Chapter 117

756 81 2
                                    

Chapter 117 ဝိုင်အလှကုန်ပစ္စည်းများ စတင်ခြင်း

ရဲ့လင်းချန်က လုထျန်းရှုံးကို ထူးဆန်းသွားသော အကြည့်ဖြင့် တစ်ချက်ကြည့်၍ တစ်ခဏမျှ စဉ်းစားလိုက်သည်။

သူ စိတ်ဝင်စားမိသည်။

ပါဝင်ယှဉ်ပြိုင်သော စီးပွားရေးသမားများသည် နိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်လောက်သည်။ ခန့်မှန်းချေ အရဆိုလျင် အနည်းဆုံး အယောက် ငါးဆယ် ရှိလောက်သည်။ အားလုံးက ယွမ်ဆယ်သန်းတန်သော တိုကင်ပြားများ သုံးကြသဖြင့် စုစုပေါင်း သန်းငါးရာ ရှိပေမည်။

အကယ်၍ သူ ဝင်ပြိုင်ပြီး နိုင်လျင် သန်းငါးရာလုံးက သူ့အပိုင် ဖြစ်လာမည် ဖြစ်ပြီး ချက်ချင်း ဘီလီယံနာတစ်ဦး ဖြစ်လာပေလိမ့်မည်။

ပါရမီရှင်စနစ်ကို ရလာပြီးနောက် ရဲ့လင်းချန်သည် ငွေကြေးက ဖုန်မှုန့်မျှသာ သဘောထားသည်။ ထို့ကြောင့် သူ သန်းငါးရာကို မျက်လုံးထဲ မထည့်ပေ။

သို့သော် မရတာထက် ရသည်က ပိုကောင်း၏။

မကြာခဏဆိုသလိုပင် ပိုက်ဆံက အင်အားကို ကိုယ်စားပြုသည်။ ပိုက်ဆံနှင့်ဆိုလျင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် အင်အား ပိုရှိနိုင်လောက်သည်။

ရဲ့လင်းချန် ပို၍ သန်မာလာချင်သည့် အကြောင်းရင်းမှာ သူ ကြောက်လန့်သောကြောင့် ဖြစ်သည်။

သူသည် စနစ်တစ်ခု ပိုင်ထားသော လူတစ်ယောက် ဖြစ်သည်။ တိုးတက်ဆဲအဆင့်၌ တန့်နေသောကြောင့် သူ့အကြောင်း လူသိလျင် ဤသည်က သူ့အား နံပါတ်တစ် ဘုံရန်သူဖြစ်အောင် လုပ်မည်မှာ သေချာသည်။ ထို့ကြောင့် သူ ဘယ်လိုလုပ် မကြောက်ဘဲ နေမည်နည်း။

သူ့အား ယှဉ်နိုင်သူ မရှိသည့် အခါတွင်မှသာ စနစ်ကို သူ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

"ကောင်းပြီလေ ကျုပ် လက်ခံတယ်"

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်၍ ပြောလိုက်သည်။

"ခင်ဗျား ကတိကို သတိရပါ၊ ကျုပ် နိုင်ရင် ရတာ အကုန် ယူမှာ"

"ကျုပ် ပိုက်ဆံကို စိတ်မဝင်စားပါဘူး၊ ကျုပ် ကတိကို တည်မှာပါ"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now