Chapter 180

767 74 4
                                    

စာစဉ် 12 Chapter 180 ရိုးတွင်းခြင်ဆီ စိမ့်လောက်အောင် ကောင်းမွန်သည့် အရသာ

"အဲ့ဟင်းရွက်တွေက အရောင်တောက်နေတယ်လို့ ငါ ဘာလို့ ခံစားမိနေရတာလဲ"

ရှောင်ကမ်းက တံတွေးမျိုချလိုက်ပြီး ခေါင်းငုံ့၍ အနံ့ကို အသည်းအသန် ရှူနေသည်။

ဟင်းသီးဟင်းရွက်များ၏ အရောင်က သာမန်ဖြစ်သော်လည်း ရဲ့လင်းချန်၏ ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနှောထားခြင်းကြောင့် တောက်ပနေ၏။ အထူးသဖြင့် အပေါ်မှ အသားတုံးများပင်။ တူညီသော အရွယ် အစားများနှင့်အတူ တောက်ပကာ အဆီများ ထွက်နေသဖြင့် လူတိုင်းကို စားချင်စိတ် တိုးလာစေသည်။

ဟင်းသီးဟင်းရွက်၏ အရသာက အသားနှင့် အချိုးကျစွာ ရောစပ်နေပြီး အနုပညာလက်ရာတစ်ခုသဖွယ် ဖြစ်နေလေသည်။

"လခွမ်း အနံ့က ရူးလောက်တယ်၊ ဒီလောက် မွှေးတဲ့ ဟင်းမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

"ရှောင်ရဲ့ မင်းက ရွက်ပုန်းသီး ကြယ်ငါးပွင့် စားဖိုမှူးပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ဒါ မတရား မိုက်တယ်ကွာ"

"အား ... ငါ ရူးတော့မယ်၊ အနံ့က ပြင်းလွန်းတယ်၊ မင်း ငါ့နှလုံးခုန်သံကို ကြားရလား၊ မြန်မြန်ခုန်နေတာကွ"

...

မွှေးရနံ့က သူတို့၏ အရသာခံ အာရုံကြောများကို နှိုးဆွနေပြီး သူတို့ကိုယ်များ တွန့်လိမ်နေ၏။ အရေပြား တစ်လျှောက် ကြက်သီးပင် ထနေသေးသည်။

"ငါ့တို့မှာ အသီးအရွက်နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက အကန့်အသတ်နဲ့ ဖြစ်နေတာ နှမြောစရာပဲ၊ ငါတို့ ဒီလောက်ပဲ လုပ်လို့ရတယ်"

ရဲ့လင်းချန်က အသာပြုံး၍ သူတို့၏ တုံ့ပြန်မှုကို လေ့လာနေသည်။

*ဒါ အမြင့်ဆုံးထိ မရောက်သေးဘူးလား*

သူတို့အားလုံး အလန့်တကြား ဖြစ်သွားသည်။ ဤသည်က လွန်လွန်းလှပေသည်။

"ဟို ... ကျောင်းသား ရဲ့လင်းချန်၊ ငါ အသားနဲ့ ရောထားတဲ့ အရွက်လေး မြည်းကြည့်လို့ ရမလား"

မိန်းကလေးတစ်ယောက်က မဝံ့မရဲ မေးလာသည်။

"အစ်ကိုရှောင်ရဲ့ ငါ တစ်လုပ်လောက် ရမလား"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now