Chapter 119

751 74 0
                                    

Chapter 119 ဟန်ရေးပြနိုင်မည့် အခွင့်အရေး

ဤသို့သော အခြေအနေ၌ အားလုံး၏ တပ်မက်သော အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသဖြင့် ကျန်းယွင်ရှီ အလွန်အမင်း ကြောက်လန့်သွားသည်။ ထို့ကြောင့် သူမ ရဲ့လင်းချန်ထံသို့ အပြေးသွား၍ ဖက်တွယ်လိုက်မိသည်။

မနာလို ဝန်တိုမှုများ ဖြစ်ပေါ်လာသည်။

ပုရိသ အပေါင်းတို့ ရူးမတတ် ဖြစ်ကုန်၏။ သူတို့သည် ရဲ့လင်းချန်အား မာန်ပါပါ စူးစိုက်ကြည့်၍ သူ့နေရာ၌ သူတို့သာ ဖြစ်လိုက်ပါတော့ဟု မျှော်မှန်းကုန်သည်။

ရဲ့လင်းချန်သည် တည်ငြိမ်စွာ ရပ်နေပြီး ကျန်းယွင်ရှီအား နှစ်သိမ့်လိုက်သည်။

"ဒီဝတ်စုံက လိုနေတာလေးတွေ ရှိပင်မယ့် မင်းအတွက် ကြည့်ကောင်းတုန်းပဲ၊ ထားလိုက်တာပေါ့"

*ဒါက ... သူ ဝယ်မှာလား*

ဘေးပတ်လည်မှ လူအုပ်ကြီးသည် ရဲ့လင်းချန်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ ဘယ်လိုကြည့်ကြည့် သူက ထိုမျှ ပိုက်ဆံကို သုံးနိုင်သည့်သူနှင့် တူမနေပါ။

*သူ လေကျယ်နေတာများလား*

ထို့နောက် ရဲ့လင်းချန်က ရှေ့တိုးလာပြီး ဆက်တိုက် လက်ညှိုးထိုးသည်ကို သူတို့ တွေ့လိုက်ရသည်။

"ဒါ ... ဒါ ပြီးတော့ ဒါ ..."

လူအုပ်ကြီးက ကျိတ်ရယ်လေတော့သည်။ ကတုံးနှင့်လူဆိုလျင် ခနဲ့တဲ့တဲ့ စကားပါ ပြောလာ၏။

"ထွီ ဟန်လုပ်နေတာကို ရပ်လိုက်စမ်း၊ မင်း ရွေးလိုက်တဲ့ဟာတွေအားလုံးက ဆိုင်ရဲ့ ဈေးအပေါဆုံးတွေပဲ၊ အဲ့အဝတ်အစားတွေက ဒီမိန်းမလှလေးနဲ့ မလိုက်ဖက်ဘူး"

"မိန်းမလှလေး မင်းရည်းစားက ဆင်းရဲလွန်းတယ်၊ မင်း သူနဲ့အတူနေရင် တစ်ဘဝလုံး ဒုက္ခခံစားရလိမ့်မယ်"

တစ်ခြားလူက ထပ်ပြောလေသည်။

"အရည်အသွေးနိမ့်တဲ့ အဝတ်အစားတွေကို ရွေးမနေနဲ့တော့၊ ဒီလောက် လှတဲ့ နတ်သမီးလေးကို ဒီလို စုတ်ပြတ်တဲ့ အဝတ်အစားတွေ ဝတ်ကြည့်ခွင့် မပေးနိုင်ဘူး"

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now