Chapter 102

827 88 0
                                    

Chapter 102 ငှက်များထံမှ သတိပေးစကား

*ဒူး ... ဒူးထောက်လိုက်တာလား*

ကမ္ဘာမြေ၏ ဂိတ်တံခါးဂိုဏ်းမှ ကျန်လူသုံးယောက်သည် တစ်ခဏမျှ မှင်တက်သွားပြီး သူတို့မျက်စိရှေ့၌ ဖြစ်ပျက်နေသော အရာကို ယုံနိုင်စွမ်းမရှိ ဖြစ်နေလေသည်။

"အား..."

နောက်ဆုံးတွင် ကတုံးနှင့်လူသည် မှင်တက်နေရာမှာ အသိဝင်လာပြီး နာကျင်မှုကြောင့် တုန်ယင်လာကာ မျက်နှာ ရှုံ့မဲ့ပြီး အသည်းအသန် အော်ဟစ်လေတော့သည်။

သူ့လက်ကောက်ဝတ်မှ ရဲရဲနီသော သွေးများ စီးကျလာပြီး မြေကြီးတစ်ခုလုံး နီရဲလာသည်။ ၎င်းသွေးမှာ သူ့သွေး ဖြစ်သည်။

ကမ္ဘာမြေ၏ ဂိတ်တံခါးကို သူ ဝင်ရောက်ပြီးကတည်းက သူ့လက်တွင် မရေတွက်နိုင်သော သားကောင်များ၏ သွေးများသာ စွန်းထင်းခဲ့သည်။ သို့သော် ယခုတစ်ခေါက်က သူ ပထမဆုံးအကြိမ် သွေးထွက်ခြင်း ဖြစ်လေသည်။

သူ့လက်ကောက်ဝတ်နှစ်ခုလုံး ဆွဲလိမ်ခံလိုက်ရပြီး အရေပြား စုတ်ပြဲနေ၏။

"ခင်ဗျားက တော်တော် စောက်ရေးမပါတာတွေ ပြောတာပဲ"

ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး တည်ငြိမ်မြဲ တည်ငြိမ်နေ၏။ သူ ပြုလုပ်လိုက်သော အပြုအမူက မသိလျင် အသက်ရှူသကဲ့သို့ ရိုးစင်းသည်ဟု ထင်ရသည်။

ကတုံးနှင့်လူ၏ အော်သံကြောင့် ကျန်လူသုံးယောက်၏ စိတ်ထဲ၌ လေးလာလာသည်။ သူတို့က ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေ၏။

*ကျွမ်းကျင်သူပါလား*

ထိုလူငယ်လေးက လျှို့ဝှက်စွာ နေနေသော ကျွမ်းကျင်သူ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာတွင် ကြောက်ရွံ့ဟန်များ ပြလာပြီး စိတထဲ၌ တုန်လှုပ်နေကြသည်။ သို့သော် သူတို့၏ သွေးထားသော တိုက်ပွဲအသိစိတ်က ထိုလူငယ်ကို အမှောက်သိပ်ရန် သူတို့ ဘာမဆို လုပ်သင့်ကြောင်း ပြောနေလေသည်။

ထိုသို့သောအချိန်၌ သုံးယောက်သားက ရဲ့လင်းချန်ကို ပြိုင်တူ တိုက်ခိုက်လာကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now