Chapter 91

858 101 1
                                    

Chapter 91 အတောမသတ်နိုင်သော စိတ်အားထက်သန်မှုများ

*ဟမ်*

ဝူယွဲ့သည် တစ်ခဏမျှ အတွေးလွန်နေပြီး သူ၏ တီးတိုးစကားကို ချင်ပိုင်ချွမ်က ကြားသွားလေသည်။

"မင်း သူ့ကို မနိုင်သေးဘူး ဟုတ်လား၊ ဝူယွဲ့ ဒါ ဘာသဘောလဲ"

ချင်ပိုင်ချွမ်၏ မေးခွန်းက ဝူယွဲ့အား အတွေးလွန်နေရာမှ သတိဝင်လာစေသည်။

"ကျွန်တော့် ပစ်မှတ် ပန်းတိုင်ကို ပြောတာပါ ဆာ"

ဝူယွဲ့က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

"မင်းမှာ ပစ်မှတ် ရှိတာလား"

ချင်ပိုင်ချွမ်သာမက အခြားသူများလည်း အံ့ဩသွားသည်။

*ဒီလူက စံချိန်တွေကို ချိုးသွားတာလေ၊ သူ ဘယ်သူ့ကို ပစ်မှတ်ထားနေတာလဲ၊ အဲ့လူက ဘယ်လိုလူမျိုးလဲ*

"ဟုတ်ပါတယ် ဆာ"

ဝူယွဲ့က လေးနက်နေသော မျက်နှာနှင့် ခိုင်ခိုင်မာမာ ပြန်ဖြေသည်။

"အမှန်အတိုင်း ပြောရမည်ဆိုလျင် ကျွန်တော် အဲ့လူနဲ့ မတွေ့ခင်တုန်းက ကျွန်တော့်ရဲ့ အတားအဆီး ဖြတ်ကျော်ခြင်း ပြိုင်ပွဲအတွက် အမြန်ဆုံး စံချိန်က စက္ကန့် တစ်ရာ့နှစ်ဆယ်ပါ၊ စောစောတုန်းက ကျွန်တော့် ခေါင်းထဲမှာ အဲ့လူရဲ့ ပုံရိပ်နဲ့ပြည့်နေတာပါ၊ သူက ကျွန်တော့်ရှေ့မှာ ပြေးနေပါတယ်၊ အမြဲ သူ့ကို အမီလိုက်ပင်မယ့် ... ကျွန်တော် ရှုံးနေတုန်းပါပဲ"

*ဒါ ... ဒါ တကယ်ကြီးလား*

လူတိုင်း အံ့ဩသွားပြီး စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ်ကို နား‌‌ထောင်နေရသည်ဟုပင် ခံစားမိလာသည်။

"မင်းပြောတာ တကယ်လား"

ချင်ပိုင်ချွမ်နှင့် အခြား အထက်တန်းအဆင့် စောင့်ရှောက်သူများ၏ မျက်နှာက လေးနက်လာလေသည်။

"တကဘ်ပါ"

"ဖန့်ဟုန် အဲ့လိုလူမျိုး ရှိသလား"

ချင်ပိုင်ချွမ်က ဖန့်ဟုန်ကို ကြည့်လိုက်သည်။ ဖန့်ဟုန်က ခေါင်းညိတ်လိုက်ပြီး‌နောက် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now