အခန်း (၁၄၀) ရှေးခေတ်ကချန်ယန်း

Start from the beginning
                                    

''ကျူပ်တို့လာတဲ့နေရာမှာခင်များတို့နန်းတော်လိုအဆောက်အဦတွေလည်းရှိတယ်။ '' ချန်အန်းကလျှောက်လည်းရင်တိုင်ပင်ခံကြီးနဲ့ အာလာပသလာပပြောဖြစ်သည်။

သူတို့ကမ္ဘာမှာတိမ်လွှာတွေကိုထိုးဖောက်နိုင်အောင်မြင့်တဲ့မိုးမျှော်တိုက်ကြီးတွေရှိတဲ့အကြောင်းပြောတော့တိုင်ပင်ခံအမတ်ကြီးကလည်းစူးစမ်းစိတ်အပြည့်နဲ့နတ်စွမ်အားနဲ့ဆောက်ကြသလားဟုမေးပြန်သည်။

ချန်အန်းအနေနဲ့တင့်ကားအကြောင်းမပြောပြချင်တာက Physics သဘောတရားတွေအရမ်းများတာကတစ်ကြောင့် ဓားနဲ့လှံနဲ့တိုက်ခိုက်နေတဲ့ခေတ်ကြီးမှာခေတ်မီလက်နက်အကြောင်းမဖြန့်ဝေချင်တာလည်းပါသည်။ ဒါပေမဲ့အဆောက်အဦနဲ့ပတ်သတ်လို့တော့အခြေခံတည်ဆောက်ပုံကိုသူရှင်းပြနိုင်ပါသေးတယ်။ဒီနေရာကအိမ်တွေကပုံမှန်အားဖြင့်ရွံနဲ့သစ်သားကိုသာသုံးပြီးတည်ဆောက်ကြတာကြောင့် အဆောက်အဦကိုမြင့်အောင်ဆောက်ချင်ရင်အောက်ခြေကိုခိုင်အောင်အရင်လုပ်ရမယ့်အကြောင်းနဲ့ သံမဏိနဲ့ကွန်ကရစ်တို့ရဲ့အလုပ်လုပ်ပုံအကြောင်းကိုပါရှင်းပြလိုက်သည်။

'နတ်စွမ်းအားနဲ့သာလျင်ဖြစ်နိုင်သော' ဆိုတဲ့အရာမဟုတ်ဘဲနားထောင်ရင်းသိလာရတော့တိုင်ပင်ခံကြီးကချန်အန်းကိုလေးလေးနက်နက်ကြည့်လျက်နားထောင်နေတော့သည်။ချန်အန်းပြောပြသမျှကခေတ်သစ်လောကမှာအခြေခံအချက်များသာဖြစ်သော်လည်း တိုင်ပင်ခံအမတ်ကြီးအတွက်တော့နားလည်ဖို့အချိန်ယူရဦးမည်။

'' အဲ့တာမီးလောင်သွားတဲ့ဧကရာဇ်နန်းဆောင်လား'' တင်းရှန်းကမနီးမဝေးကပြာကျနေသည့်အဆောက်အဦကိုလက်ညှိုးထိုးပြရင်းမေးလိုက်သည်။

ချန်အန်းလည်းတင်းရှန်းညွှန်ပြရာကိုလှည့်ကြည့်လိုက်သည်။ မြေကြီးများကပင်အနက်ရောင်ပြောင်းသည့်ပြာကျနေပြီးမီးသွေးစများကနေရာအနှံ့ပြန့်နှံ့နေကာ ကြက်သီးစရာကောင်းလှသည်။ပြန့်ကြဲနေသည့်ထင်းချောင်းစများကိုကြည့်ရင်းချန်အန်းခေါင်းထဲမူးနောက်နောက်ဖြစ်လာသည်။ ရုတ်တရက်ဝင်လာသည့်ပုံရိပ်များကြောင့်မျက်လုံးကိုအတင်းပိတ်လိုက်မိပြီးလူကပါဒယီးဒယိုင်ဖြစ်သွားသည်။လဲကျတော့မည့်ချန်အန်းကိုကြည့်ရင်းတင်းရှန်းကအမြဲပြေးတွဲလိုက်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now