Chapter 84

999 123 0
                                    

Chapter 84 မင်းစည်းစိမ်ကို ငါ့အမေဆီမှာ လာကြွားနေတာလား

"ဘာဖြစ်တာလဲ မင်း ငါ့ကို မမှတ်မိတော့ဘူးလား"

ရဲ့လင်းချန် ရယ်လိုက်သည်။

"နည်းနည်းပေါ့"

ကျန်းယွင်ရှီ မျက်မှောင်ကြုတ်နေသည်။

"နင် အတော်လေး ပြောင်းလဲသွားတာကို ငါ သတိထားမိတယ်၊ နင်က ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူး"

ရဲ့လင်းချန် ပြုံးလိုက်သည်။

"မင်းရောပဲ၊ အခု မင်းက အများကြီး ပိုလှလာတယ်"

ကျန်းယွင်ရှီ ရှက်သွေးဖြာသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဪ ကတ်တွေက ဘယ်လိုဖြစ်သွားတာလဲ၊ နင် ဘယ်လို နိုင်သွားတာလဲ"

"လောင်းကစားက လှည်စားခြင်းနဲ့ ပြည့်နေတဲ့အရာလေ"

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်လိုက်သည်။

"တကယ်တော့ ငါနဲ့အတူ ကစားတဲ့ ငါးယောက်လုံးက လီစစ်ရဲ့ လူတွေပဲ၊ ဒိုင်အပါအဝင်ပေါ့"

"ဒိုင်က မျက်လှည့်ပညာ နည်းနည်းတတ်တော့ ကတ်တွေကို တစ်ခုခု လုပ်ထားတယ်၊ အဲ့ဒါကြောင့် သူတို့ ငါ့ကတ်တွေကို ထိန်းလို့ရနေတာ၊ ဒါပေမဲ့ ငါ ကတ်တွေကို စကိုင်ကြည့်လိုက်တဲ့အချိန်တွေကတည်းက ace တစ်ကတ်ကို ယူပြီး ဝှက်ထားတာလေ"

တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ရဲ့လင်းချန်က ဆက်ပြောသည်။

"ပြီးတော့ သူ ကတ်တွေကို မှတ်ထားတဲ့အချိန်မှာ ငါကလည်း ကတ်တွေရဲ့ အစဉ်လိုက်ကို လိုက်မှတ်ထားတာ၊ သူတို့ ဘာကတ်တွေ ရထားတာလဲဆိုတာကိုလည်း ငါ သိတယ်"

"ဒါဆို နင် ဆယ်ပွဲဆက်တိုက် ရှုံးတာက တမင်လုပ်တာလား၊ အခွင့်ကောင်းကို စောင့်နေတာပေါ့ ဟုတ်လား"

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို အံ့ဩမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။

"နင်က ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"

"လောင်းကစား ပညာတွေက ကိုယ့်ကျင့်တရားနဲ့ သွေဖီတဲ့ ပညာတွေပဲ၊ ပြောဖို့ မထိုက်တန်ဘူး"

ကျုပ်က ပါရမီရှင် (Chapter 1-200)Unde poveștirile trăiesc. Descoperă acum