Chapter 129

766 76 0
                                    

စာစဉ် 9 Chapter 129 ဆန်းကြယ်သော လူသတ်မှုဆယ်ခု

*လူသတ်တာ*

*တစ်စစီဖြစ်တာ*

*စိတ်ဖောက်နေတဲ့သူတွေ*

စစချင်းမှာပင် သတိထားရသော စကားလုံးများစွာ ပေါ်လာ၏။ ယင်းက ကြည့်ရှုသူများအား တစ်စုံတစ်ရာက လုံးဝ ကွဲပြားနေကြောင်း ခံစားမိစေသည်။

အဖွင့်ပုံစံက ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းထက်ပင် ပို၍ ကျောချမ်းစရာ ကောင်းလှသည်။

"ဘုရားသခင်ရဲ့ အမြင်အရဆိုရင် ဒီလူတွေက ငါတို့ရဲ့ ညီအစ်ကိုတွေ၊ အစ်မတွေ၊ မိဘတွေ ပြီးတော့ ကလေးတွေပေါ့၊ သူတို့ကို ငါ့ရင်ထဲကို ထွေးပိုက်ချင်တယ်၊ ပြီးရင် ငါ့လက်ဝါးထဲကနေ အမှောင်ထုကို လောကထဲ ပျံ့လွင့်စေမယ် ..."

ရဲ့လင်းချန်၏ အသံတွင် ဆန်းကြယ်သော အငွေ့အသက်တစ်ခု ပါဝင်နေပြီး အဖြစ်အပျက်တစ်ခုကို ပြောနေသည်ဟု တူနေကော တစ်ချိန်တည်းမှာပင် ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည်ဟု ခံစားရစေသည်။

"အထူးဆန်းဆုံး လူသတ်မှု ဆယ်ခု : မြေအောက်ခန်းထဲက အစေခံ၊ မိုးသည်းညရဲ့ တစ္ဆေ၊ လူ့အရေပြားနဲ့ စာခြောက်ရုပ်၊ တဏှာရူးတစ်ယောက်ရဲ့ မှတ်တမ်း၊ စိတ်ရောဂါကု ဆေးရုံ၊ ခြေတံရှည် နှင်းလူသား ... ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ၊ ဘယ်တစ်ခုက ပိုထိတ်လန့်ဖို့ကောင်းလဲ"

"ကဲ အခု မင်းတို့ အဆင်သင့်ပဲလား၊ မင်းတို့ နှလုံးသားကို အသင့်ပြင်ထားဖို့ ဆယ်စက္ကန့် ထပ်အချိန်ပေးမယ်၊ ငါ ပြောပြမယ့် ပုံပြင်က .... ကြောက်စရာကောင်းသော မကောင်းမှုဆယ်ခု"

သမာရိုးကျမဟုတ်သော မိတ်ဆက်မှုက နားထောင်သူတိုင်း၏ နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်လာသည်။ မည်းနက်နေသော ဖန်သားပြင်တွင်းမှ ကြီးမားသော တံခါးချပ်တစ်ခု ပွင့်လာသည်ဟု ထင်မှတ်ရပြီး တံခါးနောက်ကွယ်မှ ကြောက်စရာကောင်းသော လူသတ်မှုများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသလိုပင်။ ဆယ်စက္ကန့် ကြာပြီးနောက် နားဆင်သူတိုင်း အာရုံစူးစိုက်လာကြသည်။

စိတ်လှုပ်ရှားခြင်း၊ ရင်ဖိုခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း စသည့် မရေတွက်နိုင်သော ရှုပ်ထွေးသည့် ခံစားချက်များက သူတို့အတွေးထဲ ပျံ့နှံ့နေ၏။ ထိုအခိုက်တွင် အတော်များများက ထွက်ပြေးချင်လာသလို ခံစားနေကြရသည်။ သူတို့ နားမထောင်ရဲသော်လည်း သိချင်စိတ်က သူတို့ကို အနိုင်ယူသွားကာ ဆက်လက်၍ နေနေမိသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Tahanan ng mga kuwento. Tumuklas ngayon