Chapter 152

731 70 0
                                    

စာစဉ် 11 Chapter 152 နောက်ထပ် အတွင်းသတင်း

ဟွမ်ရှောင်မှန်နှင့် အခြားသူများသည် ရဲ့လင်းချန် နောက်ထပ် အချီကြီး နိုင်သွားသည်ကို ဘေးမှ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရပြီး ရင်ထဲ၌ စူးခနဲ နာကျင်သလို ခံစားနေရသည်။

သူတို့ အရာအားလုံးကို ဘယ်လို ဆုံးရှုံးခဲ့သလဲ တွေးမိသဖြင့် နာကျင်မှုက ပိုကြီးမားလာပြီး ကျိတ်ငိုလုနီးပါး ဖြစ်လာကြသည်။

*ဒီလူသစ်က ကံကောင်းလွန်းတယ်ကွာ*

"ရဲ့လင်းချန် မရပ်နဲ့၊ တတိယပွဲပါ လောင်း၊ နင် နိုင်ပွဲတွေ ဆက်တိုက် ရနေမှာ"

ဟွမ်ရှောင်မန်က အံကြိတ်၍ အက်ကွဲနေသော လေသံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် အစ်ကိုရဲ့၊ ဆက်သာလောင်းနေ"

"အစ်ကိုရဲ့ ခင်ဗျားက အံ့ဩဖို့ကောင်းတယ်ဗျာ၊ နောက်ပွဲပါ နိုင်မှာ သေချာတယ်"

ကျားသစ်နှင့် ကျန်လူများသည် ရှုံ့မဲ့နေသော မျက်နှာများနှင့် မနာလိုစိတ် တိုးပွားနေသော်လည်း ဆက်၍ တိုက်တွန်းနေကြသည်။

*ရှုံးစမ်း၊ သူ အားလုံး ရှုံးသွားမှကို ဖြစ်မှာ*

ယွမ် ၂.၄ သန်းသည် သူတို့အတွက် များပြားလှသော ပမာဏဟု ဆိုနိုင်ပေသည်။

"အခု ခွေးတိုက်ပွဲရဲ့ တတိယပွဲ စတင်ပါတော့မယ်"

ဒိုင်လူကြီး၏ ကြေငြာသံနှင့်အတူ ဖန်သားပြင်ပေါ်မှ နာမည်များက ရှောင်မိန်နှင့် ကျင်းမောင်တို့အဖြစ်‌ ပေါ်လာသည်။

ရှောင်မိန် vs ကျင်းမောင်

အရှေ့သို့ လှောင်အိမ်နှစ်ခု ရွေ့လာစဉ်တွင် လူများ အော်ဟစ်ရုံသာမက ခွေးတိုက်ပွဲပြိုင်ကွင်းမှ ခွေးများပင် ဆူညံလာ၏။

"ဝုတ် ဝုတ် ဝုတ် ..."

ဟောင်သံက မရပ်မနား ထွက်ပေါ်လာပြီး လူတွေထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။

"ကျင်းမောင် မင်း ရှောင်မိန်ရဲ့ အမွေးတစ်မျှင်လောက်ကို ထိရဲထိကြည့်လိုက်၊ ငါ မင်းကို အသေသတ်ပစ်မယ်"

"ကျင်းမောင် အရှုံးပေးလိုက်၊ မဟုတ်လို့ကတော့ မင်း ဆိုးဆိုးရွားရွား သေစေရမယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Wo Geschichten leben. Entdecke jetzt