Chapter 135

682 63 0
                                    

စာစဉ် 9 Chapter 135 မင်းတို့ထဲက ဘယ်သူက ရဲ့လင်းချန်လဲ

ကျောက်ရီထျန်း၏ အပြုအမူကြောင့် ဟွာချင်တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်တို့၏ ကျောင်းသားများ ရန်ပွဲ ဖြစ်လုနီးပါး ဖြစ်သွားကြသည်။ သူတို့၏ ရင်ဘတ်များက နိမ့်ချည်မြင့်ချည် ဖြစ်နေကြပြီး အချင်းချင်း မလိုလားဟန်ဖြင့် ကြည့်နေကြလေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ဒုတိယပိုင်း ပြန်စသည်။

"ယီးပဲကွာ သူ့ဖင်ကို ပိတ်ကန်ပစ်မယ်"

ပီကင်းတက္ကသိုလ်မှ ကစားသမားများ၏ စိတ်ဓာတ်က မြင့်တက်နေသည်။ သူတို့သည် လက်ထဲမှ ရေပုလင်းကိုပင် ကြမ်းပြင်ပေါ် လွှင့်ပစ်ကာ လက်စားချေရန် ကျိန်ဆိုကြသည်။

ထိုအချိန်တွင် ဟွာချင်တက္ကသိုလ်ဘက်မှ မယုံနိုင်လောက်အောင် တည်ငြိမ်နေပြီး သူတို့ သေချာပေါက် နိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ထားသည့်ပုံပင်။

"ကျောက်ရီထျန်း အတည် ဖြစ်လာတဲ့ပုံပဲ"

တိတ်ဆိတ်နေသော အားကစားရုံတွင်း၌ တီးတိုးပြောသံများ တစ်စထက်တစ်စ ထွက်ပေါ်လာသည်။ အသံများက ဟွာချင်တက္ကသိုလ်၏ ပွဲကြည့်ပရိသတ်ဘက်မှ ထွက်လာခြင်းဖြစ်ကာ လေးစားအားကျမှုကြောင့် အသံပင် တုန်နေလေသည်။

"ငါလည်း ခံစားမိတယ်၊ ဒါပြီးရင် ပီကင်းတက္ကသိုလ်တော့ ပက်ပက်စက်စက် ရှုံးတာနဲ့ ကြုံရလောက်တယ်"

"ခဏနေရင် ကျောက်ရီထျန်းရဲ့ တစ်ကိုယ်တော်ပွဲ လာတော့မယ်၊ ငါ မစောင့်နိုင်တော့ဘူး"

"ရှူး တိုးတိုးနေ ... ပွဲစတော့မယ်"

တီးတိုးသံများက ပီကင်းတက္ကသိုလ်မှ ကျောင်းသားများကို ရင်လေးသွားစေသည်။

*မဟုတ်မှလွဲရော ကျောက်ရီထျန်းက လက်စွမ်းကို ထိန်းထားတာလား*

*ဒါ ... မဖြစ်နိုင်ဘူးမလား*

ထို့နောက်တွင် စူးရှသော ဝီစီသံ ထွက်လာပြီး ဒုတိယပိုင်း စတင်လာ၏။ ဒိုင်က ဘောလုံးကို စမြှောက်လိုက်သည်။

"မင်းတို့သုံးယောက် ကျောက်ရီထျန်းကို သွားပိတ်ထား"

ပီကင်းတက္ကသိုလ်သည် ကျောက်ရီထျန်းကို အလွန် စိုးရိမ်နေပြီး ကစားသမား သုံးယောက်ကို လွှတ်၍ တားရန် ပြင်နေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now