Chapter 193

658 68 1
                                    

စာစဉ် 13 Chapter 193 လက်ဝှေ့ချန်ပီယံ အလီ

တစ်ချိန်တည်းမှာပင် မြေအောက်ပြိုင်ပွဲ၏ တစ်ဖက်ထောင့်၌ တရုတ်လူမျိုး တစ်ဖွဲ့ ထိုင်နေလေသည်။ သူတို့ထဲမှ တစ်ချို့သည် အနေရခက်နေပြီး ဘေးဘီကို မကြာခဏ ဝေ့ကြည့်ကြသည်။

"ဖုန်းဟော် လက်ဝှေ့အားကစားခန်းမမှာ ငါ တစ်ခါမှ မကြားဖူးတဲ့ မြေအောက်ပြိုင်ပွဲ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး"

လီထိုက်က မျက်မှောင်ကြုတ်လျက် ပြောသည်။

"ဒီနိုင်ငံခြားသားတွေက ကျွန်တော်တို့ နိုင်ငံထဲမှာ လုပ်ချင်တာ လုပ်လို့ရနေတယ်လို့ ခံစားနေရတယ်"

လီကျင့်က ဝင်ပြောသည်။

သူတို့အဖွဲ့တွင် လူခုနစ်ယောက် ပါရှိသည်။ လီထိုက်၊ လီကျင့်၊ အစ်မလင်းနှင့် ရှောင်ဖေးဖေးတို့က အလယ်၌ ထိုင်နေကြသည်။ ကျန်သုံးယောက်မှာမူ သက်တော်စောင့်များအဖြစ် နေနေကြသည့် သိုင်းပညာ စတန့်သမားများ ဖြစ်ကြလေသည်။

"နိုင်ငံခြားသားတွေမှာ အထူးအခွင့်ရေး ရှိနေတာဆိုတော့ သူတို့ ပမာမခန့် လုပ်နေတာ သဘာဝပဲလေ"

လီထိုက် သက်ပြင်းချသည်။

ဤနိုင်ငံခြားသားများ၌ အထူးအခွင့်အရေးအပြင် အကျိုးအမြတ် များစွာ ရှိလေသည်။ ၎င်းက လိုအပ်သော သံတမန်ရေးရာ စီမံခန့်ခွဲမှု ဖြစ်သော်လည်း ပြောလိုက်တိုင်း မတရားသလို ခံစားနေရသေးသည်။

"သူတို့ ဒီလိုစီစဉ်ထားမှန်းသာ ကျွန်တော်တို့ သိထားခဲ့ရင် ကျွန်တော်တို့ လူပိုခေါ်လာလို့ ရမှာ"

သိုင်းပညာ စတန့်သမားထဲမှ တစ်ယောက်က ပြောလေသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သော နိုင်ငံခြားသားများကြားထဲ ထိုင်နေရသဖြင့် သူတို့အတွက် အနည်းငယ် အနေရခက်သလို ခံစားရသည်က သဘာဝပင်။

"အားကစားခန်းမပိုင်ရှင်က ငါတို့ကို ဖိတ်တယ်ဆိုမှတော့ သူ ပြင်ဆင်ထားတယ်ဆိုတာ သေချာတယ်"

လီထိုက် ထပ်၍ သက်ပြင်းချလိုက်ပြီး အကြံပေးလိုက်သည်။

"မင်းတို့ ရှောင်ဖေးဖေးနဲ့ အစ်မလင်း အန္တရာယ်ကင်းအောင် သေချာလုပ်ရမယ်"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now