အခန်း(၉၈) ပင်​လယ်​ကိုပျားရည်​ဆမ်းတဲ့ခရီးလမ်း

Începe de la început
                                    

အိုင်​ဗန်​က အပြုံးရွှင်​ရွှင်​နဲ့ ချန်​အန်းနားကပ်​လာပြီးခါးကိုလှမ်းဖက်​လိုက်​သည်​။ ''ပင်​လယ်​ထဲသွားမလား ကုန်​​ပေါ်မှာပဲ​နေမလားမင်း​ရွေး​လေ''

"ပင်​လယ်​ဟန်​နီးမွန်း?'' ချန်​အန်းရှည်​ရှည်​​ဝေး​ဝေးမ​တွေး​တော့ အိုင်​ဗန်​ရဲ့လက်​ကိုပုတ်​ချပြီး ရွက်​​လှေဝမ်းခန်းထဲဝင်​ကြည့်​လိုက်​သည်​၊

အထဲမှာ​ရေချိုးခန်း၊မီးဖို​ချောင်​နဲ့အိပ်​ခန်းနှစ်​ခန်းပါပါသည်​။ သူထပ်​စူးစမ်းကြည့်​​တော့ လိုအပ်​တဲ့ပစ္စည်းအကုန်​​လှေ​ပေါမှာပါပြီး ပင်​လယ်​ထဲရွက်​လွင့်​​တောင်​ပြသာနာမရှိ​လောက်​​ပေ။ တစ်​ခုပဲ အိုင်​ဗန်​ကဘာ​ကြောင့်​သူ့ကိုရွက်​​လှေနဲ့​ခေါ်ထုတ်​သွားချင်​ရတာလဲ။ သူကျွန်း​ပေါ်မှာပျင်းမှာစိုးလို့ အပြင်​​ခေါ်သွားချင်​တာလား?

သူအ​တွေးလွန်​​နေစဉ်​မှာပဲ ​လှေကနည်းနည်းရမ်းသွားပြီး ဝမ်းခန်းကထွက်​ကြည့်​လိုက်​​တော့ ရွက်​​လှေမှာကျွန်းစပ်​နှင့်​ကင်းကွာ​နေပြီး ပင်​လယ်​ပြင်​ကြီးရဲ့ရင်​ခွင်​ထဲ​ရောက်​နှင့်​​နေပြီ။ အဖြူ​ရောင်​​ရေလှိုင်း​ကြောင်းက ရွက်​​လှေသွားရာလမ်းတစ်​​လျှောက်​ကျန်​ရစ်​ခဲ့ပြီး ပင်​လယ်​​လေကဆားနံ့​ရော​နေသည်​။

မျက်​စိ​ရှေ့မှာပဲ ​ကောင်းကင်​နဲ့ပင်​လယ်​ပြာကိုတစ်​သားထဲမြင်​ရပြီး ကျွန်းငယ်​​လေးက​တော့ မိုးကုပ်​စက်​ဝိုင်းစွန်းလို​ဝေးကွာသွားသည်​။

ကျွန်းမှာပဲတွင်း​အောင်း​နေတာကြာတဲ့ ချန်​အန်းဝမ်းပန်းတသာမျက်​စိမှိတ်​ထားလိုက်​သည်​။ ပင်​လယ်​​လေညှင်းတို့ကသူ့အင်္ကျီကိုတဖျတ်​ဖျတ်​မြည်​​အောင်​တိုက်​ခတ်​​နေပြီး လက်​ကိုဆန့်​လိုက်​တာနဲ့ အ​တောင်​ဖြန့်​ပျံ​တော့မည့်​ပင်​လယ်​ဇင်​​ယော်​အလား ခံစားရ​စေသည်​။

"အဲ့လိုကြာကြာ​နေရင်​မင်းဖျားလိမ့်​မယ်​။ ပင်​လယ်​ထဲဖျားရင်​မလွယ်​ဘူး​နော်​'' အိုင်​ဗန်​က ရုတ်​တရပ်​ချန်​အန်းကို​နောက်​ကသိုင်းဖက်​ပြီး ပြုံးရင်းဆိုသည်​။ ''ကိုယ်​တို့အခု အဲ့ပုံစံနဲ့မတူဘူးလား။ ဟိုရုပ်​ရှင်​​လေ ဘာလို​ခေါ်လဲ Titanic ဆိုလား?''

Rebirth of Chen An【Zaw + uni】Unde poveștirile trăiesc. Descoperă acum