Chapter 137

760 71 0
                                    

စာစဉ် 10 Chapter 137 တရုတ်နိုင်ငံ ဘတ်စကတ်ဘောအသင်း၏ မျှော်လင့်ချက်

*တော်လွန်းတယ်၊ ကြောက်ဖို့ကောင်းလွန်းတယ်*

လူတိုင်း တမေ့တမော ငေးကြည့်နေပြီး သူတို့ မြင်လိုက်ရသည့်အရာကြောင့် ငိုင်တွေနေလေသည်။

ပီကင်းတက္ကသိုလ်မှ ကျောင်းသားများတောင်မှ ဤသို့သော ကိစ္စများ ဖြစ်လာလိမ့်မည်ဟု ထင်မထားမိကြချေ။ မဟုတ်သေး မည်သူမှ ထင်မထားမိဟု ပြောလျင် ပိုမှန်ပေမည်။ သူတို့၏ အိပ်မက်များတွင်တောင်မှ ဤသို့သော အခြေအနေမျိုး သူတို့ရှေ့၌ ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မထားမိပေ။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။

"အား ..."

ကျောက်ရီထျန်းက ဝေဒနာခံစားနေရသော အမူအရာဖြင့် အားကုန် အော်ဟစ်လာသည်။ သူသည် ရဲ့လင်းချန် လှမ်းပစ်လိုက်သော ဘောလုံးကို စိုက်ကြည့်၍ ဆွေ့ဆွေ့ခုန်နေသည်။

သူ တားနိုင်မှ ဖြစ်မည်။ သူ တားကိုတားနိုင်စွမ်း ရှိရမည်။

သူသည် အော်ဟစ်လျက် လေထဲ၌ ဝဲပျံနေသော ဘောလုံးထံ အပြေးသွားလေသည်။

သို့သော် ဘောလုံးက သူ့လက်ဖျားထိပ်နှင့် အသာလေး ချော်ထွက်သွားပြီး စွပ်ခနဲ ဝင်သွားကာ ထပ်၍ အမှတ်ရ သွားလေသည်။

"ဘုန်း"

ကျောက်ရီထျန်း ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။ သူ၏ အသက်မဲ့နေသော မျက်လုံးက အရှေ့ကိုသာ စိုက်ကြည့်နေသည်။ သူ လွန်ကဲစွာ ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် ချွေးတလုံးလုံး ဖြစ်နေလေသည်။

၎င်းသည် စွမ်းရည်အရ အနိုင်ရခဲ့ရုံသာမက သူ့စိတ်ဝိညာဉ်ကိုပါ ရိုက်ချိုးသွားခဲ့သည်။

သူ ရှုံးသွားလေပြီ။ အပြတ်အသတ်ကို ရှုံးသွားခဲ့သည်။ ယင်းက လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် ကလေးငယ်လိုပင်။ သူ့၌ ပြန်ခုခံနိုင်မည့် မျှော်လင့်ချက် နည်းနည်းလေးမျှ မရှိပေ။

"ဘုတ် ဘုတ် ဘုတ်"

ရဲ့လင်းချန် ပထမဆုံးအကြိမ် ဘောလုံးကို ပုတ်ကာ သယ်ယူလာသည်။ ဘောလုံးသည် ကြမ်းပြင်နှင့် တဘုတ်ဘုတ် ရိုက်ခတ်နေသလို ပွဲကြည့်ပရိသတ်များ၏ ရင်ထဲတွင်လည်း တဒုန်းဒုန်း ခုန်ပေါက်နေသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now