Chapter 196

626 73 1
                                    

စာစဉ် 14 Chapter 196 ဒီလက်သီးကြောင့် ခင်ဗျား သေသွားနိုင်တယ်

"လက်ဝှေ့ချန်ပီယံကို အနိုင်ယူနိုင်တဲ့ လူမျိုး တရုတ်မှာ ရှိလား"

"မင်း ဒါကို ဝတ္ထုများ ထင်နေလား၊ အဲ့လောက် စိတ်ကူးယဉ်ဆန်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟူး တရုတ်ကွန်ဖူးက အဲ့လောက် အားနည်းတာလား"

တရုတ်လူမျိုးများ ကြိတ်မှိတ်လက်ခံနေရချိန်တွင် နိုင်ငံခြားသားများက ဂုဏ်ယူမှုအပြည့်နှင့် ဟစ်အော်နေ၏။

"ရှုနန် ဒါက ရက်စက်မှန်း သိပါတယ်၊ ဒါပေမဲ့ အမှန်တရားဆိုတာက ရက်စက်တယ်"

လုချောင်းက အနည်းငယ် စိတ်ဓာတ်ကျနေသော ရှုနန်ကို ပြောလေသည်။

တရုတ်ကွန်ဖူးပညာ၌ နက်ရှိုင်းသော အခြေခံများ ရှိသည်။ အစစ်အမှန်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ ၎င်းက တရုတ်လူမျိုးတို့၏ ယုံကြည်ရာနှင့် ဂုဏ်ယူရာ ကဏ္ဍတစ်ခု ဖြစ်သည်။ ထိုဂုဏ်က သူတို့အရှေ့၌ ကျဆင်းသွားသောအခါ သူတို့၏ စိတ်တွင် အတော်လေး သက်ရောက်လေသည်။

"တရုတ်ကွန်ဖူးက မင်းတို့ နိုင်ငံခြားသားတွေ သရော်နိုင်တဲ့ အရာမဟုတ်ဘူး"

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ရှုနန်နှင့် အခြားသူများအားလုံး၏ အကြည့်အောက်မှာပင် ရဲ့လင်းချန်က လူအုပ်ထဲမှ ဖြည်းဖြည်းချင်း ထရပ်လေသည်။

ခန်းမထဲမှ အကြည့်များအားလုံးက သူ့ထံ စုဝေးရောက်ရှိလာ၏။

"နင် ရူးနေလား၊ မြန်မြန်ထိုင်"

ရှုနန်၏ အမူအရာက ကြောက်လန့်ဟန်သို့ ပြောင်းလဲသွားပြီး သူ့အား ခပ်မြန်မြန် တီးတိုးပြော၍ သတိပေး လေသည်။

"အဲ့ကောင်က ဘာဖြစ်တာလဲ၊ ဘာလို့ ရုတ်တရက်ကြီး ထရပ်ပြီးတော့ ရူးကြောင်ကြောင်စကားတွေ ပြောရတာလဲ"

*တရုတ်ကွန်ဖူးက မင်း ဝင်ပါလို့ရတဲ့ အရာများ ထင်နေလား၊ ပြီးတော့ ဒီနေရာက နိုင်ငံခြားသားတွေနဲ့ ပြည့်နေတာလေ၊ မင်းအပြုအမူက သူတို့ ‌ဒေါသထွက်အောင် ဆွပေးလိုက်သလို ဖြစ်သွားတာကို‌ရော သတိထား မိရဲ့လား*

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now