Chapter 177

706 74 7
                                    

စာစဉ် 12 Chapter 177 မယုံနိုင်စရာပဲ

"ချွင်"

"ချွင်"

တချွင်ချွင်သံများ ဆက်လက် ထွက်ပေါ်နေ၏။

သူ ကွင်းအားလုံးကို အတိအကျ ဆုရအောင် ပစ်လိုက်နိုင်သည်။

သူ့ဘေးပတ်လည်မှ ကလေးများ စိတ်လှုပ်ရှားနေကြပြီး အားလုံး ပြေးလာကာ ရဲ့လင်းချန်အား သူတို့အတွက် ကွင်းပစ်ပေးရန် သူတို့၏ ချစ်စရာကောင်းသော အသံများဖြင့် တောင်းဆိုကြသည်။ "ကိုကြီး" ဟူသော ထပ်တလဲလဲ အသံက သူ့နားထဲ၌ တေးဂီတသံလိုပင်။

ယင်းက ရဲ့လင်းချန်ကိုလည်း အလွန်အမင်း‌ ကျေနပ်စေသည်။

"လာကြ ကလေးတို့၊ မင်းတို့ ဘာလိုချင်လဲ၊ ကိုကြီးကို ရှက်မနေနဲ့၊ ဒီနေ့ ငါ တရုတ်နိုင်ငံရဲ့ ဆန်တာဘိုးဘိုးကြီး လုပ်ပေးမယ်၊ မင်းတို့ လိုချင်တာပြော"

ရဲ့လင်းချန် ခပ်ကျယ်ကျယ် ရယ်လိုက်သည်။

*ကူညီပေးရင် ပျော်ရတတ်တယ်၊ လူကြီးတွေရဲ့ ပညာရှိတဲ့ စကားက ဘယ်တော့မှ မလိမ်တတ်ဘူးပဲ*

ရဲ့လင်းချန်နှင့်အတူ ပါလာသော အခြားကျောင်းသားများလည်း ပျော်နေကြသည်။ သူတို့သည် ရဲ့လင်းချန်မှနေ၍ လက်ဆောင်များ ကူဝေပေးသောအခါ ကလေးများ၏ အားကျသော အကြည့်များကို ရကြလေသည်။

"ဆိုင်ရှင် ဘာဖြစ်တာလဲ၊ ဘာလို့ ကျုပ်တို့ နိုင်တဲ့ ဆုကြေးက နည်းသထက် နည်းလာတာလဲ"

ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။

"အစ်ကိုကြီးရေ တောင်းပန်ပါတယ်၊ ကျုပ် ပစ္စည်း တကယ် ပြတ်နေပြီ၊ ငါ့ဆုကြေးတွေအားလုံးကို မင်း အနိုင်ရပြီးပြီလေ၊ ငါ့လည်း ညှာပါဦးကွာ"

ဆိုင်ရှင်၏ မျက်လုံးများက နီရဲနေပြီး ငိုလုနီးပါး ဖြစ်နေသည်။

"သူ အနောက်က သေတ္တာထဲကနေ သူ့ပစ္စည်းတွေ ထုတ်နေတာကို သား တွေ့လိုက်တယ်၊ အများကြီး ရှိသေးတယ်"

ကလေးလေးတစ်ယောက်က အပြစ်ကင်းစင်သော မျက်နှာလေးနှင့် တက်တက်ကြွကြွ ပြောပြသည်။

"ဦးဦး လိမ်နေတာ၊ ဦးဦးက လူဆိုးဦးလေးကြီး"

"သူ ခုနက မငိုဘူးလို့တောင် ပြောခဲ့သေးတာ၊ အခု သူ ငိုနေပြီ၊ ရှက်ဖို့ကောင်းလိုက်တာ"

ကျုပ်က ပါရမီရှင် (Chapter 1-200)حيث تعيش القصص. اكتشف الآن