္ရာေတြကိုလက္ခံဖို႔ကြၽန္ေတာ္ခြန္အားမရွိခဲ့ဘူး။''

လုဖုန္းဆီကဝန္ခံစကားကိုၾကားၿပီးေနာက္ခ်န္အန္းရင္ထဲ တျမည့္ျမည့္ပူႏြေးလာၿပီး ထပ္ၿပဳံးမိသည္။ '' ငါမင္းကိုဆယ္ႏွစ္ေတာင္ပ်ိဴးေထာင္လာတာ ျပန္စဥ္းစားၾကည့္ရင္ ငါတို႔ကရင္ဖြင့္ဖို႔ဘယ္ေတာ့မွမပြင့္လင္းခဲ့ၾကဘူးပဲ။ ''

ဒါေၾကာင့္လည္းအထင္လႊဲမႈေတြ အဆင့္ထပ္ၿပီးတျဖည္းျဖည္းႀကီးထားလာခဲ့တာ။ တကယ္လို႔သူတို႔သာအရင္ထဲကပြင့္လင္းခဲ့ၾကရင္ ဒီလိုအျဖစ္မ်ိဴးျဖစ္လာမွာမဟုတ္ဘူး။

'' လုဖုန္းမင္းကိုငါဘာလို႔ေမြးစားခဲ့လဲသိလား''

'' ကြၽန္ေတာ္ငယ္ငယ္က က်န္းလဲ့နဲ႕တူလို႔ေလ'' လုဖုန္းအၿမဲတမ္းဒါကိုသိေနခဲ့တယ္။

'' ငါမင္းကိုပထမဦးဆုံးအႀကိမ္ေတြ႕တုန္းက တကယ္က်န္းလဲ့ကိုအမွတ္ရမိေစတာအမွန္ပဲ။ မင္းတို႔ကသိပ္တူတယ္လို႔ခံစားခဲ့ရတယ္။ '' ခ်န္အန္းလည္း သူလုဖုန္းကိုေမြးစားခဲ့တာက က်န္းလဲ့ေၾကာင့္ဆိုတာဝန္ခံတယ္။ ဒါေပမယ့္ '' အစကေတာ့ တကယ္မင္းကက်န္းလဲ့ေနရာအစားထိုးပဲ။ မင္းတျဖည္းျဖည္းႀကီးလာတဲ့အခါက်ေတာ့ ငါျမင္လာတယ္ မင္းကသူမဟုတ္ဘူး။ ''

'' ငါျပန္ရွင္လာၿပီးမွ မင္းကိုဘာလို႔႐ုတ္တရပ္လက္ခံလိုက္လဲသိခ်င္လား''

လုဖုန္း ေလးကန္စြာေခါင္းညိမ့္လိုက္သည္။ အမွန္ေတာ့ေၾကာက္ေနသည္။ ခ်န္အန္းပါးစပ္ကေန ငါမင္းကိုညာေနတာ။ငါမင္းကိုကစားလိုက္တာေလ။ လက္တုန့္ျပန္လိုက္တာဆိုတဲ့စကားမ်ိဴးထြက္လာမွာ သူေၾကာက္႐ြံ႕ေနသည္။

''ငါမင္းကိုလွ်ိူ႕ဝွက္ခ်က္ေလးတစ္ခုေျပာျပမယ္။'' ခ်န္အန္းကအၿပဳံးေသးေသးႏွင့္လုဖုန္း၏ပါးျပင္ကိုအားေနတဲ့လက္တစ္ဖက္နဲ႕ ပြတ္သပ္လိုက္သည္။ထို႔ေနာက္နားနားကပ္ေျပာလိုက္၏။ '' တကယ္ေတာ့ မင္းငါ့ကိုထိတဲ့အခါငါမမုန္းပါဘူး။ ''

'' ကိုယ့္ကိုယ္ကို တအားေတာ့ဘဝင္ျမႇောက္ မသြားနဲ႕။ ငါမင္းကိုနည္းနည္းေတာ့သေဘာက်ေပမယ့္ ဒါကနည္းနည္းပဲ။ ငါ့လိုတစ္ကိုယ္ေကာင္းသမားက ကိုယ့္ကိုယ္ကိုပဲပိုခ်စ္တာ။ ''

ေျပာၿပီးတာနဲ႕ သူဘာမွမေျပာခဲ့သလို ကိုယ္ခုံမွာခပ္တည္တည္ျပန္ထိုင္ၿပီး ကစားပြဲကိုသာအာ႐ုံျပန္စိုက္ေနလိုက္သည္။

ေနပါဦး..ဒါက ရည္းစားစကားဖြင့္ေျပာလိုက္တာလား ။

'' ကြၽန္ေတာ့္ဘဝ၊ ကြၽန္ေတာ့္ခႏၶာ ၊ ကြၽန္ေတာ္ပိုင္ဆိုင္သမွ်အရာအားလုံးက ခင္မ်ားအပိုင္ပါ။ ခင္မ်ားတစ္ေယာက္တည္းပိုင္တာ။ ''

လုဖုန္းဆိုတာ စကားအလွေျပာရာမွာဆရာ  က်တဲ့သူမဟုတ္။ ပ်ားသလက္လိုလွ်ာပိုင္ရွင္အိုင္ဗန္နဲ႕ယွဥ္ရင္ သူေျပာတာက အဆီအေငၚမတည့္ေတာင္ျဖစ္ေနေသးတယ္။ ဒါေပမယ့္ သူေျပာလိုက္တဲ့စကားလုံးတိုင္းက အစြမ္းရွိတဲ့ေမွာ္မႏၱန္လိုနားထဲစီးဝင္သြားတယ္။ ၿပီးေတာ့ ဒီလိုစကားမ်ိဴးလုဖုန္းဆီကၾကားရမယ္ဆိုတာ ခ်န္အန္းဘယ္တုန္းကမွမေမွ်ာ္လင့္ခဲ့ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ဆယ္ႏွစ္ၾကာသိခဲ့ၾကၿပီး အထူးသျဖင့္ ကိစၥအမ်ိဴးမ်ိဴးျဖတ္သန္းၿပီးမွျပန္ဆုံခဲ့ၾကတာ။ ခ်န္အန္းဟာလုဖုန္းနဲ႕ဆိုရင္ အိမ္ကိုျပန္ေရာက္သြားတယ္လို႔ခံစားရတယ္။

သူ႕နံေဘးကအမ်ိဴးသားကိုေဝွ႕ၾကည့္လွ်က္ ခ်န္အန္း ေမာ္ေမာ္ခ်ီခ်ီၿပဳံးလိုက္သည္။ '' မင္းကအၿမဲတမ္းငါ့အပိုင္ပါပဲ။''

---

လင္ေဟာက္ရဲ႕ဒီတစ္ေခါက္ၿပိဳင္ဖက္ဟာအေတြ႕အႀကဳံရင္သူျဖစ္တာေၾကာင့္အသာစီးရေနေပမယ့္လို႔ လင္ေဟာက္ဟာကိုယ္စြမ္းရွိသမွ် ပြဲအဆုံးထိထိန္းသြားခဲ့သည္။ အနိုင္ရသူအေနနဲ႕လင္ေဟာက္က ညေနမွာ စပြန္စာ luxury brand က လုပ္ေပးမယ့္ပါတီကိုတက္ရမည္။ ခ်န္အန္းကစည္ကားတဲ့ေနရာေတြရဲ႕ပရိတ္သတ္မဟုတ္လွေပမယ့္ ခဏတျဖဳတ္ေတာ့ကိစၥမရွိပါဘူးေလ။

သူ႕ရဲ႕ရွာေဖြခ်က္အရလင္ေဟာက္က တင္းနစ္အျပင္ေသနတ္ပစ္ရတာကိုလည္းဝါသနာပါသည္။ ပုံမွန္ ေယာက္်ား ၁၀ေယာက္မွာ ၉ေယာက္ေလာက္က စစ္ေရးနဲ႕ပတ္သက္ၿပီးစိတ္ဝင္စားၾကတာခ်ည္းပါပဲ။ သူတို႔ရဲ႕စကားက ေသနတ္ပစ္တဲ့ဖက္ေရာက္သြားၿပီး ခ်န္အန္းရဲ႕ဗဟုသုတႂကြယ္ဝမႈက လင္ေဟာက္ရဲ႕ေလးစားမႈကိုခ်က္ခ်င္းရရွိသြားခဲ့သည္။ ပါတီမွာတစ္ေခါက္ဆုံ႐ုံနဲ႕ လင္ေဟာက္က ခ်န္အန္းရဲ႕ ေသနတ္ပစ္ကလပ္ထဲဖိတ္ေခၚမႈကိုခ်က္ခ်င္းလက္ခံလိုက္သည္။

'' ဘန္း! " က်ည္ဆံတစ္ေထာင့္က ေလထဲက ေႂကြငွက္႐ုပ္ကိုအစိပ္စိပ္အမႊာမႊာကြဲေၾကသြားေစသည္။

ၡ်န္အန္းကသူ႕ရဲ႕လက္ရည္နဲ႕ပတ္သက္ၿပီးအၿမဲယုံၾကည္ခ်က္ရွိၿပီးသားလူပဲ။ ေသနတ္မပစ္ရတာအေတာ္ေလးၾကာၿပီဆိုေပမယ့္ သူ႕ရဲ႕ႂကြက္သားေတြကေတာ့ မွတ္ဥာဏ္ရွိေနေသးပုံပဲ။

'' မိုက္တယ္ကြာ။ ခ်န္ မင္းအိုလံပစ္ထဲဝင္သင့္တယ္။ ဟိုေကာင္ေတြေတာင္မင္းေလာက္လက္မတည့္ဘူး။ '' နံေဘးကလင္ေဟာက္က ေလးစားမႈအျပည့္နဲ႕အိုင္ေဒါေတြ႕ရတဲ့ပရိတ္သတ္ လို မိုးႀကီးေလႀကီးကိုခ်ီးက်ဴးေနသည္။

ေသနတ္ပစ္ၿပိဳင္ပြဲေတြမွာ အမ်ားစုက shotgun ေတြပဲသုံးေလ့ရွိသည္။ ဒါေၾကာင့္ က်ည္ကပစ္မွတ္ကိုထိတာနဲ႕နိုင္ၿပီဟုသတ္မွတ္နိုင္သည္။ ဒါေၾကာင့္ပစ္မွတ္ထိဖို႔အလားအလာမ်ားသည္။ ခ်န္အန္းက shotgun ကိုမသုံးဘဲ သူ႕ရဲ႕က်ည္ဆံတစ္ေထာင့္ထဲက ခ်ိဴး႐ုပ္ကိုထိေအာင္ပစ္နိုင္သည္။ ဒါက အားကစားသမားေတြၾကားမွာရွာေတြ႕ဖို႔ခက္လိမ့္မည္။ အေတြ႕အႀကဳံနဲ႕ႂကြက္သားမွတ္ဥာဏ္မရွိဘဲ မျဖစ္နိုင္ဘူး။

'' ဒါေကာင္းတာပဲ။ ငါ နိုင္င့ံအသင္းထဲဝင္လိုက္မယ္။ အဲ့တာဆိုငါတို႔ႏွစ္ေယာက္ ငါတို႔နိုင္ငံကိုယ္စားျပဳအေနနဲ႕အိုလံပစ္ထဲဝင္လို႔ရတာေပါ့။'' ခ်န္အန္းကလင္ေဟာက္နဲ႕ေရလိုက္ငါးလိုက္ျပန္ေျပာလိုက္သည္။ အမွန္ကသူဒီကို ကစားဖို႔ေရာက္လာတာမဟုတ္ဘူးေလ။

ခ်န္အန္းက ခန္းမကိုလွမ္းၾကည့္ၿပီး ႏြေးေထြးစြာၿပဳံးလိုက္သည္။ '' ခဏနားရေအာင္ ၿပီးမွဆက္ေဆာ့ၾကမယ္။''

'' အိုေက။ ခ်န္ မင္းငါ့ကိုေသနတ္ကိုင္နည္းေသခ်ာေပါက္သင္ေပးရမယ္ေနာ္။ ''

ခ်န္အန္းေခၚသြားတဲ့နားေနေဆာင္ကိုႏွစ္ေယာက္သားစကားတေျပာေျပာႏွင့္ေရာက္သြားၿပီး လင္ေဟာက္က် ခ်န္အန္းကမ္းေပးေသာဘီယာဗူးကိုသံသယမရွိေသာက္သည္။ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည့္ခ်န္အန္းက လင္ေဟာက္၏ေပါက္ေပါက္ေဖာက္သံကိုတိတ္တဆိတ္နားေထာင္ေနၿပီး တျဖည္းျဖည္းအိပ္ငိုက္ကာ လွဲက်သြားသည္ကိုထိုင္ေစာင့္ေနသည္။

'' လင္ေဟာက္ '' လုံးဝအိပ္ေပ်ာ္သြားသည့္လူငယ္ေလးကို ခပ္ဖြဖြပုတ္နိုးလိုက္ေသာ္လည္းမနိုး။ၾကည့္ရတာလုဖုန္းေဆးကအလုပ္ျဖစ္ပုံပဲ။ ခ်န္အန္း႐ုတ္တရက္ ဒါသူ႕ကိုမ်ားအရင္သုံးဖူးသလားလို႔ေတြးမိလိုက္ေသးသည္။

ခ်န္အန္း လင္ေဟာက္၏တီရွပ္ကို အေပၚဆြဲတင္လိုက္သည္။ တင္းနစ္ကစားသမားေလးရဲ႕ ငယ္႐ြယ္ႏုပ်ိဴလွပသည့္ ဝမ္းဗိုက္ႂကြက္သားမ်ားကသူ႕ေရွ႕ေပၚလာသည္။ ခ်န္အန္း အေပၚေအာက္အကဲခတ္ၿပီး မွတ္ခ်က္ေပးလိုက္သည္။ မဆိုးဘူး အားကစားသမားေတြက ခႏၶာကိုယ္လွတာပဲ။ ဒါေပမယ့္ လုဖုန္းက ပိုၾကည့္ေကာင္းတယ္။

ခ်န္အန္းက ကြၽမ္းက်င္စြာပင္ လင္ေဟာက္ကိုအတြင္းဝတ္သာပါသည့္ပုံမ်ား တဖ်က္ဖ်က္ရိုက္ကူးလိုက္သည္။ သိပ္ျပင္မၾကာလိုက္ အခန္းတံခါးက်ိဴးသံဝုန္းကနဲၾကားလိုက္ၿပီး ဝံပုေလြလိုရႉးရႉးရွားရွားနဲ႕လူတစ္ေယာက္ ေရာက္လာသည္ကိုသူျမင္လိုက္ရသည္။

ထိုလူလာရာလမ္းဝက္မွာပင္ ေနာက္လူတစ္ေယာက္ကသူ႕ကိုခုန္အုပ္လိုက္ၿပီး ႏွစ္ဦးသာၾကမ္းေပၚလုံးေထြးသြားသည္။ မူးေဝသြားသည့္ ထိုလူက ေဒါသနဲ႕လက္သီးကိုျပင္းျပင္းထိုးလိုက္ရာက တဖက္ကလက္ေမာင္းျဖင့္ကာလိုက္သူကိုၾကည့္ၿပီး ေဒါသမ်ား႐ုတ္ခနဲေပ်ာက္သြားသည္။

'' လုဖုန္း ''

မေတြ႕ရတာအေတာ္ၾကာၿပီျဖစ္တဲ့ မိတ္ေဆြေဟာင္းကို ခ်န္အန္းၿပဳံးလ်က္ၾကည့္ေနလိုက္သည္။ တုန္းရွဲ႕ကအသက္၄၀စြန္းစြန္းသက္လယ္ပိုင္းလူတစ္ေယာက္။ ေငြမျပတ္ေပမယ့္ ကိုယ့္ကိုယ္ကိုသိပ္ဂ႐ုမစိုက္တာေၾကာင့္ ႏြားေက်ာင္းသားစတိုင္နဲ႕ အိမ္ေျခရာမဲ့႐ုပ္ထြက္ေနသည္။

ေအးစက္စက္အေငြ႕ကတုန့္ရွဲ႕မ်က္လုံးထဲျဖတ္သြားၿပီး လုဖုန္းကို ခပ္မာမာေမးလိုက္သည္။ '' မင္းငါ့ကိုသတ္ခ်င္ေနတာလား''

'' ေမးစရာနည္းနည္းရွိ႐ုံပါ။ '' လုဖုန္းက ကိုယ္ေပၚကဖုန္ေတြခါလိုက္ၿပီး ခ်န္အန္းေနာက္ကို အတြင္းေရးမႉးေလးလို သြားရပ္ေနလိုက္သည္။ ဒီမတိုင္ခင္ထိ တုန္းရွဲ႕အခန္းထဲကလူစိမ္းကိုအာ႐ုံမရွိခဲ့ေပ။

'' ေနာက္ဆုံးေတာ့ရွာေတြ႕ၿပီပဲ တုန္းရွဲ႕''

မတ္တပ္ရပ္ရန္ျပင္လိုက္သည့္ တုန္းရွဲ႕ကိုၾကည့္ၿပီး ခ်န္အန္း အိပ္ေပ်ာ္ေနသည့္တုန္းရွဲ႕လည္ပင္းကိုညစ္လိုက္သည္။ '' မင္းကလက္နက္ေတြဖြက္တာေတာ္တာငါသိတယ္။ ၾကမ္းျပင္မွာပဲထိုင္ေနထမလာနဲ႕။ မင္းကိုေရာလင္ေဟာက္ကိုေရာ နာေအာင္မလုပ္ခ်င္ဘူး။ မင္းဖက္က မနာခ်င္ရင္ေပါ့''

တုန္းရွဲ႕ နည္းနည္းေတာ့အံ့ဩသြားသည္။ ဒီလူကသူ႕ရဲ႕အႀကံကိုသိေနတယ္။ '' မင္းဘယ္သူလဲ။ ''

'' ငါ့ကလုဖုန္းေမြးထားတဲ့လူတစ္ေယာက္သက္သက္ပါပဲ။ ''

19082021

အစက လုဖုန္းရဲ႕နာမ္စားအသုံးအႏႈန္းကို 'ကိုယ္' 'မင္း' နဲ႕ေျပာင္းမလို႔ဘဲ ဒါေပမယ့္ လုဖုန္းနဲ႕ခ်န္ယန္း က သူတို႔ကိုယ္သူတို႔ ' ကိုယ္' လို႔သုံးၿပီး ခ်န္အန္းကို 'မင္း' လို႔ေခၚတာ တာ ဘယ္လိုမွၾကားေယာင္လို႔မရလို႔မသုံးေတာ့ဘူး ။

Continue Reading

You'll Also Like

129K 17.6K 113
(UniCode) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မင်းဆိုတဲ့ လူတစ်ယောက်တည်း အတွက်ပဲ' (Zawgyi Code) 'ခ်စ္ျခင္းေမတၱာလို႔ ေျပာရင္၊ ငါခ်စ္မိတဲ့သူက မ...
1.8K 165 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
114K 13K 26
Title - The Flesh of a Swan ▪️Associated name - 天鹅肉 ▪️Original Author - 寒菽 ▪️English Translator(s) - 78zaoTL ▪️Original Publisher - JJWXC ▪️Year - 20...