Chapter 176

673 71 4
                                    

စာစဉ် 12 Chapter 176 ခင်ဗျား ငိုမှာလား

"ကောင်းပြီလေ နောက်တစ်ခါ စမ်းကြည့်တာပေါ့"

ကောင်းဝမ်က အံကြိတ်လိုက်ပြီး နောက်ထပ် ကွင်းနှစ်ဆယ် ဝယ်လိုက်သည်။

လက်ရှိတွင် အဖွဲ့က ပို၍ သတိထားလာသည်။ မည်သူမှ သာမန်ကာလျှံကာ မပစ်တော့ဘဲ နည်းလမ်းမှန် ရှာတွေ့ရန် အပြင်းအထန် ကြိုးစားလေသည်။

အချိန်တိုအတွင်း ဤမျှလူအုပ်ကြီး စုဝေးလာသဖြင့် ဘေးမှ ကြည့်နေသူများလည်း များပြားလာသည်။ အများစုက ကလေးများ ခေါ်လာသော မိဘများ ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ ကွင်းပစ်ရန် ကြိုးစားခြင်းကို ကြည့်၍ အပျင်းဖြေနေကြသည်။

"ငါ လုပ်ကြည့်မယ်"

ရှောင်ကမ်းက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။

ထိုသို့သောအချိန်၌ အားလုံး၏ အာရုံက သူ့အပေါ်သို့ ကျရောက်နေသဖြင့် သူ အသက်ရှူပုံ မမှန်တော့ချေ။

"သေချာကြည့်ထား၊ ဆန်းကြယ်မှုတစ်ခုကို မြင်တွေ့ရဖို့ အချိန်တန်ပြီ"

ကွင်းက ရှောင်ကမ်း၏ လက်ထဲမှ လွတ်သွားသည်။ ကွင်းသည် မြေကြီးတွင် အကြိမ် အနည်းငယ်မျှ ခုန်ကန်နေပြီးနောက် တုန်တုန် တုန်တုန်နှင့် စက်ဝိုင်းလို လိမ့်သွားပြီးမှ အရုပ်သေတ္တာပေါ် ကျသွားသည်။

သို့သော် ကွင်းက ထောင့်ကိုသာ ထိသွားသဖြင့် ၎င်းကို ထည့်မထွက်ချေ။

"ဟူး ... နည်းနည်းလေး လိုသွားတယ်ကွာ၊ နှမျောစရာပဲ"

ရှောင်ကမ်း နောင်တရစွာ သက်ပြင်းချလေသည်။

ထို့နောက် လူတိုင်း အလှည့်ကျ ကြိုးစားကြည့်ကြသည်။ သူတို့အားလုံး မျှော်လင့်ချက်များနှင့် ပြည့်နေပြီး အရှေ့မှ ပုံနေသော အမှိုက်များကို အထင်သေးခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့ ဘာမှထိအောင် မပစ်နိုင်ကြတော့ချေ။

"ချီးပဲ"

သူတို့ ကျိန်ဆဲလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်လာကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Tahanan ng mga kuwento. Tumuklas ngayon