Chapter 89

830 100 0
                                    

Chapter 89 စစ်သည်တော်ဌာန၏ လူရွေးပွဲ

ယခင်က စွမ်းရည်မြှင့်တင်မှုများ ပြလုပ်ပြီးသဖြင့် ရဲ့လင်းချန်၌ တစ်ရာရာခိုင်နှုန်းရှိသော စွမ်းရည်ပညာများက ယခင်ကထက် နည်းလာသည်။

လက်ရှိတွင် လေးခုသာ ကျန်ရှိသည်။ ယင်းတို့မှာ ရှစ်ဆပြင်းထန် လက်သီး၊ သိုင်းလက်သီး၊ ဒိုတာနှင့် အင်္ဂလိပ်စာတို့ ဖြစ်သည်။

သူ၏ ဗဟုသုတကို ပို၍ ကျယ်ပြန့်လာအောင် လုပ်ပြီး သူ့၌ တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော ပညာစွမ်းရည်တို့ တိုးလာအောင် လုပ်နေသင့်ပုံ ပေါ်သည်။

အမှန်အတိုင်း ပြောရမည်ဆိုလျင် သူသည် သိုင်းပညာနှင့် ပတ်သက်၍ ပို၍ ဗဟုသုတရရန် မျှော်လင့်နေမိသည်။ သူသည် အရဟာ လက်သီး၏ စွမ်းအားကို သိမြင်ပြီးဖြစ်သဖြင့် အပြင်အားနှင့် အတွင်းအားကဲ့သို့သော စွမ်းရည်များ ရှိနေမလား မသိနိုင်ပါ။ ယင်းသို တွေးမိသည်နှင့် သူ ပြုံးမိသွားသည်။

*ငါ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တော့မှာပဲ*

*စွမ်းရည်လေးခု၊ ကဲ … စလိုက်ရအောင်*

အဝါရောင် အလင်းလေးက ရဲ့လင်းချန်၏ မျက်စိရှေ့တွင် ခုန်ပေါက်နေပြီးနောက် အင်္ဂလိပ်စာ၌ ရပ်သွားသည်။ ‌

ရွှေရောင်အလင်း တစ်ချက် လင်းလာပြီးနောက် အင်္ဂလိပ်စာ စွမ်းရည် ပျောက်ကွယ်သွားပြီး နောက်ထပ်တစ်ခု အစားထိုး ပေါ်လာသည်။ ၎င်းမှာ ငှက်ဘာသာစကား အခြေခံအဆင့်ပင်။

ရဲ့လင်းချန် မျက်လုံးပြူးသွားသည်။

*ဒါဆို စနစ်ထဲမှာ အင်္ဂလိပ်စာက ငှက်ဘာသာစကားလောက်ပဲ ရှိတယ်လို့ ပြောချင်တာလား*

ငှက်ဘာသာစကားဆိုသည်မှာ ယေဘုယျအားဖြင့် မြင်နေကျဖြစ်သော စာကလေး၊ ငှက်ကျားနှင့် သစ်တောက်ငှက် စသော ငှက်များကို ဆိုလိုခြင်း ဖြစ်သည်။ သိမ်းငှက်၊ ဒေါင်းနှင့် အခြားသော ငှက်ကြီးများ မပါဝင်ပေ။

အခြေခံအဆင့် ငှက်ဘာသာစကားက ရဲ့လင်းချန်အား ငှက်တို့၏ ဘာသာစကားကို နားလည်စေသည်။ သို့သော် သူသည် နားလည်ရုံသာ နားလည်ပြီး မပြောနိုင်ပါ။ သူ အလယ်အလတ်အဆင့်သို့ ရောက်မှာသာလျင် ငှက်ဘာသာစကားကို သုံး၍ ငှက်များနှင့် ဆက်သွယ်နိုင်ပေမည်။ သူ အဆင့်မြင့်အဆင့်သို့ ရောက်သွားပါက အထင်ကြီးလောက်စရာပင်။ သူသည် ငှက်များနှင့် မိတ်ဆွေဖြစ်လာနိုင်ပြီး သူတို့အား အမိန့်ပင် ပေးလာနိုင်၏။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now