Chapter 124

689 64 0
                                    

Chapter 124 တရားမျှတမှုအတွက်

"ဝါး ... ချစ်ဖို့ကောင်းလိုက်တဲ့ husky လေးတွေ၊ နင် တိရစ္ဆာန်လေးတွေ မွေးဖို့ စိတ်ကူးထားတာလား"

ကျန်းယွင်ရှီက ချစ်စရာကောင်းသော ဝံပုလွေပေါက်လေး နှစ်ကောင်ကိုကြည့်၍ စိတ်လှုပ်ရှားနေသည်။

ထိုအချိန်တွင် ရှောင်ချင်နှင့် ရှောင်ဟွေသည် ခေါင်းကိုစောင်း၍ ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် လိုက်ကြည့် လေသည်။

"အစိမ်းရောင်လေးနဲ့က ရှောင်ချင်၊ မီးခိုးရောင်နဲ့က ရှောင်ဟွေ၊ ငါ သူတို့ကို အစောင့်အဖြစ်နဲ့ ထားမလို့"

ရဲ့လင်းချန်က အပြုံးနှင့် ပြန်ပြောလိုက်ပြီး ဝံပုလွေပေါက်လေးများကို ကြမ်းပြင်ပေါ် ချလိုက်သည်။

ရဲ့လင်းချန် ချပေးလိုက်သည်နှင့် ဝံပုလွေပေါက်လေးများက ချက်ချင်း တက်ကြွလာသည်။ ဝံပုလွေ ပေါက်လေးများက ခုန်ပေါက်ပြေးလွှားပြီး ကြမ်းပြင်နှင့် အိမ်နံရံများကို စိတ်လှုပ်ရှားစွာ လိုက်နမ်းကြည့်လေသည်။

တက္ကသိုလ်အဆောင်တွင် သူတို့သည် အဆောင် ဝရန်တာ၏ ကျဉ်းကျဉ်းကျပ်ကျပ် နေရာလေး၌သာ နေရသည်။ ရုတ်တရက် ကျယ်ပြန့်သွားသော နေရာအနေအထားကြောင့် သူတို့သည် တစ်အိမ်လုံးအား ဝမ်းသာအားရ မမောနိုင်မပန်းနိုင် လျှောက်ပတ်သွားနေကြသည်။

"သူတို့ ဗိုက်ဆာနေလောက်ပြီ၊ အသား လာစားကြဦးလေ"

ကျန်းယွင်ရှီက မီးဖိုချောင်ထဲ ဝင်သွားပြီး အသားတုံးများ သွားယူပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့ရှေ့သို့ ချပေးလေသည်။

ဝံပုလွေပေါက်လေးများသည် အသားကို အနံ့ခံပြီး သူတို့ နှုတ်သီးကို ပြနန်သပ်ကြသည်။ သို့သော် မစားကြချေ။ ထိုအစား သူတို့က ရဲ့လင်းချန်ကိုသာ မော့ကြည့်သည်။

"အခုချိန်ကစပြီး မင်းတို့ သူ ကျွေးတာကို စားလို့ရတယ်"

ရဲ့လင်းချန် ခေါင်းညိတ်ပြသောအခါမှသာ သူတို့က ပျော်ရွှင်စွာ အော်၍ အသားတုံးကို ကိုက်စားကြသည်။

"Husky တွေက အတယ်လို့ ပြောကြတာ မဟုတ်ဘူးလား၊ သူတို့က လူတွေကို ခွဲခြားနိုင်တာလား"

ကျုပ်က ပါရမီရှင် (Chapter 1-200)Wo Geschichten leben. Entdecke jetzt