Chapter 95

813 97 0
                                    

Chapter 95 ငါ့အရည်အချင်း အစစ်ကို ပြဖို့ အချိန်တန်ပြီ

ဟဲယွမ်က ရှောင်ကမ်းကို တစ်ချက်ကလေးမှပင် အဖက်မလုပ်ဘဲ ဘောလုံးကိုပုတ်၍ ဘေးမှဖြတ်သွားကာ ခုန်၍ ပစ်သွင်းလိုက်သည်။

ဝီစီသံ ထွက်လာသည်။

အားကစားဌာနက နှစ်မှတ် ထပ်ရသွား၏။

"ယီးပဲ ခင်ဗျား ကန်းနေလား၊ သူ တစ်ခြားသူကို ဘောလုံးနဲ့ ရိုက်တာကိုလည်း ကြည့်နေတယ်၊ သူများကို ဒီအတိုင်းအတာအထိ ဒဏ်ရာရအောင် လုပ်တာကိုလည်း မသိချင်ယောင်ဆောင်နေတာလား"

တစ်စုံတစ်ယောက်က ထအော်လာသည်။ သူသည် သည်းမခံနိုင်တော့ဘဲ ဒိုင်လူကြီးဆီ ပြေးသွားပြီး မေးခွန်းထုတ်၏။

"ဟဲယွမ်က သူ့ခံစစ်ကို ချိုးဖောက်တာ၊ အဲ့လူက သူ့ဘာသာသူ ပစ်လဲတာလေ၊ သူများကို လွှဲချမနေနဲ့"

ဒိုင်က အခိုင်အမာ ပြန်ပြောလိုက်ပြီး အေးစက်စွာ ပြန်ချေပလိုက်သည်။

"မင်း ငါ့ကို နောက်တစ်ခါ မလေးမစား လုပ်မယ်ဆိုရင် ငါ မင်းကို ကစားခွင့် ပိတ်မယ်"

"မြေယိုး၊ မင်းက သောက်ခွေးဒိုင် ဖြစ်နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလို့ မှတ်နေလား၊ ငါတို့မှာ မျက်မြင်သက်သေတွေ အများကြီး ရှိတယ်ကွ"

အာလူးလေးက အော်ပြောသည်။

"မင်းက ဒိုင်လား၊ ငါက ဒိုင်လား"

ဒိုင်က ပျက်ရယ်ပြုလိုက်သည်။

"ပထမပိုင်း ပြီးပြီ၊ ဆယ့်ငါးမိနစ် နားမယ်"

ပထမပိုင်း၏ ရလဒ်မှာ သုံးဆယ့်ကိုးမှတ်နှင့် ကိုးဆယ်သုံးမှတ် ဖြစ်နေသည်။ ဘာသာစကားက အမှတ်များစွာ နောက်ကောက်ကျ ကျန်ခဲ့သည်။

ဘာသာစကားဌာနမှ လူများအားလုံး မျက်နှာပျက်နေကြသည်။ တစ်ချိန်တည်းမှာပင် အခြားပရိသတ်များ သည်လည်း ညစ်၍ ကစားနေမှန်း သတိထားမိသော်လည်း ဘာမှမတတ်နိုင်ချေ။

ဘတ်စကတ်ဘော ပြိုင်ပွဲသည် ကျောင်းသားများ စီစဉ်သော အစီအစဉ်ဖြစ်ပြီး ကျောင်းအာဏာပိုင်များက သူတို့ကို ဂရုစိုက်ခဲပြီး ကျောင်းသားသမဂ္ဂကိုသာ ကိုင်တွယ်ခိုင်းလေ့ ရှိသ်ည။ ထို့ကြောင့်ပင် ဟဲယွမ်က မသမာနည်းဖြင့် ကစားရဲခြင်း ဖြစ်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now