Chapter 173

683 75 1
                                    

စာစဉ် 12 Chapter 173 အများအပြား တင်ခြင်း

ထွက်သွားသော ရဲ့လင်းချန်၏ ပုံရိပ်ကို ကြည့်ပြီး လူတိုင်း မသိမသာ မှင်တက်သွားကြသည်။

*လူပါးဝလိုက်တာ*

*အရှက်ကိုမရှိဘူး*

"အရူး ... တကယ့် အရူး*

ဖမ်ဟမ် ဒေါသကြောင့် ရူးမတတ် ဖြစ်သွားသည်။ သူက ကျန်းဟဲကို ရဲရဲနီနေသော မျက်လုံးများဖြင့် စိုက်ကြည့် လိုက်သည်။

"ကျန်းဟဲ မင်းက ငါ့တပည့် ဖြစ်နေတုန်းပဲဆိုရင် အခုချက်ချင်း ဒီစာချုပ်ကို ဖြဲလိုက်"

"ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ"

ကျန်းဟဲက စာချုပ်ကို လုံခြုံစွာ သိမ်းထားလိုက်ပြီ ဖြစ်ပြီး အဖွဲ့အစည်း၏ စနစ်ထဲတွင် ရဲ့လင်းချန်အား စာရင်းသွင်းရန် ပြင်နေသည်။

"ရူးနေပြီ၊ မင်း ရူးနေတာပဲ ဖြစ်မယ်"

"ဒီလို လူပါးဝတဲ့ကောင်မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ၊ မင်းတော့ သူ့ဆီမှာ ဦးနှောက်ဆေး ခံလိုက်ရပြီ"

"ဥက္ကဋ္ဌ ကျွန်တော် ဒါကို လက်မခံနိုင်ဘူး"

ချမ်စန်း၏ မျက်လုံးများကလည်း နီရဲနေသည်။ သူ အလွန် အရှက်ခွဲခံရသလို ခံစားနေရသည်။

ထွက်သွားခါနီး ပြောသွားသော ရဲ့လင်းချန်၏ စကားက သူ့နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ သူက မထိုက်တန် ဘူးတဲ့လား။

သူမှမထိုက်တန်လျင် ဘယ်သူက ထိုက်တန်ဦးမည်နည်း။

"ကျွန်တော့် မျက်လုံးတွေ မကန်းသေးဘူး၊ မဟုတ်မှလွဲရော ကျွန်တော်က လူတွေကို သက်သက်သာသာ လုပ်စားနိုင်အောင် လုပ်ပေးမယ့်လူလို့ ထင်နေတာလား"

ကျန်းဟဲ မျက်နှာတည်လာပြီး နည်းပြတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်ဖော်လာသည်။

ကစားသမားများအားလုံး ကြောက်လန့်သွားပြီး ဘာမှမပြောရဲတော့ချေ။

"ဖြောင်း"

ဖမ်ဟမ်က ကျန်းဟဲ၏ မျက်နှာကို ဖြတ်ရိုက်ပြီး ဒေါသတကြီး အော်ငေါက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now