Chapter 181

694 68 1
                                    

စာစဉ် 13 Chapter 181 ချန်ရှောင်ယန် ပွဲစဉ်မှ ရှုံးထွက် ထွက်ရခြင်း

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ဟောင်ကျန်းမှလွဲ၍ ကျန်လူများအားလုံး ကိုယ့်ဗိုက်ကိုယ် ပွတ်ကာ ကျေနပ်သော အမူအရာများဖြင့် ရှိနေကြသည်။

သူတို့ ပျော်နေကြသည်။ သူတို့ အားရကျေနပ်နေလေ၏။

မိုးကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ လူတိုင်းအတွက် အတူတူ စခန်းချ ခရီးထွက်ခြင်းက ရှားပါးသော ကိစ္စဖြစ်သဖြင့် မည်သူမှ အိပ်ငိုက်သလို မခံစားရချေ။ သူတို့သည် မြက်ခင်းပြင်ပေါ် လှဲ၍ အချင်းချင်း စကားစမြည် ပြောနေကာ ကြယ်များကို ငေးကြည့်နေကြသည်။ ယင်းက မပြောပြတတ်လောက်အောင် အေးချမ်းလှသည်။

တက္ကသိုလ်ကျောင်းသားဘဝက ကောင်းမွန်လှပေ၏။

"ဟာ ယီးပဲ"

ဖုန်းပွတ်နေသော ရှောင်ကမ်းက ရုတ်တရက် အလန့်တကြား ထအော်လာသည်။ သူ ချက်ချင်း ထထိုင်၍ ပြောပြလေသည်။

"ချီးပဲ ငါ့ကောင်ရေ၊ ချန်ရှောင်ယန်က တရုတ်နိုင်ငံရဲ့ Top Voice အစီအစဉ်မှာ ရှုံးလို့ ထွက်လိုက်ရတယ်တဲ့လား"

"ဘာ"

လူတိုင်း နိုးနိုးကြားကြား ရှိနေသေးသဖြင့် အလျင်အမြန် ထရပ်ကာ ဖုန်းများကို ထုတ်၍ ရှာကြည့်ကြသည်။

"ချီးပဲ ဟုတ်တယ်ဟ၊ ချန်ရှောင်ယန်က ဒီလောက် အသံကောင်းတာ ဘာလို့ ရှုံးရတာလဲ၊ ကလိမ်ကကျစ် လုပ်ထားတာပဲ ဖြစ်ရမယ်"

"သောက်ကျိုးနည်း ဒီအမှိုက်ရှိုးက ချီးစားသင့်တယ်ကွ"

"သူတို့အားလုံးက ရူးနေတဲ့ခွေးတွေ၊ ဘယ်လိုလုပ် ချန်ရှောင်ယန်လို လူမျိုးကို ဖြုတ်နိုင်ရတာလဲ၊ သူတို့ ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ"

"တရုတ်နိုင်ငံရဲ့ Top Voice က ရူးများသွားတာလား"

မိန်းကလေးများသည်လည်း သူမတို့၏ ဒေါသကို မထိန်းနိုင်ကြချေ။

တရုတ်နိုင်ငံ Top Voice ၏ ဆီမီးဖိုင်နယ်က ယနေ့တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ငါးယောက်၌ နှစ်ယောက်သာ တက်သွားသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now