အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ

Начните с самого начала
                                    

သူအတန်းသိပ်မတက်လို့သူ့အတန်းဖော်တွေကလည်းစိတ်ဝင်စားနေကြသလိုသူ့အခြေအနေကလည်း ဘယ်ကဘာညာအတိအကျပြောလို့ရတာမျိူးလည်းမဟုတ်ပြန်ဘူး။

အခုချန်ယန်းကနိုင်ငံတကာဆက်ဆံရေးနဲ့ရင်းနှီးကျွမ်းဝင်နေပြီဆိုတော့အရင်လိုရှက်ကိုးရှက်ကန်းလူငယ်ပုံရိပ်မရှိတော့ဘူး။အဲ့ဒီအစား တည်တည်တန့်တန့်နဲ့ယုံကြည်ချက်အပြည့်ရှိနေတဲ့ပုံစံကသူ့အရွယ်ယောက်ျားလေးတွေကြားမှာနေတစ်စင်းလိုထင်ပေါ်နေတာပေါ့။

'' ဆရာကဘယ်မှာလဲ'' ချန်ယန်းGymကိုဝေ့ပတ်ကြည့်လိုက်သော်လည်းဆရာနဲ့တူတာကိုမတွေ့ရပေ။အဲ့အစား Gymသုံးကိရိယာအသစ်တွေကိုမြင်ရပြီး စျေးမပေါတာလည်းသတိထားမိတာကြောင့်သူတို့တက္ကသိုလ်ဘယ်တုန်းကထီပေါက်သွားသလဲလို့တွေးလိုက်မိသည်။ ဒီအပြောင်းအလဲကချန်ယန်းရဲ့သိလိုစိတ်ကိုပိုဆွပေးနေတာအမှန်ပဲ။

''မရောက်သေးဘူး။'' မိန်းကလေးတစ်ယောက်အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။

''ချန်ယန်း၊ဝမ်လီ မော်နင်း'' အရပ်ရှည်ရှည်နှင့်ကောင်လေးကသူတို့ကိုလက်ပြလှမ်းနှုတ်ဆက်သည်။ထိုကောင်လေးကအရင်တစ်ခါကချန်အန်းပညာပြတာခံလိုက်ရသူပင်။

တကယ်တော့ချန်ယန်း၊ဝမ်လီနဲ့ စာကြမ်းပိုး၊အရပ်ရှည်ရှည်ကောင်လေးတို့ဟာတစ်ခန်းထဲသားတွေပင်။ချန်ယန်းကအတန်းမှန်မှန်မတက်ဖြစ်ဘူးဆိုပေမဲ့အတန်းဖော်တွေနဲ့တော့အရမ်းစိမ်းနေတာမျိူးမဟုတ်လှပါ။

စာကြမ်းပိုးလေးကလည်းအခန်းထောင့်ကနေရှို့တွန့်တွန့်ဖြင့်ထွက်လာပြီးလှမ်းနှုတ်ဆက်သည်။ ''မင်းကိုဒီနေ့တွေ့ရမယ်လို့တောင်မထင်ဘူး။ကြည့်ရတာသူ့ခြိမ်းခြောက်မှုကအောင်မြင်တာပဲ။''

''အဲ့တောင်ဆိုးတာလား'' ချန်ယန်းရယ်ရင်းမေးလိုက်သည်။

'' ဘာပြောကောင်းမလဲ။အရင်တစ်ပတ်ကသူ့ကိုပြန်ပြောမိတာလေးနဲ့ ဒီကောင်ကိုရိုက်သလိုငါတို့ကိုလည်းအပတ်၂၀ပြေးခိုင်းတယ်လေ။ ငါပြေးရင်နဲ့အသက်တစ်ဝက်လောက်ထွက်သွားပြီလားမှတ်ရတယ်။'' အရပ်ရှည်ရှည်ကောင်လေးကသူ့ရဲ့တစ်သက်စာဘဝအတွေ့အကြုံကိုကွက်ကွက်ကွင်းကွင်းမှတ်မိနေသေးသည်။ သူကချန်ယန်းပုခုံးကိုပုတ်လိုက်ပြီး ''ဒီဆရာကသွားရှုပ်လို့ရတဲ့သူတော့မဟုတ်ဘူး။မင်းအခုကစပြီးအတန်းတက်မှာမလား''

Rebirth of Chen An【Zaw + uni】Место, где живут истории. Откройте их для себя